Sunday, 1 April 2012

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ဖြူဖြူသင်း၊ ဦးအုန်းကြိုင်တို့ အနိုင်ရရှိ



 ကော့မှူးမြို့နယ် ၊ မင်္ဂလာတောင်ညွှန့်မြို့နယ် နှင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မဲဆန္ဒ နယ်မြေ များတွင် NLD ပါတီ ကိုယ်စား ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ဖြူဖြူသင်း၊ ဦးအုန်းကြိုင်တို့  အများပြည်သူတွေမျှော်လင့် ထားသင့်အတိုင်းး အပြတ်သတ် အနိုင်ရရှိသွားကြကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဒေါ်ဖြူဖြူသင်း ဝင်ရောက် ယှဉ်ပြိုင်ရာ ၎င်းရရှိနေသည့် မဲအရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ကြိုတင်မဲပေါင်း ၇၁ တွင် NLD = ၂၈ မဲ။

မင်္ဂလာတောင်ညွန့် ကန်ရှေ့မဲရုံအမှတ် ၁ တွင် လာရောက်မဲပေးသူဦးရေ ၈၂၂ ဦးအနက် NLD = ၇၅၄ မဲ။

တောင်ညွန့်ကြီး မဲရုံအမှတ် ၅ တွင် လာရောက်မဲပေးသူဦးရေ ၇၅၂ ဦးအနက် NLD = ၆၃၆ မဲ။

မဲရုံအမှတ် ၃ တွင် လာရောက်မဲပေးသူဦးရေ ၈၆ဝ အနက် NLD = ၇၃ဝ မဲ။


ဖျာပုံ မဲရေပြီးသမျှ NLD အရှုံးမရှိ
မျိုးသန့် | ချင်းမိုင် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၀၅ မိနစ်

ဖျာပုံမြို့နယ်တွင် ရေတွက်ပြီးသမျှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ အပြတ်အသတ် အနိုင်ရရှိနေသည်ဟု NLD ဖျာပုံမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင် ကိုဇေယျာက မဇ္ဈိမကို ပြောသည်။

ရေတွက်ပြီးသွားသည့် ရွာပေါင်း ၂၀ လုံးတွင် NLD ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေ အနိုင်ရနေပုံကို “ကျနော်တို့ ရှုံးနေတာ တခုမှ မရှိသေးဘူးခင်ဗျာ့။ အကုန်လုံး အနိုင်တွေချည်းပါပဲ။ စုစုပေါင်း ရွာ ၂၀ လောက် အတည်ပြုပြီးတာ အကုန်လုံး နိုင်နေပါတယ်။ အပြတ်အသတ်ကို နိုင်နေပါတယ်။ ၉၀ ရာခိုင်နှုန်းလောက်ကို နိုင်နေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဧရာဝတီတိုင်း၊ အထက်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၀ တွင် အကျုံးဝင်သည့် ဖျာပုံခရိုင်၏ ကျေးရွာအုပ်စုပေါင်း ၅၂ အုပ်စုတွင် ရွာပေါင်း ၃၀၀ ကျော် ရှိပြီး ဒေးဒရဲ ခရိုင်တွင် ကျေးရွာအုပ်စု ၉၃ အုပ်စုတွင် ကျေးရွာပေါင်း ၁၉၀ ရှိသည်။ ဖျာပုံခရိုင်တွင် ၂၀၁၀ ရွေးကောက်ပွဲကာလက မဲဆန္ဒပေးခွင့်ရှိသူ ၁၉၀,၀၀၀ ကျော်ရှိနေပြီး ဒေးဒရဲခရိုင်တွင် ၁၄၀,၀၀၀ ကျော် မဲပေးခွင့်ရှိသည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည်ဟုလည်း သိရသည်။

ဖျာပုံမဲဆန္ဒနယ်တွင် NLD မှ ဦးသိန်းဆွေ၊ ခေတ်သစ်ပြည်သူ့ပါတီမှ ဦးကျော်လင်း (ခေါ်) ဦးသန်းဌေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးမင်းသိန်းလှ၊ ကြံ့ခိုင်ရေးပါတီမှ ဦးအေးကြိုင်တို့ ယှဉ်ပြိုင်နေသည်။



ကြားဖြတ်ရွေးကောက်ပွဲ နောက်ဆုံးရ သတင်းများ

 

  • ပုသိမ်မြို့ ရပ်ကွက် (၁၄) မဲရုံ (၂)
    NLD -၈၉၅
    ပြည်ခိုင်ဖြိုးပါတီ -၂၃၄
    NDF -၁၀
    ပယ်မဲ- ၁၄၅
    ... ပုသိမ်မြို့ ရပ်ကွက်(၈) မဲရုံ(၄)
    NLD -၁၂၆၀
    ပြည်ခိုင်ဖြိုးပါတီ -၁၀၀
    ပယ်မဲ- ၁၅
    မကွေးမြို့၌

    ၁) ရန်မျိုးလုံရပ်ကွက်တွင် NLD ၅၆၄ မဲ၊ ပြည်ခိုင်ဖြိုး ၈၀မဲ။
    ၂) မြို့ဟောင်းမဲရုံ ၂ တွင် NLD ၅၆၉ မဲ၊ ပြည်ခိုင်ဖြိုး ၅၅ မဲ။
    ၃) ရန်မျိုးအောင်ရပ်ကွက်တွင် NLD ၇၀၈ မဲ၊ ပြည်ခိုင်ဖြိုး ၄၅ မဲ။
    ... ၄) မင်းရွာ(တောင်ရွာ)တွင် NLD ၁၆၂ မဲ၊ ပြည်ခိုင်ဖြိုး ၇၂ မဲ။
    ၅) ပုထိုးစမ်းရွာတွင် NLD ၂၅၈ မဲ၊ ပြည်ခိုင်ဖြိုး ၈၉ မဲ။
    ၆) မြင်သာရပ်ကွက် မဲရုံ ၄ တွင် NLD ၂၃၀ မဲ၊ ပြည်ခိုင်ဖြိုး ၄၄ မဲ။
    ၇) ရွာသစ်မဲရုံ ၉ တွင် NLD ၁၇၉ မဲ၊ ပြည်ခိုင်ဖြိုး ၅၁ မဲ။
    ၈) ခိုင်ရွာတွင် NLD ၂၀၅ မဲ၊ ပြည်ခိုင်ဖြိုး ၁၂၀ မဲ။
    ၉) မယ်လှတောင်ရွာတွင် NLD ၅၇၅ မဲ၊ ပြည်ခိုင်ဖြိုး ၂၈၆ မဲ။
    ၁၀) မြင်ကင်းရပ်ကွက်တွင် NLD ၇၀၀ မဲ၊ ပြည်ခိုင်ဖြိုး ၆၁ မဲ။
    ၁၁) မြို့ဟောင်းမဲရုံ ၂ တွင် NLD ၄၆၃ မဲ၊ ပြည်ခိုင်ဖြိုး ၄၁ မဲ။
    ၁၂) ရှားဇောင်းကန်ရွာတွင် NLD ၆၅၂ မဲ၊ ပြည်ခိုင်ဖြိုး ၁၀၃ မဲ။
    ၁၃) ကျောက်ကုန်းရွာတွကင် NLD ၅၇၆ မဲ၊ ပြည်ခိုင်ဖြိုး ၂၈၆ မဲ။
    ၁၄) သိဂါင်္မဲရုံ (၃) တွင် NLD ၆၃၄ မဲ၊ ပြည်ခိုင်ဖြိုး ၂၀ မဲ။
    ၁၅) သိင်္ဂါမဲရုံ (၄) တွင် NLD ၄၈၇ မဲ၊ ပြည်ခိုင်ဖြိုး ၃၅ မဲ။
    ၁၆) သိဂါင်္မဲရုံ (၁) တွင် NLD ၈၆၇ မဲဖြင့် နိုင်။
    ၁၇) သိင်္ဂါမဲရုံ (၂) တွင် NLD ၅၉၂ မဲ၊ ပြည်ခိုင်ဖြိုး ၆၈ မဲ။
    ၁၈) လင့်ငင်ရွာတွင် NLD ၄၂၉ မဲ၊ ပြည်ခိုင်ဖြိုး ၁၂ မဲ။
    ၁၉) ကန်သာယာမဲရုံ (၃) တွင် NLD ၁၄၃၄မဲ၊ ပြည်ခိုင်ဖြိုး ၁၆၅ မဲ။
    ၂၀) ကန်သာယာမဲရုံ (၂) တွင် NLD ၉၁၅ မဲ၊ ပြည်ခိုင်ဖြိုး ၁၁၀ မဲ။
    ၂၁) ကန်သာယာမဲရုံ (၁) NLD ၆၆၆ မဲ၊ ပြည်ခိုင်ဖြိုး ၇၅ မဲ။
    ၂၂) ရန်မျိုးလုံရပ်ကွက်တွင် NLD ၅၇၄ မဲ၊ ပြည်ခိုင်ဖြိုး ၈၃မဲ။
    ၂၃) မြို့ဦးရပ်ကွက်တွင် NLD ၄၅၇ မဲ၊ ပြည်ခိုင်ဖြိုး ၄၆ မဲ။
    ၂၄) မကွေးမြို့ပေါ် စုပေါင်းအိမ်ရာတွင် NLD ၃၂၆ မဲ၊ ပြည်ခိုင်ဖြိုး ၄၁ မဲ။
    ၂၅) မြေနီကုန်းရွာလေးတွင် NLD ၅၃၃ မဲ၊ ပြည်ခိုင်ဖြိုး ၄၅ မဲ။

    ဆက်လက်ဖော်ပြပါမည်။
    3 minutes ago
  • လက်ရှိအနေအထားများအရ နေပြည်တော်ရှိ မဲဆန္ဒနယ် အားလုံးတွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်းများ အခြေအနေကောင်းလျှက်ရှိကြောင်း သတင်းရရှိသည်။
    6 minutes ago

  • 12 minutes ago

    လားရှိုးမြို့ ၊ရပ်ကွက်(၃) မဲရုံအမှတ်(၁)တွင်
    မဲပေးခွင့်ရှိသူ - 1093 ဦး
    ဆန္ဒမဲထည့်သူ- 749 ဦး
    ပျက်ကွက်သူ 344 ဦး ရှိ


    ... 1။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် (ဦးစိုင်းမြင့်မောင်) - 547 မဲ
    2။ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ဦးစိုင်းစံမင်း)- 31 မဲ
    3။ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဒေါက်တာ နန်းကိန်ဖောင်းတစ်) -126 မဲ
    4။ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ(ဦးလော်ဆင်ကွမ်း) - 24 မဲ
    5။လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(ဦးယောသပ်) - 3 မဲ
    ပယ်မဲ - 18 မဲ ရရှိခဲ့ကြောင်း သိရ


    လားရှိုးမြို့ ၊ ရပ်ကွက်(၂) အလက(၅)တွင်
    မဲပေးခွင့်ရှိသူ - 1409 ဦး
    ဆန္ဒမဲထည့်သူ- 859 ဦး
    ပျက်ကွက်သူ - 550 ဦး ရှိ

    ... 1။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် (ဦးစိုင်းမြင့်မောင်) - 572 မဲ
    2။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ဦးစိုင်းစံမင်း) - 27 မဲ
    3။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဒေါက်တာ နန်းကိန်ဖောင်းတစ်) - 142 မဲ
    4။ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ(ဦးလော်ဆင်ကွမ်း) - 65 မဲ
    5။ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဦးယောသပ်) - 15 မဲ
    ပယ်မဲ - 38 မဲ ရရှိခဲ့ကြောင်းသိရ


  • လက်ပံတန်းမြို့နယ်၌
    ၁) ညောင်သာယာမဲရုံတွင် NLD ၂၄၈မဲ၊ ပြည်ခိုင်ဖြိုး ၁၂၉ မဲ၊ တစည ၁၂၇မဲ၊ NDF ၄၃မဲ။

    ၂) ကြည်ကုန်းမဲရုံတွင် NLD ၁၄၅ မဲ၊ ပြည်ခိုင်ဖြိုး ၄၅ မဲ၊ တစည ၃၆ မဲ၊ NDF ၃၀ မဲ။

    ... ၃) အောင်မြေကုန်းတွင် NLD ၃၄၄ မဲ၊ ပြည်ခိုင်ဖြိုး ၄၇မဲ၊ တစည ၂၁မဲ၊ NDF ၇ မဲ။

    ၄) ပေါက်ကုန်းတွင် NLD ၁၅၈ မဲ၊ ပြည်ခိုင်ဖြိုး ၄၆ မဲ၊ တစည ၈၄ မဲ၊ NDF ၃ မဲ။

    ၅) ချောင်းဆုံတွင် NLD ၂၅၀ မဲ၊ ပြည်ခိုင်ဖြိုး ၇၂ မဲ၊ တစည ၉ မဲ၊ NDF ၆ မဲ။

    ၆) အိုင်တလုတ်တွင် NLD ၇၅၂ မဲ၊ ပြည်ခိုင်ဖြိုး ၅၇ မဲ၊ တစည ၃၁ မဲ၊ NDF ၂၅ မဲ။

    ၇) ကျောင်းကုန်းတွင် NLD ၂၈၇ မဲ၊ ပြည်ခိုင်ဖြိုး ၁၅ မဲ၊ တစည ၁ မဲ၊ NDF ၄ မဲ။

    ၈) ရွာကန့်လန့်တွင် NLD ၂၂၂ မဲ၊ ပြည်ခိုင်ဖြိုး ၁၂ မဲ၊ တစည ၂၁ မဲ။

    ၉) ကုလားကုန်းတွင် NLD ၂၅၇ မဲ၊ ပြည်ခိုင်ဖြိုး ၅၀ မဲ၊ တစည ၆ မဲ။

    ၁၀) မြို့ပေါ် ၂ လမ်းခန်းမတွင် NLD ၆၇၀ မဲ၊ ပြည်ခိုင်ဖြိုး ၅၂ မဲ၊ တစည ၈ မဲ။

    ၁၁) မြို့မအုပ်ချုပ်ရေးမှူးရုံးတွင် NLD ၃၂၇ မဲ၊ ပြည်ခိုင်ဖြိုး ၄၉ မဲ၊ တစည ၄ မဲ၊ NDF ၃ မဲ။

    ၁၂) ဘီးလင်းတန်းတွင် NLD ၈၇၇ မဲ၊ ပြည်ခိုင်ဖြိုး ၇၄ မဲ၊ တစည ၇၄ မဲ၊ တစည ၁၅မဲ၊ NDF ၆ မဲ။

    ၁၃) ကညင်ဆိပ်တွင် NLD ၃၄၆ မဲ၊ ပြည်ခိုင်ဖြိုး ၁၉ မဲ၊ တစည ၇ မဲ၊ NDF ၂ မဲ။

    ၁၄) တောင်ကလပ်ကြီးတွင် NLD ၂၄၈ မဲ၊ ပြည်ခိုင်ဖြိုး ၁၂၉ မဲ၊ တစည ၁၂၇ မဲ၊ NDF ၄၃ မဲ။
    See More
    လားရှိုးမြို့ ၊ရပ်ကွက်(၅) အထက(၆)ရှိ မဲရုံအမှတ်(၅)တွင်
    မဲပေးခွင့်ရှိသူ - 1328 ဦး
    ဆန္ဒမဲထည့်သူ- 453 ဦး
    ပျက်ကွက်သူ -857 ဦး
    ပယ်မဲ - 33 မဲ ရှိ
    ...
    1။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် (ဦးစိုင်းမြင့်မောင်) 267 မဲ
    2။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(ဦးစိုင်းစံမင်း) 15 မဲ
    3။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဒေါက်တာ နန်းကိန်ဖောင်းတစ်) 114 မဲ
    4။ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ(ဦးလော်ဆင်ကွမ်း) 22 မဲ
    5။ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဦးယောသပ်) 2 မဲ
    ရရှိခဲ့ကြောင်း သိရ
    21 minutes ago
  • မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် (၃) ရပ်ကွက်ရှိ ပြည်သူများ မဲရုံ (၁)၊ (၂)၊ (၃)၊ (၄)၊ (၁၃) မှ မဲစာရင်းရလဒ်ကို စောင့်ဆိုင်းနေရမှ အနိုင်ရသောကြောင့် အောင်ပွဲခံလာသော NLD ယာဉ်တန်းနှင့်အတူ ကြိုဆိုပျော်ရွှင်နေကြစဉ်
  • မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် (၃) ရပ်ကွက်ရှိ ပြည်သူများ မဲရုံ (၁)၊ (၂)၊ (၃)၊ (၄)၊ (၁၃) မှ မဲစာရင်းရလဒ်ကို စောင့်ဆိုင်းနေရမှ အနိုင်ရသောကြောင့် အောင်ပွဲခံလာသော NLD ယာဉ်တန်းနှင့်အတူ ကြိုဆိုပျော်ရွှင်နေကြစဉ်
  • မကွေးတိုင်းရှိ မြို့နယ် မြို့နယ် (၆) မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ကြောင်း သိရပါသည်။
    33 minutes ago

    နေပြည်တော် ပုပ္ဗသီရိမြို့နယ်တွင် လက်ရှိ မဲစာရင်းရေတွက်မှုအရ NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်က ၉၉၉၈မဲ ဖြင့် ၇၅၆၈မဲ ရရှိထားသော ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ကို အနိုင်ရရှိနေကြောင်းသိရှိရသည်။

    နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် အပြီးသတ်မဲစာရင်းများ ရေတွက်လျှက်ရှိပြီး လောလောဆယ်တွင် NLDပါတီမှ ဦးမင်းသူမှ အသာရလျက်ရှိကြောင်း သိရှိရသည်။

  • ကော့မှုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ၎င်းတို့ ကော်မရှင်မှ အတည်ပြုချက်လက်မှတ်ထိုးပြီးမှသာလျှင် ဒေါ်အောင်ဆန်းစုကြည် အောင်နိုင်ကြောင်း ထုတ်ပြန်ကြေညာရန် NLD ပါတီအား အကြောင်းကြားထားကြောင်းသိရှိရသည်။ ကော့မှုးတစ်မြို့နယ်လုံးတွင် ဒေါ်အောင်ဆန်းစုကြည်အောင်မြင်သည့် အထိမ်းအမှတ်ပွဲများ တစ်မြို့လုံးနီးပါး ပြုလုပ်လျှက်ရှိနေသည်။ 
    43 minutes ago
  • ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်တွင် ၆၉၃၊ ရေဖြူတွင်းတွင် ၂၂၄၊ ကြူဝန်းတွင် ၂၁၈ ၊ဘုရားကုန်းတွင် ၁၃၃၊ ရွာသာယာတွင် ၁၁၃၊ ပြည်သာယာတွင် ၉၄၁၊ မကျည်းစု+သူဌေးကုန်းတွင် ၄၅၀ ၊ ပန်းတုံးကြီးတွင် ၂၀၃၊ သက်တော်ရှည်တွင် ၇၉၄၊ အရှေ့ပိုင်းရပ်ကွက်တွင် ၅၈၀၊ လက်ပံနွယ်တွင် ၁၀၀၀၊ စက်မှု (၁)စက်ရုံတွင် ၃၀၈၊ သရက်ကုန်းတွင် ၃၉၆၊ ကျွဲဒိတွင် ၅၁၃၊ လယ်ဖီလာတွင် ၁၂၅၊ ကျွန်းပင်စင်တွင် ၃၄၇၊ ကျောက်ပန်းတောင်းရွာတွင် ၁၈၃ မဲတို့ဖြင့် NLD ပါတီက အနိုင်ရရှိခဲ့ကြောင်း သိရသည်။
    44 minutes ago
  • မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်တွင် NLD ပါတီမှ ဦးအုန်းကြိုင် က အနိုင်ရရှိသွားကြောင်း သိရှိရသည်။44 minutes ago
  • ရေတွက်ပြီးမဲစာရင်းများအရ ပြင်ဦးလွင်မဲဆန္ဒနယ်တွင် NLD ပါတီက USDP ပါတီအား မဲပေါင်းနှစ်သောင်းကျော်ဖြတ်ထားပြီဟု သိရသည်။
     46 minutes ago

No comments :