Wednesday, 10 August 2011

စစ်တပ်ထဲက ဖြုတ်ထုတ်သတ်ပွဲ အရှိန်ပြင်းထန်နေပြီ

                             ( ဥက္ကာအေး- ဗိုလ်မှုး ဆိုပေမဲ့ စစ်မတိုက်ဘူးဘူး လို့ သိရတယ်။ ) 

ဗိုလ်ချုပ်တင်အေး ရဲ့ သား ဗိုလ်မှုးဥက္ကာအေးကို ရာထူးကနေထုတ်လိုက်ပြီလို့ သတင်းရပါတယ်။ 
တင်အေးဟာ သန်းရွှေရဲ့ လူယုံတဦးဖြစ်တယ်။ ဥက္ကာအေးကို စစ်ဦးစီးချုပ်ရုံးက တာဝန်ကနေအနားပေးလိုက်ပြီလို့  တရားဝင်စာကိုခေါ်ပေးလိုက်တော့ ဥက္ကာအေးဟာ ကြက်သေသေသွားတယ်လို့ ဆိုပါတယ်။ ဘာအပြစ်ရှိလို့ ဖြုတ်တာလဲလို့  ပြန်မေးတယ်၊ ဒေါသအလွန်ထွက်နေတယ်လို့  ဆိုပါတယ်။ 

ဥက္ကာအေးဟာလဲ လက်ဇောင်းထက်သူတဦးဖြစ်ပါတယ် ။ လာဘ်စားတယ်။ မယားငယ် ၄ ယောက်ရှိတယ်လို့ သိတရတယ်။  ဆိုင်ကယ်တစီးနဲ့ ရှုပ်နေတယ်။ သူစစ်မှုထမ်းဘ၀မှာ အခက်ခဲဆုံးလုပ်ခဲ့တာကတော့၂၀၀၇ခုနစ်မှာ  ရွှေတိရံဘုရားလုံခြုံရေးကိုယူခဲ့ရတယ်။ သန်းရွှေနဲ့နီးစပ်တဲ့အတွက်တပ်ထဲမှာအလွန်စွာသူတဦးလို့  နာမည်ထွက်နေသူဖြစ်တယ်။  

အခြေအနေတွေကိုကြည့်ရတာ မင်းအောင်လှိုင်ကို သန်းရွှေက လုပ်ပိုင်ခွင်ပေးထားပြီး တယောက်ပြီးတယောက်ကိုရှင်းခိုင်းနေတဲ့သဘောလား မင်းအောင်လှိုင်ကပဲ သန်းရွှေလက်တန်တွေကိုရိုက်ချိုးပြီးအာဏာကိုစတင်တည်ဆောက်နေတာလားလို့  
သန်းရွှေခေတ်တုံးကလဲဦးနေ၀င်းနဲ့နီးစပ်တဲ့သူမှန်သမျှကိုဖြုတ်ထုတ်သတ်လုပ်ပြီးသူသြဇာကိုတည်ဆောက်ခဲ့သလိုပေါ့လို့  
အမည်မဖေါ်လိုတဲ့  နေပြည်တော်ရပ်ကွက်နဲ့နီးစပ်သူတဦးကဆိုပါတယ်။

4 comments:

  1. ကိုမိုးသီးခင်ဗျား

    သတင်းကောင်းတစ်ခုမျှဝေပေးတဲ့အတွက်ကျေးဇူးပါ
    ကိုမိုးသီးသုံးသပ်ချက်ထဲ့ကဒုတိယအချက်ကပိုပြီးဖြစ်နိုင်ခြေရှိလိမ့်မယ်လိုယူဆပါတယ် ။မင်းအောင်လှိုင်အနေနဲ.သန်းရွှေမောင်အေးတို.အာဏာလက်တံရှိနေသေးရင်သူ.အတွက
်အန္တရယ်ရှိပါတယ်၊သူဆရာတွေအကြောင်းသူကောင်းကောင်းသိပါတယ်၊ဒါကြောင့်မို. သူကိုယှဉ်နိုင်မည့်သူမှန်သမျှစိတ်ချရအောင်ကြိုရှင်းထားတာပါ၊မြန်.မာတပ်တပ်မတော်မှာ ကျေးဇူးဆိုတာမရှိ၊ဆရာဆိုတာမရှိ၊လုပ်ဖေါ်ကိုင်ဘက်ဆိုတာမရှိပါ၊လက်နှေးလျှင်ခံသွားရနိုင်သည်။

    ReplyDelete
  2. ကိုမိုးသီးခင်ဗျား

  3. ကိုမိုးသီးခင်ဗျား

  4. မြန်.မာတပ်တပ်မတော်မှာ ကျေးဇူးဆိုတာမရှိ၊ဆရာဆိုတာမရှိ၊လုပ်ဖေါ်ကိုင်ဘက်ဆိုတာမရှိပါ၊လက်နှေးလျှင်ခံသွားရနိုင်သည်။

    လွန်စွါထိမိသော စာသားဖြစ်ပါ၏
    ၁၉၈၈ နောက်ပိုင်း မှ စတင်ကာ
    အကိုကြီး ညီလေး
    အပတ်စဉ် တူ
    ကျောင်းတော် တူ
    ဆရာ တူ
    ကျဉ်းမြောင်းသော အမြင် စံနစ် ကိုဖယ်ရှားကာ

    လင်တော်မောင် က
    ဖားနိုင်မှ
ှရိုသေချင်ယောင်ဆောင် မှ အပွင့်ကြီး မယ်
    ဂါထာရွတ်ရသလို

    ဗိုလ် ကတော် များ ကလည်း
    များများသွေးနိုင်မှ
    များများလျှော်နိုင် မှ
    ကိုကို အပွင့်ကြီးမယ် ဆီမန်း ကို
    ရွတ်ဆိုရင်း
    ကျောက်ပြင်လုပွဲ
    ဒိုဘီလုပွဲ
    များ ယနေ့ အထိ ကြိတ်ပုံး ကြိတ်ပုံး ဖြစ်ပွါးလျှက်ရှိပါ၏

    နေရာ များအသီးသီး ရကြသောအခါ

    ကျောက်ပြင်လုပွဲရန်စ
    ဒိုဘီလုပွဲရန်စ
    ရှင်းလင်းပွဲ များဆက်တိုက်ပေါ်ထွက်လာမည်မှာ
    ဒါးပြတပ်မတော်၏ အစဉ်အလာကောင်း ပင်ဖြစ်ပါပေ၏

    ReplyDelete