Sunday 1 April 2012

နေပြည်တော် ၄ မြို့နယ် မှာ NLD နှင့် လူထု အောင်ပွဲခံ


နောက်ဆုံးရရှိတဲ့ သတင်းအရ နေပြည်တော်ရှိ ဥတ္တရသီရိမြို့နယ်၊ ဇဗ္မူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ နှင့် ပုဗ္ဗသီရိမြို့နယ် တို့တွင် NLD ပါတီ က  အနိုင်ရ ရှိသွားပြီလို့ ရန်ကုန် မီဒီယာ အဖွဲ့က သတင်းရရှိကြောင်း သိရပါသည်။ 


လူထု ၊ အစိုးရ ၀န်ထမ်းတွေနှင့် တပ်မတော် မိသားစု ၀င်တွေ ဟာ တမတ်သား စစ်အစိုးရ အပေါ် နာကျင်မုန်တီးနေပြီး၊ လုံးဝလက်မခံ နိုင်တော့ ကြောင်း ထုတ်ဖော်ပြသလိုက်တာပဲလို့၊ နေပြည်တော်ရှိ အစိုးရ အမှုထမ်း မိသားစုဝင်များ က ပြောဆိုနေကြကြောင်း လည်းသိရှိရပါတယ်။ NLD ပါတီ ကို စစ်တပ်မိသားဝင်များကလည်း မဲပေးခဲ့တယ်လို့လည်း အမည်မဖော်လိုသူ နေပြည်တော်တပ်ရင်း အရာရှိတဦးက လည်း ထုတ်ဖော်ပြောဆိုခဲ့တယ်။


မဲရုံ ၄၉ ရုံ ရှိသည့် ဥတ္တရသီရိမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် NLD မှ ဦးမင်းသူက မဲရုံ ၄၉ ရုံလုံးတွင် အနိုင်ရရှိခဲ့ပြီး၊ ဇဗ္မူသီရိမြို့နယ်တွင် ပါဝင်ယှဉ်ပြိုင်သည့် NLD မှ ဒေါ်စန္ဒာမင်းက မဲရုံ ၃ဝ အနက် ၂၅ ရုံတွင် မဲအပြတ်အသတ် အနိုင်ရရှိကြောင်း၊ အလားတူ ဒက္ခိဏသီရိမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် NLD မှ ဦးနိုင်ငံလင်းက မဲရုံ ၁၇ ရုံတွင် ၁၅ ရုံ၊ တွင် အပြတ်အသတ်အနိုင်ရခဲ့သည်။

နေပြည်တော် ဇဗ္မူသိရိမဲဆန္ဒနယ်တွင် NLDကိုယ်စားလှယ်ဒေါ်စန္ဒာမင်းသည် မဲရေတွက်အပြီးတွင် မဲ၅၇၀၀ အသာဖြင့် အနိုင်ရရှိသွားပြီး၊ နေပြည်တော်ဥတ္တရသီရိမဲဆန္ဒနယ်တွင် မဲရုံပေါင်း ၄၉ ရုံရှိရာ ၄၅ ရုံတွင် မဲရေတွက်ပြီးစီးသွားပြီဖြစ်ပြီး NLD ကိုယ်စားလှယ်လောင်းဦးမင်းသူက မဲအရေအတွက် ၁၄၄၉၉ ၊ ပြည်ခိုင်ဖြိုးပါတီက ၇၀၁၇ မဲရရှိကာ NLDက မဲအပြတ်အသတ်နှင့် အနိုင်ရရှိသွားပြီဖြစ်သည်။

ဦးဇေယျာသော်ဝင်ရောက်ယှဉ်ပြိုင် သောပုဗ္ပသီရိမဲဆန္ဒနယ်တွင်မဲရုံ၈၂ရုံရှိ သည့်အနက် ၄၆ရုံ မဲရေတွက်ပြီးသွားပြီဖြစ်ပြီး ယခုအချိန်အထိ ဦးဇေယျာသော်က မဲအရေအတွက် ၂၀၀၀ကျော်အသာရကာ အနိုင်ရနေကြောင်းနေပြည်တော်ရောက် 7 Day News သတင်းထောက်ကသတင်းပေးပို့သည်။ ထိုရေတွက်ပြီးစီးသောမဲရုံ ၄၆ရုံတွင် တိုင်းစစ်ဌာနချုပ်မှ မဲရုံ၃ရုံပါဝင်သည်။ မဲရေတွက်ရန်ကျန်ရှိနေသော မဲရုံများမှာ ကျေးရွာများမှ မဲရုံများဖြစ်သဖြင့် နိုင်လိမ့်မည်ဟုခန့်မှန်းနေကြသည်။

No comments :