Wednesday 27 June 2012

လူ့ အခွင့်အရေး ညီမျှခြင်း ငါအခွင့်အရေး အပေါင်း သူအခွင့်အရေး



၁. မြန်မာ နိင်ငံကို ထိုင်းနိင်ငံလောက်ပဲ ဖြစ်စေချင်တယ်ဆိုရင်တော့ လူအခွင့်အရေးအ ဆင့်အတန်းကိုလဲ ထိုင်းစံနှုန်းလောက်ပဲ ထားနိင်ပါ။ တကယ်လို့ မြန်မာ နိင်ငံကို ကမ္ဘာအဆင့်မှီနိင်ငံတခုလိုဖြစ်
စေချင်ရင်တော့ကုလသမဂရဲ့  လူအခွင့်အရေးစံချိန် အတိုင်းကျင့်သုံးကြဖို့ လိုတယ်။ ဒါကိုအစိုးရရော လူတွေ ကပါလေးစားလိုက်နာဖို့ လိုတယ်။ 
 လူအခွင့်အရေး ဟာကိုယ်အခွင့်အရေး တခုထဲမဟုတ်ပါဘူး ။ လူအခွင့်အရေးဆိုတာ ငါအခွင့်အရေးနဲ့  သူအခွင့်အရေး ပေါင်းထားတာဖြစ်ပါတယ်။ လူအခွင့်အရေးချိုးဖေါက်ခံရတယ်ဆိုတာ လူလို့ အသတ်မှတ်မခံရခြင်းဖြစ်ပါတယ်။ လူ့ အခွင့်အရေးချိုးဖေါက်ခံရတဲ့နိင်ငံတိုင်းကိုကြည့်ရင်
လူတွေက ငါအခွင့်အရေးသာ  တောင်း ပြီး သူ့ အခွင့်အရေးကိုမတောင်းဆိုကြ ခြင်တဲ့စိတ်ဓါတ်မရှိလို့ ဖြစ်ပါတယ်။  
 
အလွယ်ဆုံး ညီမျှခြင်းချရရင်တော့ လူအခွင့်အရေး = ငါအခွင့်အရေး + သူ့ အခွင့်အရေး ဖြစ်ပါတယ်။ 
 
 

၂. လူအခွင့်အရေးဟာ စီးပွားရေးဖွင့်ဖြိုးမှုနဲ့ တိုက်ရိုက်အချိုးကြနေပါတယ်။ အပြန်အလှန်ဆက်နွယ်လာတယ်။ နိင်ငံတကာရင်းနှီးမြှပ်နှံမှုတွေဟာ လူအခွင့်အရေးချိုးဖေါက်ခံနေရတဲ့ နိင်ငံတွေမှာ ရင်းနှီးမြှပ်နှံကြဖို့ တုန့် ဆုတ်ကြတယ်။ မြန်မာနိင်ငံက ဒီမိုကရေစီရရှိပြီဆိုပါစို့  မြန်မာလူမျိုးတွေက တိုင်းရင်းသားတွေ၊ လူနည်းစုတွေကို လူအခွင့်အရေးတောင်းဆိုမှုတွေကို လှစ်လျူရှု့ နေမယ်ဆိုရင် နိင်ငံတကာက ပြောလာမှာဖြစ်တယ်။ ရင်းနှီးမြှပ်နှံမှု တွေ နည်းလာမယ်။ တိုင်းပြည်ဆင်းရဲတွင်းနက်ဦးမှာဖြစ်တယ်။

၃-ဒါကိုအရှေ့ တောင်အာရှ နိင်ငံတွေက ခေါင်းဆောင်တွေကရိပ်မိလာကြတယ်။ လူအခွင့်အရေးအကြောင်းကို အထိုက်အလျောက်ပြောလာကြတယ်။ သူတို့ နိင်ငံထဲကိုရောက်လာတဲ့အလုပ်သမားတွေကို လူလိုသူလိုဆက်ဆံလာရတယ်။ ကျနော်တို့ ရောက်ခါစထိုင်းနိင်ငံရဲအခြေအနေထက် တိုးတက်မှုတွေရှိလာတယ်။ အာဆီယံနိင်ငံတွေက အာဆီယံကိုတချိန်မှာ ဥရောပသမဂ္ဂလို ရည်မှန်းချက်ထားတာကိုတွေ့ ရတယ်။
အဓိပါယ်ကတော့ လူအခွင့်အရေးကိုမြင့်တင်၊ ဒီမိုကရေစီကို ကျင့်သုံးစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို ပိုလုပ်ဖို့ လိုလာပြီဆိုတာသိလာတယ်။ ဒီနေရာမှာလူအခွင့်အရေးမြင့်တင်မှ စီးပွားပိုတက်လာမယ်။ အာဆီယံဂုဏ်သိက္ခာတက်နိင်မယ် ဆိုတာကို သိလာကြတယ်။
 
၎- ဘယ်နိင်ငံမှာမှတော့ လူအခွင့်အရေးကို အပြည်အ၀ လေးစား လိုက်နာမှုတွေမရှိကြသေးပါဘူး။ ဒါပေမဲ့ လူအခွင့်အရေးကို အများဆုံး ကျင့်သုံးနိင်ဖို့  ကြိုးပန်းတဲ့နိင်ငံတွေက ကြိုးပန်းနေကြတယ်။ ကြိုးပန်းတဲ့လူမျိုးတွေက ကြိုးပန်းကြတယ်။ 
ဆန်ကျင်ဖက်အားဖြင့် လူအခွင့်အရေးကို အကြောင်းပြချက်အမျိုးအမျိုးနဲ ကန့် သတ်နိင်သမျှနိင်ငံတွေကလဲကန့် သတ်ချုပ်ချယ်နေတယ်။ လူအခွင့်အရေးကို ငါအခွင့်အရေးလို့ ပဲ သတ်မှတ်နေတဲ့ လူမျိုးတွေ လဲ ထုနဲ့ဒေးရှိနေကြတယ်။ 

မိုးသီးဇွန်

1 comment :

Anonymous said...

How about rohingya rights?