ယနေ့ (၁-၁-၂၀၀၉) new year နေ့မှာပင် မလေးရှားနိုင်ငံ၏ အော်ပရာစီခေါ် စီမံချက် အဖမ်းအဆီးများ မရပ်နားပဲ ပိုမိုကြမ်းတမ်းနေကြောင်း ကြားသိရပါသည်။ ကွာလမ်လာပူမြို့လယ် ကိုတာရာယာကုန်တိုက်အနီးနှင့် ကလန်းကားဂိတ်တ၀ိုက်တွင် ဘက်စ်ကားခရီးသည်များကို ကားပေါ်မှဆွဲချ၍ ဖမ်းဆီးကြောင်း၊ ဖမ်းဆီးရာ တွင် အသက်ဆယ်နှစ်ကျော်ရွယ် ကလေးငယ်များကိုဖမ်းဆီးပြီး လူကြီးများကို ကားပေါ်မှ အတင်းဆွဲချ၍ လမ်းဘေး
တွင် ဆောင့်ကြောင့်ထိုင်ခိုင်းထားကြောင်း မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သူ မြန်မာနှစ်ဦးမှ ပြော ကြား ပါသည်။
သည်အတိုင်းဆို ရှေ့လျှောက်ပိုဆိုးမည်ဟု မြန်မာအသိုင်းအ၀ိုင်းတွင် သတင်းများဖြစ်ပေါ်နေကြောင်း ကြားသိရပါသည်။ ( မူရင်း- အီးမေးလ်များမှ ရရှိသောသတင်း)