Tuesday 10 April 2012

အများဆန္ဒဖြင့်ရွေးချယ်ခဲ့သော ရုပ်ရှင်အစည်းရုံးကို ဦးကျော်ဆန်းအသိအမှတ်ပြုလိုက်ရပြီ။


မတ်လ(၂၃)ရက်နေ့က အများဆန္ဒဖြင့်ရွေးချယ်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးသည် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း၏လက်ရုံးများဖြစ်ကြသည့် ဦးမြင့်သိန်းဖေ(ဥက္ကဌဟောင်း) မှအစ ဝန်ကြီးနှင့်နီးစပ်ပြီး ခိုင်းသမျှလုပ်မည့် လူဟောင်းပြန်လည်ပါဝင်ခြင်းမရှိခဲ့ပေ။
ဦးကျော်ဆန်းသည် မိမိနှစ်သက်သူများအဖွဲ့သစ်တွင်မပါဝင်မှုကြောင့် အများဆန္ဒဖြင့်မဲပေးရွေးချယ်ခဲ့သောအဖွဲ့သစ်ကိုအသိအမှတ်မပြုဘဲ အဖွဲ့ဟောင်းမှ အဖွဲ့သစ်သို့ လုပ်ပိုင်ခွင့်အာဏာလွဲအပ်ခြင်းမရှိခဲ့သော်လည်း ယနေ့အေပြီလ(၁၀)ရက်နေ့တွင်ရုပ်ရှင်အစည်းရုံးအဖွဲ့ဟောင်းမှ အဖွဲ့သစ်သို့အာဏာလွဲလိုက်ပြီဟု သတင်းရရှိသည်။
photos:Thu Ya Myo

No comments :