Wednesday 11 April 2012

ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်း။ (၁၁-၄-၂၀၁၂ ရက် ညနေ (၃)နာရီ(၅၀)မီနစ်)နှင့် နောက်ဆုံးရသတင်းများ။


ယနေ့ (၁၁-၄-၂၀၁၂)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၃)နာရီ(၈)မိနစ်အချိန်က အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဆူမတြာကျွန်းရဲ့ အနောက်တောင်ဖက် (၂၆၈)မိုင်အကွာ ပင်လယ်ပြင် အောက်ခံမြေပြင်ပေါ်တွင် အာအား ရစ်ခ်ျတာစကေး (၈.၇)ရှိ အင်အားအလွန်ပြင်း ထန်သော ရေအောက်ငလျင်တစ်ခု လှုပ်သွားခဲ့ပါတယ်။
ဒါကြောင့် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ထားခဲ့ပါတယ်။
ယခင် (၂၆-၁၂-၂၀၀၄) ရက်နေ့ နံနက် (၇)နာရီခွဲအချိန်တွင် အင်အား (၉.၀)ရှိသော ရေအောက်မြေငလျင် လှုပ်ရှားသွားခဲ့ရာ ဆူနီမီရေလှိုင်းများ ဖြစ်ပေါ်မှုကြောင့် နိုင်ငံပေါင်း(၉)နိုင်ငံကိုထိခိုက်ခဲု့ရာ လူ(၃)သိန်းကျော် အသက်ဆုံးရှုံး ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆူနာမီရေလှို်းအမြင့် (၃.၅)မီတာ(၁၁ ပေ)ခန့်ရှိသော ရေလှိုင်းများတက်ရောက်မှုကြောင့် လူ(၆၁)ဦးသေဆုံးခဲ့ရပါတယ်။ အဲဒီအချိန်တုံးက ကော့သောင်း၊ မြစဟ်ဝကျွန်းပေါ် နဲရခိုင်ကမ်းရိုးတန်းဒေသများကို ထိခိုက်ခဲ့ရပါတယ်။ ပထမဆုံးရေလှိုင်းကို နံနက် (၁၁)နာရီခန့်တွင် ရောက်ရှိခဲ့သဖြင့် လှိုင်းရောက်ရန် ကြာချိန် (၃)နာရခွဲခန့် ကြာမြင့်ခဲ့ပါတယ်။
လက်ရှိဆူနာမီအမြင့်ကို (၆)မီတာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကမ်းခြေတလျှောက်တွင် နေထိုင်သူများအနေဖြင့် မိမိနေထိုင်ရာသို့ ဆူနာမီရေလှို်းများလာရောက်ပါက ကြိုတင်သိနိုင်သောအချက်မျာျးမှာ (၁) ပင်လယ်ရေများ ကျဆင်းသွားခြင်း၊ (၂) ထိုကနောက် ရေလှိုင်းတက်သံများအော်မည်လာလေ့ရှိပါတယ်။ အဆိုပါ အချက်များတွေ့ရှိပါက အနည်းဆုံးအမြင့် (၁၀)မိတာ (၃၃ ပေ)ခန့်မြင့်သောနေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် နှင့် ထိုနေရာတွင် အနည်းဆုံး(၃)နာရီခန့်ကြာအောင်နေထိုင်ကြရန် ကြံပြုပါတယ်။

ဒေါက်တာထွန်းလွင်

နောက်ဆုံးရသတင်းများ 
ငပလီကမ်းခြေ၏ ရေမိုင် ၁၅ မိုင်အကွာရှိ ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး မီးညွှန့်များမှာ တစ်နာရီလျှင် တစ်ကြိမ်တက်လာလျှက်ရှိနေကြောင်း သတင်းရရှိသည်။ ငပလီရှိဟိုတယ်များမှဝန်ထမ်းများသည် မိမိတို့ဟိုတယ်တွင်တည်းခိုနေထိုင်သော ဧည်သည်များကို ကမ်းခြေတလျောက်လိုက်လံခေါ်ယူခဲ့ပြီး ဟိုတယ်များပိတ်ကာ ဘေးလွတ်ရာသို့ချင်ခြင်းပြောင်းရွှေ့နေကြကြောင်းနောက်ဆုံးသတင်းရရှိသည်။

အင်ဒိုနီးရှားနိုင်အာချေးဒေသတွင်ငလျင်ပြင်းအားမက်ဂတီကျူ့၈.၉လှုပ်ခပ်အပြီး ဆူနာမီသတိပေးချက်ကြောင့် ဘေးကင်းရာသို့ပြေးနေသူများ။
ထိုင်းဒေသခံပြည်သူများနှင့်နိုင်ငံခြားခရီးသွားများဘေးလွတ်ရာသို့ထွက်ပြေး။

No comments :