Wednesday 11 April 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေး။

Photos: AP, Getty Images
ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံပြီး မြန်မာ့နိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလည်းရေးရှေ့လုပ်ငန်းစဉ်များနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည်ရန်ကုန်မြို့မှ နေပြည်တော်သို့အထူးလေယာဉ်ဖြင့်ထွက်ခွာခဲ့ပြီး သမ္မတနှင့် နေ့လည်၁၁နာရီတွင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ၏ဒုတိယအချိန်တွေ့ဆုံဆွေးနွေးပွဲသည်၁နာရီခွဲကြာမြှင့်ခဲ့ပြီး သမ္မတမိသားစုမှ နေ့လည်စာဖြင့်ဧည့်ခံခဲ့ကြောင်းသိရသည်။ယနေ့နေ့လည်၂နာရီတွင် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။

1 comment :

Anonymous said...

ွှအာဇာနည်မေမေ အမြဲတမ်းခေါင်းကိုမော့ ၇င်ကိုကော့ပီး အာဇာနည်သွေးပီသတဲ့ အမေ....။ ။