Wednesday, 1 December 2010
ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်များအတွက် ထိုင်းနိုင်ငံကို တောင်းဆို
-နေ့သစ်-
သူတို့နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေကို သနားကြင်နာပေးဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းတွေကို တနေ့က တောင်းဆို လိုက်ပါတယ်။
“ထိုင်းနိုင်ငံအတွေက် အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ဘူး ဆိုတာ ကျမတို့ သိပါတယ်။ ဒါပေမဲ့ သူတို့တွေအတွက် ရှင်တို့လုပ်နိုင်တာကို လုပ်နေနိုင် တယ်ဆိုရင် ကျမတို့ အရမ်းကျေးဇူးတင်နေမှာပါ” လို့
ဘန်ကောက်အခြေစိုက် ထိုင်းအာဆီယံ သတင်းအေဂျင်စီနဲ့ ဖုန်းအင်တာဗျူးတုန်းက ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံက မြန်မာဒုက္ခသည် ၁၀၀,၀၀၀ ကျော်ကို ခိုလှုံခွင့်ပေးထား တာ ဆယ်စုနှစ် ၂ နှစ်ကျော်ပါပြီ။ လောလောဆယ်ဆယ် မြန်မာနိုင်ငံက ရွှေ့ပြောင်းအ လုပ်သမား ၂ သန်းလောက်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြပါတယ်။
မကြာခင်က နယ်စပ်တလျှောက်မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားတွေ တိုက်ပွဲတွေ ဖြစ် တုန်းက နောက်ထပ်မြန်မာပြည်သားတွေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့ကြပါသေးတယ်။ ဒီလအစောပိုင်းက နေအိမ်အကျယ်ချုပ်ကနေ လွတ်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတွေကို ကူညီတဲ့အတွက် ထိုင်းလူမျိုးတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ ပါတယ်။
“ကျမတို့ဟာ ရှင်တို့နဲ့ မိတ်ဆွေကောင်း၊ အိမ်နီးခြင်း ကောင်းဖြစ်တယ်ဆိုတာ ကျမတို့ သိ စေချင်ပါတယ်” လို့ သူက ပြောပါတယ်။ ထိုင်းနိုင်ငံရောက်မြန်မာပြည်သားတွေကိုလည်း သူက စကားပြောခဲ့ပါတယ်။ သူတို့ကိုမမေ့ပါဘူး၊ မြန်နိုင်သလောက်မြန်မြန်အိမ်ပြန်ခေါ်ဖို့ သူလုပ်နိုင်တာတွေကို လုပ်ပါမယ်လို့ ကတိပေးပြောကြားလိုက်ပါတယ်။
နောက်ပြီး စစ်အစိုးရနဲ့တင် ဆက်သွယ်နေယုံမကဘဲ တိုင်းပြည်ကို ဒီမိုကရေစီရအောင် လုပ်နေတဲ့ အတိုက်အခံတွေနဲ့လည်း ဆက်သွယ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။
“အစိုးရအားလုံးကို မြန်မာအစိုးရနဲ့သာမက ကျမတို့နဲ့လည်း ဆက်ဆံစေချင်ပါတယ်” လို့ သူက ပြောပါတယ်။ စစ်တပ်အုပ်ချုပ်တဲ့တိုင်းပြည်မှာ ဒီမိုကရေစီရေးအတွက် မြှုပ်နှံလုပ် ကိုင်နေတဲ့အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုရခဲ့တဲ့ မြန်မာအတိုက်အခံခေါင်းဆောင်ဟာ တိုင်းပြည်နိုင်ငံရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍက နေ ပါဝင်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။
နိုဝင်ဘာ ၁၊ ၂၀၁၀ (The Nation)
နေ့သစ်မှ ကူးယူဖော်ပြသည်။
လားရှိုးသိန်းအောင် ၏ အမေဒေါ်စု ပြန်လာပြီ
လားရှိုးသိန်းအောင် ဒေါ်စု နှင့် နိုင်ငံရေးအကျဉ်းကျခံရသူများ အတွက် ဂုဏ်ပြုသီချင်းများ သီဆိုမည်။
နယ်ကြားစောင့်တပ်အတွင်း သတ်ဖြတ်မှုဖြစ်ပွား
အရံ အင်အားစုတပ်မှ ခြေတဖက်မရှိသူ ကျော်တိ ဆိုသူအား နယ်ကြားစောင့်တပ် ၁၀၂၂ ဗိုလ်နဂါးမှ နိုဝင်ဘာ ၂၉ ရက်က သတ်ဖြတ်ခဲ့သည်ဟုသိရသည်။
၎င်းကျော်တိမှာ ဒီကေဘီအေ ဗိုလ်သက်ထွန်းနိုင်နှင့် အဆက်အသွယ်ရှိသည်ဟု မသင်ကာလို့ ဖြစ်သည်။ နယ်ကြားစောင့်တပ်ကို မသန်မစွမ်းသူများနှင့်ဖွဲ့စည်း ခွင့်မရှိသော်လည်း ဒုက္ခိတတချို့အား အရံအင်အားအဖြစ်ဖွဲ့စည်းထားခြင်းဖြစ် သည်။
ယခု နယ်ကြားစောင့်အတွင်းမှာလည်း ၎င်းကိစ္စကြောင့် မငြိမ်မသက်မှုနှင့် ရှုပ်ထွေးမှုများရှိကြောင်း ကြားသိရသည်။
WFW2
ဝေါ်လေ ဖလူး ဘုရားသုံးဆူတိုက်ပွဲတွေမှာ နအဖ ထိုခိုက်သေဆုံးမှုများ (နိုဝင်ဘာ ၂၆ မှ ၃၀ ထိ)
ဝေါ်လေ၊ ဖလူး နဲ့ ဒီကေဘီအေ ဒေသတွေမှာ နိုဝင်ဘာ ၂၆ ရက်ကနေ ၃၀ ရက်အထိ တိုက်ပွဲပေါင်း ၉ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒီကေဘီအေ နဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့ နအဖ တပ်တွေကတော့ စကခ ၁၄ ရဲ့ ၂၉ လက်အောက်တပ်တွေဖြစ်တဲ့ ခမရ ၂၃၀ ၊ ၃၅၀၊ ၄၅၉ နဲ့ ခလရ ၆၁ စတဲ့ တပ်တွေ ဖြစ်ပါတယ်။
ဒီဒေသတွေမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း နအဖ စစ်တပ်ဘက်က အသေဒဏ်ရာအားလုံးပေါင်း ၅၆ ရှိပြီး အဲဒီထဲကမှ သေဆုံးသူ ၁၉ ယောက် ဖြစ်ပါတယ်။
နအဖ ဘက်က သေဆုံးသူတွေထဲမှာ အရာခံဗိုလ် ၃ ဦး၊ ဒုဗိုလ် ၁ ဦး နဲ့ ဒုတပ်ရင်းမှူး တာဝန်ယူထားတဲ့ ဗိုလ်မှူး ၂ ဦးတို့ ပါဝင်ပါတယ်။
ဘုရားသုံးဆူဘက်မှာတော့ နိုဝင်ဘာ ၂၆ ရက် မှ ၃၀ ရက် အတွင်း ဒီကေဘီအေနဲ့ နအဖတို့ ၄ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ နအဖ ဘက်မှ စကခ ၈ ရဲ့ လက်အောက်ခံတပ်များဖြစ်ပါတယ်။
နအဖ ဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး ထိခိုင်သေဆုံးအားလုံးပေါင်းမှ ၂၀ ဦး ခန့် ရှိတယ်လို့ သိရှိရပြီး အဲဒီထဲကမှာ သေဆုံးသူ ၉ ဦး ရှိခဲ့တယ်လို့ သိရှိရပါတယ်။
နေ့သစ် မီဒီယာ







