Tuesday 29 May 2012

ဒေါ်အောင်ဆန်းစုကြည် ရှန်ဂရီလာဟော်တယ်မှာတည်းခို နေကြောင်းသတင်းရရှိပါတယ်။

  ဒေါ်အောင်ဆန်းစုကြည် ကို ထိုင်းအစိုးရက ကြယ်ငါးလုံးအဆင့်ရှိတဲ့  ရှန်ဂရီလာဟော်တယ်မှာ အထူးစီစဉ်ပေးထားကြောင်းသိရပါတယ်။  သူမနဲ့ အတူ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ မစနာမင်း (  Sandar Min) လဲ ပါဝင်လာတယ်လို့ သိရပါတယ်။ ဦးသိန်းစိန်အစိုးရ ဖက်ကတော့ ဗိုလ်ချုပ်စိုးသိန်းလာတယ်လို့ သိရတယ်။ သူက စက်မှု (၁) နဲ့  အမျိုးသားစီမံကိန်း ကတာဝန်ရှိသူ
ဖြစ်ပါတယ်။ စက်မှု ၁ ဆိုလို့ ဘာမှ အထင်မကြီးလိုက်ပါနဲ့  မီးစက်တောင် မလုပ်တတ်တဲ့ စက်မှု
(၁) ပါ။ အမျိုးသားစီမံကိန်းက နာမည်ကတော့ဟိန်းနေပါတယ်။ဒါပေမဲ့လက်တွေမှာတော့
မြန်မာအမျိုးသမီးအများစုဟာ ထမိန်တွေကြက်သွန်ခွံလို ပါးသထက်ပါးလာနေပါတယ်။
စိုးသိန်းကောင်းတာလေးတခုကတော့သူဗိုလ်မှုးဘ၀မှာ ဒေါ်စုတရားပွဲကိုအရပ်ဝတ်နဲ့ လာနားထောင်
လေ့ရှိတယ်လို့ ဓါတ်သိတွေက ဆိုပါတယ်။


ဒေါ်စုကတော့   မနက်ဖန်မှာထိုင်းနိင်ငံခြားရေးဝန်ကြီးနဲ့  တွေ့ ဆုံမယ်လို့ သိရပါတယ်။




No comments :