ကွန်ဒွန် ကိုဆောင်ပါ။ နအဖ ကိုရှောင်ကျဉ်ပါ။
Tuesday, 1 December 2009
မျိုးဆက်တို့  ရဲ့  ပေါင်းကူး တံတားများ
မြန်မာ စစ်ဝါဒရဲ့  ယုတ်မာမှုတခုက ခေါင်းဆောင်နဲ့  လူထုကြားမှာ ဆက်သွယ်ရေးကိုဖြတ်တောက်ထားခြင်းဖြစ်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ခေါင်းဆောင်အပေါ်မှာမျှော်လင့်ချက်တွေပျောက်ပြီးထောက်ခံမှုတွေကြဆင်းအောင်ဖြစ်ပါတယ်။
အလားတူပါပဲ အနုပညာရှင်နဲ့  ပရိတ်သပ်တွေကြားမှာလည်း ဆက်သွယ်ရေး ( Communication) ကိုဖြတ်တောက်ထားခြင်းဖြစ်ပါတယ်။ နည်းနာကတော့ ရေဒီယို၊ရုပ်မြင်သံကြားတွေဖြစ်တဲ့ လူထုဆက်သွယ်ရေး ( Publication) ကွန်ယက်တွေကို ထိမ်းချုပ်ထားခြင်းဖြစ်ပါတယ်။ ဒီတော့ အနုပညာရှင်တွေနဲ့  ပရိတ်သပ်ဟာအလှမ်းဝေးသွားရပါတော့တယ်။
ဘာဖြစ်လို့  အနုပညာရှင်တွေကို နေရာ ( Space) မပေးတာလဲ လို့ မေးခွန်းရှိပါတယ်။ အဖြေကတော့ ရှင်းပါတယ်။ အာဏာရှင်စနစ်မှာ လူတယောက်ဟာ နာမည်ကြီးလာရင် သူတို့ လုံခြုံရေး ( Security ) ကို ခြိမ်းခြောက် ( Threat ) လုပ်လာနိင်တယ်လို့ ယူဆထားလို့ ပါ။
ဒီတော့ နာမည်ထွက်လာစေနိင်တဲ့ လူစုလူဝေးအခန်းအနားတွေ၊ ရေဒီယိုရုပ်မြင်သံကြားတွေ၊စာပေတွေကိုထိမ်းချုပ်ရပါတော့တယ်။
ဆိုးကျိုးရလဒ်ကတော့
တစ်။ လူထုရဲ့  ခံစားချက် (Emotion) ကိုပါသတ်ဖြတ်ခံရသလိုဖြစ်လာတယ်။
နစ်။ ထပ်ခါတလည်းလည်း ထုတ်လွင့်ပေးတဲ့ ရေဒီယို ၊ရုပ်မြင်သံကြားတွေမရှိတဲ့အတွက် သီချင်းတွေ စာပေတွေကနေ မျိုးဆက်တခုပေါင်းကူး မဲ့တံတားတွေမရှိသလိုဖြစ်လာတယ်။
သုံး၊ ဒီတော့မျိုးဆက်ကွာဟမှုတွေအလွန်အမင်ဖြစ်လာတယ်။ မျိုးဆက်နစ်ခုကြားမှာနားလည်မှုတွေမရှိသလိုဖြစ်လာတယ်။ ဒါဟာ ဆိုးကျိုးရလဒ်ဖြစ်လာတယ်။
အနောက်နိင်ငံတွေမှာ အဖိုးအဖွားလက်ထက်ကတည်းက ချစ်လာတဲ့ ခင်မင်လာတဲ့ စနိုးဝှိုက်လိုဇတ်လမ်း ( Snow White)၊ အိပ်ပျော်နေတဲ့ အလှပိုင်ရှင် ( Sleeping Beauty) ၊ မော်ကလီ ( Mogli) လိုဇတ်လမ်းမျိုးက မြေးတွေအထိ ရှင်သန်နေတယ်။ အဖိုးအဖွားခေတ်ပုံပြင်ထဲက ဇတ်လိုက်တွေ၊သူရဲကောင်းတွေက မြေးတွေလက်ထက်အထိ သူရဲကောင်းပိသနေကြတုံး၊
အဖိုးအဖွား-အဖေအမေနဲ့ မြေးတွေရဲ ဆက်သွယ်ရေးပေါင်းကူးဖြစ်နေတယ်။ တူညီတဲ့ခံစားချက်ကိုမျှဝေနိင်တယ်။ ကွာဟမှုကိုထိမ်းညှိပေးတယ်။ ကျနော်တို့ မြန်မာပြည်မှာတော့ ကျနော်တို့ ပုံပြင်၊ကာတွန်းနဲ့ ဂီတသူရဲကောင်းတွေဟာ ကျနော်တို့ နလုံးသားထဲက နေ ဖျောက်ဖျက်နေတာကိုခံနေရတယ်။ သူရဲကောင်းဘ၀ကနေ သိက္ခာမဲ့ဘ၀တွေ ရောက်အောင်တွန်းပို့ တာကိုခံနေကြရတယ်။ မဆလ ခေတ်ကက မြန်မာ့အသံကနေပြည်သူကြားမှာခေတ်စားနေတဲ့ စတူဒီယိုတေးသီချင်းတွေကို လွင့်မပေးခဲ့ပါဘူး။ ၁၉၈၀ ၀န်းကျင်မှာတော့ မြန်မာ ပြည်မှာ တယ်လီဗေးရှင်းတွေပေါ်လာတယ်။ ကံကောင်းတဲ့အချက်ကတော့ စတူဒီယိုသီချင်းတွေကိုထုတ်လွင့်ပေးလာတယ်။ ထုတ်လွင့်ပေးရတဲ့အကြောင်းကတော့ စေတနာရှိလို့ တော့မဟုတ်ဘူး။ မြန်မာ ရုပ်မြင်သံကြားကြီးကိုတည်ထောင်ပြီး ဘာမှ ထုတ်လွင့်စရာမရှိလိုပဲဖြစ်ပါတယ်။ စီးပွားရေး၊ပညာရေး၊ စက်မှုနည်းပညာ တွေဖက်ကလည်းဆုတ်ယုတ်နေတော့ ထုတ်လွင့်ပြစရာမရှိဖြစ်နေတယ်။ ဒီကြားထဲမှာမဆလပါတီအာဘော်တွေ ကိုပဲ ထုတ်လွင့်ပြီး လူထုကို ၀ါဒမှိုင်းက လည်းတိုက်ခြင်သေးတယ်။ ဒီတော့ လူထု စိတ်ဝင်စားတဲ့အားပေးနေတဲ့ စတူဒီယိုခေတ် အနုပညာရှင်တွေကို နေရာပေးလာရခြင်းဖြစ်ပါတယ်။ နအဖ ခေတ်မှာလည်းအလားတူပဲဖြစ်ပါတယ်။ မြန်မာ အသံနဲ့ ရုပ်မြင်သံကြားကနေ ဒီနေ့ လူကြိုက်များနေတဲ့ စတူဒီယို အနုပညာရှင်တွေရဲ့ တေးသီချင်းတွေကိုထုတ်လွင့်မပေးသေးပါဘူး။
ခေါင်းဆောင်နဲ့ ပြည်သူ၊ အနုပညာရှင်နဲ့ ပရိတ်သတ် အတွက်အစားထိုးလာတဲ့ မီဒီယာ သစ် ( Alternative Media) တခုပေါ်လာပါတယ်။ ဒါကတော့ အင်တာနက်ဖြစ်လာပါတယ်။ အင်တာနက်ကနေ ပြန်လည်ထုတ်လွင့်ကြခြင်းဖြင့် အနုပညာတွေကို ပြည်လည်အားပေးနိင်တယ်။ ဖန်တီးမှုအသစ်တွေကို ထုတ်လုပ်လာနိင်ပါကြောင်း။
ကျနော်တို့ ခေတ် က ခေတ်စားခဲ့တဲ့ သီချင်းလေးတပုဒ်ကို ပြန်လည်တင်ပြလိုက်ပါတယ်။ ဒီသီချင်းကို
ကန့် ကော်တောမျိုးအောင်က ရေးစပ်ပြီး အဆိုတော် ချိုးပြုံးက သီဆိုထားပါတယ်။ မျှဝေခံစားနိင်ပါစေ။
ကျနော်တို့ ခေတ် က ခေတ်စားခဲ့တဲ့ သီချင်းလေးတပုဒ်ကို ပြန်လည်တင်ပြလိုက်ပါတယ်။ ဒီသီချင်းကို
ကန့် ကော်တောမျိုးအောင်က ရေးစပ်ပြီး အဆိုတော် ချိုးပြုံးက သီဆိုထားပါတယ်။ မျှဝေခံစားနိင်ပါစေ။
World AIDS Day (ဒီဇင်ဘာလ ၁ ရက်နေ့ )

World AIDS Day (ဒီဇင်ဘာလ ၁ ရက်နေ့ )
Support World AIDS Day
http://worldaidsday.org
နစ်နေမန်း ဘလော့ခ် မှ ကူးယူဖော်ပြပါသည်
AIDS ကိုယ်ခံစွမ်းအားကျဆင်းသောရောဂါ မရရှိစေရန်အတွက် -
- သမီးရည်းစားဘ၀တွင် (သို့ ) အပျော်အပါးလိုက်စားလျှင် လိင်ဆက်ဆံပါက အကာအကွယ်ပစ္စည်းကို သုံးပါ။
- အိမ်ထောင်မပြုမီ လိုအပ်သော ဆေးစစ်မှုကို နှစ်ဦးနှစ်ဘက်စလုံးမှ ကျန်းမာရေးကဏ္ဍ ရှူထောင့်မှကြည့်၍ အလေးထား ဆောင်ရွက်ပါ။
- သွေးလှူရာတွင်ဖြစ်စေ သွေးသွင်းရာတွင် ဖြစ်စေ သန့် ရှင်းစိတ်ချရသော ဆေးကိရိယာပစ္စည်းများကိုသာ သုံးစွဲပါ။
- သူတစ်ပါးသုံးပြီးသော ဆေးထိုးအပ်များအား မျှဝေသုံးစွဲခြင်းအား ရှောင်ရှားပါ။
ကျန်းမာရေး အသိပညာ ပေးရာတွင် သတိပြုသင့်သော အချက်များ။
(အောက်ဖေါ်ပြပါ ရေးသားချက်သည် ကန္တာရ၀တီ တိုင်း(မ်) မှ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။
အမေရိကန် နိုင်ငံမှာ စက်တင်ဘာ (၁၁)၊ ၂၀၀၁ ခုနှစ်က ဖြစ်သွားခဲ့တဲ့ လေယာဉ် အနုကြမ်းစီးပြီး အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အဲဒီအချိန်တစ်ဝိုက်မှာ အမေရိကန် နိုင်ငံက လူအများစုဟာ လေယာဉ် စီးရမှာကို ကြောက်ရွံ့ သွားခဲ့ကြပါတယ်။ အဲဒီလို ဖြစ်ပြီး သိပ်မကြာခင်လေးမှာ လေယာဉ်စီးပြီး ခရီးသွားနေကျ အမျိုးသမီး တစ်ဦးက လေယာဉ် မစီးတော့ဘဲ သူ သွားရမယ့် ခရီးကို ကားနဲ့ သွားဖို့ ရွေးချယ်ခဲ့ပါတယ်။ အဲဒီ ခရီးလမ်းမှာပဲ ကားတိုက်မှု ဖြစ်ပြီး သူမ သေဆုံးသွားခဲ့ပါတယ်။
ကောက်ယူထားတဲ့ ကိန်းဂဏန်း စာရင်း ဇယားတွေ အရ ကြည့်မယ်ဆိုရင် အမေရိကန် နိုင်ငံမှာ လေယာဉ် ကြောင့် သေဆုံးရမှုက ကားကြောင့် သေဆုံးရမှုထက် ပိုပြီး အန္တရာယ် နည်းပါးတယ်လို့ တွေ့ရပါတယ်။
အဲဒီတော့ ကိုယ့်အသက်အန္တရာယ်ကို စိုးရိမ်တယ်ဆိုရင် အဲဒီအမျိုးသမီး ဘယ်နည်းလမ်းကို ရွေးချယ် သင့်ပါသလဲ။
ဒါပေမယ့် လတ်တလော ဖြစ်ထားတဲ့ ကြောက်စရာ ဖြစ်ရပ်ကြီးကို စိတ်ထဲမှာ မထားဘဲ နည်းလမ်းတကျ ရွေးချယ်နိုင်ဖို့ဆိုတာ ပြောလို့ လွယ်သလောက် လုပ်ရတာ ဘယ်လောက် ခက်မယ်ဆိုတာ သိသာပါတယ်။
အဲဒီ ကြောက်စိတ်ရဲ့ အခြေအမြစ်တွေကို ကျန်းမာရေး သတင်းအချက်အလက် မျှဝေတဲ့သူတွေ နားလည်ထားမှ အများ ပြည်သူကို ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေ ပေးတဲ့အခါ အကြောက်လွန်ပြီး အန္တရာယ် ပိုများတဲ့ နည်းလမ်းတွေကို မရွေးချယ်မိကြအောင် ကူညီနိုင်ကြမယ်လို့ ထင်ပါတယ်။
ကျန်းမာရေး အသိပညာပေးရာမှာ စကားလုံး အသုံးအနှုန်းကြောင့် ထိခိုက်ခဲ့ဖူးတာလေးတွေ ရှိပါတယ်။
“အေအိုင်ဒီအက်စ်သည် ကုရာနတ္ထိ ဆေးမရှိ”၊ “အေအိုင်ဒီအက်စ် ဖြစ်လျှင် သင် မုချ သေမည်” စတဲ့ စကားလုံးတွေ သုံးခဲ့ကြတဲ့အတွက် ကြောက်သင့်တာကို မကြောက်ဘဲ၊ မကြောက်သင့်တာတွေကို အကြောက်လွန် ခဲ့တာမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။
ကြောက်သင့်တာက အေအိုင်ဒီအက်စ် ရောဂါပိုး ကိုယ့်ထံကို ၀င်ရောက်လာနိုင်မယ့် အပြုအမူတွေ။
မကြောက်သင့်တာက အိတ်ခ်ျအိုင်ဗွီပိုးနဲ့ နေထိုင်ကြတဲ့သူတွေ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ။
သူတို့က ကိုယ့်ကို အန္တရာယ် ပေးနိုင်တာမှ မဟုတ်တာ။ ကိုယ့် အပြုအမူတွေကသာ ကိုယ့်ကို အန္တရာယ် ပေးနိုင်တာ။
ဒါပေမယ့် “သေကို သေမှာ၊ ကုလို့ မရဘူး”ဆိုတဲ့ စကားက လူတွေရဲ့ တွေးခေါ် စဉ်းစားနိုင်စွမ်းကို ကြောက်စိတ်နဲ့ ဖုံးပစ်လိုက်တဲ့ အတွက် ရောဂါ ရှိသူတွေ၊ ရောဂါပိုးနဲ့ နေထိုင်နေရသူတွေကို အသက်အန္တရာယ် ပြုတဲ့အထိ အဖြစ်ဆိုးတွေ ကြုံခဲ့ရဖူးပါတယ်။
အမေရိကန် နိုင်ငံရဲ့ ၃၂ ယောက်မြောက် သမ္မတဖြစ်တဲ့ ဖရန်ကလင်ရုစဗဲ့က “ကျွန်ုပ်တို့ရဲ့ တစ်ခုတည်းသော ကြောက်စရာက ကြောက်စိတ်ပါပဲ “လို့ ပြောခဲ့ဖူးပါတယ်။
လူတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ ကြားသိရချက်တွေ အပေါ်မှာ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေကို သုတေသန လုပ်ရာက ရလာတဲ့ တွေ့ရှိချက် အချို့ကို ပြောပြချင်ပါတယ်။
(၁) ဘာတွေ ဖြစ်နိုင်တယ် ဆိုတာကို ပို သိရင် ပို ကြောက်တယ်။
(၂) အန္တရာယ်က ဘာတွေ ဖြစ်မယ်ဆိုတာကို မသေချာရင် ပိုကြောက်တယ်။
(၃) အဲဒီ အန္တရာယ်က ကိုယ့်ဆီမှာ ဖြစ်နိုင်တယ်လို့ ခံစားရရင် ပိုကြောက်တယ်။
(၄) အများစုက အန္တရာယ် တစ်ခု အကြောင်း ကြားရင် အဲဒါက တခြားသူတွေမှာပဲ ဖြစ်မှာပါ၊ ငါ့မှာတော့ မဖြစ်နိုင်ပါဘူးလို့ တွေးလေ့ရှိကြတယ်။
(၅) အန္တရာယ်က အရင်က မဖြစ်ဖူး၊ မကြားဖူတဲ့ အန္တရာယ် အသစ် ဆိုရင် ပိုကြောက်တယ်။
(၆) တစ်နေရာတည်းမှာ အကြီးအကျယ် ဖြစ်တာမျိုးဆိုရင် ပိုကြောက်တယ်။ ဥပမာ - တစ်နိုင်ငံလုံးမှာ နှလုံးရောဂါနဲ့ သေဆုံးသူ အရေအတွက်က တစ်နေ့ အယောက်(၂၀၀၀) ရှိတယ်၊ ဒါပေမယ့် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ အရေအတွက်က အယောက်(၅၀) ဖြစ်နေမယ်ဆိုရင် လူတွေက ဗုံးပေါက်ကွဲမှုကို ပိုကြောက်ကြပါတယ်။ နှလုံးရောဂါနဲ့ သေဆုံးတာက တစ်နေရာတည်းမှာ စုပြုံပြီး ဖြစ်ကြတာ မဟုတ်တဲ့ အတွက်ကြောင့်ပါ။
(၇) အန္တရာယ်က ကိုယ်က လုပ်ယူတာမျိုး ဆိုရင် သိပ်မကြောက်ကြဘူး။ ဥပမာ - လိင်မှုကိစ္စ အပျော်အပါးလိုက်စားရာမှာ ကွန်ဒုံး မသုံးတာမျိုးလို့ ပြောရမယ် ထင်ပါရဲ့။
(၈) အန္တရာယ်ကို ကိုယ်က ချုပ်ထိန်းနိုင်စွမ်း ရှိတယ်လို့ ယူဆရင် သိပ်မကြောက်ကြဘူး။ ဥပမာ - မော်တော်ဆိုင်ကယ်ကို ခေါင်းဆောင်း မပါဘဲ စီးတာမျိုးပေါ့။
(၉) ကိုယ့်ကို အန္တရာယ်ကနေ ကာကွယ် ပေးနိုင်မယ်၊ လိုအပ်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်မယ်လို့ ယူဆထားတဲ့ သူတွေကို ယုံကြည်ရင် သိပ်မကြောက်ကြဘူး။ မယုံကြည်ရင် ပိုကြောက်ကြတယ်။ ဥပမာ- ပြည်သူ့ ကျန်းမာရေးကို အမှန်တကယ် ဆောင်ရွက်တဲ့ အုပ်ချုပ်သူ အစိုးရတွေကြောင့် ပြည်သူတွေရဲ့ ကြောက်ရွံ့ ထိတ်လန့်မှုက အလွန်အကျွံ မဖြစ်ဘူး။ ၂၀၀၀ခုနှစ်မှာ နွားရူးရောဂါ ဖြစ်ခဲ့တုန်းက ဂျာမဏီနိုင်ငံက ကိုင်တွယ် ဖြေရှင်းခဲ့ပုံက မှန်ခဲ့တဲ့ အတွက် လအနည်းငယ် အတွင်းမှာပဲ ပြည်သူတွေ ကြောက်စိတ် လျော့ပါးသွားပြီး အမဲသား ဈေးကွက်က ပုံမှန် ပြန်ဖြစ် သွားခဲ့တယ်။ ဒါပေမယ့် အလားတူ ဖြစ်ရပ်ကို ဂျပန်နိုင်ငံက ကိုယ်တွယ် ဖြေရှင်းပုံ မှားခဲ့တဲ့အတွက် ဂျပန်နိုင်ငံရဲ့ အမဲသား ဈေးကွက်က တော်တော်နဲ့ ပုံမှန် ပြန်ဖြစ် မလာခဲ့ဘူး။
ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေ အကြောင်း ပညာပေး မျှဝေတဲ့ အခါမှာ တစ်စုံတစ်ခုကို အလွန်အမင်း ကြောက်ရွံ့ထိတ်လန့် သွားအောင် ပြောမယ့်အစား သတင်းအချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ပေးပြီး လူတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်အောင် အကူအညီ ပေးရမှာ ဖြစ်ပါတယ်။
အဖြစ်အပျက်တစ်ခုဟာ -
- ဖြစ်နိုင်ခြေ ဘယ်လောက်များသလဲ
- ဘယ်လို ကာကွယ်နည်းတွေ ရှိသလဲ
- ဘယ်လို ရွေးချယ်စရာတွေ ရှိသလဲ
- အန္တရာယ်ဘယ်လောက် အထိ ကြီးနိုင်သလဲ
စတာတွေကို သေသေချာချာ နားလည်အောင် အကူအညီ ပေးနိုင်မယ် ဆိုရင် အများပြည်သူမှာ မိမိဘ၀အတွက် မိမိကိုယ်တိုင် မှန်ကန်စွာ ရွေးချယ်နိုင်စွမ်းတွေ ပိုမို တိုးမြင့်လာပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတွေကို ပိုမို ဆောင်ရွက်ဖြစ်ဖို့ အခွင့်အလမ်းတွေ ပိုများလာနိုင်ပါတယ်။
လောင်းရိပ်မိသောပန်း။
ဖဖေနဲ့မေမေကတော့ အသက်သုံးဆယ်အရွယ်လောက်တွေမှာ လောကကြီးကနေထာဝစဉ်ခွဲခွာသွားခဲ့ကြတယ်။ အဲလိုအရွယ်တွေ ကောင်းတဲ့အချိန်မှာ ဆုံးပါးသွားတာဟာ မိသားစုရဲ့အငွေ့ရနှံ့၊ သံယောဇဉ်နဲ့ ယုရမှုလေးတွေကို ရှူရှိုက်ခံစားလို့ မ၀သေးတဲ့ ရင်သွေးလေး နှစ်ဦးအတွက် စောလွန်းပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ရင်သွေးလေး ညီအစ်ကိုယ်နှစ်ဦးဟာ အခြားမိဘမဲ့ သား/သမီးငယ်လေးတွေလို လောကအလယ်မှာ မျက်နှာ ငယ်ငယ်နဲ့ ဘ၀ကိုရင်ဆိုင်ရမှာကိုကတော့ နားလည်လက်ခံနိုင်စရာပါ။ ဒါပေမဲ့ ထိုညီအစ်ကိုနှစ်ဦးရဲ့အဖြစ်က အခြားသာမန် မိဘမဲ့ ကလေးငယ်လေးတွေထက် မျက်နှာငယ်ခံနေရတာကိုက ရင်နာစရာ…။
ထိုညီအစ်ကိုနှစ်ဦးရဲ့နာမည်ကို မောင်ငြိမ်းချမ်း(ညီ)နဲ့ မောင်ဆန်းထွန်း(အစ်ကိုယ်)လို့ တင်စား လိုက်ပါတယ်။ ဖေဖေမေမေတို့ ဆုံးပါးတဲ့ အချိန်မှာဆို မောင်ငြိမ်းချမ်းနဲ့မောင်ဆန်းထွန်းဟာ ငါးနှစ်နဲ့ ခြောက်နှစ်သားအရွယ် လောက်မှာသာ ရှိပါသေးတယ်။ မိဘတွေက အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ်နဲ့ အတူနေထိုင်ခဲ့ကြရတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၀၁ခုနှစ်က သူတို့ရဲ့မွေးရပ်မြေဖြစ်တဲ့ ကရင်နီ(ကယား)ပြည် လွိုင်ကော်မြို့မှာဆုံးပါးသွားခဲ့ကြပါတယ်။
မိဘတွေကအိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ်နဲ့ ဆုံးပါးသွားခဲ့ကြပြီး ကျန်ရစ်ခဲ့တဲ့ မောင်ငြိမ်းချမ်းနဲ့မောင်ဆန်းထွန်း တို့မှာထိုလက္ခဏာတွေနဲ့ အတူနေထိုင်ရတဲ့အတွက် လူမှုပတ်ဝန်းကျင်ရဲ့ခွဲခြားဆက်ဆံမှုနဲ့ အပယ်ခံရမှုများ ကိုရင်ဆိုင်ကြရပါတယ်။ မိဘတွေဆုံးပါးသွားတဲ့ အချိန်မှာ လွိုင်ကော်မြို့မှာရှိတဲ့ အိမ်နီးနားချင်းရဲ့အိမ်တအိမ်မှာ ညီအစ်ကိုနှစ်ယောက် ကံကောင်းထောက်မစွာဖြင့် တွယ်ကပ်နေထိုင်ခွင့် ရရှိပြီး လွိုင်ကော်မြို့ အ.ထ.က ကျောင်းတကျောင်းမှာ ပညာဆက်လက်ဆည်းဖူးခွင့်ရကြပါတယ်။
ပထမတန်း ပညာသင်ယူနေသော မောင်ငြိမ်းချမ်းဟာ တနေ့မှာတော့ သူ့ရဲ့လက်မှာ အနာဖုတွေပေါက်နေတာကို ဆရာမ ကတွေ့တော့ အခြားကျောင်းသားလေးတွေလဲ မောင်ငြိမ်းချမ်းလို မဖြစ်စေရလေအောင်ဆိုပြီး သူ့ကို ကျောင်းဆက်တက်ခွင့် မပေးတော့ဘဲ ရပ်နားခိုင်း လိုက်ပါတယ်။ "ဆရာမက ကျောင်းမပေးတက် တော့တဲ့အတွက် ကလေးက ၀မ်းနည်းပြီးငိုတယ်။ ကျောင်းကိုလာခွင့် မရတော့ဘဲ တလအကြာမှာ ကလေးက ဆုံးသွားရှာတယ်။"လို့ ကျန်ရစ်နေတဲ့ အစ်ကိုဖြစ်သူ မောင်ဆန်းထွန်းရဲ့ ရှေ့ရေးကို တာဝန်ယူပေးနေတဲ့ ဆရာမ နေချည်က ပြောပြပါတယ်။
မောင်ဆန်းထွန်းဟာ ယခု၂၀၀၉ ခုနှစ်ဆိုရင် တတ္တမတန်း(၇တန်း) ပညာကို သင်ယူနေပါပြီ။ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နဲ့အတူ နေထိုင်တဲ့ပုံမပေါ်ပေမဲ့ မိဘတို့မှ စွန်းထင်ထားခဲ့တဲ့ အမဲစက်တွေကြောင့် သူ့ခမျာ အခြားကျောင်းသား/သူလေးတွေရဲ့အကြား၊ အတိုင်းအ၀ိုင်းတခုရဲ့အကြားမှာ သိမ်ငယ်နေရရှာတယ်လို့ ဆိုပါတယ်။
"+++(မောင်ဆန်းထွန်း) ညီလေးရဲ့အဖြစ်ကို တွေ့ရတာကျမ အရမ်းနာကျင်သွားတယ်။ စိတ်မကောင်းတာကလွဲလို့ ကျမဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး။ တကယ်တမ်းတော့ သူ့ဆရာမတွေက ဒီ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်ကို ဘယ်လိုကာကွယ်နိုင်လဲ၊ နောက်ပြီး အလွယ်တကူ မကူးစက်နိုင်ဘူး ဆိုတာကို နားလည်ကြပါတယ်။ ဒါပေမဲ့တကယ်လက်တွေ့မှာ ကျမတို့ community ကဒီအရာကို လက်ခံနိုင်စွမ်း မရှိသေးဘူး"လို့ မိဘမဲ့ကလေးငယ်လေးတွေကို ကူညီထောက်မပေးနေတဲ့ ကယားပြည်နယ် ခရစ်ယန်အသင်းတော်ရဲ့ အဖွဲ့ခေါင်းဆောင် ဆရာမ နေချည်က ရှင်းပြသွားတာပါ။
မောင်ငြိမ်းချမ်းနဲ့ မောင်ဆန်းထွန်းတို့ရဲ့ အဖေဟာ နာမည်ကြီးတဲ့ ရှင်းပြည်နယ်တောင်ပိုင်းက မိုင်းရှိုးမှာ ကျောက်တွေ သွားတူးဖူးသလို အပျော်တန်းလိင်ဆက်ဆံမှုများလဲ အတော်လေး လိုက်စားခဲ့တဲ့အတွက် အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နဲ့အတူစတင် နေထိုင်ရခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ လွိုင်ကော်မြို့ရဲ့ရပ်ကွက် တွေထဲမှာ မောင်ငြိမ်းချမ်းနဲ့မောင်ဆန်းထွန်းတို့လို အခြေအနေတူ၊ ဘ၀တူ သား/သမီး ငယ်လေးတွေ ရှိနေကြောင်း နှင့် သူတို့ရဲ့မိဘတွေကလည်း အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နဲ့ ဆုံးပါးသွားခဲ့ကြတာကို ဆရာမက ထပ်ပြီးညွန်းပြပါတယ်။
မှိုင်းရှိုးဒေသမှာ ကျောက်မျက်ရတနာ တူးဖေါ်ရေးလုပ်ငန်းနဲ့ ရောင်းဝယ်ရေးလုပ်ငန်းများ နာမည်ရှိသလောက် မြန်မာနိုင်ငံနယ်အသီးသီးမှ အလုပ်လာရောက်လုပ်ကိုင်သူ အများစုဟာ မလုံခြုံတဲ့လိင်ဆက်ဆံမှုနဲ့ မူးရစ်ဆေးဝါးသုံးစွဲမှုတွေနဲ့ မကင်းဘူးလို့ ဆိုကြပါတယ်။
ကယားပြည်နယ်တွင် ကျေးလက်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း(RHDP) အဖွဲ့၏ ၂၀၀၇-၂၀၀၈ စစ်တမ်းကောက်ချက်အရ လူဦးရေ(၄၀၀၀) ၀န်းးကျင်၏ ၃၀ရာခိုင်နှုံးဟာ မှိုင်းရှိုးနှင့်ဖားကန့်တို့မှာ အလုပ်သွားရောက်လုပ်ကိုင်နေကြပြီး ထိုထဲမှ ၂၆ရာနှုန်းဟာ မလုံခြုံတဲ့ လိင်ဆက်ဆံမှုများ ကျင့်သုံးကြတာ ကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။
ထိုသေဒများမှ အလုပ်သွားရောက်လုပ်ကိုင်ပြီး မိမိကယားပြည်နယ်သို့ ပြန်လာအခြေချနေထိုင်သူတို့မှာ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ် နှင့်အတူ နေထိုင်ရသောကြောင့် အိမ်ထောင်အချို့မှာ မိမိတို့လွယ်ထားသော ကလေးများဟာ မိခင်ဝမ်းထဲ ပင်သေဆုံးသွားကြရသော ကလေးငယ်များရှိသလို မွေးကင်းစကပင် သေဆုံးသွားသောကလေးများလဲ ရှိခဲ့တယ်လို့ RHDP အဖွဲ့ခေါင်းဆောင် ဆရာမီရယ်က ပြောပါတယ်။
အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ်နဲ့အတူ နေထိုင်သူ သုံးသိန်းကျော်ရှိတဲ့ မြန်မာနိုင်ငံကို World Vision အဖွဲ့မှ ပြီးခဲ့တဲ့ ၁၉၅၈ခုနှစ် ကတည်းက ၀င်ရောက်ကူညီပေးလျက်ရှိပြီး လိင်ဆက်ဆံမှုများလုံခြုံမှုမရှိဟု ယူဆရတဲ့ မှိုင်းရှိုးမှာ World Vision အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နဲ့ ပါတ်သက်ပြီး ကြိုတင်ကာကွယ် မှုများနဲ့ပညာပေးရေးအစီအစဉ် များကိုပြု လုပ်ပေးနေပါတယ်။ သို့သော်လည်း မှိုင်းရှိုးသို့ အလုပ်သွားရောက်လုပ်ကိုင်ကြသော လူငယ်အများစုဟာ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်ကို ကြိုတင် ကာကွယ်မှုများ ပြုလုပ်ရန် နည်းလမ်းများအား မသိရှိကြသေးကြောင်း RHDP ၏ စစ်တမ်းကဆိုပါတယ်။
မှိုင်းရှိုးသို့ သွားရောက်ကျောက်တူးခဲ့သော အသက်(၂၅)နှစ်အရွယ် လူငယ်တဦးက "ကျနော်ဖောက်သည် တော်တော်များများနဲ့ တွေ့ဖူးတယ်။ ကွန်ဒိုသုံးရကောင်းမှန်း မသိဘူး။ တချို့ဖာက်သည်တွေကလည်း သူ့ကိုယ်သူရောဂါမရှိဘူး၊ ကွန်ဒိုသုံးစရာမလိုဘူးလို့ ပြောကြတယ်။ ကျနော်လည်း ကွန်ဒိုသုံးရမှာ သိပ်အရသာ မရှိတာနဲ့ မသုံးချင်တာလဲပါတယ်။ " လို့ RHDP ကိုပြောပြသွားပါတယ်။
ဆက်လက်ပြီး ထိုလူငယ်က “အစားစားရှိတယ်။ လောပန်း(သူဌေး)တွေ အများအားဖြင့် သုံးကြတဲ့အသစ်လို့ ခေါ်မှာပေါ့ ပါကင်လို့ ခေါ်ကြတယ်။ အဲဒါက နှစ်သိန်း(ကျပ်) လောက်ပေးရတယ်။ ကြာသွားရင်ပြီး ဒါမှမဟုတ် အသက်ကြီးသွားတဲ့လူတွေက ဈေးကျသွားတယ်။ ငါးရာ(ကျပ်) အထိရှိတယ်။ ကျနော်တို့ဆို ကြပ်တည်းတဲ့ အချိန်တွေမှာ အဲဒီငါးရာတန်တွေနဲ့ သွားပျော်ရတာ များတယ်။”
ထိုလူငယ်တွေဟာ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်ကို ဂရုမစိုက်ကြဘဲ မိမိရဲ့စိတ်အလို ဆန္ဒတခုတည်းကိုသာ ဦးထိပ်ထားမိတဲ့အတွက် “ရောဂါကို ငွေနဲ့ဝယ်ယူသလိုဖြစ်နေတယ်”လို့ RHDP အဖွဲ့ခေါင်းဆောင် ဆရာမီရယ်က ကောက်ချက်ချပါတယ်။
အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နှင့် အတူနေထိုင်သော လက်ရှိကလေးငယ်လေးတွေ လူမှုအသိုင်းအ၀ိုင်းထဲ ခွဲခြားဆက်ဆံမှုများ လျော့ပါးလာနိုင်အောင် ပညာပေးရေးအစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်နေပါကြောင်း ကုလသမဂ္ဂ ကလေးများ ဆိုင်ရာရံပုံငွေ (UNICEF)အဖွဲ့တွင် မိဘမဲ့ကလေးများ ကူညီစောင့်ရှောက်ရေးအစီအစဉ်၌ ဆောင်ရွက်ခဲ့ဖူးသော ဆရာမတဦးက ပြောပါတည်။
အိတ်ခ်ျအိုင်ဗီနဲ့အတူ နေထိုင်သူတဦးရဲ့ လက်ဖျားပေါ်ကသွေးစက်ဟာ ကျမ်းပြင်ပေါ်ကျရောက်သွားတာနဲ့ တခါထဲ သူ့ရဲ့ဗိုင်းရပ်ပိုးတွေက စက်ကန့်ပိုင်းအတွင်း သေကုန်ကြောင်း၊ အလွယ်တကူသွေးကို ထိတွေ့၍ မရရှိနိုင်ကြောင်း၊ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်ဟာ တဦးပေါ်တဦး အလွယ်တကူရောက်နိုင်တဲ့ အချက်က မလုံခြုံတဲ့လိင် ဆက်ဆံခြင်းနဲ့ မူးရစ်ဆေးဝါးသုံးစွဲမှုတို့ကသာ အဖြစ်များတယ်လို့ ရန်ကုန်မှ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နဲ့ ပါတ်သက်ပြီး အထူးလေ့လာကျွမ်းကျင်သူ ဒေါက်တာတဦးက ပြောပြဖူးပါတယ်။
ဒါကြောင့် အပြစ်ကင်းစင်တဲ့ မောင်ငြိမ်းချမ်းတို့လိုရင်သွေးလေးတွေ မငြိုးနွမ်းသွားစေဖို့၊ အပြစ်မဲ့တဲ့ မောင်ဆန်းထွန်းတို့ လိုမျိုးဆက်သစ် လေးတွေ နောင်မနက်ဖန်မှာ မျက်နှာငယ်ငယ်နဲ့ လောကရဲ့ပါတ်ဝန်းကျင်ကို မရင်ဆိုင်ကြရလေအောင် မလုံခြုံတဲ့ လိင်ဆက်ဆံခြင်းဖြင့် အပျော်အပါးလိုက်စားခြင်းနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုဆိုတဲ့အချက်နှစ်ချက်ဟာ ကျနော်တို့အားလုံးကနေပြီးမှ ကြိုတင်ရှောင်ရှားသင့်၊ ရှောင်ရှားလို့ရတဲ့အရာတွေ ဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။
(စေးရယ်စိုး/ဖေဖော်ဝါရီ ၁၃၊ ၂၀၀၉)။
မှတ်ချက်။ ။ စာရေးသူ၏ ကျင့်ဝတ်အရ အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါပိုး ကူးစက်ခံရသူအစား အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့် အတူ နေထိုင်သည်ဟု သုံးနှုံးထားပါသည်။
(အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား ကူညီစောင့်ရှောက်ပေးသော မဖြူဖြူသင်း အား လေးစားစွာ မှတ်တမ်းတင်အပ်ပါသည်။
http://phyuphyuthin.blogspot.com/ သို့  သွားရောက်၍ ဖတ်ရှူစေလိုပါသည်)။
စင်္ကာပူနိုင်ငံ က ပထမဦးဆုံးအကြိမ် စာပေဟောပြောပွဲ

ဇော်ဝင်း (နယူးရော့်ခ် )
လာမဲ့ ဒီဇင်ဘာ နှစ်ဆယ် ရက်နေ့ (၂၀-၁၂-၂၀၀၉) စင်္ကာပူနိုင်ငံ မှာ ပထမဦးဆုံးအကြိမ် စာပေဟောပြောပွဲ ကျင်းပမယ် ကြားရလို့ အရမ်းဝမ်းသာမိပါတယ်။ ကျွန်တော်တို့ နယူးရောက် မှာ ကတော့ နှစ်ထောင်ခုနှစ် ကတည်း က ပထမဦးဆုံးအကြိမ် စာပေဟောပြောပွဲ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တစ်ထောင့်ကိုးရာ့ကိုးဆယ် ပြည့် မေလ ၂၇ မှာ ကျင်းပခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး မှာ လူထုတရပ်လုံး ရဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ လိုလား သော လူထုဆန္ဒ ကို မှတ်မှတ်ရရ တလေးတစား ဂုဏ်ပြု ကျင်းပခဲ့တာပါ။ ကွယ်လွန်သွားပြီ ဖြစ်ကြ တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကဗျာဆရာကြိး ဦးတင်မိုး နဲ့ သတင်းစာဆရာကြိး ကြေးမုံ ဦးသောင်း တို့ ကို ဖိတ်ခေါ်ကျင်းပ ခဲ့တာပါ။ သူတို့ နှစ်ဦးအပြင် မန္တလေး က အနုပညာ ကျောင်းအုပ်ဆရာကြီး စွယ်စုံရ ဆရာ ပန်းချီ ဦးဝင်းဖေ နဲ ကာတွန်း ဦးဝင်းထွန်း ပါ သူတို့ လေးဦး သားဟောပြောမှု ကို အမှတ်ရဆဲပါ။ နယူးရောက် မှာ ဟောပြောပွဲ လုပ်တိုင်း ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင် ကိုယ်တော်မှိုင်း ဓါတ်ပုံကို အလည်က ချိတ် ပြီး ဒီမိုရေစီ တိုက်ပွဲဝင် ခွတ်ဒေါင်း အလံ နဲ့ အမျိုးသားရေး အလံ ကဒေါင်း အလံ တို့ ကို ဘေးနှစ်ဘက်မှာ ချိတ်ဆွဲ လွှင့်ထူခဲ့ပါတယ်။ နယူးရောက်ကို စစ်အာဏာရှင် တွေ ဒူးထောက် အထူးကြောက်စေရမယ် ကျွန်တော်တို့လူထုဖက် အပြတ်ဖက်လိုက်မယ် ဆိုတဲ့ သင်္ကေတ ပါ။ ပထမ အကြိမ် မှ အစ ပြု လို့ နှစ်စဉ် မပျက် ကျင်းပလာ ခဲ့တာ ဒီနှစ် ဆို ဆယ်ကြိမ်မြောက်ပါပြီ။
ပထမ အကြိမ် မှ အစ ပြု လို့ နှစ်စဉ် မပျက် ကျင်းပလာ ခဲ့တာ စာပေဝေဖန်ရေး ဆရာကြီး ဦးစွမ်းရည် ဒီမိုကရေစီ နဲ သမိုင်း ပြုစုသူ ဆရာဦးအောင်စောဦး ဆရာဦးဝင်းခက် သင့်ဘဝမဂ္ဂဇင်း က ဆရာ ဦးတင်မောင်သန်း ဆရာ မောင်သစ်ဆင်း ကျောင်းသား ခေါင်းဆောင်ကိုအောင်ဒင် ကိုမင်းဇင် နိုင်ငံကျော် တေးသံရှင် ဒေါ်မာမာအေး ကိုလဲ အလှည့်ကျ ဖိတ်ခေါ် ခဲ့ ပါတယ်။
လူ အဖွဲ့အစည်း နဲ့ နိုင်ငံတော် မှာ စာပေယဉ်ကျေးမှု က အခရာ ကျပါတယ်။ နိုင်ငံတနိုင်ငံ မှာ စာပေပညာရှင် အနုပညာရှင်တွေ အသိပညာရှင် အတတ်ပညာရှင်တွေ ကို လွတ်လပ်စွာ ဖန်တည်းခွင့် ရေးသားခွင့် ပုံနှိပ်ထုပ်ဝေခွင့် ကို ပေးသင့် လှပါတယ်။ တိုင်းပြည်တပြည် ရဲ့ အမျိုး ဘာသာ သာသနာ တိုးတက်ဖို့ လူမှုရေး နိုင်ငံရေး ဘာသာရေး လောက ဓမ္ဓ ရာဇ အရေးအထွေထွေ မှာ စာပေဟာ အချုပ် အချက်အချာ မဏ္ဍိုင် ဖြစ်ပါတယ်။ ဆရာ မင်းသုဝဏ် က စကားပြေ စာပေအသက် လို့ ကြွေးကျော်ခဲ့ဖူးတယ်။ ကဗျာ ဟူသည် ပညာရှိ တို့ ဥစ္စာ ဖြစ်သည် ဟူသော အဆိုတရပ် ကလဲ ရှိပါတယ်။ ကဗျာ က ပညာရှိ တို့ ဥစ္စာ ဆို လျှင် စကားပြေ က ပြည်သူ့ဥစ္စာ(ခ) ပြည်သူ့အသုံးအဆောင် ပါလို့ ဆရာ မောင်ခင်မင် (ဓနုဖြူ) က ဆိုပါတယ်။ စာပေ မှာ ဘာသာစကား ကို သုံးနှုန်းထားပုံ စာဟန် မျိုးစုံ ဟာ ခေတ် ရဲ့ အသံ ခေတ်ရဲ့ဟန် ခေတ်ရဲ့ အလံ နဲ့ လူထုခံစားမှုတွေကို ထင်ဟပ်စေပါတယ်။
ငွေမှင်သုပ်တယ် ဆုတ် ဖြဲတယ် ဆို တဲ့ မြန်မာနိုင်ငံ မှာ စာပေလွတ်လပ်မှု မရှိတဲ့ ကြား ထဲ က နိုင်ငံကျော် ဆရာမ ဂျူး ဆရာ နေဝင်းမြင့် နဲ့ ဆရာ ချစ်ဦးညို တို့ ဟောပြောမဲ့ စင်ကာပူ စာပေဟောပြောပွဲ ဟာ မြန်မာနိုင်ငံက သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ နေ့စဉ်ဘဝ တွေကို ဘယ်လို ဟောပြောကြမလဲ ဆိုတာကို စင်ကာပူ ရောက် စာပေမြတ်နိုးသူအပေါင်း ဆက် ဆက် အားပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။
ဇော်ဝင်း (နယူးရော့်ခ် )
Subscribe to:
Posts (Atom)
