Tuesday, 1 March 2011

အာဏာရှင် ကဒါဗီ ကို စစ်ရေးအရ ကိုင်တွယ်တော့မည်

U.S. Ships Moved Closer to Libya
While a no-fly zone has not been authorized, the U.S. Navy is keeping warships nearby.

-WFWW-

လစ်ဗျား အာဏာရှင် ကဒါဗီ ရဲ့ လက်ကိုင်ဒုတ် တပ်ဖွဲ့ဝင်များက လစ်ဗျားပြည်သူများ ကို လေကြောင်းမှ ဗုံးကြဲပြီး သတ်ဖြတ် တိုက်ခိုက်နေမှုကို ရပ်တန့်အောင် ဆောင်ရွက်ဖို့ အသင့်အနေအထားရှိစေရန် ပင်လယ်နီ မှာ အခြေစိုက်ထားတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော USS Kearsarge အုပ်စု ဟာ စူးအက်တူးမြောင်းကို ဖြတ်ကျော်ပြီး၊ မယ်ဒီတေးရီးယန်း ပင်လယ်ကို ဦးတည်ခုတ်မောင်းလာနေပါပြီ။ ဒီလေယာဉ်တင်သင်္ဘောမှာ ဟယ်လီကော်ပါတာ များ၊ ဟယ်ရီယာ တိုက်ခိုက်ရေး ဂျက်တိုက်လေယာဉ်များနဲ့ အတူ မရိမ်းအထူးစစ်သည် ၇၀၀ ကျော်ပါရှိတယ်လို့ သိရှိရပါသည်။ ဒီ လေယာဉ် တင်သင်္ဘော USS Kearsarge အုပ်စု ဟာ လစ်ဗျား လေပိုင်နက်မှာ လေယာဉ် မပျံသန်းရ (No Fly Zone) ကို အရေးယူစောင့်ကြည့်ဖို့ ဖြစ်လာနိုင်ကြောင်း သတင်းများတွင်ဖော်ပြထားပါသည်။