Wednesday 15 July 2009

နအဖ ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် ၁၉ မှာ ထောင်ချဖို့ကြံစည်ခဲ့

Aung San Suu kyi addressing supporters before her house arrest

-ကြပ်ပြေးနေပြည်တော်-

လွန်ခဲ့တဲ့ ၆၂ နှစ် က ဂဠုံဦးစော နှင့် အပေါင်းအပါတွေဟာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အမျိုးသား ခေါင်းဆောင်ကြီး တွေကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ ၆၂ နှစ်ကြာပြီးတဲ့နောက် ဂဠုံသန်းရွှေ နှင့် ဂဠုံ မောင်အေး ဦးဆောင်တဲ့ နအဖ စစ်ကျွန်ပြုကောင်စီဟာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီးကို ဇူလိုင်လ ၁၉ ရက်နေ့မှာပဲ မူလက ထောင်ချဖို့ ကြံစည်ခဲ့ကြတယ်လို့ ကြပ်ပြေး နေပြည်တော်က လာတဲ့ သတင်းအရ သိရပါတယ်။ ဒီကြံစည်မှု ကို ဂဠုံသန်းရွှေ နှင့် ဂဠုံအေး တို့က ဦးဆောင်ပြီး စံနစ်တကျ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့ ကြကြောင်းသိရပါသည်။

အမည်မဖော်လိုသော တပ်မတော်အရာရှိ တစ်ဦးက ဒီကြံစည်မှုတွေမှာ နအဖ စစ်ကျွန်ပြု ကောင်စီမှ ခေါင်းဆောင်တွေ အပြင် သူတို့ရဲ့ ဇနီးသည်တွေ လည်း ပါဝင်ပက်သက်ခဲ့တယ်လို့ ဆိုတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ထင်ပေါ်ကျော်ကြားမှုဟာ သူတို့ရဲ့ ခင်ပွန်း ဗိုလ်ချုပ်တွေ ထက် သာနေတာကြောင့် အမြဲမနာလိုမှုတွေ၊ ရှုံ့ချမှုတွေကို တပ်တွင်းအိမ်ထောင်စုတွေမှာ အမြဲပြောဆိုလေ့ ရှိတယ်လို့ ထိုအရာရှိကြီးတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တပ်မတော်ရဲ့ ဖခင်၊ တပ်မတော်ကို စတင်တည်ထောင်ခဲ့သူ အမျိုးသားခေါင်းဆောင်ကြီး ရဲ့ သမီးကို အကာအကွယ်မပေးတဲ့အပြင်၊ အမြဲဆိုသလိုကြိုတင် ကြံစည် ဖမ်းဆီးချုပ်နှောင်ဖို့ ကျိုးစားနေကြတဲ့ နအဖအကြမ်းဖက် စစ်ခေါင်းဆောင်တွေ ဟာ ဘာကြောင့် ဒေါ်အောင်ဆန်း စုကြည် ကို ထပ်မံ ထောင်သွင်းအချုပ်ကြဖို့ ကျိုးစားနေကြသလဲ ဆိုတာ အဖြေကတော့ ရှင်းပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကို ထောင်ချပြီး၊ ရွှေးကောက်ပွဲ ဥပဒေအရ ထောင်ထွက် တစ်ဦးဟာ ရွေးကောက်ပွဲကို ၀င်ရောက်မယှဉ်နိုင်အောင် ဟန့်တားနိုင်အောင်ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း နေပြည်တော် ကြပ်ပြေး ရပ်ကွက်က လာတဲ့ သတင်းတွေကို သိရှိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က နောက်ဆုံးသက်သေထွက်ဆိုချက်ကို ကြားနာခဲ့တယ်။ မကြာခင်မှာ ဒေါ်အောင်ဆန်း စုကြည်ကို အမြန်ဆုံး ထောင်ချဖို့ အမိန့်ချမှတ်တော့မယ်လို့ သိရှိရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတကာ ကို ပြန်လည်လှည့်စားဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လည်လွတ်ပေးနိုင်တယ်လို့ နေပြည်တော် ကြပ်ပြေးမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်တပ် အသိုင်းအ၀ိုင်းက လာတဲ့ သတင်းအရ ကြားသိရပါတယ်။

2 comments :

ထက်ထက် said...

ဝဋ်လည်ကြပါစေ.မနာလိုဝန်တိုသူတွေ အမြန်ဆုံးဝဋ်လည်မှာပါ.. မိန်းမခိုင်းတိုင်းလုပ်တဲ့ ဦးနှောက်မရှိတဲ့ ယောကျာ်းတွေ ကျဆုံးကြပါစေ..

myochit_myanmar said...

ဟုတ်ပမလား ၁၉ ရက်ကရုံးပိတ်ရက်လေ
နောက်ရက်မှ အမိန်ချမည်ထင်တယ်