Monday 9 April 2012

ညသန်းကောင်တောင်ဥက္ကလာ ဟေမဝန်ဈေးမီးလောင်မှုမငြိမ်းသတ်နိုင်သေး။


 ယနေ့ ဧပြီလ (၁၀)ရက် နံနက် ၁ နာရီအချိန်ခန့်မှ စတင်ပြီး တောင်ဥက္ကလာမြို့နယ် ပဒေသာရပ်ကွက် ဟေမ၀န်ဈေးတွင် မီလောင်ကျွမ်းမှုဖြစ်ပွားလျှက်ရှိကြောင်း သတင်းရရှိသည်။ဈေး၏ ထက်ဝက်ကျော်ခန့် လောင်ကျွမ်းလျက်ရှိကြောင်းနှင့် မီးကိုမငြိမ်းသတ်နိုင်ကြောင်းဆိုင်းခန်းပေါင်းများစွာဆက်လက်လောင်ကျွမ်းနေဆဲဖြစ်သောကြောင့် ဆုံးရှုံးမှုပမာဏကြီးမားမည်ဟုသိရသည်။ လူနေအိမ်များသို့ မီးဆက်လောင်ကျွမ်းခြင်းမရှိစေရန်ကြိုးစားနေရကြောင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရဟန်းသံဃာများ၊ပြည်သူများ ပူပေါင်းငြိမ်းသတ်နေရသည်ဟု ထပ်မံသတင်းရရှိသည်။
photos: Eleven Media Group

တောင်ဥက္ကလာမြို့နယ် ပဒေသာရပ်ကွက် ဟေမ၀န်ဈေးမီးလောင်မှု နံနက် ၃ နာရီခန့်တွင် ငြိမ်သတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

No comments :