Wednesday 16 January 2008

့အကြံကုန်နေတဲ့ မြန်မာတပ်မတော်


အမေရိကန်နိင်ငံမှာ စစ်သားစုဆောင်းရေး လုပ်တယ်။ ထိုင်းနိင်ငံမှာလည်းလုပ်တယ်။ သူတိုလုပ်တဲ့နည်း က တော့ သတင်းစာမှာကြေညာထည့်တယ်။ စစ်ထဲဝင်ရင် သူတို့ အတွက် အကျိုးအမြတ်တွေရမယ်ပေါ့ဗျာ။ ၀င်တဲ့ အတိုင်း လည်းရတယ်ဗျ။ အမေရိကန်မှာ ဆိုရင် စစ်ထဲဝင်ရင် စစ်မှု သုံးနစ်လောက်ထမ်းလိုက်တာနဲ့  ကြိုက်ရာ တက္ကသိုလ် ကို အခမဲ့ တက်နိင်တဲ့ အခွင့်အရေးရတယ် လို့ သိရတယ်ဗျ။ ကျနော်သူငယ်ချင်းဆို ရင် Green Card ပေါက် လို့  အမေရိကန်ရောက်သွားတယ်။ အမေရိကန် စစ်ထဲကို ၀င်လိုက်တယ်လေ။ လခလည်းရ ကျောင်းလည်းတက်ရတယ်။ ဒါဆိုရင် ကျနော်တို့ မြန်မာ တပ်မတော်ကြီးမှာရော ဘယ်လို့ လည်း ကြည့်  ရအောင်နော်။

မြန် မာ့ ရေ တပ် က စစ် တပ် က စစ် သ ဘောင်္ များ သည် ကမ်း တခါ ကပ် ရင် အ နည်း ဆုံး လူ နှစ် ယောက်အင် အား စု ရ တယ် ။ လူ မ ရ ရင် သူ တို့ ကို သဘောင်္ပေါ် ပြန် ပေး မ တက် ဘူး ။ အဲ ဒီတော့ သူတို့ က လည်း တွေ့ တဲ့ သူ ဆွဲ တယ် ။ အပင်အောက် အိပ် နေ တဲ့ သူ တောင်း စား က အ စ လိုက် ပြီး တော့ စစ် ထဲ ၀င် မလား ထောင် ထဲ ၀င် မ လား ဆို ပြီး မေး ပြီး ဖမ်း တယ် ။ ဘယ် သူ က ထောင် ထဲ သွား ချင်မလဲဗျာ။ စဉ်း စား ကြည့် ပေါ့။

အကုန် လုံး စစ် ထဲ ၀င် တာ ပေါ့ ။စစ် အ ထဲ ရောက် တော့ လည်း ကောင်း ကောင်း နေ ရ တာ မ ဟုတ် ဘူး ။ သ ဘောင်္ ဆို တော့ သိ တဲ့ အ တိုင်း ဘဲ ကုန်း ပတ် တိုက် အိမ် သာ ဆေး အဲ ဒါ တွေလုပ် ခိုင်း တယ်။ မ လုပ် ရင် ရိုက် နက် ပြီး ခိုင်း တယ်။ ဘယ် လောက် မိုက် ရိုင်း တဲ့ ကောင် တွေလည်း စဉ်း စား ကြည့် ပေ တော့ ဗျာ။ ကျွန် တော် ကိုယ် တွေ့ ပြော ပြ ဦး မယ်။ အဲ ဒါ က တော့ လွန် ခဲ့ တဲ့ ၆ လ လောက် က ပေါ့ ။ ကျွန်တော် ferry က အိမ် ပြန် မ ပို့ လို့ ရွှေ ဂုံ တိုင် မီး ပိုင့် မှာ ဆင်း နေ ခဲ့ ရ တယ်။ အ ချိန် က ည ၁၂ နာ ရီ ကျော် ပြီ ကား ဂိတ် မှာ ကား လည်း မ ရှိ တော့ ဘူး ။ ရဲ တွေက ဆိုင် ကယ် တွေ နဲ့ လာ ပြီး တော့ ဟေ့ ကောင် မင်း ငါ တို့ ဆိုင်ကယ် နဲ့ အိမ် ပြန် ချင် လို့ လား ဆို ပြီး လာ မေး တယ် ။ ကျွန် တော် လည်း တောင်း ပန် တာ ပေါ့ ။ သူတို့ အဲ ဒီလို မျိုး ၂ ခါ ၃ ခါ လောက် လဲ ဖြတ် ပြီး ရော ကျွန် တော် ကို မျက် စိ နောက် လာ တယ် ထင် ပါ တယ် ဖမ်း မယ် လုပ် တာ ပေါ့ ။ အဲ ဒါ နဲ့ ကျွန် တော် လဲ တွေ့ ရာ ကား နဲ့ ပြန် မယ် လဲ လုပ် ရော သူ တို့ က လာ ပြီး မင်း စော စော က ဘာ လို့ မပြန် လဲ အခု မှ ဘာ လို့ ပြန် တာ လည်း ဆို ပြီး ရစ် တယ် ။ ပြီး တော့ ကျွန် တော် ကို ဘယ် မှာ နေ လည်း ဘာ လုပ် လဲ မေး ဒါ ပေါ့ ကျွန် တော် နောက် တ ကြိမ် တောင်း ပန် ပြီး ပြန် မယ် ပေါ့ ။ သိပ် မ ကြာ လိုက် ပါ ဘူး။ လူ တစ် ယောက် ကျွန်တော် ရှေ့က ဖြတ် သွား တယ် ။

အဲ ဒီ လူ ကို သူတို့ သိ ပုံ ရ တယ် ။ သူ တို့ က အဲ ဒီ လူ ကို ဟေ့ ကောင် မပြန် သေးဘူး လား ဘာလဲ နောက် တ ခါ ငါ တို့ နဲ့ လိုက် ချင် လို့ လား ဆိုပြီး ခေါ် သွား ပါ လေ ရော။ ကျွန် တော် လည်း လန့် ပြီး တွေ့ တဲ့ လေး ဘီး ကား ပေါ် တတ် ပြီး သီရိမင်္ဂလာ ဈေး ကို စီး ပြီး တော့ အင်း စိန် ကို ပြန် စီး နဲ့ ပြန် လိုက် ရ တယ် ။

ရေ တပ် က ပေါ တာ ဆွဲ တာ က တော့ ကြာ ခဲ့ ပါ ပြီ ကျွန် တော် သီလ၀ါဆိပ်ကမ်း မှာ ကုန် သွား တင် တဲ့အ ချိန် က ပေါ့ ။ အ လုပ် သ မား တွေ က ဗိုလ် အောင် ကျော် ဆိပ် ကမ်း က လူ တွေ သူ တို့ ကို container တစ် လုံး ကို လူ ဆယ် ယောက် နှုန်း နဲ့ ခေါ် ထား တာ

အဲ ဒီနေ့ က ကာစတန် က ရစ် တယ် container ပေး မလို လို မပေး မလို လို နဲ့ အဲ ဒါ နဲ့ မိုး ချုပ် သွား ရော ။ အလုပ် သမား တွေ က ပြန် လို့ မ ရ တော့ ဘူး သီ လ ၀ါ မှာ စား စ ရာ က မ ရှိ ထမင်း စား ချင် ရင် တောင် ကျိုက် ခေါက် ထိ ပြန် စား ရ တယ် ။ အဲ ဒီတော့ ဘယ် သူ မှ မ စား ကြ တော့ ဘူး ။ ဆိပ် ကမ်း က ပိတ် တော့ အလုပ် သ မား တွေက အပြင် ထွက် အိပ် ရ တာ ပေါ့ ။ ကျွန် တော် က ဆယ် ဘီး ကား သမား ကို ပြော ပြီး သူ ကား ပေါ် မှာ ဘဲ အိပ် လိုက် တယ် ။ မနက် ကျ တော့ အဲ ဒီနား က လူ တွေ က ပြော ကြ တယ် ။ မနေ့ ည က ပေါ တာ ဆွဲ လို့ တဲ့ ပြီး တော့ အလုပ် သမား ခေါင်း ဆောင် က လာပြီး ပြော တယ် သူ့ လူ တွေ ပါ သွား တယ် ဆိုပြီး မင်း တို့ တာ ၀န် ယူ ပေး ရ မယ် ပြော တယ် ။ ပါ သွား တဲ့ လူ က အချုပ် ထဲ မှာ မှ မ ဟုတ် တာ ဘယ် လို ပြန် လိုက် ရှာ ရ မှာ လဲ ။ ပေါ တာ ဆွဲ တာ ဘယ် တပ် က မှန်း မ သိ ဆို တော့ ခက် ပြီ ပေါ့။ သီ လ ၀ါ က လူနေအိမ် ရှိ တဲ့ နေ ရာ လည်း မဟုတ် ဘူးလေ။ မြန်မာစစ်တပ်ရဲ့  လုပ်ရပ်တွေကတော့ တကယ် ကို အောက် တန်းကျတဲ့ ဖြစ်ရပ်တွေပါပဲ။

- မွန်း -

No comments :