Thursday, 1 October 2009

လူသတ်တရားခံ ဒေါ်ကြိုင်ကြိုင် ရဲမှုးဝင်းနိင်ကိုပါအပြတ်ရှင်းလိုက်ခြင်း

အတည်မပြုနိင်သေးတဲ့ ကြပ်ပြေးရပ်ကွက် က လာတဲ့သတင်းအရ ရန်ကုန်တိုင်းရဲ မှုး ၀င်းနိင်နဲ့ ဇနီးကို ဒေါ်ကြိုင်ကြိုင် နဲ့  သူမနောက်လိုက်တွေက အပြတ်ရှင်းလိုက်ပြီးလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ၀င်းနိင်နဲ့ ဇနီးကိုနှုတ်ပိတ်လိုက်တဲ့အကြောင်းကတော့ ၅ လောင်းပြိုင်အသတ်ခံရတဲ့ မိုးကုတ်ရတနာကုန်သည် အမှု မှာ ဒေါ်ကြိုင်ကြိုင်ဘယ်လိုပါဝင်ပတ်သက်နေတယ်ဆိုတာတွေကို ၀င်းနိင်က စစ်ဆေးတွေ့ ရှိခဲ့လို့ ဖြစ်တယ်လို့ သိရပါတယ်။ ၀င်းနိင် ကို နယ်စပ်ကိုထွက်ပြေးသွားတယ်ဒေါ်ကြိုင်ကြိုင်နဲ့ အဖွဲ့ က သတင်းဖေါက်ချပေးလိုက်ခြင်းဖြစ်ပါတယ်။ နယ်စပ်ကိုလည်း ရောက်ရှိမလာသေးဘူးလို့ သိရပါတယ်။ မိမိတို့ သက်ဆိုင်နက်ဝပ်များမှ တဆင့် စုံစမ်းပေးစေလိုပါတယ်။ ရဲချုပ်ခင်ရီကိုလည်း ဖမ်းဆီးထိမ်းသိမ်းထားပြီလို့ လည်းသတင်းရရှိပါတယ်။

တိဗက် အတိုက်အခံလူငယ်များက နယူးဒေလီရှိ တရုတ်သံရုံးကို ၀င်ရောက်စီးနင်း



-ကြားဖြတ်သတင်း-

  • တရုတ်နိုင်ငံ(The founding of the People's Republic of China.) အနှစ် ၆၀ မြောက် အထိမ်းအမှတ် နေ့မှာ အိန္ဒိယ မှာ နေထိုင်နေကြတဲ့ တိဗက် အတိုက်အခံများက နယူးဒေလီရှိ တရုတ်သံရုံးကို ၀င်ရောက်စီးနင်း။
  • အင်ဒိုနီးရှားနိုင်ငံ စူမတ်ထရာကျွန်းတောင်ပိုင်း မှာ အင်အားကြီးတဲ့ မြေငလျင် ထပ်မံလှုပ်၍ လူပေါင်း ၁၁၁၀ ယောက် သေဆုံးလို့ ကုလသမဂ္ဂ က ထုတ်ပြန်။ ဆက်လက်များပြားလာဖွယ်ရှိ။
  • နောက်ထပ် အင်အားကြီးတဲ့ မြေငလျင် စမိုအင်း ( Samoan) ကျွန်းနိုင်ငံမှာထပ်မံလှုပ်၍ လူ ၁၅၀ ကျော် သေဆုံး။ ဆက်လက်များပြားလာဖွယ်ရှိ။
  • IMF အကြီးအကဲ တူရကီမှာ ရှုးဖိနပ်ဖြင့် ပြစ်ပေါက် ဆဲဆို ခံရ။