Sunday, 3 February 2013

ကားကြပ်မှု ပြသနာ

 ကားကြပ်မှုပြသနာ


+
ကျနော်မိတ်ဆွေ လဲဖြစ်၊ ဦးလေးတယောက်လို ချစ်ခင်ရတဲ့ အန်ကယ်ဦးတင်မောင်ဝင်း ( စီအာဒီပီ) ဟာ တော်လှန်ရေးတာဝန်ကို
ထမ်းဆောင်ရင်း ၂၀၀၀ ခုနစ်လောက်မှာ  နှလုံးရောဂါရခဲ့တယ်။ သူကိုဘန်ကောက်ဆေးရုံးကို ကားမောင်းလာစဉ်မှာမှာ ကြောက်ခမန်းလိလိ ကားကြပ်မှုက ဆေးရုံကိုအချိန်မှီမရောက်နိင်ခဲ့ပါဘူး။ ဒါကြောင့်သူအသက်ဆုံးရှုံးသွားခဲ့ရတယ်။ ဘာမဟုတ်တဲ့ကားကြပ်မှုက ကျနော်တို့ အတွက် အဖိုးတန် တဲ့ ခေါင်းဆောင်တဦးဆုံးရှုံးသွားရပါတယ်။

ကားကြပ်မှုက လူအသက်ရော၊ စီးပွားရေးလုပ်ငန်းတွေကို ပါထိခိုက်လာနိင်တယ်။
နိင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ ဟာ ဘန်ကောက်န့မနီလာမြို့ရဲ့ ကားကြပ်မှုကို စိတ်ပျက်ကြတယ်။
အခုရန်ကုန်မြို့ဟာ ဦးတည်ချက်ပျောက်နေတယ်။ မျော်လင့်ချက်ပျောက်နေတယ်။
ကားကြပ်တယ်။ အသက်ရှုကြပ်တယ်။

ရန်ကုန်ဟာ မျော်လင့်ချက်တို့ ရဲ့ ဗဟို (  Center of All Hopes ) ဖြစ်နေတုံးပါ။
ရန်ကုန်လဲရင် မြန်မာပြည်လဲမယ်။ ရန်ကုန်ရှင်ရင်မြန်မာပြည်ရှင်မယ်။
ရန်ကုန်ကိုမျော်လင့်ချက်တွေနဲ့ ပြန်လည်အသက်ဝင်လာဖို့  ကျနော်တို့ ကြိုးပန်းကြပါစို့ ။

+

ကျနော် ဂျပန်၊ ဥေ၇ာ နိင်ငံများ၊ စကင်ဒီနေဗီးယန်းနိင်ငံများ နဲ့ မြောက်အမေရိကား က နိင်ငံတွေကို ရောက်ဘူးတယ်။ အစိုးရက မှန်တော့  လူတွေက လမ်းစည်းကမ်းကို ချိုးဖေါက်ဖို့ စဉ်း ကို မစဉ်းစားရဲဘူး။ အိမ်ရှင်တွေက လမ်းစည်းကမ်းကို တလေးတစားလိုက်နာနေတော့  ကျနော်တို့ လိုဧည့်သည်တွေက မလိုက်နာပဲ မနေ ၀ံကြဘူး။

အမေရိကန် သတင်းတွေမှာ မကြာခန ဖတ်ဖူးမှာပါ။ ကြားရမှာပါ။
လမ်းစည်းကမ်းချိုးဖေါက်တာနဲ့  မည်သူကိုမဆိုအရေးယူတယ်ဆိုတဲ့သတင်းပါ။
ကျနော်အမေရိကန် ကိုရောက်တုန်း သမတဂျောဘုရှ်သမီး ကို ရဲက လက်ထိပ်ခတ်ဖမ်းတာ၊ ရုပ်ရှင်မင်းသား ၊ မင်းသမီးတွေ ကားကိုမူးပြီးမောင်းလို့  ဖမ်းတာ၊ေ ထာင်ချလိုက်တဲ့သတင်းတွေပါ။

ဥပဒေတခုတည်ဖို့ ဆိုရင် ဒီဥပဒေကို ထုတ်ပြန်တဲ့ တာဝန်ယူရတဲ့ အစိုးရကိုယ်တိုင်က လိုက်နာပြရပါတယ်။ အရေးယူပြရပါတယ်။
ကျနော်တို့ ကရင်တွေ နဲ့တောထဲမှာနေတော့ကရင်ခေါင်းဆောင်တွေဟာ
သူတို့ ထုတ်ပြန်ထားတဲ့ဥပဒေတွေကိုလေးစားလိုက်နာကြတာကိုတွေ့ ရတယ်။
မနပုလောမှာ အရက်မသောက်ရတဲ့ဥပဒေကို ဗိုလ်ချုပ်မြက ထုတ်ပြန်ထားပါတယ်။ (ထုံစံအတိုင်းပေါ့ ခိုးသောက်ကြတယ်။ )
ဗိုလ်ချုပ်မြက လုံးဝ မသောက်ပါဘူး။ တခါက ခွန်ဆာနဲ့သူသွားတွေ့ တယ်။
မဟာမိတ် စာချုပ်ချုပ်ကြတယ်။ ကတိက၀တ်တွေပြုအပြ်ီးမှာခွန်ဆာက
ဝိုင်ခွက်ကိုယ်ဆီကိုင်ပြီး တိုစ် လုပ်ပါတယ်။  တိုစ်လုပ်နေတဲ့ဓါတ်ပုံထိုင်းသတင်းစာမှာပါတယ်။

သူအရက်ခွက်ကိုင်လာတဲ့အတွက် ( တကယ်ကသူမသောက်ဘူး။)
မနပုလောရောက်တော့ ဗိုလ်ချုပ်မြ အချုပ် ခန်း ထဲကို ကိုယ်တိုင်ဝင်သွားပါတယ်။  ဒီတော့ ကရင် ပြည်နယ်မှာ ဗိုလ်ချုပ်မြရဲ့  အာဏာဟာ ဘယ်လောက် ခိုင်မြဲနေပါသလဲ ဆိုတာ ရောက်ဘူးသူတိုင်းသိပါ တယ်။

ငယ်ငယ်တုံးက သော်တာဆွေ ၀ထ္ထုတိုတပုဒ်ဖတ်ဘူးတယ်။  ခုထိသတိရနေတယ်။ အကြောင်းကတော့ ရွာတရွာမှာသူကြီး တယောက်ရှိတယ်။ သူကြီးက မှန်ကန်တော့ ရွာနီးချုပ်စပ် သူခိုး၊ဓမြကအစ ကြောက်ရွံကြတယ်။ နောက်သူကြီးအမှားတခုလုပ်လာတယ်။
သူအိမ်ရှေ့ မှာ အဘွားအိုတယောက်က ဓါးနဲ့ လာပြီး စိန်ခေါ်တာကို သူထွက်ဝံဘူးဖြစ်သွားရတဲ့အကြောင်းပါ။

ကျနော်မြန်မာပြည်ရောက်တော့ ကားလမ်း မှာကားတွေနဲ့ ကြပ်နေတယ်။ ပလက်ဖေါင်းကလဲ မရှိတော့ လူထုက လမ်းပေါ် ဆင်းလျောက်ရတယ်။  ကားတိုက်တော့မလိုလို တွေခန ခန တွေ့ ခဲ့တယ်။  လူတွေဟာ သနားဖို့ တော်တော်ကောင်းတယ်။ ကားမရှိတာက ထားဦး
လမ်းလျောက်ဖို့ ပလက်ဖေါင်းတောင် မရှိတဲ့ဘ၀ ဖြစ်နေပါတယ်။ ဒါ က တနိင်ငံလုံးမှာဖြစ်နေတာပါ။  နယ်တွေရောက်တော့လဲ လူရော၊ ကားရော၊ နွားရော၊ကျွဲရော ရှိတဲ့တလမ်းလေးကို သူလစ်ရင်ကိုယ်လျောက်၊ ကိုယ်လစ်ရင်သူမောင်း လုပ်နေကြရတယ်။
ကျနော်က အမေရိကန် က လာတာဆိုတော့ ကားမောင်းတဲ့ ကျနော်တို့ ဒီမိုရဲဘော်တွေကို သတိထားဖို့ တဖွဖွ အော်နေရတယ်။ လူလာလဲ အရှိန်မလျော့ကြဘူး။ တခါတလောကျနော်ယောင်ပြီး ဘရိတ်ကိုနင်းမိတယ်။ ကျနော့် ရဲဘော်တယောက်ဖြစ်တဲ့ ၀င်းကိုမောင်းပြီဟေ့ဆိုရင်တော့ ကျနော် မှာ ကုသိုလ်ရော ငရဲရောရတော့တာပဲ။
ဘုရားတလိုက်၊ ’’ F—k  ‘’  ထွက်လိုက်  ၊ ‘’ S---T’’  မည်တွန်လိုက်။

တခါတခါတော့လဲ ဦးအောင်မင်းကျေးဇူးနဲ့  ထောက်လှမ်းရေးရဲဘော် တွေက ကျနော်သွားလေရာကိုလိုက်ပို့ ပါတယ်။  တနေ့ မှာတော့ လွတ်လပ်ရေးကြိုးပန်းစဉ်က လေထီး တပ်သားကြီးတဦးဖြစ်တဲ့ ၀မ်းအိုဝမ်းဦးေ ကျာ်ဝင်းမောင် ရုတ်တရက်ကွယ်လွန်သွားတယ်။ သူရဲ့ ဈပန အခန်းနားကိုကျနော်တက်ရောက်ဂုဏ်ပြုခြင်တယ်။ သံလျင်သုသာန်မှာ ဈာပနအခန်းနားလုပ်မှာဖြစ်တဲ့အတွက် အမြန် သွားရတယ်။ ကားလမ်းကကြပ်နေပါတယ်။
သူတို့ ကလဲ ခုန ကျနော်ရဲဘော်တွေလိုပါပဲ။ ဆန်ကျင်ဖက်ယျဉ်ကျောဖက်က ပါ လစ်ရင်လစ်သလို မောင်းလိုက်သေး။  ညီလေးရယ်မလုပ်ပါနဲ့ကွာ၊ ဟိုဖက်ကကားတွေအားနားဖို့ ကောင်းလိုက်တာဆိုတော့။ အကိုကြီးရ ဒီလိုမောင်းနေရင် ခင်ဗျားရောက်မှာမဟုတ်ဘူးဗျ လို့ အညာလေသံနဲ့ပြောပါတယ်။
အေးကွာ မနောက်ကျရင်တောင်းပန်လို့ ရဦးမယ်။ ကား တိုက်မိလို့ ကတော့ မိုးသီး ကားလမ်း ပြောင်းပြန်မောင်း တယ်ဆိုတဲ့အမူက ပိုကြီးမယ်ကွ။ ပုံမှန်သာမောင်းပါကွာလို့ မေတ္တာရပ်ခံတော့ သူတို့ ရီကြတယ်။

မြန်မာနိင်ငံက ကားပိတ်စို့ မှုကိုတစေ့တစောင်းရောက်တုန်းအကဲခတ်ကြည့်မိတယ်။
ကားလမ်းကသိပ်နည်းတယ်။ ကားကများလာတယ်။ ပိတ်နေတဲ့လမ်းကိုကြည့်လိုက်ရင်
ဘစ်စကားက နည်းနည်း ရိုးရိုး စလွန်းကားငယ်တွေက ပို များနေတပါတယ်။
စလွန်းကားတွေပေါ်မှာလူတယောက်နစ်ယောက်လောက်ပဲတွေ့ ရတယ်။

ယျဉ်ကျောရဲ့ သဘ၀က လူခန္ဒာက သွေးလိုပဲပုံမှန်လည့်ပတ်စီးဆင်းနေဖို့ လိုတယ်။ သွေးကြောထဲကိုလက်စထော်တွေပိတ်သွားရင်သွေးမစည်းနိင်တော့ပဲ
နှလုံးဖေါက်သွားနိင်တယ်။ ဒီလိုပဲ ယဉ်ကြောတနေရာမှာ တယောက်က စဖေါက်လိုက်တာနဲ့ ယဉ်ကျောတခုလုံးပိတ်စို့ သွားခြင်းဖြစ်ပါတယ်။တယောက်မဖေါက်သွားအောင်ယဉ်ထိမ်းရဲ က အစွမ်းကုန်
ကူညီနေဖို့ လိုတယ်။ အမြဲတမ်းအသင့်အနေထားဖြစ်နေဖို့ လိုတယ်။ ဘန်ကောက်ရဲတွေ နေပူထဲမှာဘယ်လောက်အလုပ်လုပ်နေသလဲဆိုတာ သတိပြုနိင်ပါတယ်။

ကားကြပ်လာတဲ့ပြသာနာကို ဖြေရှင်းကြဖို့ အတွက် Mathematics Theory နဲ့  Economic Theory နှစ်ခုကို အသုံးပြုပြီးဖြေရှင်းကြပါတယ်။သီိ အိုရီတွေကိုရှင်းပြရင် ရှည်သွားမှာဆိုးတဲ့အတွက် ဒီသီအိုရီတွေပေါ်အခြေခံပြီး ရရှိလာတဲ့ရလဒ်ကတော့ .... အောက်ပါအတိုင်းဖြစ်တယ်။

နိင်ငံအတော်များများမှာ ယဉ်ကျောက ပုံမှန်မဟုတ်တော့ပဲ ကြပ်နေပြီ ( Traffic Jam) ဖြစ်နေပြီဆိုရင်တော့  အစိုးရက ကျောသားရင်သားမခွဲခြား ဥပဒေကို တိတိကျကျလိုက်နာဖို့ ဆောင်ရွက်ဖို့ ၊ ယဉ်ထိမ်းရဲကို လိုအပ်တာထက်ပို သုံးဖို့ ၊ လူတွေကို အဆက်မပြတ်ပညာပေးဖို့  ပါပဲ။ လူတွေက ယဉ်စည်းကမ်းကိုလိုက်နာကြဖို့ လိုပါတယ်။

အဆောက်ဦး အသစ်တွေဆောက်လာတိုင်း Parking Lot ကို မဖြစ်မနေထည့်သွင်းဆောက်ခိုင်း ဖို့ ၊  ကားကြပ်ချိန်( ရုံတက်၊ဆင်း) မှာ ကားငယ်တွေထွက်တာကို တယောက်ထဲ မထွက်စေပဲ လမ်းက လူကိုပါ တင်ခေါ်တဲ့နည်းကို ကျင့်သုံးလေ့၇ှိတယ်။
လိုအပ်လာရင်တော့ အရေးယူဆောင်ရွက်မှု တွေဥပမာဒဏ်ငွေ ရိုက်တာ  (Ticket ) ပေးတာတွေကိုမလွဲမသွေလုပ်လေ့ရှိပါကြောင်း။

မိုးသီး

No comments :