Sunday, 1 February 2009

အထူးသတင်း ထုတ်ပြန်ကြေညာချက်

ရန်ကုန်

ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင်များ နဲ့ ဂန်ဘာရီတို့ အခု( နံနက် ၁၀နာရီ) စမ်းလဲ့ကန်သာ အဲ့ဂေဟာ မှာ တွေ့ ဆုံနေကြပါတယ်။ စီအီစီ ကိုယ်စား ဦးဝင်းတင်က ဦးဆောင်ဆွေးနွေးမယ်လို့ သိရပါတယ်။ ဆွေးနွေး မဲ့ခေါင်းစဉ်များက တော့-

၁- ၂၀၀၈ အခြေခံဥပဒေ ပြန်လည် ပြင်ဆင် - ကုလသမဂ္ဂ ဘယ်လို ၀င်မလဲ
၂- အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကုလသမဂ္ဂ က ဘယ်လို ၀င်ရောက်ကူညီနိင်မလဲ
၃- နိင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး ကုလသမဂ္ဂ က ဘယ်လိုကူညီမလဲ
၎- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကုလသမဂ္ဂ က ဘယ်လို သဘောထားလဲ

၂၀၁၀ ကို ယူအန် က ဆွေးနွေးရင် ဆွေးနွေးပွဲကို ရပ်ဆိုင်းမယ်လို့ သိရပါတယ်။ ဂန်ဘာရီက တစည နဲ့ စီအာပီပီနဲ့ လည်းတွေ့ဆုံမှာဖြစ်ပါတယ်လို့ သိရပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ
ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ပြန်လွတ်လာ သူများဖြစ်သော ပါတီထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ တက်ရောက်ခွင့် မရခဲ့ဟု သိရသည်။

ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေ ပါဝင်ခြင်း မပြုရန် ပြည်ထဲရေးဝန်ကြီးဌာနက သီးခြားမေတ္တာရပ်ခံခဲ့သည်ဟု သတင်းရပ်ကွက်များက ပြောသည်။


Rest of your post

ဆလိုင်းကိုကိုဦး နှင့် ကိုမိုးသီးဇွန် တို့အကြား ပွင့်လင်းစွာ ဆွေးနွေးမှု


Get this widget | Track details | eSnips Social DNA



-WFWW - လွတ်မြောက်ရေး အသံ


ပြည်ပရောက် မြန်မာ့လွှတ်တော်ကိုယ်စလှယ်များက အိုင်ယာလန်နိုင်ငံဒပ်ဗလင်မြို့ မှာ အစည်းအဝေးကျင်းပနေကြပါတယ်။ ဒီ အစည်းအဝေးမှာ ၁၈ နှစ် သက်တမ်းရှိသွားပြီဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရ က ဘာလဲဘယ်လဲ ဆိုတဲ့ အနာဂတ်ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးနေကြစဉ်မှာ ပြည်ပအတိုက်အခံအင်အားစုများ နှင့် ကျောင်းသားခေါင်းဆောင်များ အကြားမှာလည်း ဒီအစည်းအဝေးနဲ့ ပက်သက်ပြီး ဝေဖန်မှုတွေ၊ အကြံပေးမှုတွေကို အင်တာနက်စာမျက်နှာတွေထဲမှာဝေေ၀ဆာဆာ ဖတ်ရှု့ နေကြရပါတယ်။

ဒီလို ဝေဖန်သူ၊ အကြံပေးသူတွေထဲမှာ ABSDF အထွေထွေ အတွင်းရေးမှူး တာဝန်းထမ်းဆောင်ခဲ့သူ တဦးလည်းဖြစ်တဲ့ ကိုဆလိုင်းကိုကိုဦး လည်းပါဝင်ပါတယ်။ ကိုဆလိုင်းကိုကိုဦးဟာ ၁၉၈၈ ခုနှစ် ငွေစက္ကူအရေးအခင်း၊မတ်လ၊ ဇွန်လ ကျောင်းသား အရေးအခင်းတွေမှာ တက်ကြွစွာလှုပ်ရှားခဲ့သူ တဦးလည်းဖြစ်ပြီး၊ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ကိုမင်းဇေယျာ တို့နှင့်အတူ ကျောင်းသားလှုပ်ရှားမှု သမိုင်းတလျှောက်လုံးမှာ ပါဝင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။

အိုင်ယာလန်နိုင်ငံဒပ်ဗလင်မြို့ မှာ ကျင်းပနေကြတဲ့ ပြည်ပရောက် မြန်မာ့ လွှတ်တော်ကိုယ်စလှယ်များရဲ့ အစည်းအဝေးအပေါ် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဆလိုင်းကိုကိုဦးက သူ့အမြင်နှင့် သဘောထားကို အခုလိုဆွေးနွေးထားပါတယ်။






Rest of your post

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မြန်မာပြည်မှာ စစ်ကျွန်ပြုမဲ့ ဖွဲ့စည်းပုံအခြေခံ ကို ဆန့်ကျင်ကန့်ကွက် ခဲ့ကြတဲ့ စင်္ကာပူရောက် မြန်မာနိုင်ငံသားများ


-ကစ်ကစ်-

စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံး ကို သွားရတော့မယ်ဆိုတော့ လူတိုင်းက စောစောသွားရတယ်တဲ့ ။ ဘယ်လောက် စောစော လဲ ဆိုတော့ လဲ မပြောကြဘူး ။ စောစောသွားပဲ ပြောနေကြတယ်၊ ဒါဆိုလဲ ၆နာရီလောက် အိမ်က ထွက်ရင် ရမှာလို့ ထင်လိုက်မိတယ်၊ နောက်သူငယ်ချင်းတယောက်ကပြောတော့မှ တော်တော်အံ့သြသွားတယ်၊ ၃၊၄ နာရီလောက်ထဲကစ တန်းစီ ပြီး တုံကင်ယူရတာတဲ့။ သံရုံး မှာ လူတွေ တန်းစီ နေရ တာ သနားစရာ တော်တော်ကောင်းတယ် ။ တချို့ တွေ ဆို ညအိပ် ပြီး စောင့် ကြရတာ မနက်စောစော လာရမှာ အဆင်မပြေဘူး ဝေးလို့တဲ့။ ပြီးရင် လဲ ဘယ်မှသွားလို့မရဘူး၊ ၈နာရီလောက်တခါ လူပြန်စစ်တယ်လေ။ အဲဒီ အချိန် မှာ ကိုယ်မရှိ ရင် မနက်စောစော ထ တန်းစီ ရတာ အလကားဖြစ်ပြန်ရော။ ရှိတဲ့သူတွေရဲ့ နာမည်တွေနဲ့ ပြန်ပြီးစဉ် လိုက်ကြလို့လေ။ ဒါကတော့ သံရုံး ပါးဝ နေတဲ့သူတွေ လုပ်တာပေါ့။ သူ့နာမည် ရှေ့ တိုး ကိုယ့်နာမည်နောက်ဆုတ်လေ။ ဒီပြဿနာတွေပြေလည်စေ ဖို့က ticket machine လေး ၁ ခုလောက်ပဲ လိုတာပါ။ ကိုယ်ရောက်တဲ့အချိန်မှာ ကိုယ့်နံပါတ်လေး ကိုယ်ယူထားပြီး ကိုယ့်အလှည့် ကို ခေါ်တဲ့အခါ သွား လိုက်ရုံ ပဲ ပေါ့။ ဒီလောက် လွယ်လွယ်လေး ကို သူတို့ မို့ မခက် ခက်အောင် လုပ်တတ် တယ်နော်။ ပြီးရင်လဲတနေ့လုံး ကုန်အောင် စောင့်ရတာ အခွန်ဆောင်ဖို့ ကို။

ကိုယ်တကယ်သံရုံး ကို ရောက်သွားတော့မှ မြန်မာ ပြည်သူတွေ ကို တော်တော် သနားသွားမိတယ်၊ ရှားရှားပါးပါး အလုပ်ပိတ် ရက်လေး ကို ပြည့်ပြည့် ၀၀ မနားရဘဲ နဲ့ သူတို့ပစ်ပို့တ် သက်တမ်း တိုးရင် မရမှာ စိုးလို့ အခွန်တွေ လာဆောင်နေကြရတာ တကယ်တော့ ဘယ်သူ မှမပေးချင်ကြပါဘူး။ အိမ်စရိတ် စားစရိတ်တွေ နဲ့ မနဲ လောက်ငအောင် နေပြီး သူများတိုင်းပြည်မှာ အလုပ် လာ လုပ်နေ ကြရတာလေ၊ တော်တော်များများကအိမ်ကို ပြန်ပို့ ပေးနေရ တာပါ။ ဒီနိုင်ငံမှာ နေတော့ စင်္ကာပူ အစိုးရ ကို အခွန်ပေးပြီးသား အပြင် မြန်မာ သံရုံး ကိုလဲ ထပ်ပေးရ တော့ ဘယ်သူ ပေးချင်ပါ့မလဲ ။ ဒါ့ပြင် ဒီလို ဒုက္ခတွေလဲ ရှိနေတော့ သံရုံး ဆို အသံတောင် မကြားချင် ကြတော့ ဘူးပေါ့။ ကိုယ့်ကို ကျတော့သူတို့ က ဘာတခုမှ ကူညီတာမဟုတ်ဘူးနော်။ သူတို့ တာဝန်က အခွန်ကောက်ဖို့ က လွဲရင် ကျန်တာ ဘာမှ သူတို့ နဲ့ မဆိုင်တော့ဘူး။ ဘာပြဿနာမှ ကို မဖြေရှင်းပေးဘူး။ မဖြေရှင်းတတ်တာလဲ ပါမှာ ပေါ့လေ ဥာဏ်နဲ ကြတာကိုး။ သူတို့ ဦးနှောက်ထဲ မှာ ရှိတာ က သူတို့ အခွန် ရပြီး ရင် ကျန်တာ ဘာမှ မဆိုင်တော့ဘူး ဆိုတာပဲ လေ။

ရုံး က ၀န်ထမ်းတွေက အလုပ် ချိန် ကို အတိအကျ စ တာ မြန်မာ ပြည်က အတိုင်းပါပဲ ။ ရုံးချိန် ၉ နာရီ ဆိုပေမဲ့ သူတို့ နာရီတွေ က နောက်ကျ နေ တော့ ၉:၃၀ မှ ဟိုလှည့် ဒီလှည့်နဲ့  ရောက်လာ ကြလို့ မနက်အစောကြီး ထဲ ကထ လာရတဲ့ သူတွေကပဲ စိတ်ရှည်ရှည်နဲ့ စောင့်ရတာ ပေါ့။ နောက် နံမည်တွေ စခေါ် တော့လဲ ရှေးရိုးစဉ်လာ အတိုင်း ပါးစပ် က ခေါ်ပါတယ်။ သူတို့ မှာ computerized system ဘာမှ မရှိပါဘူး computer ဆိုတာ ကြားဖူးရဲ့ လားလို့ တောင် မေးကြည့်သင့်တယ်။ ရှိခဲ့ရင်တောင် သံအမတ် chatting လုပ်ဖို့ ဖြစ်မှာပေါ့။ Singapore လိုနိုင်ငံမှာ manual လုပ်နေရတာ တော်တော် သနားဖို့ ကောင်းပြီး မြန်မာအစိုးရ ရဲ့ အဆင့်အတန်းကို ပြနေသလိုပါပဲ။ မြန်မာ ပြည်မှာ ရှိတဲ့ နိုင်ငံခြားသံရုံးတွေ မှာ တောင် ဒါမျိုးမတွေ့ ဖူးပါ ဘူး။ ဒါ ပထမ ဆုံးတွေ့ ဖူးတာပါ။ သူတို့ မှာ ပိုက်ဆံ မရှိ လို့လား ဆိုတော့ လဲ အခွန်တွေ ရတာ မနဲ မနောပါ။ တလ ကို S pass သမားက $၈၀ ၊ PR က $၁၂၀ ပေးရတယ်။ ဒါပေမဲ့ အခွန်ဆောင်တဲ့ သူတွေက ဈေးဆစ်ကြ၊ ငိုပြကြ အန်တီ ကြီး က ပြန်အော် လိုက်နဲ သူ့အရပ်နဲ့ သူ့ ဇာတ် နဲ့ ကတော့ ကိုက်နေတာပဲ ။ အခွန်ဆောင်တာတွေကို on line က လုပ်လို့ ရလား မေးတော့ မရဘူးတဲ့။ ရခဲ့ရင် သူတို့ လဲ သက်သာ ပြည်သူတွေလဲ တော်တော်ကို အဆင်ပြေ လို့ ၀င်ငွေတွေ အခု ထက် တောင် ပိုကောင်းဦး မှာ ပါ။

အန်တီ ကြီး က ပဲ အခွန်ငွေ အလျှော့အတင်း ကို ဆုံးဖြတ် ပါတယ်။ ဒါကြောင့် လူတွေက ကိုယ့်ပိုက်ဆံ နဲ့ ကိုယ် အောက်ကျို့ နေရတာကို ကြည့်ရင်း သနားမိပြီး မြန်မာအချင်းချင်း တိုင်းတပါးမှာ မကူညီ၊ မရိုင်းပင်းတဲ့ အပြင် ပြည်သူ တွေဆီက အ ခွန်ကောက်ပြီး ပြည်သူတွေကို စော်ကားနေ သလို ဖြစ်တာ မို့ တော်တော်စိတ်ပျက် မိပါတယ်။

သူငယ်ချင်း က ပြောတာတော့ အာစီယံ နိုင်ငံတွေမှာ ၂ထပ်ခွန် မရှိဘူး ဒါနားလည်မှုနဲ့ လုပ်နေတာတဲ့ သူတို့ က အခွန်မဆောင်ထားရင် ပစ်ပို့စ် သက်တမ်း တိုးရင် ရစ် လို့ ၊ မရ လို့ ဆောင်ရတာတဲ့ တရားဝင်မဟုတ်ဘူး လို့ တော့ ပြောတာပဲ ။ ဒါပေမဲ့ သူ့ နိုင်ငံ နဲ့ သူ့ ဥပဒေ ဆိုတော့ လဲ ဆောင်ကြရတာပေါ့လေ။ ကိုယ်ကဘာတွေ ထူးပြီး တတ်နိုင်မှာ လဲ နော။

သူတို့ က ပုံသေတွက်ထား တာ S pass သမား က အနဲ ဆုံး ၁၈၀၀ ရတယ် လို့ ဒါပေမဲ့ တကယ်တော့ ၈၀၀၊ ၁၀၀၀ လောက်နဲ့ လုပ်နေရတဲ့ သူတွေ အများကြီး ဆိုတာကို မသိချင်ယောင်ဆောင်နေတယ်။ ၁၈၀၀ ဘဏ်ထဲကို ၀င်ပေမဲ့ ၉၀၀ ကုမ္မဏီ ကို ပြန်အမ်း ရတဲ့ သူတွေ လဲ အများ ကြီးရှိပါတယ်။ ဘယ်လောက်ပဲ ရရ မြန်မာ ပြည်မှာ ထက်တော့ ၀င်ငွေ ကောင်နေတော့ ဖြစ်သလို လုပ်နေကြရတာပါ။ မြန်မာ ပြည်က လူတွေက အလုပ်ကိုကြိုးကြိုးစားစားလုပ်ပြီး လုပ်ခ သက်သက်သာသာ နဲ့ ရတော့ စားသောက်ဆိုင်တွေက မြန်မာ တွေ ကို ခန့် ချင် ကြတယ်။ ရုံး တွေမှာတော့ သိပ်မသုံး ချင် ကြတာ အင်္ဂလိပ် စာ ညံ့ လို့ တဲ့။ မြန်မာ တွေ ထက် မလေးရှား တွေ ကို ပို ခန့် ကြတယ်။ တော်တော်များများ မြန်မာတွေက တော်ကြပါတယ်။

အခုမြန်မာပြည်မှာ စီးပွါးရေး တွေ မကောင်းတော့ တော်တော် များများက စင်္ကာပူ မှာ အလုပ်လာ ရှာ ကြတယ်။ ပွဲစားတွေ နဲ့လာတာတမျိုး ကိုယ့်အသိအားကိုးနဲ့ လာတာတမျိုပေါ့။ ဒါပေမဲ့ ဒီနိုင်ငံမှာတောင် အလုပ်လျှော့တာ တွေ များနေလို့ အစိုးရ ကိုယ်တိုင် က သူ့နိုင်ငံ က လူတွေကို ပဲ ဦးစားပေး ခန့်ဖို့ ပြောထားပါတယ်။ သူတို့အစိုးရ က ပြည်သူတွေ ကို ဂရုစိုက်တာ ကိုယ့်နိုင်ငံ က နအဖ လို ပါပဲလေ နော။ ကိုယ့်နိုင်ငံ မှာ အဆင် မပြေ လို့ ရှိစု မဲ့ စု လေး ခြစ်ကုတ် လာ ရတဲ့ သူတွေခမျာ ဖွတ်မရ ဓါးမဆုံး ပေါ့။

ဒီအကြောင်းတွေ ပဲ တွေ့တဲ့သူတိုင်းနဲ့ ပြောဖြစ်နေ တော့ ညီမလေး က သံရုံး က သူတွေ ရော လစာ ဘယ်လောက်ရ လဲ လို့ မေး လိုက်ပါလားတဲ့။ ပြောတာမယုံရင် ကိုယ်တိုင်မေးလို့ ရတယ်နော် ။ ဆက်သွယ်ရမဲ့ဖုန်းနံပါတ် တွေကတော့ သံရုံးဖုန်း က ၆၇၃၅၆၅၀ နဲ့ သံအမတ် ဖုန်းက ၆၇၅၆၀၂၀၉။

သံအမတ်နဲ့ chat ချင် လို့ email ရှာတာ မတွေ့ဘူး သိလား။ ဒီတော့ သေချာပါတယ်လေ သူတို့ မှာ တကယ် computer မရှိဘူးဆိုတာ။

Rest of your post

ဥရောပ ကွန်မြူနစ်လှုပ်ရှားမှု များ ပြန်လည်အားကောင်းလာ နေခြင်း


-၀င်းဇော်-

ဇာကိုဇီး (ပြင်သစ်သမတ) ငါ ဒို့ကိုကြောက်မယ်ဆိုလည်းကြောက်လောက်ပါတယ် လို့ ပြင်သစ် ကွန်မြူနစ် တော်လှန်ရေး သမားများအဖွဲ့ ချုပ် ၀င်တဦး ဖြစ်တဲ့ အသက်၂၂ နစ်ရှိ မာရီယင် (တိုးလောက် မြို့ သူ) က ဆိုပါတယ်။ စနစ်ဟောင်းကို ဖြိုချမှာ ငါဒို့ပဲ ၊ ငါဒို့ဟာအနာဂတ်ပဲ လို့ သူမဆက်လက်ပြောပါတယ်။ စီးပွားရေးအကြပ်ရိုက်မှုက ဥရောပတခုလုံးကိုရိုက်ချ လိုက်ပါတယ်။ အလုပ်တွေပြုတ်နေကြတယ်။ အလုပ်လက်မဲ့ဖြစ်တဲ့အခါမှာ လူတွေကိုပေးရမဲ့ ပိုက်ဆံတွေက ဘဏ်ကြီးတွေကို ဦးစားပေး လုပ်ခဲ့ကြတဲ့ အတွက်ခုလို ဖြစ်ရတာပါ။ ဥရောပမှာရှိတဲ့တချို့ နိင်ငံတွေက ဒီအချက်ကို ပိုပြီး ဒေါသအမြတ် ချောင်းချောင်းထွက်ခဲ့ကြတယ်။ ဧရာမ လူအုပ်ကြီးတွေက ပြင်သစ်မှာ တပတ်လုံးနီးပါး ဆန္ဒတွေပြနေကြတယ်။ ပြင်သစ် ကွန်မြူနစ်ပါတီက ဒီလှုပ်ရှားမှုကြီးမှာ အဓိကကျတဲ့ခေါင်းဆောင်မှုကနေရှိနေတယ်။ လူတွေက ပို ပြီး ပြင်းထန်လာတဲ့ သဘောရှိနေတယ်။ ဥရောပမှာ မညီမျှမှု တွေက ပိုပြီးများလာသလိုဖြစ်လာနေပြီလို့  လှုပ်ရှားမှုတွေကို ဦးဆောင် စည်းရုံးနေတဲ့ စတီဗင်ဘော့စ် က ဆိုပါတယ်။ ပြင်သစ်ကွန်မြူနစ်ပါတီကတော့ အရှင်းရှင်စနစ်ဇတ်သိမ်းပြီလို့ယုံကြည်နေတယ်။
ပါတီအနေနဲ့ အခွင့်အလန်း တွေ ကိုမြင်နေတယ်လို့ ဆိုပါတယ်။ ကွန်မြူနစ်ပါတီဝင်နစ်ဦးဖြစ်တဲ့ မရီယန် (၂၁) နဲ့ ဟူဂို (၁၈)နှစ်တို့ကတော့ လက်နက်ကိုင်တော်လှန်ရေးကိုတော့ မယုံကြည် ပါဘူးလို့ဆိုတယ်။ ဟူဂိုက သေနတ်တွေ ကျည်ဆံတွေ မလိုပါဘူး။ နိင်ငံတော်ငွေတွေက တော့ လိုနေတဲ့သူတွေအတွက်ပဲဖြစ်သင့်တယ် လိုဆိုတယ်။ စတီဖင် ဘိုရာစ် ကတော့ အရှင်းရှင်စနစ်ဆန်ကျင်ရေးလှုပ်ရှားမှုမှာ အားလုံးပါနိင်တဲ့ တပ်ဦးတခုတော့ ဖွဲ့စည်းဖို့လိုတယ်လို့ဆိုတယ်။ ကြီးမားတဲ့လှုပ်ရှားမှုကြီးကို ကျနော်တို့ဖေါ်ထုတ်ရမယ်လို့ဆိုပါတယ်။

ပြင်သစ်အစိုးရ၀န်ကြီးဌာန ကတော့ လှုပ်ရှားမှုတွေကို အသိမှတ်ပြုနေရပါတယ်။ ထောက်လှမ်းရေး သတင်းတွေအရ နိင်ငံတကာ ဥရောပ ကွန်ယက်က တဖြည်းဖြည်း အားကောင်းလာပြီး ခြိမ်းခြောက်နိင်တဲ့အဆင့်တော့ ရှိနေပြီလို့ ၀န်ခံပြောဆိုပါတယ်။ မျိုးဆက်သစ်တွေ၊ လက်ဝဲ၀ါဒီတွေနဲ့ ပြန်လည် စုဖွဲ့လာနေပြီလို့ ဆိုပါတယ်။

BBC –WORLD





Rest of your post