Sunday 1 April 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဂုဏ်သိက္ခာထိပါးသောဗီဒီယိုပြသူ အသတ်ခံရ။



မုံရွာခရိုင်ပုလဲမြို့ နယ်ညောင်ကုန်းကျေးရွာတွင်၃၁.၃ ၂၀၁၂ ရက်ည ၉:၃၀ နာရီခန့် ကလူသတ်မှုတခုဖြစ်ပွားခဲ့ ပါတယ်။ရွာဗီဒီယို ရုံမှာဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂုဏ်သိက္ခာထိခိုက်စေနိုင်တဲ့ ကွန်ပျူတာအထူး
ပြုလုပ်ချက်များဖြင့် ပြုပြင်ထားသောဗီဒီယိုခွေကိုပြသရာမှဖြစ်ပွားခဲ့ ရတာပါ။
သေဆုံးသူဦးဝင်းမင်းသန်း၊အသက် ၃၅ကအဆိုပါအခွေကိုရွာတွင်ပြသရာ တရွာတည်းသား ကိုအောင်ကျော်ထွန်း(ခ)ဖိုးကျော် မှမပြသစေချင်ကြောင်းလာရောက်တားမြစ်ရာမှ နှစ်ဦးသားလုံးထွေးသတ်ပုတ်ကြကြောင်း ကိုထွန်းအောင်ကျော်အရိုက်ခံရပီးထွက်ပြေးသွားရာနောက်သို့ 
ဦးဝင်းမင်းသန်းအပါအ၀င်၃ ယောက်ကအနောက်မှလိုက်သွားရာ လမ်းအကွေ့ တွင်ဆုံတွေ့ ပြီးပြဿနာထပ်မံဖြစ်ပွားရာမှကိုဝင်းမင်းသန်းနောက်ကျောကိုဓါးဖြင့် အထိုးခံရကြောင်း ပုလဲမြို့ ဆေးရုံသို့ ပို့ ရာလမ်းတွင်သေဆုံးသွားကြောင်းပုလဲဒေသခံတစ်ဦးကCJMyanmar ကိြုေ့ပာပြပါတယ်။
တရားခံဟုယူဆရသူကိုအောင်ကျော်ထွန်း(ခ)ဖိုးကျော် အသက် (35)နှစ် နှင့် 
ကိုရန်မျိုး အသက်(29)နှစ်တို့ ကိုပုလဲမြို့ နယ်ရဲစခန်းတွင်ဖမ်းဆီးထားတယ်လို့ သိရပါတယ်

CJ Myanmar

1 comment :

Anonymous said...

မစားရဝခမန်း ထုထု လေးစားသူကို မဟုတ်မမှန်စော်ကားတဲ့ကောင်တွေ သေပလေ့စေ။
ဒါမှ နောင်မဖြစ်ရဲမှာ။