Thursday 12 April 2012

သင်္ကြန်အကြိုSexy အကပြိုင်ပွဲကျင်းပသူသည် အာဏာပိုင်တဦး၏သားဖြစ်သောကြောင့် အရေးယူခြင်းမရှိ။


မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲကို အရုပ်ဆိုးအကျည်းတန်စေမည့် Sexy အကပြိုင်ပွဲ၊ဘီယာသောက်ပြိုင်ပွဲ ကျင်းပမည်ကို တရားဝင်ကြော်ညာထားသည်ကို အာဏာပိုင်တို့တားဆီးအရေးယူခြင်းမရှိကြောင်းသိရသည်။ အဆိုပါပွဲကို Crazy Dancing Party ဟုအမည်ပေးထားပြီး ကန်တော်ကြီးတာဝါ Bar 1 တွင်ကျင်းပမည်ဖြစ်သည်။ ဝင်ကြေးတယောက်၅၀၀၀သတ်မှတ်ထားသည်။ အဆိုပါ Bar 1 ပိုင်ရှင်သည် ဗိုလ်ချုပ်တဖြစ်လည်းလက်ရှိဝန်ကြီးတဦး၏သားဖြစ်သောကြောင့် ယ္ခုလိုပွဲမျိုးစီစဉ်နိုင်ကြောင်းနှင့် အရေးယူမှုတစုံတရာမရှိသည့်အပြင် သင်္ကြန်တွင်းသုံးစွဲရန် ဆေးဝါးများလည်းဝယ်ယူရနိုင်ကြောင်းသတင်းရရှိသည်။ပွဲစီစဉ်သူများမှာလည်း အာဏာရှိလူကြီးသားသမီးများဖြစ်ကြကြောင်းသိရသည်။

No comments :