Monday 16 March 2009

ကျောင်းထိုင် ဘုန်းတော်ကြီး အလိုရှိသည်။

ဖင်လန် နိုင်ငံ၊ နယ်သာလန် နိုင်ငံနှင့် ဒိန်းမတ် နိုင်ငံ တွင် ရောက်ရှိနေသော ဗမာလူမျိုးအချို့၏ သားသမီးများအား ၃၈ ဖြာ မင်္ဂလာ တရားတော်များ၊ ယဉ်ကျေးမှု့အလေ့အထများ၊ ဗမာစာပေ သင်ကြားပေးရန် နှင့် အခါကြီး ရက်ကြီးများတွင် ဥပုသ်သီလ ပေးရန်အတွက်တို့ ဖြစ်သည်။ လျှောက်ထားသော ရဟန်းသံဃာတော်သည်

အကျင့်စာရိတ္တ ဝိနည်းသိက္ခာနှင့် အညီ ကျင့်ကြံသည့် ရဟန်းဖြစ်ရမည့်အပြင် မြန်မာနိုင်ငံတွင် လက်ရှိမတရားအုပ်ချုပ် ဖိနှိပ်နေသော စစ်အစိုးရမှ ပေးအပ်ထားသည့် ဘွဲ့ သို့မဟုတ် ဂုဏ်ထူးဆောင် ဆု တခုခုကို လက်ခံထားသော ရဟန်းမျိုးမဖြစ်ရပါ။

ထို့အပြင် လိင်တူဆက်ဆံခြင်း၊ မာတုဂါမ နှင့် ဖောက်ပြားလော်လီသော စရိုက်မျိုးရှိသည့် အလဇ္ဇီသံဃာများ မျိုးမဟုတ်ရပါ။ ဖန်လန်နိုင်ငံအတွင်းနှင့် နယ်သာလန်နိုင်ငံ များ အတွင်းတွင် ပြည်တွင်း ခရီးသွားလာနိုင်သည့် ကျန်းမာရေးမျိုး ရှိရပါမည်။

လစာအား စကင်ဒီနေဗီးယန်းနိုင်ငံများတွင် သာသနာရေး ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ၏ လစာကဲ့သို့ ပေးပါမည်။ ထို့အပြင် တစ်နှစ်တွင် ခွင့် (၄) ပါတ် ရရှိပါမည်။ စိတ်ဝင်စား လျှောက်ထား လိုပါက အောက်ဖော်ပြ ဖုန်းနံပါတ်များသို့ ဆက်သွယ် လျှောက်ထား နိုင်ပါသည်။

ဖင်လန်နိုင်ငံ

ကိုသန့်ဇင်ထွန်း (+၃၅၈ ၅ဝ၅၇၂၁၆၃ဝ)

ကိုကျော်ကျော်ဌေး (+၃၅၈ ၄ဝ၉၆၁၂ဝ၉ဝ)

ကိုရွှေလှ (+၃၅၈ ၄ဝ၄၁၁၆ဝ၆၇)

ကိုငြိမ်းချမ်းအောင် (+၃၅၈ ၄၄ဝ၈၈၈ဝ၁၆)

နယ်သာလန်နိုင်ငံ

ကိုထွန်းထွန်းဦး ( +၃၁ ၂၅၁၂၇၃ဝ၈၈)

ကိုထွန်းအောင် (+၃၁ ၂ဝ၃၄ ၅၅၅၉၄)

ဒိန်းမတ်နိုင်ငံ

ကိုတေဇသူရ (+ ၄၅ ၅၃၁၅၆၄၃၉)

ကိုအောင်စိုး (+ ၄၅ ၉၆၃၅ဝဝ၉၈)

ကိုချိုငြိမ်း (+ ၄၅ ၃၁၅ဝ၉၂၅၂)

အရှင်မေတ္တာစာရ ဘလော့မှကူးယူဖေါ်ပြပါသည်။

28 comments :

Anonymous said...

ဘုန်းကြီးပင့်တာက အလုပ်လျှောက်လွှာခေါ်သလို
ဖြစ်မနေဘူးလား.

တဆိတ်လောက်မေးပါရစေ. ဒီစာရေးတဲ့သူက ဗုဒ္ဓဘာသာစစ်စစ် ဟုတ်ရဲ့လား..

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သလိုမျိုးပုံစံ မလုပ်ပါနဲ့.. သူများကဲ့ရဲ့စရာ ဖြစ်ပါဦးမယ်..

အကျင့်သီလနဲ့ပြည့်စုံတဲ့ သံဃာတော်တွေ မျက်နှာတွေကို ထောက်ထားညှာတာပါလို့ ပြောချင်ပါတယ်..

Anonymous said...

နဝတ ကရွှေဝါရောင် တော်လှန်ရေးမှာ သာသနာကို လူဘုံအလယ်မှာ သိက္ခာချခဲ့ ပြီးပြီ ။ ခုလည်း ဒီလို ဘုန်ုးကီးပင့်စာမျိုး တစ်သက်မှာ တစ်ခါဘဲ တွေ့ဘူးတယ်..။ ကိုယ့်ကိစ္စကို သေသေချာချာ ဆရာတော် သမားတော်တွေနဲ့ တိုးတိုးတိက်တိက်တိုင်ပင် ပြီးလုပ်သင့်တဲ့ ကိစ္စကို ဘာလို့ ခုလို လူသိ ရှင်ုကားလုပ်ချင်ရတာလဲ စိတ်ပျက်စရာုကီး အဖြစ်အပျက်ကို ကိုယ်ချင်းစာမိပါတယ် ဒါပေမဲ့ လုပ်နည်းမှားနည်းတယ်။ ကိုယ့်လုပ်ရပ်က သာသနာ ပြုမဟုတ်ပဲ သာသနာဂုဏ်ငယ်ဘို့ ဖြစ်နေတယ်။ သတိထာုးကပါ။ ဆရာတော်တစ်ပါး

Anonymous said...

true man what an insulting post!
not much better than SPDC!!

Anonymous said...

ခေတ်သစ် ဘုန်ုးကီးပင့်စာ ပါဘဲ။ တသက်နဲ့ တစ်ကိုယ် တစ်ခါဘဲ တွေဘူးတယ်။ နယ်ပယ်တိုင်းမှာ ပြဿနာဆိုတာ ရှိပါတယ်၊ နိုင်ငံရေး သာသနာရေး အားလုံးပေါ့။ ဒါပေမဲ့ ဒီပြဿနာတွေ ကိုဖြေရှင်းတဲ့ အခါ ပညာရှိဆန်ဆန် ဖြေရှင်းသင့်တယ်။ ခုလို ပညာ မပြည့်တဲ့ အကိုးကွယ်ခံသူ(ဘုန်ုးကီး) ကိုးကွယ်သူ (လူ) တွေ လုပ်တာနဲ့ ။ ကျုပ်တို့ မြတ်စွာဘုရား မျက်နှာတော် တော်တော် ပူရော့မယ်၊ုကည့်လုပ်ုကဦး ဘလောက်ဂါတွေ၊ ကိုယ့်ဘလောက်မှာ တင်သင့် မတင်သင့်၊ ရေတဲ့သူကလည်း ရေးသင့် မရေးသင့် စဉ်းစာုးကဦး။ ကမ္ဘမှာ မြန်မာကျောင်းတွေ မျာုးကီးဘဲ ၊ ဆက်သွယ်ပြီး ဘုန်ုးကီးရချင်ေုကာင်း၊ ဒီလို အရည်အချင်းတွေ နဲ့ ပြည့်စုံအောင် ရှာပေးပါ ဘုရားလို့ အီးမေးနဲ့ တောင်းပန်လျှောက်ထားပါတော့လား၊ ဒါက ဘုန်ုးကီး ပင့်ချင်တာထက် ကိုယ်ကိုယ်ချင် ဖြစ်ခဲ့တဲ့ ကိစ္စကို အပုပ်ချချင်တာက များနေတယ်လို့ ဘုန်ုးကီးပင့်စာကို ဖတ်လိုက်ရုံနဲ့ သိတယ်။ သာသနာ ပြုကမှာလား သာသနာ ဖျက်ုကမှာလား ဘလောက်ဂါ ဆရာနဲ့ ဘလောက်ဂါ ဒကာတို့...

Anonymous said...

မှန်တာပေါ့ မုန်းစရာ
ခေါ်တော့လည်း အစိုးရဘွဲ့တံဆိပ်ကပ်ပြီးသူ မဖြစ်ရတဲ့...ဘုန်းကြီးကို ကြည်ညို ကိုးကွယ်ဖို့ ခေါ်တာ လျှောက်လွှာတင်နေရသေးတယ်..မကြားဖူးသလိုပဲ...စေတနာ နဲ့ လာရောက်ဟောကြားပေးမယ့် ဘုန်းဘုန်းတွေတောင် အဲဒီလိုရေးလို့ လာမှာမဟုတ်ဘူး...တကယ်လိုချင်ရင် မြန်မာနိုင်ငံမှာ ကိုယ့်အသိတွေ ရှိတာပဲ..ဖုန်းဆက်ပြီးတော့ မေးမြန်းပေါ့...အဲဒီလောက်တောင် အချိန်မရတော့ဘူးလား..မိမိလိုချင်တာ ကိုယ်တိုင်ဆက်သွယ်မေးမြန်းပြီးတော့ ဘုန်းဘုန်းတွေကို အကျိုးသင့်အကြောင်းသင့် လျှောက်တင်ပေါ့...အခုတော့ မလုပ်သင့်တာတွေနဲ့ လျှောက်လွှာခေါ်သလိုကြီးဖြစ်နေတယ်...စည်းကမ်းချက်တွေက ထုတ်ထားသေးတယ်...ဘုန်းဘုန်းတွေကို စော်ကားသလိုဖြစ်နေတယ်...ကူးယူတယ်ဆိုရင်လည်း တင်ပြသင့်မတင်ပြသင့်ကိုလည်း ကိုယ်ပိုင်ဆုံးဖြတ်တတ်ရတယ်..

Anonymous said...

တော်တော်လေးကို နားမလည်ချက်ဆိုးတဲ့ ကြော်ငြာပါလား..
ခင်ဗျားတို့ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ မသိတဲ့လူစားမျိုးတွေပါလား
ဒီမယ်..ဒီကြော်ငြာကို ကြည့်ပီး လျှောက်တဲ့ ဘုန်းကြီး သေချာပေါက် ရဟန်းမစစ်တဲ့သူပဲ
ခင်ဗျားတို့ဗျာ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး..
ဗုဒ္ဓဘာဟောခဲ့လဲ ဆိုတာ သေသေချာချာပြန်ဖတ်ကြပါ .. နက်နက်ရှိုင်းရှိုင်းလေ့လာကြပါ..
ဝိနည်းကို အရင်လေ့လာဗျာ.. ခင်ဗျားတို့ ဘယ်လောက်မှားတယ် ဆိုတာ သိလာမယ်…
အံ့သြစရာကောင်းတယ်ဗျာ..သိပ်အံ့သြတယ်.. ခင်ဗျားတို့ ဘာသာပြောင်းလိုက်ကြရင် ဗုဒ္ဓဘာသာ အတွက်ပိုကောင်းမယ်

Anonymous said...

ခုလိုကျော်ငြာတာ တချို့သံဃာတော်များကို စော်ကားသလိုဖြစ်ခဲ့ရင် တပည့်တော်ဋ္ဌကားထဲက တောင်းပန်လိုပါတယ်။

ဒါပေမဲ့ တပည့်တော် မြန်မာပြည်မှာ နေစဉ်ရော ပြည်ပရောက်စဉ် ကာလများမှာပါ သံဃာတော်များမှ ရိသဲ့သဲ့လုပ်ခြင်း၊ ရီးစားစကားပြောခြင်း၊ များကို တောက်လျှောက်ခံခဲ့ရပါတယ်။
တပည့်တော် ကျောင်းသူဘ၀က အိမ်နဲ့ကျောင်း အသွားအပြန်မှာ ဦးဇင်းနဲ့ ကိုရင်တွေက တပည့်တော်နာမည်ကို ကျောင်းဝင်းထဲက သစ်ပင်တိုင်းမှာ ရေးထားပါတယ်။ လူငယ်များ ဘာသာရေးသင်ချင်ရင် မိမိအိမ်ကနေ သင်ယူနိုင်ပါတယ်။ သင်ကန်း ၀တ်ပြီး ဘုန်ဋ္ဌကီးကျောင်းမှာ မနေသင့်ပါ။ ခုလိုလုပ်နေတာတော့ ဘာသာရေးကို စော်ကားသလိုဖြစ်နေပါတယ်။

တချို့ ကိစ္စတွေမှာ အံ့ဋ္ဌေသာဘွယ် ကောင်းလောက်အောင် ကျောင်းထိုင်၊ ဒုတိယကျောင်းထိုင်တွေက မာတုကာမတွေနဲ့ အရောတ၀င် နာမည်ထွက်တဲ့ အထိဖြစ်နေတာတွေ့ ကိုယ်တိုင် မြင်ဘူးပါတယ်။ သာသနာရေးအမြင်နဲ့ကြည့်လျှင် လုံးဝမသင့်လျှော်ပါ။

တပည့်တော် ပြောလိုတာက သံဃာ့စည်းကမ်း မလိုက်နာနိုင်ရင် လူဝတ်ဋ္ဌေကာင်နဲ့ နေပြီး လူလိုကျင့်တာ အကောင်းဆုံးပါ။ သံဃာ့အလုပ်ကို လူလိုနေချင်သူတွေက သံဃာ့အရေခြုံပြီး မလုပ်သင့်ပါ။

ဒီလို အားလုံး ၀ိုင်းဝန်းစောင့်ရှောက်မှသာ လူနတ် ချမ်းသာ သာဓုခေါ်မှာဖြစ်ပါတယ်။ သာသနာရေးလဲ အဓွန့် ရှည်မှာဖြစ်ပါတယ်။

အားလုံး နားလည်နိုင်ပါစေ။

မြန်မာပြည်သူ

Anonymous said...

Sangha are not servant of people... This ad is very unrespectful... It is like job offer for a maid...

Anonymous said...

ကျောင်းထိုင်ဘုန်းကြီးပင့်ချင်သပ ဆိုရင်လဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ ရေးသားပင့်လျောက်ကြပါ ဗျာ..ကိုယ်နဲ့ နီးစပ်ရာ အဆက်အသွယ်ရှာပီး သဘောကျ နှစ်ခြိုက်တဲ့ ကိုယ်တော် တစ်ပါးပါးကို လာပြီး ကျောင်းထိုင်အဖြစ် လက်ခံပေးဘို့ ပင့်လျောက်ကြပါ...အခုက လူကြီးမင်းတို့က မူကြိုမှာ ဘာသာရေးသင်ပေးမယ့် ဆရာ( လူပုဂ္ဂိုလ် ) ရှာ နေတာနဲ့တူနေသလိုပါလား..နိုင်ငံ ရပ်ခြားမှာ အနေကြာလို့ မသိတော့ဘူးလို့ မလုပ်ကြပါနဲ့....မသိရင်လဲ လေ့လာကြပါ..လူကြီးမင်းတို့ ကြေငြာ တဲ့အတိုင်းဆို တကယ့်သီလပြည့်တဲံဘုန်းကြီး ရဟန်းများကတော့ လာလိမ့်မယ် မထင်ကြောင်းပါ...ရနိုင်မယ်မထင်ကြောင်းပါ..အချိန်မှီလေးတွေ ပြုပြင်ကြပါ. စေတနာ ဖြင့်
မြန်မာပြည်သားတစ်ယောက်

Thet Oo said...

မှားကုန်ပြီနဲ့ တူပါတယ်။ တခုခုတော့ မှားနေပြီဗျို့။

Anonymous said...

- မှန်ကန်သင့်လျှော်တဲ့ သာသနာအလုပ်လုပ်ပေးမဲ့ ဘုန်းကြီးကို သာသနာဝန်ထမ်းပေးဖို့ ခေါ်တဲ့ အလုပ်ခေါ်စာထင်ပါကြောင်း
- ဒီလိုခေါ်မှ ဗီဇာကိတ်စ၊ စည်းကမ်း၊ ငွေကြေးကိတ်စတွေ ကျောင်းပိုင်၊ ကျောင်းထိုင်ကိတ်စတွေ ရှင်းရှင်းလင်းလင်းဖြစ်မှာမို့ အမေရိကနေ မြန်မာတွေလည်း အတုယူသင့်ကြောင်း
- အခုလို သတ္တိရှိရှိ စပြီးလုပ်ပြလိုက်တဲ့ လူတွေအားလုံး သာဓုပါခင်ဗျာ၊ သာဓုပါ။

Anonymous said...

This is a kind of insulting Buddha, Dhamma, Sangha.

win latt said...

ဘုန်းကြီးပင့်တာလား....အလုပ်ခေါ်တာလား...။
သူတို့အပြောကိုကြည့်ရင် ဗုဒ္ဓဘာသာဝင်မှဟုတ်ပါလေစ..။
ကြုံဘူးပေါင် ဂုဏ်ထူးဆောင် အမောင်မင်းတို့ရယ်
...လန်...လန်....ကလား။
http://phonephonevi.blogspot.com/2009/03/blog-post_17.html

win latt said...

မင်းတို့ထိုက်နဲ့ မင်းတို့ကံ
http://winnlatt.blogspot.com/2009/03/blog-post_9038.html

Anonymous said...

အဲဒီလိုရေးလိုက်ရင်ငရဲကြီးမယ် မလုပ်အပ်ဘူး၊တစ်ခြားဘာသာဝင်တွေ
ကဲ့ရဲ့ စရာဖြစ်မယ်ဆိုတာကိုအဲဒီကြေညာတင်တဲ့သူတွေသိပါတယ်
အဲဒါကအကြောင်းရှိလို့ တင်တာပါ၊ဘယ်ဘုန်းကြီးမှအဲဒီလိုပင့်ခေါ်
လို့ မရတာသိပါတယ်အဲဒီနိုင်ငံကဘုန်းကြီးတစ်ပါးက ဒကာတွေဆီကို ပညာပြသွားတာ ဘယ်ကိုမှလဲပြောမရ တိုင်မရ ပြုမရနဲ့  ဘုန်းကြီးမို့ လို့ ယုံစားလိုက်တာ အကုန်မှားသွားပါလေရော အဲဒီ
ဘုန်းကြီးရဲ့ ဆရာ(သာသနာ့ဥသျှောင်တွင်ပါဝင်သူ)ကိုလျှောက်ပြန်တော့လဲ
ငါနဲ့ မဆိုင်ဘူး မင်းတို့ ဘာသာရှင်းဆိုပြီး ခေါင်းရှောင်ပါတယ် အကြောင်းစုံသိချင်ရင် ကြေညာထဲကဖုန်းနံပါတ်တွေကိုသာဆက်မေးပါတော့အဲဒီလို
ဘုန်းကြီးမျိုးရှိလို့ ဒီလိုကြေညာမျိုးတမင်ပေါ်လာတာပါ

Anonymous said...

http://www.peoplemediavoice.com/advice/fake-monk-and-exile.html

Unknown said...

အဲဒီလိုရေးလိုက်ရင်ငရဲကြီးမယ် မလုပ်အပ်ဘူး၊တစ်ခြားဘာသာဝင်တွေ
ကဲ့ရဲ့ စရာဖြစ်မယ်ဆိုတာ ကိုအဲဒီကြေညာတင်တဲ့သူတွေသိပါတယ်
အဲဒါကအကြောင်းရှိလို့ တင်တာပါ၊ဘယ်ဘုန်းကြီးမှအဲဒီလိုပင့်ခေါ်
လို့ မရတာသိပါတယ်အဲဒီနိုင်ငံကဘုန်းကြီးတစ်ပါးက ဒကာတွေဆီကို ပညာပြသွားတာ ဘယ်ကိုမှလဲပြောမရ တိုင်မရ ပြုမရနဲ့  ဘုန်းကြီးမို့ လို့ ယုံစားလိုက်တာ အကုန်မှားသွားပါလေရော အဲဒီ
ဘုန်းကြီးရဲ့ဆရာ(သာသနာ့ဥသျှောင်တွင်ပါဝင်သူ)ကိုလျှောက်ပြန်တော့လဲ
ငါနဲ့ မဆိုင်ဘူး မင်းတို့ ဘာသာရှင်းဆိုပြီး ခေါင်းရှောင်ပါတယ် အကြောင်းစုံသိချင်ရင် ကြေညာထဲကဖုန်းနံပါတ်တွေကိုသာဆက်မေးပါတော့အဲဒီလို
ဘုန်းကြီးမျိုးရှိလို့ ဒီလိုကြေညာမျိုးတမင်ပေါ်လာတာပါ-
- မှန်ကန်သင့်လျှော်တဲ့ သာသနာအလုပ်လုပ်ပေးမဲ့ ဘုန်းကြီးကို သာသနာဝန်ထမ်းပေးဖို့ ခေါ်တဲ့ အလုပ်ခေါ်စာထင်ပါကြောင်း
- ဒီလိုခေါ်မှ ဗီဇာကိတ်စ္စ၊ စည်းကမ်း၊ ငွေကြေးကိတ်စတွေ ကျောင်းပိုင်၊ ကျောင်းထိုင်ကိတ်စတွေ ရှင်းရှင်းလင်းလင်းဖြစ်မှာမို့ အမေရိကနေ မြန်မာတွေလည်း အတုယူသင့်ကြောင်း
- အခုလို သတ္တိရှိရှိ စပြီးလုပ်ပြလိုက်တဲ့ လူတွေအားလုံး သာဓုပါခင်ဗျာ၊ သာဓုပါ။
ကိုယ်တိုင်းချင်တဲ့ ပေတံနဲ့တိုင်းပြီးတော့ ဖြစ်နေတဲ့အခြေအနေ ကို ထည့်မတွက်ဘဲ ပြောချင်တာပြော ... ရေးချင်တာရေးရင်တော့

Anonymous said...

hi

Anonymous said...

ဘု

Anonymous said...

ဖုန်း ကြီး ကို အလုပ်လျောက်လွှာ လိုခေါ်သင့်ပါတယ်။
နိင်ငံခြားမှာရောက်နေတဲ့ ဘုန်းကြီးတွေ ၉၉.၉ ရာခိုင်နှုန်းဟာ စီးပွားရေးသမားတွေဖြစ်လို့ ပါ။
တချို ဆိုရင် လိင်တူခြင်းတောင်ဆက်ဆံပါတယ်။
နိင်ငံခြားရောက် ဘုန်းကြီးများဟာ လူထုထက်တောင်
ယုတ်မာတဲ့ကိုယ်တွေပါ။ ဥပမာတခုပဲ ထောက်ပြပါမယ်။
ရွှေဝ်ါရောင်တော်လှန်ရေး နဲ့ ရောက်လာတဲ့ သံဃာတွေကို ဘယ် ကျောင်းကမှ လက်မခံနိင်ကြတာပဲကြည့် ပါ။ ဘာဖြစ်လို့ လဲ - ရွေဝါရောင်ကိုယ်တော်တွေက တကယ်လုပ်လာတာဆိုတော့
လူတွေက ကြည်ညိုတယ်။ ကိုယ်တော်တွေကလည်း အနေထိုင် သိက္ခာနဲ့ ညီတယ်။ ဒီတော့ ဒီမှာရှိတဲ့ ဘုန်းကြီးတွေက သူတို့ ရဲ့  Businesss Empire ကို
ကာကွယ်ကြတော့။

ဖင်လန်က ကျောင်းသားတွေဟာ ဗုဒဘာသာကိုကာကွယ်နေတာပါ။
ဖင်လန် က ကျောင်းသားတွေလုပ်တာ အလွန် မှန်တယ်။

Anonymous said...

ဖင်လန်ကျောင်းသားလို့ေ၇းတာဘယ်ကောင်လည်းမသိဘူး
သူခိုးနဲ့ ကြာကူလီကောင်အရက်သမားတွေများ
ဘာကျောင်းသားလည်း ဘာမှလုပ်ခဲ့တဲ့ကောင်တွေမဟုတ်ဘူး မယုံရင်သမိုင်းပြန်လှန်ကြည့်

Anonymous said...

မိုက်တယ်ကွာ။ဟားဟား....။ဂတုံးတုံးပြီး သင်္ကန်
ခြုံသွားဦးမှပဲ။ဘာဘွဲ့တံဆိပ်မှလည်း ရသေးဘူး။လစာလည်းရမယ်တဲ့။ခွင့်လည်းရဦး
မယ်ဆိုပဲ။စာသင်ရမှာတော့ခပ်ကြောက်ကြောက်
ပဲ။ကြေငြာထည့်တဲ့ ဒကာတောင် ဒီလောက်ဆိုးတာ သူတို့သားသမီးလက်ထက်ရောက်ရင် မြန်မာဘုန်းကြီးမူကြို ဆရာများဖြစ်မလားတောင်
မသိဘူး။နိုင်ငံတော် သံဃာ နာယကအဖွဲ့က ဆရာတော်ကြီးတွေက လည်း ဘာလို့ဘွဲ့တွေပေးနေသေးလည်းမသိဘူး။ ဘွဲ့
ရရင် အလုပ်မခန့်ဘူးဆိုတာ ဆရာတော်ကြီးတွေ မသိလို့နဲ့တူပါတယ်။ဒီလို သာခန့်မယ်ဆိုလိုကတော့ ဆွမ်းခံဆားပြီးစာမကျက်တော့ ပါဘူး။ဖင်လန် သွားပြီး ၃၈ဖြာပဲသင်တော့မယ်။ ဘုရားရှင်ရယ် ပရိနိဗာန်ပြုတာစောလိုက်တာ လစာလေးတောင်ရမသွားရှာဘူး။ကိုယ့်လူ
တွေကြည့်လည်းလုပ်ကြဦး။ ကိုယ့်ပေါင်ကို လှန်ထောင်းသလိုဖြစ်နေပြီ။

Anonymous said...

ဖြစ်ပျက်မှူကို နားလည် နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီဘုန်ုးကီးနဲ့ တိုက်ရိုက်ရှင်းပါ။ ရှင်းလို့ ရတဲ့ နည်းနဲ့ ရှင်းပါလို့ တောင်းပန်ပါတယ်။ ဘုန်ုးကီးပင့်စာုကီုးကည့်ရတာ စိတ်ပျက်စရာ။ သိပါတယ် အေုကာင်းရှိလို့ ရေးမှန်း။ သို့ပေမဲ့ ဘာဆို ဘာမှ မသိတဲ့ အလွန် ဖြူစင်တဲ့ ဘုန်ုးကီးတွေ ဒကာတွေ ဖတ်လျှင် ဘယ်လောက် စိတ်ထိခိုက်ုကမလဲ။
ဘုရားလတ်ထက် တော်ကလည်း ဒီလို ရဟန်းတွေ ရှိခဲ့တယ်၊ ၀ိနည်း ပါဠိတော် ကိုဖတ်ုကည့်ဦး။ ဒါပေမဲ့ ဒီလိုပဲ ကောင်းတဲ့ ကိုယ်တော်တွေနဲ့ လတ်တွဲပြီး သာသနာ ပြုခဲု့ကတာ။ ကောင်းတဲ့ ကိုယ်တော်တွေနဲ့ တွဲပြီးသာသနာ ပြု့ပေါ့။ ကျောင်းဒကာုကီး အနာထပိဏ်ကတောင် သူကျောင်းပေါ်မှာ အလွန်ဆိုးတဲ့ အရှင်ဒေ၀ဒက် မနေပါစေနဲ့ ဘုရားလို့ ဘုရားကို မလျှောက်ဘူးဘူး။ ဒကာတို့ ဆောက်မည့်ကျောင်းက အနာထပိဏ် ရဲ့ ဇေတ၀န်ကျောင်းထက် သာနေလို့လား။ ဒကာတို့ ကရော အနာထပိဏ် လို သောတာပန် ဒကာတွေလား။ စိတ်ထိန်း စိတ်ထိန်း။ ကိုယ့်ကိစ္စ ကိုယ် ရှင်ုးကပါ။ အဲ ဒီကိုယ်တော်နဲ့ တိုက်ရိုက်ရှင်းပါ။ ဒီပေါ်လာ ပြီး ယောင်္ကျားတန်ပဲ မိစွာတေး လာလုပ်မနေုကပါနဲ့တော့။ ဒီလောက် ဘုန်ုးကီးကောင်း ရချင်လျှင် အဲ ဒီကျောင်းဒကာ တွေထဲက တစ်ယောက်ယောက် ဘုန်ုးကီး ၀တ်ပါလား လို့ နောက်ဆုံး အုကံပေး လိုက်ပါတယ်။

Anonymous said...

အမ.. တစ်ကျောင်းလုံးက သစ်ပင်တွေမှာတောင် အမနာမည် ရေထားတယ်ဆိုတော့ အမက တော်တော် ချောဟန်တူတယ် ဦးပုည စာဆိုနဲ့အညီ.. ”ဘုန်ုးကီုးကိုက်၊ မင်ုးကိုက် ၊ ကာလသားများနဲ့ လုံးလုံးမှ မထိုက်” ဆိုတာလားမှ မသိ။ အမမှာ ပြစရာ ဒီလောက်ရှားသလား။ ကိုရင်တွေ ဦးပဉ္ဖငှ်းတွေကိုပဲ ပြစရာရှိသလား။ ပြည်တွင်းမှာရော ပြည်ပမှာပါ အမကို ကိုရင်တွေက ရွေးပြီး-စတယ်ဆိုတော့ အမက ဘယ်လိုနေ ဘယ်လိုထိုင်သလဲဆိုတာလဲ စိတ်ဝင်စား စရာပင်။

Anonymous said...

ခိုင်... အဲလို အပြစ်ရှိမှန်း သိလျှက်နဲ့ ဘာလို့ ဒီေုက်ာငြာကို တင်ရတာလဲ။ အေုကာင်းရှိလဲ ကိုယ့်အေုကာင်း ကိုယ့်ဟာကိုယ် ရှင်းပေါ့ ဘာလို့ တစ်ကမ္ဘာလုံး သိအောင် မင်းတို့ အထုပ်ကို ဖြေပြနေရ သတုံး။ ပထမ အဲဒီ လုပ်သွားတဲ့ ကိုယ်တော်က မှားတယ် ထားပါဦး ၊ ဒုတိယ ဒကာတို့က မှားတာ။ ဆရာနဲ့ ဒကာကတော့ လိုင်းပေါ်လာ ပြီး အပုပ်ချနေုကတယ်။ န-၀-တ နဲ့ တယ် မထူးလှဘူး။ မြင်ရသူတိုင်း စိတ်ပျက်ုကတယ်။ အဲဒီ ဘုန်ုးကီးနဲ့ တည်ပြီးရှင်းပါတော့ လား။

Anonymous said...

ဘယ်သူ့ဘယ်သူမှ မကယ်နိုင်တဲ့လောကကြီးမှာ
ကိုယ့်ကို ကိုယ်ကောင်းအောင်နေကြဘို့ပဲလိုတယ်။
ဒေဝဒတ်လို သာသနာဖျက်မဖြစ်ကြစေနဲ့။
ခေတ်သစ်ဒေဝဒတ်တွေ များနေတဲ့အထဲ...ကိုယ်မပါအောင်နေ...။

Anonymous said...

အကောင်းအဆိုးဒွန်တွဲနေတဲ့လောကမှာ အကောင်းရှိသလို အဆိုးလည်းရှိတတ်ကြပါတယ် ၊ဆိုးတာတစ်ခုကိုကြည့်ပြီး အကုန်ကိုအဆိုးစာရင်းမထည့်သင့်ကြပေ၊သင့်မသင့်ကိုစဉ်းစားတတ်လို့ လူလို့ခေါ်ပါတယ် ၊ဘုန်းကြီးဆိုလည်းလူကဖြစ်လာတယ်ဆိုတော့ အကောင်းအဆိုးကတော့ရှိနေမှာပါပဲ ၊နှလုံးသွင်းကောင်းမှသာကုသိုလ်ဖြစ်ပါတယ်၊နှလုံသွင်းမကောင်းယင်အကုသိုလ်ဖြစ်တတ်တယ် ၊ကုသိုလ်လိုချင်လို့ ဘုန်းကြီးကိုးကွယ်ကြတာ။ကုသိုလ်မရယင် သီတည်ချက်လမ်းကြောင်းပြောင်းပြီပေါ့။ အရာရာတွင်သတိထားပါ ပညာဖြင့်ကြည့်ပါ၊ဒေါသဖြင့်မကြည့်ပါနဲ့။မှားပြီးယင်နေင်မမှားအောင်ကြိုးစားပါ။

Anonymous said...

အကောင်းအဆိုးဒွန်တွဲနေတဲ့လောကမှာ အကောင်းရှိသလို အဆိုးလည်းရှိတတ်ကြပါတယ် ၊ဆိုးတာတစ်ခုကိုကြည့်ပြီး အကုန်ကိုအဆိုးစာရင်းမထည့်သင့်ကြပေ၊သင့်မသင့်ကိုစဉ်းစားတတ်လို့ လူလို့ခေါ်ပါတယ် ၊ဘုန်းကြီးဆိုလည်းလူကဖြစ်လာတယ်ဆိုတော့ အကောင်းအဆိုးကတော့ရှိနေမှာပါပဲ ၊နှလုံးသွင်းကောင်းမှသာကုသိုလ်ဖြစ်ပါတယ်၊နှလုံသွင်းမကောင်းယင်အကုသိုလ်ဖြစ်တတ်တယ် ၊ကုသိုလ်လိုချင်လို့ ဘုန်းကြီးကိုးကွယ်ကြတာ။ကုသိုလ်မရယင် သီတည်ချက်လမ်းကြောင်းပြောင်းပြီပေါ့။ အရာရာတွင်သတိထားပါ ပညာဖြင့်ကြည့်ပါ၊ဒေါသဖြင့်မကြည့်ပါနဲ့။မှားပြီးယင်နေင်မမှားအောင်ကြိုးစားပါ။