Wednesday 15 July 2009

ဗိုလ်ချုပ် အောင်ဆန်းပြောတဲ့ တော်လှန်ရေးသမား သုံးမျိုး

ဗိုလ်ချုပ် အောင်ဆန်း တိုင်းရင်းသားခေါင်းဆောင်များနှင့် အတူ


(ဗိုလ်ချုပ် အောင်ဆန်းပြောတဲ့ တော်လှန်ရေးသမား သုံးမျိုး)


"ကိုဖေခင် ခင်ဗျားကို ကျနော်ပြောစရာရှိတယ်။ တော်လှန်ရေးသမားဆိုတာ သမား သုံးမျိုးသုံစားရှိတယ်။ ခင်ဗျား သိလား။

ပထမ တမျိုးက လက်နက်ကိုင်ပြီးတိုက်ရဲ၊ခိုက်ရဲတယ်။ သတ်ရဲ၊ ဖြတ်ရဲ အသေခံရဲတယ်။

ဒုတိယအမျိုးစားကလက်နက်ကိုင်ပြီးမတိုက်ရဲ မခိုက်ရဲ ။ မသတ်ရဲ။ မဖြတ်ရဲဘူး။ အသေလဲမခံရဲဘူး။ ဒါပေမဲ့ တရွာဝင်တရွာထွက် အပင်ပန်းခံအဆင်းရဲခံပြီး စည်းရုံးရေးလုပ်နိင်တယ်။ စားစရာရရင်စား၊ မရရင်မစားဘဲ ဇွဲနှဘဲ နဲ့ အငတ်ခံနိင်တယ်။

တတိယအမျိုးစားက တိုက်လည်းမတိုက်ရဲ အသေလည်းမခံရဲ အပင်ပန်းအဆင်းရဲ အငတ်အပြတ်လည်း မခံနိင်ဘူး။ ခတ်ကျော့ကျော့လေးဝတ်စား ပြီး ဦးဏှောက်သုံးပြီး တိုင်းပြည်အတွက် ဘာလုပ်ပေးရမလဲ လုပ်ပေးနိင်တယ်ဆိုတဲ့လူစားမျိုး ဖြစ်တယ်။ ခင်ဗျား က အဲဒီအမျိုးအစားထဲမှာပါတယ်။ ခင်ဗျားကို ကျူပ်တာဝန် ပေးစရာရှိတယ်။"

(မဟာသရေစည်သူ ဦးဖေခင်- ကိုယ်တွေ့ပင်လုံ စာအုပ်မှ) ဗိုလ်ချုပ်က တော်လှန်ရေးကာလမှာ ဖဆပလဌာနချုပ်မှာ အသစ်ဖွင့်တဲ့ နိင်ခြားဒေသဌာနခွဲ အတွင်းရေးမှုအဖြစ်တာဝန်ပေးဖို့ ဦးဖေခင်ကို စည်းရုံးနေပုံဖြစ်တယ်။

ပေးပို့သူ- ကိုဇော်ဝင်း ( နယူးယောက်မြို့ )

2 comments :

ငုဝါ said...

သဘောကျတယ်ရှင် တကယ်ပဲ ရှိတယ်လေ ဒါပေမဲ့ သေချာတာကောင်းမယ် နော် နို့မိုအချိန်ကုန် ငွေကုန်တယ်လေ

Nge Naing said...

ဒီပို့စ်ကို ကူးယူသွားပါတယ်။
ကျေးဇူးအထူး တင်ပါတယ်။