Tuesday 10 April 2012

မြို့တော်ဝန်အမိန့်ဖြင့်ကျောင်းသူ၃၀၀၀ကျော်ပါဝင်သည့်သင်္ကြန်ယိမ်း မန္တလေးမြို့တော်ဝန်မဏ္ဍပ်တွင်ဝတ်စုံပြည့်အစမ်းလေ့ကျင့်



ဧပြီလ(၁၀)ရက်နေ့က မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်မှာ ဝတ်စုံပြည့်အခမ်းအနားပြုလုပ်ကျင်းပခဲ့ကြောင်းသိရှိရသည်။ မန္တလေးမြို့ပေါ်ရှိ အထကကျောင်းများမှ တကျောင်းလျင် ကျောင်းသူ(၅၀) စုပေးရပြီး မန္တလေးမြို့တော်ဝန်မဏ္ဍပ်တွင် ကျောင်းသူပေါင်း၃၀၀၀ကျော် ပါဝင်မည်ဖြစ်သည်။ ကျောင်းသူများအတွက် သက်ဆိုင်ရာကျောင်းများမှ ဝတ်စုံဘိုးငွေကုန်ကျခံရသည်။ ကျောင်းသူများ၏မိဘများက မိပ်ကပ်ဖိုးအကုန်ကျခံရကြောင်းသိရသည်။ ကျောင်းသူများမှာ မြို့တော်ဝန်အမိန့်ကြောင့် ၁၀တန်းစာမေးပွဲပြီးကတည်းက မနားရဘဲ အကတိုက်နေရကြောင်း၊ အကတိုက်သွားစဉ် စားသောက်စရိတ်ကုန်ကျမှုများ ကျခံရကြောင်းမိခင်တဦးကပြောပြသည်။

No comments :