Wednesday, 17 August 2011
ဦးသိန်းစိန်မိန့် ခွန်းအပေါ် ကိုမိုးသီးရဲ့ အမြင်များ
နေသစ်- ကိုမိုးသီးခင်ဗျား ဦးသိန်းစိန် အစိုးရက ၈၈ နောက်ပိုင်းတိုင်း ပြည်ကထွက်သွားသူတွေကို ပြန်လာကြပါ။တော်ရုံတန်ရုံအပြစ်ရှိသူတွေကိုခွင့်လွတ်တယ်လို့ ဆိုလာတာတွေရှိတယ်။ သူမိန့် ခွန်းကိုဘယ်လို့ မြင်ပါသလဲ။
မိုးသီး-  ဦးသိန်းစိန်က ပြောတာကို ကျနော်တို့ သဘောထားမပြောခင်မှာသမိုင်းကြောင်းတချို့ ကို ပြန်ပြီး ဆွေးနွေးပေးခြင်တယ်။ ဒီလိုမျိုးကို ဗိုလ်ချုပ်စောမောင်လက်ထက်၊ ဗိုလ်ချုပ်ခင်ညွန့် တို့ လက်ထက်ကလည်းပြောခဲ့ကြတယ်။ ကျောင်းသားတွေပြန်လာပါ။ ကိုယ်မိဘအိမ်ကိုကိုယ်ပြန်လာသလိုသဘောထားပါ။  ဒီတချို့ ကျောင်းသားတွေဟာ ပြန်ကြတယ်။ နောက်တော့ ပြန်သွားတဲ့သူတွေဟာ သမိုင်းကွေးတာပေါ့ဗျာ။
၁၉၉၃ ခုနစ်လောက်မှာ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်ပေါ့။ သူက ကျနော်တို့ ဖက်ကိုအသံပြစ်လိုက်တယ်။  တိုင်းရင်းသားတွေပြန်လာပါ။  နိင်ငံတော်နဲ့လက်တွဲပြီး ဒေသဖွင့်ဖြိုးရေး ပူးတွဲလုပ်ကြမယ်။ နိင်ငံရေးကိစ္စတွေကို နောက်တက်လာတဲ့အစိုးရနဲ့ ပြောပါ။ ကိုယ်နယ်မြေကိုယ်ထိမ်းထား၊ကိုယ်လက်နက်ကိုယ်ကိုင်ထား စသဖြင့်။  ဒီတုံးက ကျနော်က ဒီအေဘီမှာ အတွင်းရေးမှုးတယောက်ပါ။ မလုပ်ပါနဲ့ ။မဖြစ်နိင်သေးပါဘူး အစည်းဝေးမှာကန့် ကွက်တယ်။ ပြောမယ်ဆိုရင်လည်း တပ်ပေါင်းစုနဲ့ ပြောပါ။ တတိယနိင်ငံတခုခုမှာပြောပါ စသဖြင့် တွေ့ ဆုံဆွေးနွေးရေးမှုတွေက်ုချမှတ်ကြတယ်။  ကာတာဖေါင်ဒေးရှင်းကကြားဝင်ဆောင်ရွက်ပေးလာတယ်။
အရင်တုံးကမရဘူးသေးတဲ့အခွင့်အရေးတွေပဲဆိုပြီး သူတို့ ပါသွားကြတယ်။ ၂၀၁၁ မှာတော့ တော်တော်ပြန်လာကြတယ်။ အလုပ်မဖြစ်ဘူးပေါ့။ ကချင်ကဆိုရင် စစ်အစိုးရလက်အောက်မှာငြိမ်းချမ်းရေးမရနိင်တော့ဘူး ဖြစ်လာတယ်။  
ဒီတော့ ပြန်ပြီး သတ္တုချကြည့်ရင်
၁- ဒေသဖွင့်ဖြိုးရေးလည်းဖြစ်မလာဘူး။ စစ်ပဲပြန်ဖြစ်တယ်။
၂- ဗိုလ်ချုပ်ကြီးစောမောင်အလုပ်ကြံခံရတယ်။ ဗိုလ်ချုပ်ခင်ညွန် အထိမ်းသိမ်းခံရတယ်။  ပြန်သွားတဲ့ကျောင်းသားတွေဘာဖြစ်လဲ။ တချို့ ပြန်ထွက်ပြေးလာကြတယ်။ အမြီးပြတ်ခံရတဲ့သူတွေ လို ဆက်ဆံခံရတယ်။ 
အခုတခါ က ဦးသိန်းစိန် က  ၈၈ နောက်ပိုင်းပြည်ပနိင်ငံတွေကိုထွက်သွားတဲ့သူတွေပြန်လာကြ။ တိုင်းပြည်ဖွင့်ဖြိုးရေးကိုအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ကြ။ တော်ရုံတန်ရုံအပြစ်တွေကိုခွင့်လွတ်တယ် လို့ ဆိုတယ်။
အခုကာလ က ဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးသိန်းစိန်အစိုးရစကားပြောနေတဲ့ကာလ ဟုတ်။ ဒီ ကမ်းလှမ်းမှုကရုတ်တရက်ကြည့်ရင်  ဟုတ်သလိုလိုပေါ့။ ဒါပေမဲ့ဒီကမ်းလှမ်းချက်က ဒေါ်စုကို မသိမသာနဲ့  အဆင့်နိမ့်ချမှု (   Down-Grade ) လိုက်တာ ကျနော်မြင်တယ်။  ဒေါ်စုနဲ့  စစ်အစိုးရစကားပြောနေတာကို နောက်ကစားသမား (   Player)  တခုကိုထည့်လိုက်တဲ့သဘောဖြစ်ပါတယ်။ ဒီကမ်းလှမ်းချက်ကလည်း  ဒေါ်စုနဲ့ သဘောတူညီထားတဲ့ ၄ ချက်ထက် ဈေးပိုပေးထားတာကိုတွေ့ ရပါတယ်။
ဒေါ်စုနဲ့ ရထားတဲ့သဘောတူညီချက်တွေကိုကြည့်ရင် နိင်ငံတော်နဲ့ ပူးပေါင်းလုပ်ရမယ်။ ဆူဆူပူပူမလုပ်ရဆိုတာမျိုးဖြစ်ပြီး ၈၈ နောက်ပိုင်းပြည်ပကိုထွက်သူတွေကြတော့ ပြန်လာကြ။ တော်ရုံတန်ရုံအပြစ် ( လူသတ်မှုတို့ ဘာတို့ )  ဆိုရင်ခွင့်လွတ်မယ်။ အဓိပါယ်က  ကြိုတင်သတ်မှတ်ချက်တောင်မထားဘူး။ ဒါကြောင့် ကျနော်မြင်တာက ဒီကွာဟမှုကိုမြင်နေတယ်။
နောက်တချက်က စစ်အစိုးရရဲ့ လုပ်ဆောင်မှု အခြေ (    Resume )  ကိုကြည့်ရအောင်
၁- ၁၉၉၀ - ဒေါ်စု ကိုဖမ်းတဲ့အချိန် - မနပုလောကိုထိုးစစ်အလုံးအရင်းလုပ်တယ်။
၂- ၁၉၉၅ - မနပုလောကျသွားတဲ့အချိန် ( ကျနော်စိတ်ထင် ၁ လခန့် ) ဒေါ်စုကိုပထမဆုံးအကြိမ်ပြန်လွတ်တယ်။
၃- ၁၉၉၆-တိုင်းရင်းသားတွေနဲ့ စကားပြောတဲ့အချိန် သဘောတူညီမှုတွေရသွားတဲ့ ဒေါ်စုကိုပြန်ဖမ်းပြီးထည့်တယ်။
၎- ၂၀၀၄ ခုနစ် မင်းကိုနိင်တို့ ကိုလွတ် ဒေါ်စုကိုဖမ်း
၅- ၂၀၁၀- ခုနစ် မင်းကိုနိင်တို့ ကိုဖမ်း ပြီး နောက် ဒေါ်စုကိုပြန်လွတ်
၆- ၂၀၁၁- ဒေါ်စုကိုလွတ်ပြီးနောက် ကချင်၊ကရင်နဲ့ ရှမ်းကို စစ်ဆင်ရေးလုပ် ။
၇-  ၂၀၁၁- ဒေါ်စုနဲ့ ပြော၊ မင်းကိုနိင်တို့ ကိုဖမ်း၊တိုင်းရင်းသားတွေကိုဖမ်း၊ ၈၈ ပြည်ပတွေကို ကမ်းလှမ်း။
နောက်တခုက အမေရိကန် အစိုးရက ပိတ်စို့ ထားတဲ့ စီးပွားရေးပိတ်စို့ မှုကို သူတို့ ရုတ်သိမ်းစေခြင်နေတယ် ။ ဒီတော့ ဗီယက်နမ် ပုံစံပေါ့။ ဗီယက်နမ်ကို စီးပွားရေးပိတ်စို့ တဲ့ မရပ်ခင်မှာ ဗီယက်နမ် အစိုးရက အမေရိကန်ရောက်ဗီယက်နမ်တွေကို ပြန်လာနိင်အောင်လမ်းစဖွင့်ပေးတဲ့သဘောပေါ့။   ကန်ဘောဒီယားဟွန်ဆင်အစိုးရလည်း အမေရိကန်ရောက် ကန်ဘောဒီယားတွေပြန်လာဖို့  ဦးစားပေးလုပ်
နိင်ခဲ့တယ်။ ဒါတွေကလည်း နိင်ငံတကာဖိအားပေးမှုတွေကို တော်တော်လျော့ကျစေနိင်ခဲ့ပါတယ်။ 
အခုလည်း ဦးသိန်းစိန်အစိုးရက နိင်ငံတကာရောက်မြန်မာ တွေကို ပြန်လာစေချင်ပုံရှိတယ်။ အမေရိကန်
နဲ့ဥေ၇ာပ က ဖိအားပေးမှုတွေလျောကျစေချင်နေတယ်လို့  ယူဆတယ်။
နေသစ်- ဒီတော့ ဘယ်လို အခြေအနေမျိုးမှာ လူတွေကသံသယတွေကင်းနိင်မလဲ  ။
မိုးသီး- မင်းကိုနိင်နဲ့  ၈၈ မျိုးဆက်တွေ နိင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးဖို့ လိုတယ်။ တိုင်းရင်းသားဒေသတွေကိုလုပ်နေတဲ့ ထိုးစစ်တွေကိုရပ်ဖို့ လိုတယ်။ ဒါကသဘောရိုးနဲ့ပြောတာပါ။ ကျနော်တို့ တိုင်းပြည်ဟာသိပ်ကိုဒုက္ခရောက်နေပြီ။ အားလုံးစုပေါင်းညီညွတ်မှုနဲ့ ပြန်လည်တည်ဆောက်ရေး တွေကိုလုပ်ဆောင်ဖို့ အချိန်ကြနေပြီ။ သဘောထားရိုးပါလို့ တိုက်တွန်းခြင်တယ်။  ဦးနုပြောတဲ့သပုန်းချေရေးမှုကို ဒီနေရာမှာ ကျနော်တို့ အလေးအနက်စဉ်းစားဖို့ လိုတယ်။
မင်းကိုနိင်နဲ့  ၈၈မျိုးဆက်တွေကိုအနည်းဆုံးတော့ရန်ကုန်ကို ပြန်ခေါ်ပါ။ တနေရာမှာဆုံတွေ့ ခွင့်ပြုပါ။ သူတို့ ဟာအစိုးရနဲ့ လက်တွဲပြီး တိုင်းပြည်တည်ဆောက်နိင်ဖို့  ဆန္ဒရှိသူတွေပါ။ သူတို့ ဟာ အကြောင်းမဲဆူပူမှုလုပ်မဲ့သူတွေမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးသမားတွေပါ။ 
 နေသစ်- ဦးသိန်းစိန်က ဒီလိုကြေညာမှုတွေလုပ်လာတာက ဗိုလ်ချုပ်ခင်ညွန့် လက်ထက်တုံးကလိုပဲ
သူဟာ တကယ်ပြုပြင်ပြောင်းလဲလို တဲ့ဆန္ဒရောမရှိနိင်ဘူးလား။ ကျနော်တို့ လေ့လာရသလောက်ဗိုလ်ချုပ်ခင်ညွန့် လက်ထက်တုံးကလဲ  ဒီမိုကရေစီအင်အားစုတွေနဲ့  တွေ့ ဆုံဖို့ ကမ်းလှမ်းဖို့ ဆန္ဒတွေရှိခဲ့ပေမဲ့တပ်ထဲက အမာလိုင်းတွေကိုသူမကျော်နိင်ဘူးဖြစ်သွားတယ်လို့ လေ့လာမိတယ်။ ခင်ဗျားဘယ်လို့ သဘောထားသလဲ
အစိုးရထဲမှာ ကျနော်တို့ လေ့လာမိရသလောက် အုပ်စုနစ်ခုအားပြိုင်မှုတော့တော့ကိုကြီးနေပါတယ်။
ဦးသိန်းစိန်၊ ဦးရွေမန်း၊ ဦးအောင်မင်း ခေါင်းဆောင်တဲ့အုပ်စု၊ နောက်သူတို့ ဖက်ကို ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်က ကူးပြောင်းလာတယ်။ ပိုပြီးနီးစပ်လာတယ်လို့ သတင်းရပါတယ်။ လတ်တလောမှာ အစိုးရအဖွဲ့ အတွင်းသဘောထားကွဲလွဲမှုတွေ၊ပေါ်လစီပိုင်းဆိုင်ရာထိပ်တိုက်ရင်ဆိုင်မှုတွေရှိနေတယ်။
၁-ဧရာဝတီမြစ်ဆုံမှာဆည်တည်ဆောက်တဲ့ကိစ္စ၊ ဦးသိန်းစိန်က သဘောမတူခြင်ဘူး။ ဦးတင်အောင့်ဦး ဦးဆောင်တဲ့လေးဦးဂိုဏ်းကို စိတ်ကုန်နေတယ်။ စိတ်ပျက်နေတယ်။ ဦးတင်အောင်မြင့်ဦးမှာတာဝန်ရှိတယ်လို့ ယူဆတယ်။
၂- ဦးသိန်းစိန်က ဗဟိုဘဏ်ကို ဘဏ်ဌာရေ၀န်ကြီးဌာနအောက်ခွဲထုတ်ခြင်တယ်။ လွတ်လပ်တဲ့ အင်စတီကျူးရှင်းတခုလို ထားခြင်တယ်။ ဒါပေမဲ့ တင်အောင်မြင့်ဦးက လက်မခံခြင်ဘူး။ 
၃-  သတင်းစာတွေမှာ ကျော်ဆန်းရေးတဲ့သတင်းစာဆောင်းပါးတွေကိုမကြိုက်ဘူး ။ အစိုးရအာဘော်တွေလိုထင်မှာစိုးတယ်။လူထုအညိုအညင်ခံနေရတာကိုစိတ်ပျက်နေတယ်။
၎- အစိုးရအတွင်း ဆုံးဖြတ်ချက်တွေကို ကာလုံကပြန်ပြင်နေတာတွေကို ဦးသိန်းစိန်ကသည်းမခံနိင်တော့ပဲ လေးဦးဂိုဏ်းကိုပိုဆန်ကျင်လာတော့  အောက်ခြေ၀န်ထမ်းတွေကပါအားတက်လာကြတယ်။ အစိုးရအဖွဲ အတွင်းဦးသိန်းစိန်ကိုပိုပြီါ်ဝိုင်းရံလာတယ်။
၅- ဦးသန်းရွှေရဲ့ အခန်းကဏ ဒါကကျနော်ယူဆချက်ပါ။  သူကသူမိသားစုလုံခြုံရေးကလွဲလို တိုင်းပြည်နေစဉ်ကိစ္စတွေကိုစိတ်မ၀င်စားတော့ဘူးလို့ ယူဆတယ်။ တင်အောင်မြင့်ဦးဂိုဏ်းကိုသိပ်ပြီး ကျောထောက်နောက်ခံမပြုတော့ဘူးလို့ ယူဆပါတယ်။ 
၆- ဒါကြောင့် ဒီ၃ ပတ်လောက်မှာ တင်အောင်မြင့်ဦးရဲ့  ၄ ဦးဂိုဏ်းက အားပျော့လာတာတွေ့ ရတယ်။
နေသစ်- ဒီတော့ ကျနော်တို့  ရဲ ဗျူဟာကဘာဖြစ်သင့်လဲ 
မိုးသီး- ဦးသိန်းစိန် ကိုတကယ်ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ဖို့ တိုက်တွန်းသင့်တယ်။ ဒေါ်စု၊မင်းကိုနိင်တို့ နဲ့ ယုံယုံကြည်ကြည်လက်တွဲလုပ်ဖို့ တိုက်တွန်းသင့်တယ်။ တယောက်ကိုဖမ်း၊တယောက်ကိုလွတ်၊ တဖွဲ့ ကိုတိုက်တဖွဲ့ ကိုငြိမ်းချမ်းရေးကမ်းလှမ်း ခွဲခြားဆက်ဆံတဲ့နည်း (  divide and rule)
 တိုင်းရင်းသားတွေနဲ့ အပြစ်အခတ်ရပ်စဲရေးကိုတပြည်လုံးအတိုင်းအတာနဲ့ လုပ်ဖို့  တိုက်တွန်းသင့်တယ်။ သူဒါတွေလုပ်နိင်ရင်သူဟာ ဖိလစ်ပိုင်နိင်ငံက ဗိုလ်ခှုပ်ကြီး ရားမိုစ်လို  ဖြစ်လာမယ်။
ဗိုလ်ချုပ်ခင်ညွန့် တုံးက ဒီလိုအခွင့်အရေးတကြိမ်ရခဲ့ပါတယ်။ ဒါပေမဲ့သူနဲ့သူအဖွဲ့ နိင်ငံရေးအကျဉ်းသားတွေကို ရက်ရက်စက်စက်လုပ်ခဲ့တယ်။ ကာကွယ်မပေးခဲ့ဘူး။ သူတို့ ရဲ့ အင်အားတခုလို့ မသတ်မှတ်ခဲ့ဘူး။  အချိန်ဆွဲလွန်းတယ်။ နောက်တခုက ကိုယ်ကျိုးတွေပါခဲ့တယ်။ ဒါကြောင့်သူပြုပြင်ပြောင်းလဲဖို့ ကြိုးစားပေမဲ့မအောင်မြင်ဘူး။အချိန်နှောင်းသွားတယ်။
7 comments:
  1. ထောက်ခံသူ17 August 2011 at 14:43
    ကိုမိုးသီးပြောတာ မှန်တယ်
    ကိုမင်းကိုနိုင်တို့ အုပ်စုအားလုံးကို ပြန်လွှတ်ဖို့လိုတယ်.
    တိုင်းပြည်ကောင်းစားဖို့ အမှန်တကယ်လိုလားမယ်ဆိုရင် အားလုံးစည်းလုံးညီညွတ်စွာ ကိုယ်ကျိုးမဖက် လုပ်ဆောင်သင့်ပါတယ်။
    နိုင်ငံရေးနှင့် အကျဉ်းကျခံနေရသူအားလုံးကို အရင်ဆုံးလွှတ်ပေးသင့်ပါတယ်။ ကိုယ့်သမိုင်းကြောင်း ကိုယ်လှအောင် ရေးသင့်နေပါပြီ။ အသက်တွေလည်း မငယ်ကြတော့ပါဘူး။
    ဧရာဝတီကိစ္စကိုလည်း အနုနည်းနဲ့ မရရင် အကြမ်းဖက်ပြီး မလုပ်ဖြစ်အောင် တွန်းအားပေးသင့်ပါတယ်။
    ReplyDelete
  2. if they can forgive all political activists in oversea as they said ... why can't they release all political prisoners in Burma first ....
    ReplyDelete
  3. ကိုမိုးသီးဇွန် ဆိုတာဒါပဲဆိုတာ အင်တာဗျူး က ဖေါ်ပြ နေပါတယ်.. တစ်ခါတစ်လေမှာ ဘလောဂ့်မှာ တက် ရေးတဲ့သူတွေရဲ့ ပေါကြောင်ကြောင်စာသားတွေ ကြောင့် ဘလောဂ့်တာဝန်ခံ ကိုမိုးသီး အဆဲခံရတယ်.. တကယ်တော့ ကိုမိုးသီးဇွန် က တကယ့်နိုင်ငံရေး အမျှော် အမြင်ရှိတဲ့ နိုင်ငံရေးသမားစစ်စစ်ပါ.. အင်္ဂလန် အရေးအခင်းမှာ နိုင်ငံရေးသမားအချို့ နှုတ်ပိတ် နေချိန် မှာ ကိုမိုးသီး အဖြစ်မှန်ကို ရဲရဲဝံ၀ံ တင်ပြသွားတယ်..
    ကျွန်တော်မှတ်မိသေးတယ်.. ထလရ အဖွဲ့မဖျက်ခင် အထိ စစ်အစိုးရ ကို ကိုင်လှုပ်တဲ့သူ သုံးယောက်ရှိဘူး တယ်.. ထလရ ရဲ့ အဓိက ပစ်မှတ် သုံးယောက်ရှိဘူး တယ်.. အဲဒီသူတွေက ပြည်တွင်းက ဒေါ်အောင်ဆန်း စုကြည်.. ပြည်ပက ကိုမိုးသီးဇွန် နဲ့ ပြည်သစ်ညွန့်ဝေ (ခ) ဦးမောင်မောင်.. ကျွန်တော်ကိုယ်တိုင် လိုက်ခဲ့ရတာ..
    ကိုမိုးသီး အာပလာမဟုတ်ပါ.. အနာဂတ်အတွက် တန်ဘိုးရှိတဲ့ ခေါင်းဆောင်ပါ..
    လေးစားလျက်..
    ထလရ ဟောင်း
    ReplyDelete
  4. လေးစားတယ်လေးစားတယ် ။ ကိုမိုးသီးကို ကျွန်တော်လည်းလေးစားတယ်။
    ထလရဟောင်း ၂
    ReplyDelete
  5. တွေ့ပြီလား ကိုမိုးသီး သူများပြောတဲ့ ခင်ဗျားရဲ့ အစဉ်အလာနဲ့၊ ဆန့်ကျင်ဘက်တွေကတောင် အသိအမှတ်ပြု ထားတဲ့ ခင်ဗျားတန်ဘိုး။ ခင်ဗျားကိုယ်တိုင် ဒါတွေမြောင်းထဲသွန်ပစ် သလို မဖြစ်ရအောင် အပြောအဆို အနေအထိုင်နဲ့ တခါတခါ တောယမ်းမယ်ဘွဲ့လုပ်တာမျိုးတွေ ဆင်ခြင်စမ်းပါဗျာ။
    (ပါလ)
    ReplyDelete
  6. we left from home to get freedom for country since 88888.why we have to go back home without democracy.Shame for us.we will never go back home with empty hand.
    we r 8888 heros.
    Swhe Tee(8888)
    ReplyDelete
  7. သုံးသပ်ချက် အ၇မ်းကောင်းတယ်။
    ဦးနေဝင်း တက်ခါစ ခေါ်တုန်းက အကြောင်းပါ နိုင်းယှဉ်းချက်တွေ နဲ့ ထပ်မံဆွေးနွေးပေးစေချင်ပါတယ်..
    လေးစားစွာဖြင့်
    ReplyDelete