Monday 1 April 2013

ရန်ကုန် မြို့ ၄၈ လမ်း ပလီ မီးရှို့ ခံရ

ရန်ကုန်မြို့  ၄၈ လမ်း ဆွာဒီကီယာ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးရှို့  ခံရပါတယ်။ 
မီးလောင်မှုကြောင့် ကလေး ၁၇ဦးသေဆုံးပါတယ်။ မီးသတ်က မီးငြိမ်းသတ်နေပုံ နှင့် ကယ်ဆယ်ရေး ဆောင်ရွက်နေသော ရပ်ကွက် အတွင်းရှိ ပြည်သူများ မှ ဒဏ်ရာ ရနေသော ခလေးငယ် များကို ရွှေ့ပြောင်းပေးခဲ့ပုံ ဖြစ်ပါတယ်။ ဗလီမီးရှို့  ခံရမှုက အကြမ်းဖက်သမားများ 
န်ကုန် ကိုရောက်လာပြီးဖြစ်ကြောင်း မီးမောင်းထိုးပြနေပါတယ်။ 

ရန်ကုန်မြို့ရှိ (ဆွာဒီကီယာ)အစ္စလာမ်ဘာသာရေးစာသင်ကျောင်း မီးလောင်မှု စာသင်ကျောင်းသား ကလေး(၁၃)ယောက် သေဆုံး

ဧပြီ ၂၊ ၂၀၁၃
M-Media
သုတ

ရန်ကုန် ။ ။ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈-လမ်းရှိ (ဆွာဒီကီယာ)အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတွင် ယနေ့နံနက် ၂-နာရီ ၄၅-မိနစ်ခန့်တွင် မီးလောင်ခဲ့၍ ကလေး ၁၃-ဦးသေဆုံးပြီး ၄-ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ယင်းအစ္စလာမ်ဘာသာရေးစာသင်ကျောင်းသည် ဗိုလ်တထောင်မြို့နယ်၊ ၄၈-လမ်း အပေါ်လမ်း အမှတ်(၁၈၁)တွင် ရှိပြီး ဗလီနှင့်ကပ်လျက်ရှိသော စာသင်ကျောင်းဖြစ်သည်။ အဆိုပါကျောင်းသည် ဟာဖိဇ်(ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင် သင်ကြားသော)ကျောင်းဖြစ်ပြီး ကျောင်းတွင် အနယ်နယ်အရပ်ရပ်မှ ကျောင်းသား ၁၀၀-ကျော် ရောက်ရှိ ပညာသင်ကြားနေလျက်ရှိသည်။ ယခုအခါ ကျောင်းခဏပိတ်သောကာလဖြစ်၍ မီးလောင်မှုဖြစ်ပွားချိန်တွင် ကျောင်း၌ ကျောင်းသား ၇၀-ကျော်ရှိနေပြီး ၅၁-ယောက်မှာ မီးလောင်မှုမှ ထွက်ပြေးလာနိုင်ပြီး မီးလောင်ကျွမ်းမှုကြောင့် ကလေး(၁၃)ယောက် သေဆုံးသွားကြာင်းသိရသည်။ အဆိုပါ သေဆုံးကျောင်းသား(၁၃)ယောက်မှာ အသက်(၁၃)နှစ်အောက် ကလေးများဖြစ်ကြောင်းလည်း သိရသည်။

ဧပြီလ ၂-ရက် မနက် ၂-နာရီ ၄၅-မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၃-နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှန်းသိ၍ ပြေးဆင်းလာသော ကလေးများမှာ အောက်ထပ်တွင် ဆီများကိုတက်နင်းမိ၍ ချော်လဲကြကြောင်း၊ ဓါတ်ဆီနံ့များလည်းရကြောင်း၊ စာသင်ကျောင်းသည် ၂-ထပ်ကျောင်းဆောင်ဖြစ်ပြီး အပြင်ဘက်တွင် လုံးဝ မီးမလောင်ပဲ အတွင်းဘက်တွင်သာ မီးလောင်ကျွမ်းမှု ပုံစံမျိုးရှိကြောင်းလည်းသိရသည်။

အဆိုပါကျောင်းတွင်စာသင်နေသော ကျောင်းသား ၂-ဦးအား မေးမြန်းရာ "သားတို့ကျောင်းက ၂-ထပ်ကျောင်းဆောင်ပါ။ မီးစစလောင်ချင်းတော့ သားတို့မသိဘူး။ သားတို့သိတဲ့အချိန် မီးက တော်တော်လေးလောင်နေပြီ။ ဒါနဲ့ သားတို့ ပြေးဆင်းလာကြတယ်။ အောက်ထပ်မှာ ဆီတွေပြန့်ကျဲနေတယ်။ အဲဒီဆီတွေကိုတက်နင်းမိပြီး သားတို့ချော်လဲကြတယ်။ သားတို့ကျောင်းမှာ ကျောင်းသားက လက်ရှိ ၇၀-ကျော်ရှိတာ။ အခုအပြင်မှာ ၅၁-ယောက်တော့ ရောက်နေပြီ။ သားတို့ကျောင်းမှာ ဆီတွေဘာတွေ လှောင်ထားတာလည်းမရှိပါဘူး။ ဖိနပ်ထားတဲ့ ဖိနပ်စင်နေရာကနေ စလောင်တာ။ အခုထိ အင်္ကျီမှာ ဓါတ်ဆီနံ့တွေ နံနေသေးတယ်။"လို့ အသက် ၁၅-နှစ်အရွယ် ကျောင်းသားလေး ၂-ဦးမှ M-Media ကို ပြောပြလာပါတယ်။

"ကျွန်တော် အခု မီးလောင်တဲ့နေရာကို ရောက်နေပါတယ်။ ဗလီဘက်ခြမ်းမှာလည်း အပြင်မှာ မီးလောင်တာ လုံးဝမရှိပါဘူး။ အခုကျောင်းဆောင်ကလည်း အတွင်းပိုင်းမှာ လောင်ထားတာ။ မီးလောင်တော့ မီးသတ်ကား(၃)စီးရောက်လာတယ်။ (၁)စီးကတော့ ရေဖြန်းတယ်။ (၂)စီးက ရေမဖြန်းလို့ ၀ိုင်းပြောတော့မှ ရေဖြန်းတယ်။ အခုတော့ မီးလောင်ပြီးသေဆုံးသွားတဲ့ ကလေးတွေက တစ်နေရာတည်းမှာ တစ်စုတည်း သေနေကြတယ်။ အံ့သြစရာ ထူးဆန်းတာက တစ်ယောက်ဆို မီးလုံးဝ မကျွမ်းဘူး။ အခုမီးလောင်တာကို ၀ါယာရှော့ခ်ဖြစ်တယ်ပဲ ပြောနေကြတယ်။ ၀ါယာရှော့ခ်ဖြစ်တာ လုံးဝမဟုတ်ဘူး။ ကျွန်တော် အခု ဒီလမ်းထဲမှာနေတဲ့ ၂-ယောက်နဲ့ ကျွန်တော်မေးကြည့်တာ သူတို့ကပြောတယ်။ မီးမလောင်ခင် ၂-နာရီကျော်ကျော်လောက်က ၀ုန်းဝုန်းဆိုပြီး အသံကြားရတယ်။ သူတို့လည်း သေချာသတိမထားလိုက်မိဘူး။ နောက် ခဏနေတော့ အဲဒီကျောင်းဘက်ကနေ မီးရောင်မြင်လိုက်ရတယ်။ သူတို့လည်း ကျောင်းက မီးထွန်းတာလို့ထင်လိုက်တာ။ ခဏနေတော့မှ မီးတွေလောာင်နေတာ မြင်လိုက်ရတယ်ဆိုပြီး သူတို့မြင်တာကို ကျွန်တော့်ကို ပြောပြတယ်။ အခုတော့ ကလေးတွေရဲ့ အလောင်းတွေကို ဆေးရုံကို သယ်သွားကြပြီ။ တချို့ကလေးတွေကိုတော့ ကယ်ဆယ်ရေးစခန်းဘက် ခေါ်သွားလိုက်ကြတယ်။ မီးလောင်တာက ၀ါယာရှော့ခ်ဖြစ်တာ လုံးဝမဟုတ်ပါဘူး။ တမင်သက်သက် မီးရှို့တာ သေချာပါတယ်"လို့ မီးစလောင်ကတည်းက မီးလောင်ရာနေရာမှာရောက်ရှိနေသူတစ်ဦးမှ M-Media ကို တိုက်ရိုက်ပြောပြလာပါတယ်။

ယခုအချိန်တွင် ပျောက်ဆုံးနေသော ကလေး(၄)ဦးကို ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရပါသည်။

ဓါတ်ပုံ Eleven
 
4Like · ·

No comments :