tag:blogger.com,1999:blog-849874758454202339.post2445425417996667641..comments2024-02-17T22:28:17.414-06:00Comments on We Fight We Win. -- " More than Media ": ရွှေတူးသူများ Unknownnoreply@blogger.comBlogger1125tag:blogger.com,1999:blog-849874758454202339.post-30103619831961045272012-11-06T01:55:56.799-06:002012-11-06T01:55:56.799-06:00“နေပြည်တော် အုပ်ချုပ်သူ သူခိုး တာဝန်ယူမှု”
နေပြည်ေ...“နေပြည်တော် အုပ်ချုပ်သူ သူခိုး တာဝန်ယူမှု”

နေပြည်တော်သည် မြန်မာနိုင်ငံ၌ နောက်ဆုံး တည်ထောင်သော မြို့တော်ဖြစ်ပြီး ကမ္ဘာ့အဆင့်မှီ တည်ဆောက်ရန် ရည်ရွယ်ထားပါသည်။ အုပ်ချုပ်ရေးမြို့တော် အဖြစ်လည်း လူသိများပါသည်။

နေပြည်တော်သည် အုပ်ချုပ်သူ သမ္မတများ၊ စစ်တပ်ဗိုလ်ချုပ်ကြီးများ နှင့် အုပ်ချုပ်ရေး ဆိုင်ရာ တာဝန်ရှိ အစိုးရများ၏ ရုံးစိုက်ရာနေရာဖြစ်ပြီး၊ အုပ်ချုပ်သူ နှင့် အနီးဆုံး နေရာလည်း ဖြစ်ပါသည်။

နေပြည်တော်တွင် မြို့တော် အင်္ဂါနှင့် ညီညွတ်ရေးအတွက် ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ အစရှိသည့် မြို့နယ်များကိုလည်း တည်ဆောက် ထားသည်။ ထိုမြို့နယ် များတွင် အိမ်များဆောက်ထားပြီး လူမနေနိုင်သည့် အတွက် သူခိုးများ ပျော်ပါးကျက်စားရာ စားကျက်ဖြစ်လာနေသည်။ တည်ဆောက်ရေး လုပ်ငန်းများမရှိသည့် အတွက် ဝမ်းစာရှာရန် ခက်လာသော အနယ်နယ် အရပ်ရပ်မှ နေ့စား၊ လစား အလုပ်သမားများ၏ စားဝတ်နေရေးမှာလည်း ခက်ခဲ နေကြပြီ ဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းများမရှိ ခြင်း နှင့် အုပ်ချုပ်သူတို့၏ ပြည်သူတို့ အိုးအိမ် လုံခြုံရေး အပေါ် တာဝန်ယူမှု ကင်းမဲ့မှုကြောင့် ထိုမြို့နယ်များတွင်
- ဆောက်ပြီးသော အိမ်များမှ ပြူတင်းတံခါးများ ဖြုတ်ခိုးခြင်း

- သစ်သား နှင့် သွပ်ပြားများ ဖြုတ်ခိုးခြင်း

- အိမ်ရှင်ဟန်ဆောင်လျက် အိမ်အလုံးလိုက်ကို ကားဖြင့်လာပြီး ဖြုတ်ခိုးခြင်းများ (ဂိုဏ်းဖွဲ့ကာ ခိုးသည့် အဆင့်ဖြစ်သည်၊ ဆောက်လုပ်ရေး လုပ်သူများပင် ပါနိုင်သည်) အထိ

ဖြစ်ပွားနေပါသည်။

ထို့ကြောင့်  နေပြည်တော် သည် အုပ်ချုပ်သူများနှင့် အနီးဆုံး လက်လှမ်းအမီဆုံး နေရာဌာနဖြစ်ပါလျက် သူခိုးထူပြောနေသည်ကို အုပ်ချုပ်သူ အစိုးရများသည် ၎င်းတို့၏ တာဝန်ကို တာဝန်ယူမှုမရှိဘဲ ပျက်ကွက် နေသည် ဟု ဆိုရမည် ဖြစ်ပါသည်။*https://www.blogger.com/profile/05982255314011684764noreply@blogger.com