Tuesday 10 April 2012

ရေကစားမဏ္ဍပ်ဆောက်လုပ်ရန်အတွက် လုပ်ငန်းရှင်များထံမှအဓမ္မငွေကောက်မှု။


ရန်ကုန်တိုင်းဒေသကြီးအတွင်း မဟာသင်္ကြန်ပွဲတော်စည်ကားစေရန်အတွက် သက်ဆိုင်ရာအာဏာပိုင်တို့ရဲ့ အဓမ္မဖိအားပေးမှုဖြင့် စက်မှုမြို့စီမံခန့်ခွဲရေးကော်မတီ (ရွှေပြည်သာစက်မှုမြို့) မှစက်မှုလုပ်ငန်းရှင်ထံမှ ကျပ်ငွေသိန်းဖြင့်ချီပြီးအလှူငွေကောက်ခံနေကြောင်းသိရသည်။ စက်မှုမြို့စီမံခန့်ခွဲကော်မတီသည် ပြည်လမ်းပေါ်(အင်လျားကန်ရှေ့)တွင် ရေကစားမဏ္ဍပ်ဆောက်လုပ်ရန်အတွက် စက်ရုံအကြီးစား၊အလတ်စား၊အသေးစားဟု လုပ်ငန်းအမျိုးစားခွဲခြားကာအလှူကောက်ခံခြင်းဖြစ်သည်။ ယ္ခုလိုအဓမ္မအလှူငွေကောက်ခံခြင်းသည် ယခင်စစ်အစိုးရလက်ထက်အုပ်ချုပ်သူအာဏာပိုင်တို့ကျင့်သုံးသော ရာသီအလိုက်ငွေရှာခြင်းဖြစ်သည်။ ယ္ခုလိုအရပ်သားအစိုးရလက်ထက်တွင် ပြောင်းလဲမှုမရှိသေးသော အာဏာပိုင်တို့၏အလှူငွေကောက်ခံငွေရှာခြင်းကို သက်ဆိုင်ရာအဏာပိုင်အဆင့်ဆင့်မှ သမ္မတထံတိုင်ကြားသွားမည်ဟု လုပ်ငန်းရှင်တဦးကပြောဆိုလိုက်သည်။

No comments :