Sunday, 11 November 2007

တေ ဇ စတင် ရူး သွပ် ခြင်း ။

အောက်တို့ ဘာ ၅ ရက် ၊ ၂၀၀၇ ခုနစ် နေ့ က ပုဂံလေကြောင်း တည်ထောင်ခြင်း ၃ နစ်မြောက် အခန်းနား ဆီဒိုးနား ဟော်တယ်လ်မှာ ပြု လုပ်ခဲ့ ပါတယ်။ ဒီအခန်းနားကို ကု မဏီ ၀န်ထမ်းများ၊ စာနယ်ဇင်းမှ လူများ စုစုပေါင်း ပရိတ် သတ် တစ်ထောင်ခန့် တက်ရောက်ပါတယ်။
အခန်းနားမှာ တေ ဇ ကေ၈ျာ့ ဘုရှ် အတွက် သီးချင်းတပုဒ်ကို သီဆိုပါတယ်။ သီချင်းကတော့ ကိုင်ဇာရဲ့ မင်းလည်း ယောက်ကျား ငါလည်း ယောက်ကျား ကြိုက်ရာကိုရွေးစမ်းကိုယ့်လူ ဆို တဲ့သီချင်းကို လက်သီးလက်မောင်းတန်းပြီး သီဆိုခဲ့ကြောင်း။ အခန်းနားကို လာရောက်တက်ရောက်လာတဲ့ လူတွေက လက်ခုတ်ဝိုင်းတီးပေးခဲ့ကြောင်း သိရတယ်။ အခန်းနားကိုတက်ရောက်လာခဲ့တဲ့ အမည်မဖေါ်လိုတဲ့ စီးပွားရေးသမားတဦးက တော့ စီးပွားရေးပိတ် ဆို့ မူကြောင့် သူကို တကယ်ထိခိုက်နေပြီဖြစ်ကြောင်း စတင်ရူးသွပ် နေပုံရကြောင်းပြောကြားပါတယ်။ သူထုတ်ပြန်တဲ့ ကြေညာချက်မှာ အမေရိကန် စီးပွားရေးပိတ် ဆို့ မူကြောင့် ထိခိုက်တယ် ဟု ထုတ်ပြန် ထားပါတယ်။ အခန်းနားမှာ
အဆိုတော်မျိုးကျော့်မြိုင်က လည်း သီချင်းတပုဒ် နဲ့ ဖြေဖျော်ခဲ့ပါတယ်။ လေယျဉ်ပျံ တွေ လို တောင်ပံတွေပါရင် ဝေဟင်မှာဝဲလိုက်ခြင်ပါတယ် ဆိုတဲ့ စိန်လွင် သီချင်းကိုသီဆိုခဲ့ပါတယ်။ မျိုးကျော့မြိုင်နဲ့  အတူ ဟစ်ပေါ့ အဆိုတော် တယောက်က သီချင်းအလည် မှာ ဟစ်ပေါ့ လိုက်ပေးခဲ့ပါတယ်။ သူက စီးပွားရေးပိတ်စို့  တာ တို့  မကြောက်ဘူး။ စန်ရှင် ကိုလည်း ဒို့ မမူ စတဲ့ စာသားများကိုထည့်သွင်း သီဆိုခဲ့ပါတယ်လို့ သိရပါတယ်။ တေဇ က အဆိုတော်များကိုပိုက်ဆံအတော်ပေးထားပုံရကြောင်းအခန်းနားကိုတက်ရောက်လာတဲ့သူက မှတ်ချက်ပေးပါတယ်။ ဒီအခန်းအနား မှာ ဖျော်ဖြေရေးနဲ့ အကျွေးအမွေး အတွက် ကုန်ကျငွေ မှာ ကျပ် သိန်း ၁၀၀ ခန့်  သုံးစွဲခဲ့ကြောင်း သိရပါတယ်။

သတင်း- ပေးပို့ သူ ယုတင်၊ ရန်ကုန်။

(တေဇ ထုတ်ပြန်ချက်အပြည့် စုံကို အောက် ဒီ ဘလောက်မှာ ဖေါ်ပြထားပါတယ်။ )



2 comments:

  1. very interesting!! Tay Za does not seem to realize what he is doing!!

    ReplyDelete