Wednesday 11 April 2012

ဦးခင်ညွှန့် Bangkok Post သတင်းစာသို့ ဒီပဲရင်းလုပ်ကြံမှုအကြောင်းပြောဆိုခဲ့ခြင်းမရှိဟု ပြည်ထဲရေးက ဦးခင်ညွှန့်ကိုယ်စား ငြင်းဆိုသောသမိုင်းတွင်ရစ်မယ့်သတင်းစာရှင်းပွဲ။


 
ယနေ့ ၁၁.၄.၂၀၁၂ နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့၊ ပြည်ထဲရေးရုံးဟောင်းအတွင်းပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်အား တွေ့ရစဉ် ဓာတ်ပုံ- ဥက္ကာကိုကို

ရန်ကုန်မြို့ပြည်ထဲဝန်ကြီးရုံးဟောင်း(ယ္ခုပါတ်စ်ပို့စ်ရုံး) သတင်းတပ်ဖွဲ့ရုံးခန်းတွင် သတင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးဝင်းနိုင်ထွန်းဦးဆောင်သောအဖွဲ့မှ ယနေ့နေ့လည်(၂)နာရီတွင် မီဒီယာများအားသတင်းစာရှင်းပွဲပြုလုပ်ခဲ့သည်။ ၂၀၀၃ခုနှစ် ဒီပဲရင်းလုပ်ကြံမှုအရေးအခင်းတွင် စစ်ထောက်လှမ်းရေးမှ ဦးခင်ညွှန့်အမိန့်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ခဲ့ရသည်ဟု ဘန်ကောက်စ်ပို့သတင်းစာသို့ပြောဆိုခဲ့မှုသည်မဟုတ်မမှန်ကြောင်း ဦးခင်ညွှန်ပြောဆိုခဲ့ခြင်းမရှိကြောင်းကို ဦးခင်ညွှန်ကိုယ်စား ဗိုလ်မှူးဟောင်းဝင်းမောင်မောင်ကငြင်းဆိုပြောကြားသည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးဟောင်းတဦးက ဦးခင်ညွှန်သည် ဒီ့ပဲရင်းအရေးအခင်းနှင့်ပါတ်သက်ပြီး မည်သည့်သတင်းဌာနများသို့ ပြောကြားခြင်းမရှိခဲ့ကြောင်းကိုသက်သေတခုအနေနဲ့ ဦးခင်ညွှန် လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပြီးချိန်တွင် မီဒီယာသို့ပြောကြားခဲ့သော" ကျတော်နိုင်ငံရေးလုပ်ဖို့အစီအစဉ်မရှိပါဘူး" ဆိုသည့်စကားကိုကိုးကားပြောဆိုခဲ့ကြောင်းသတင်းရရှိသည်။
ဘန်ကောက်ပို့စ်ဆိုတာ သြဇာကြီးမားတဲ့မီဒီယာတခုဘဲဗျာ….. မပြောဘဲနဲ့တော့ ရေးမယ်မထင်ဘူးဗျ။ သတင်းမီဒီကျင့်ဝတ်အရလေဟု ပြည်တွင်းသတင်းထောက်တယောက်က သူ့ရဲ့အမြင်ကိုပြောပြခဲ့သည်။ ဦးခင်ညွှန့် ဒီပဲရင်းအရေးအခင်းကို ထုတ်ပြောလိုက်တော့ နိုင်ငံရေးအသိုင်းအဝိုင်းရော၊ပြည်သူတွေကြားရော အတော်လေးကို အံ့သြသွားကြတာ၊ နောက်ရက်သိပ်မကွာဘဲ သာသနာဘောင်ဝင်သွားတယ်ဗျာ….ဦးခင်ညွှန့်ပြန်အဖမ်းခံရမှာစိုးလို့ ပဇင်းတက်သွားပြီဆိုတဲ့စကားတွေ နေရာအနှံမှာပြောနေကြကြောင်းဆက်လက်ပြောပြပါသည်။
နိုင်ငံရေးအသိုင်းအဝန်းကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်တွေဟာ သင်ပုန်းချေရေးလမ်းစဉ်နဲ့ ဒီမိုကရေစီဖေါ်ဆောင်ရေးလမ်းကို သွားနေတဲ့အချိန် ဦးခင်ညွှန်ရဲ့ ယ္ခုလိုအစဖေါ်အတိတ်ကိုမီဒီယာကနေပြောလိုက်ခြင်းဟာ မြန်မာ့နိုင်ငံရေးအတွက်ကြီးမားတဲ့အနှောင့်အယှက်တခုဖြစ်နိုင်တယ်လို့ သုံးသပ်ကြကြောင်းသိရသည်။
ယ္ခုသတင်းစာရှင်းလင်းပွဲဟာ ထူးခြားမှုတခုဖြစ်တာကအမှန်ပါ။ ပြောခဲ့တဲ့ကာယကံရှင်က အများတွက်ဆကြသလို ပြောဆိုပြီးတာဝန်ယူဖြေရှင်းမှုမရှိဘဲသာသနာ့ ဘောင်ဝင်ရောက်သွားပြီး၊ သတင်းတပ်ဖွဲ့ကဗိုလ်မှူးဟောင်းတဦးကဦးခင်ညွှန့်ကိုယ်စား ဦးခင်ညွှန့်မပြောခဲ့ပါဘူးလို့ မီဒီယာကိုအသိပေးတဲ့ သမိုင်းတွင်ရစ်စေမယ့်သတင်းစာရှင်းပွဲတခုအဖြစ်တင်ပြလိုက်ရပါသည်။
နောက်ဆက်တွဲသတင်း၊ 
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်သည် ဘန်ကောက်ပို့စ် သတင်း စာနှင့် တွေ့ဆုံအင်တာဗျုးခဲ့ခြင်းမရှိဘဲ ဒီပဲယင်းအရေးအခင်း တွင် ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ဖူးသည်ဟူသော စကားကို လည်း ပြောကြားခြင်းမရှိခဲ့ကြောင်း ရဲသတင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ၀င်းနိုင်ထွန်းနှင့် ဗိုလ်မှူးဟောင်းဝင်းမောင်မောင်တို့ က ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုလိုက်ကြသည်။ ဒုရဲမှူးကြီး ၀င်းနိုင်ထွန်းက ဦးခင်ညွှန့်၏ ဘန်ကောက်ပို့စ်အင်တာဗျုးကိစ္စကိုသာ ရှင်းလင်းခြင်းဖြစ်သောကြောင့် မသက်ဆိုင်သော တခြားမေးခွန်းများ မမေးမြန်းကြပါရန် မီဒီယာများအား ကြိုတင်ပိတ်ပင်ခဲ့သည်။

ဓာတ်ပုံ-ဥက္ကာကိုကို
 

5 comments :

Anonymous said...

I suspect khin nyunt has a courage to against the government. It's a proof he didn't tell the exact party name which he voted, just told the party people support. I confuse and may be something behind that we don't realised.

Anonymous said...

Bangkok Post web sit is down. is it coincident???

S. T. Wang said...

အပုတ်တွေက စိမ့်ထွက်လာပြီဆိုတော့။ လှလှ မလှလှ လုပ်ခဲ့ကြသူတွေက ဂမူးရှုးထိုး ဖုံးကြဖိကြ ပိတ်ကြဆို့ကြရပြီပေါ့။
ဆင်သေကြီးကို ဆိတ်သရေနဲ့ဖုံးလို့ မရနိုင်ဘုူးလေ။

ခင်ညွန့်မပြောခဲ့ပါဘူးဆိုတာ ဘာလို့ပြည်ထဲးရေးက ရှင်းရတာလဲ။ ခင်ညွန့်ကိုယ်တိုင်က ရှင်းတာတော့ မဟုတ်ဘူး၊ တကွက်ကျန်သွားတာလား၊ သိလျှက် မတတ်သာလို့ ရသလိုရသလောက်ပဲ ကျို့တို့ကြဲတဲ ကွက်ပျောက်ရိုက်ရတာလား။

ဘန်ကောက်ပို့(စ)ကဘာပြန်ပြောမလဲ။ သူတို့က နိုင်ငံတကာ အဆင့်မှီသတင်းဌာန၊ သက်သေ တခုခုတော့ ပြနိုင်မယ်ထင်တယ်။
ခိုးထားဝှက်ထားတဲ့ နိုင်ငံဘဏ္ဍာ ဒေါ်လာတွေ သန်းချီပေးလို့ နှာစေးသွားမလား။ ဘယ်လောကကြာကြာ နှာစေးနေနိုင်မလဲ၊

ဘာပဲဖြစ်ဖြစ် အဲဒီ ဒီပဲရင်းလုပ်ကြံမှုကြီးဆိုတာ မဖြစ်ခဲ့ပါဘူး၊ မလုပ်ခဲ့ပါဘူး ဆိုတဲ့အထိတော့ မပြောသေးဘူး၊ ပြောလို့လဲ မရပါဘူး။

Anonymous said...

this "Press "is a lie only.f---- you who make a press.

Tomahawk said...

khin nyunt is absolute lair,he started this controvercial interview but he should know everything behind the story
because he was big boss of MI.now he or his followers trying to shut it down the info which is impossible.