မဗေဒါကို ဒုက္ခပေး နေတာ ဘဲအုပ်များ ဟု စာရေးဆရာ ကျော်ဝင်း ပြော
အမှန်စင်စစ်၊ မဗေဒါကို ဒုက္ခပေးနေသည်မှာ ဘဲအုပ်တွေသာမက (ရည်ရွယ်သည်ဖြစ်စေ၊
မရည်ရွယ်သည်ဖြစ်စေ) ဒိုက်သရောတွေပါ ပါသည်။ စာရေးသူက
မြန်မာ့ဒီမိုကရေစီရေစီးတွင်
ဘဲအုပ်တွေ ၀င်မရှုပ်စေချင်။ ဒိုက်သရောတွေလည်း ကင်းစေချင်သည်။ သို့မှသာ
ရေစီးရေလာ ကောင်းပါလိမ့်မည်။ နောက်မပြန်တမ်း ရှေ့ဆက်နိုင်ပါလိမ့်မည်။
ကျွန်တော်တို့၏ မဗေဒါ အသက်ရာကျော်ရှည်၍ တစ်သက်တာ ပန်းပန်နိုင်ပါစေသတည်း။
No comments:
Post a Comment