Thursday 22 September 2011

ဈေးကွက်အတု တောင် ဒီလောက်ပျော် - လူတိုင်းကားသွင်းခွင့်ရလျင် ပိုပျော်ရမည်။

  ကျနော်တို့ ငယ်ငယ်က ဆေးတုတွေကိုဖမ်း တော့မယ်ဆိုတဲ့အကြောင်းသတင်းစာထဲမှာကြေညာချက်ထွက်
လာတော့ ကာတွန်းဆရာတယောက်က နောက်တယ်။ သူကာတွန်းထဲမှာ လူမမာကို တယောက်က ဆေးတုတွေဖမ်းတော့မယ်ကွ လို့ ဖတ်ပြတော့ လူမမာက အိပ်ရာထဲကနေ အတုလေးနဲ့ အသက်ဆက်နေရတာ လို့ ငြီးတဲ့ပုံပေါ့။  အခုလည်း ဒေါ်စုက တကယ်ပြောင်းနေပါပြီပြောတယ်။ 
သိန်းစိန်ကလည်း ပြောင်းပြီပြောတယ်။  လူတွေကတော့ငြီးတွားနေတုံးပါ။ လွတ်လပ်မှုတွေဆိပ်သုဉ်းနေတုံးပါ။
ဒါပေမဲ့ လွန်ခဲ့တဲ့ အပတ်က ကားဟောင်းရှိသူတွေကားသစ်သွင်းခွင့်ပေးမယ်လို့ ကြေညာချက်ထွက်တယ်။ 
ဒီသတင်းကြားတော့ သန်းရွှေသားထွန်းနိင်ရွှေတို့ လိုခရိုနီတွေက မပျော်ဘူးလို့ ပြောတယ်။. ကားတစီးကိုသိန်း ၅၀၀ လောက်ရှုံးသွားတယ်လို့ ကြားတယ်။   သူက ကားသွင်းခွင့်လိုင်စင်ကို လ က်ဝါးကြီးအုပ်လုပ်ကိုင်လာတာ ဆယ်စုနှစ်ကျော်ပြီ ကိုး။

ကားဈေးကွက်ကိုလက်ဝါးကြီးအုပ်ထားတာကို သိန်းစိန်အစိုးရက 
ကားသွင်းခွင့်ကို ကားဟောင်းရှိသူတွေကိုကားသွင်းခွင့်ပြုတယ်လို့ အမိန့် ထုတ်လိုက်တော့  မတ်တူးလိုကားက တစီးကို သိန်း ၁ထောင်ကျော်ရှိရာကနေ သိန်း ၆၀၀ ကိုကျသွားတယ်လို့ ဆိုတယ်။ ကားရောင်းကျွမ်းကျင်တဲ့ပညာရှင်တဦးရဲ့  အဆိုအရ ဒီအမိန် အတိုင်း ဆက်တည်နေမယ်ဆိုရင်မတှ်ိတူးဟာ
သိန်း ၃၀၀ အထိကျသွားမယ်ဆိုတယ်။ 

ကားတင်သွင်းခွင့် ကို လက်ဝါးကြီးလုပ်ထားရာက တစိတ်တပိုင်း လွတ်လပ်ခွင့်ပေးလိုက်ရုံနဲ့ တောင် 
ကားဈေးကျသွားတယ်။ လူတွေပျော်ကြတယ်။  ဒါက တကယ်ကို တခါးဖွင့်ဈေးကွက်စီးပွားရေးစနစ် အစစ်မဟုတ်သေးဘူး။ အတုအယောင် ဈေးကွက်စီးပွားရေးလေးမျှတောင်လူထုကို အကျိုးပြုခဲ့တယ်ဆိုရင်
တကယ် ဈေးကွက်စီးပွားရေးစနစ်အစစ်ဆိုရင် ပြည်သူတွေဘယ်လောက်သက်သာချောင်ချိလာမလဲ။ 
 ကားသွင်းခွင့်ကိုလူတိုင်း ဘာဖြစ်လို့ မရသင့်သလဲ။ တကယ်ဒီမိုကရေစီစနစ် အစစ်အမှန်သာကျင့်သုံးခွင့်ရမယ်ဆိုရင် တိုင်းပြည်နဲ့ လူထုအတွက် ဘယ်လောက်အကျိုးရှိစေမလဲ ။စဉ်းစားသာကြည့်ပေတော့ဗျာ။ 


5 comments :

Anonymous said...

လူတိုင်းကားသွင်းခွင့် ရဘို့ တကယ်လိုအပ်လို့လား။ နိုင်ငံထဲမှာ ကားတွေပုံလာပြီး ဒေါ်လာတွေ ထွက်ကုန်ရင် ဘာဖြစ်လာမယ်ဆိုတာတွေးကြည့်သင့်တယ်။ နောက်ဆက်တွဲ ကပ်ပါလာမဲ့ လမ်းတံတားပိတ်ဆို့တဲ့ပြသနာ။ နိုင်ငံခြားငွေ အလဟသ ယိုစီးမှုပြသနာ။ လောင်စာဆီပြသနာ။ လေထုညစ်ညမ်းမှုပြသနာ။ စတာတွေက ကားတစ်စီး ၀ယ်တဲ့နောက်မှာ ကပ်ပါလာတယ်။ အိမ်တစ်အိမ်မှာ လိုအပ်တာနဲ့ လိုချင်တာကို ခွဲခြား စိစစ်ရသလိုဘဲ နိုင်ငံအဆင့်နဲ့ဆိုရင် ပိုပြီး အရေးကြီးတယ်ဗျ

Anonymous said...

တချိန်တည်းမှာပဲ အဲဒီ အပြောင်းအလဲအတွက် မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိတယ်လို့ ပြောပြီး အခုအချိန်ဟာ အလွန်သိမ်မွေ့တဲ့ အဆင့်တခုမှာ ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ညှိနှိုင်းကြတဲ့ နေရာမှာ ကိုယ့်ဘက်က ရလိုတာသက်သက် မကြည့်ရဘဲ တဘက်ရဲ့ လိုလားချက်ကိုလည်း ပေးရတဲ့အပိုင်း ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
အပြောင်းအလဲတော့မြင်နေပြီ။ ဒေါ်စုက 40% ရလဲရသလောက်ယူမှာပဲ။ ကျန်တဲ့ 60%ကသူတို့လုံခြုံမှု့အတွက်ထွက်ပေါက်ပေးရမယ်။ ဒါတောင်အဖိုးကြီးပေးလို့ရတာ။ မပေးရင်ဒေါ်စုဘာမှမလုပ်တက်တော့ဘူး။ ရှေ့ဆက်ပြီင်္းသေသည့်တိုင်အောင်စကားပြောပါရစေလို့ဆက်အော်နေအုံးမှာပဲ။ ဘာမှမလုပ်တက်တော့လို့သူပြောတဲ့စကားကိုသာကြည့်တော့။
အပြောင်းလဲလိုချင်ရင်ကိုယ်တိုင်လုပ်။
ကျွန်မတစ်ယောက်တည်းလုပ်လို့မရဘူး။
ရှင်ကတော့ဘာလုပ်လို့လဲ။
အခုဒီကိတ်စကိုသူတစ်ယောက်တည်းလုပ်လိမ့်မယ်။ပါတီတွင်းမှာမဲခွဲဆုံးဖြတ်မှာမဟုတ်ဘူး။သူလဲအာဏာရှင်ပဲ။

Anonymous said...

လူတိုင်းကားသွင်းခွင့် ရဘို့ တကယ်လိုအပ်လို့လား။ ဆိုတဲ့ ငနဲ သို့ ..

မင်းတို့ ပထွေးတွေ ပြောပြောနေတဲ့ ထိုင်းနိုင်ငံကိုဘဲ ကြည့်လိုက်ပါဦး ... ကားတွေ ပေါတယ် ပေါသလောက် အစိုးရက မိုးပျံတံတာတွေ ဆောက်ပေးတယ် ..မင်းပြောတဲ့ နောက်ဆက်တွဲ ပြဿနာဆိုတာ အစိုးရ ဆိုတဲ့လူတွေရဲ့ ပြည်သူပေါ်ထားတဲ့ သဘောထားပေါ်မှာ မူတည်တယ်ဆိုတာ မင်း သဘောပေါက်အောင်ကြိုးစားပါ .. ခု ပြောထားတာ ထိုင်းနိုင်ငံ တစ်ခုတည်းဘဲ ရှိသေးတယ်နော် ... ထိုင်းဆိုတဲ့ ကောင်တွေ အောင်ဇေယျ ၀ါးရင်းတုတ်နဲ့ကို ဆော်ထားတာ ဆိုတဲ့ လူမျိုးတွေလေ .. ခု သူတို့ဆီမှာ မင်း အစ်မ ညီမ အပါအ၀င် မြန်မာနိုင်ငံက ဒုက္ခသည်တွေ အလုပ်သမားတွေ ဘယ်လောက်တောင် ရောက်နေပြီလဲ ..

Anonymous said...

dear ko moe thee,
i respect to u so many yrs ready,but now u can`t support to democracy.what thing now u do?u want to to take care to ur family,u forget to democracy.becu r not reallay democracy`s man.

Anonymous said...

ha ha ha,dear MOE THEE ZON, i also 8888 supporter.now what u doing?i don`t want to believe to u now.u r selfishman.
pls what is ur target?