Monday, 1 June 2009

ကျော်ဆန်း ရေ ကြည့် လည်း အာပါဦး





သာကီနွယ်ဆိုတဲ့ဘလောက်ကကျော်ဆန်းကိုယ်တိုင်ဦးစီးနေတဲ့ဘလောက်ဖြစ်ပါတယ်။ဒီဘလောက်မှာ
မီဒီယာသင်တန်းလာရောက်ပို့ချနေတဲ့ဖိလီသောမ်ဆင်ကိုယက်တောလို့မှားယွင်းစွာဖေါ်ပြထားပါတယ်။ ကျော်ဆန်းရေ ကြည့်လည်းအာပါဦးလို့  သတိပေးလိုက်ပါတယ်။

အာဆီယံအစည်းဝေးရှိသဖြင့် ဒေါ်စုအား ထောင်မချသေးပဲအချိန်ဆွဲ နေခြင်းဖြစ်

နအဖ ဟာ အာဆီယံအစည်းဝေးရှိနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အားရုံးတင်နေခြင်းကို အချိန်ဆွဲလိုက်ခြင်းဖြစ်ပြီး အာဆီယံအစည်းဝေးပြီးသွားပါက ဒေါ်စု အား ထောင်ချရန် စီစဉ်ပြီးဖြစ်ကြောင်းသိရပါတယ်။ ဒေါ်စုအား မည်သည့် နေရာတွင်ထားမည်ဆိုသည်နှင့်ပတ်သက်ပြီး နအဖ အတွင်း
ခေါင်းကိုက်နေသည်ဟုသိရသည်။ ဒေါ်စုအားအင်းစိန်ထောင်ထွင်ထားပါက လူထု က လူထု နှင့်နိင်ငံတကာ က
လက်လှမ်းမိတဲ့အနေထားတွင်ရှိနေသဖြင့် ဒေါ်စုအား ရဲ မွန် ရိပ်သာတွင်လည်း ထားကောင်းထားနိင်ကြောင်း
နအဖ အတွင်း မှ လာသော သတင်းများအရသိရပါတယ်။

တူး တူမော်ရိုး ( Two Tomorrow)


သိန်းစိန် အင်္ဂလိပ်စကားမပြောတတ်ပဲ ၀န်ကြီးလုပ်နေခြင်း

ဗီယက်နမ် မှာလုပ်တဲ့ အာဆီယံအစည်းဝေးမှာ သိန်းစိန် ဟာ ခွေးအကြီးလှည်းနင်းနေသလို ပဲ ဖြစ်နေတယ်ဆိုပဲ။အင်္ဂလိပ်လို ကလည်း မတတ်တော့ ဘာမှလည်းဝင်မဆွေးနွေးနိင်၊ သတင်းတောက်တွေကို ရှောင်ပုန်းနေတယ်။ပညာရဲရင့် ပွဲလယ်တင့် ဆိုတဲ့စကား က သိန်းစိန်အတွက်တော့ ပြောင်းပြန်ဖြစ်နေတာပေါ့။ပညာကလည်း ဟုတ်တိပတ်တိ မတတ်၊ ဒီအက်စ်အေလား၊ အိုဒီအက်စ်ကလားခြောက်တိခြောက်ချဲ့ တတ်ထားတဲ့ပညာက အာဆီယံအစည်းဝေးမှာ တိုးလို့ မပေါက် ။ ဒီတော့အစည်းဝေးတလျောက်လုံးမှာ ဗီယက်နမ်ဝန်ကြီးချုပ်နားကပ်ထိုင်နေရသတဲ့။ တတ်တဲ့ အင်္ဂလိပ်စကားကလည်း -YOU GO . I GO. YOU eat I eat . သဘက်ခါ မြန်မာ ပြည်ပြန်ကို Tomorrow -Tomorrow - Two Tomorrow I GO home. လို့  စင်္ကပူ ၀န်ကြီးချုပ်ကိုပြောသတဲ့။ မြန်မာတွေအင်္ဂလိပ်စကားကို အာဆီယံတွေ ဖြုံခဲ့တာ အစဉ်အဆက်ပါ။ ဒီ နွားအဖွဲ့ တက်လာမှာသောက်ရှက်လုံးလုံးကွဲတာပဲဗျာလို့  နိင်ငံခြားရေး ရုံးမှာ တာဝန်ကျနေတဲ့ ၀န်ထမ်းတဦးကညည်းပါတယ်။ သူက ဆက်ပြီး ခင်ဗျား ကြည့် စမ်းပါ။ မြန်မာ ပြည်မှာ ရေခဲရေရောင်းတဲ့ချာတိတ်ကတောင် တိုးရစ် က ဟေ့ တခွက်ဘယ်လောက်လဲ ဆိုရင် - တူးကေ ( 2 K ၊နစ်ကျပ်)
လို့ ပြောနိင်တဲ့လူမျိုးတွေဗျ။ ခုတော့ ဗျာ Tomorrow - Tomorrow - Two Tomorrow တဲ့ ဗျာ။


ရန်သိမ်း

စုံးမကြီးဒေါ်ကြိုင်ကြိုင်ရဲ့ အောက်လမ်းနည်းများ ။ ဘုရားများကို ဖျက်ဆီး ခြင်း၊ ထောင်ချခြင်းများ ပြုလုပ်နေခြင်း


( အီးမေးလ် တွေက ရလို ပြန်လည်ဖေါ်ပြလိုက်ရတဲ့ဓါတ်ပုံတွေပါ။ မူရင်းနေရာနဲ့ ရိုက်တဲ့သူကို ဒီလိုဓါတ်ပုံမျိုးတွေရိုက်ကူးပေးပို့ နေကြတဲ့အတွက် အထူးပဲချီးကြူးဂုဏ်ပြုပါကြောင်း ပထမဦးစွာ ဖေါ်ပြအပ်ပါတယ်။ )

ဒလမြို့ က ဓနုတ် စေတီကြီး ပြို ကြသွားတာကို ၀မ်းနည်းဖွယ်ရာတွေ့ ရှိနိင်ပါတယ်။ ဒီစေတီတွေဟာ ရှေးဟောင်းအမွေအနစ်တွေပါ။ မြန်မာပြည်မှာတော့ လူထု ကြည်ညိုဖူးမျော်ရမဲ့စေတီတွေဟာ ဦးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့ အာဏာတည်မြဲရေးအတွက် အောက်လမ်းနည်းတွေကိုသုံးပြီး ဘုရားတွေကို ယတြာယာချေဖို့ အတွက်ပဲ အသုံးချခံနေရတာကို နာကျဉ်းဖွယ်ကြားသိနေရပါတယ်။ ရွှေတိဂုံ ဘုရားကိုလည်းလုပ်ခြင်တိုင်းလုပ်နေကြပါတယ်။ အခုပတ္တမြားမျက်ရှင်ဘုရားကိုလည်း သော့ခတ်ပြီးထောင်ချထားတယ်လို့ သိရပါတယ်။
လူတွေကို ဖူးမျှောင်ခွင့်မပြုဘူး။ ပြုလိုက်ရင် လူထုတွေလွတ်လပ်သွားမယ်။ဒါကြောင့်ဘုရားကို တောင်ထောင်ချထားတယ်လို့ သိရပါတယ်။ ယတြာယာချေတာလို့ ဆိုပါတယ်။ ဒီဘုရားကို ဗိုလ်ချုပ်တင်အေးသား ဗိုလ်ကြီးဥက္ကာအေးက စောင့်ကြပ်နေတယ်လို့ ဂေါပက အဖွဲ့ မှာ ဆိုပါတယ်။

နောက်ထပ် အလွန်ဆိုးဝါးလှတဲ့ အောက်လမ်းနည်း တခုကတော့စုံးမကြီး ဒေါ်ကြိုင်ကြိုင် ကရှမ်းပြည်နယ် မြင်းမထီရွာက ပင်လောင်းဘုရား က ရှေးဟောင်းမြတ်စွာဘုရားရုပ်ပွားတော်ကိုလည်း အတင်းအကြပ်ယူဆောင်သွားပြီးထောင်ချထားတယ်လို့သိရပါတယ်။ မြတ်စွာဘုရားရုပ်ပွားတော်က ညဏ်တော်
၁ တောင်ခံရှိတယ်။ ပဉ္စလောဟာ သတ္တု နဲ့ စီရင်ထားတယ်။ ပဉ္စလော ဟာ ဆိုတာ သတ္တု ၇ မျိုးနဲ့ ပြုလုပ်ထားတာပါ။ ဘုရင်နောင်မင်း တရားကိုယ်တိုင် ကပ်လူထားခဲ့တာလို့ ဆိုပါတယ်။ မြတ်စွာဘုရားက
ပြည်သူလူထုတွေကိုဘေးအန္တရယ်အပေါင်းက ကာကွယ်ပေးတယ်လို့ ဒေသခံတွေက ယုံကြည်ခဲ့ကြပါတယ်။
ဒီဘုရားကို ဒေါ်ကြိုင်ကြိုင်အမိန့် နဲ့  ယူဆောင်စေတဲ့အတွက် ဂေါပကအဖွဲ့ ကပေးလိုက်ရတယ်လို့  ဆိုပါတယ်။
ဘုရားကို မရမ်းကုန်း က မယ်သီလရင် ထံမှာ တခါးပိတ် သံကြိုးခတ်ပြီး သိမ်းဆည်းထားပါတယ်။
မယ်သီလရင်နာမည်ကတော့ အဖွားလေးလို့ သိရတယ်။ သူ့ အခန်းမှာ အောက်လမ်းနည်းတွေနဲ့ စီရင်ပြီးထားပါတယ်။ ဒီမယ်သီလရင်ကြီးက ဘုရားကို ထောင်ချထားတဲ့အခန်းသော့ကို သူ့ ခါးမှာ အမြဲတမ်း ချီထားတယ်လို့ ဆိုပါတယ်။ ဒီအဖွားကြီးရဲ့ ညီမ က အခု အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားမှာနေနေတယ်လို့ သိရပါတယ်။ ( သတင်းအပြည့်အစုံကို ကျနော်တို့ ဆက်လက်တင်ပြသွားပါမယ်။ )
-----------စာဖတ်ပရိတ်သတ် တဦးရဲ့ မှတ်ချက်မှ ----------------------------------------------------
သီလရှင်ဆရာကြီး ဒေါ်ဓမ္မေသီ ကို သန်းရွှေမိသားစုကိုးကွယ်ပါတယ်၊ သူ့ကိုဆရာလေးလို့ခေါ်ရင်အလွန်စိတ်ဆိုးတယ်၊ သန်းရွှေမိသားစုကအဖွားလေးလို့ခေါ်တယ်၊ သူ့ညီမ ဒေါ်ပညာပိုင်တဲ့ သီလရှင်ကျောင်းက ကာလီဖိုးနီးယားမှာ အနည်းဆုံး ဒေါ်လာ ၃ သိန်းလောက်တန်မလားပဲ၊