Wednesday, 26 December 2012

ကလေး ငယ် ဘဝ


W/P Sai Kap Ai Ni Yawng A Lit
==================
ခရစ်စမတ်အချိန်အခါမှာ ကျွန်တော်တို့အဝေးရောက်
ကချင်များကပျော်ပျော်ရွင်ရွင်နဲ့ ခရစ်စမတ်ပွဲကိုပါဝင်
ဆင်နွဲနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ကချင်ပြည်နယ် မှာ
နေထိုင်နေတဲ့ သွေးချင်းကချင်လူမျိုးများတော့ အမြှော
က်သံတွေ သေနတ်သံတွေကြားမှာ ဘဲခရစ်စမတ်နေ့
ကိုဖြတ်သန်းခဲ့ရပါတယ်.....ကျွန်တော်တို့က Facebook 
ပေါ်မှာကချင်ရိုးရာဝတ်စုံတွေနဲ့ ပြုံးပျော်ရွင်နေတဲ့ပုံတွေ
ကို တင်ထားနိုင်ကြပေမယ့် သူတို့ခမျာမှာတော့ ရွက်ဖျင်
တဲ လေးတွေထဲမှာဘဲ စုဝေးပြီး ၀တ်ပြုဆုတောင်းပွဲကိုပြု
လုပ်ခဲ့ကြရတာတွေကိုတွေ့ရတော့ ကျွန်တော်စိတ်မ
ကောင်းမိပါဘူး.....
ကျွန်တော်တို့ဟာဘယ်နေရာဘယ်ဒေသဘဲရောက်ရော
က်ကချင်လူမျိုးဖြစ်တယ်ဆိုတာကိုမမေ့ကြပါနဲ့....
ယခုကချင်ပြည်နယ်ရှိကချင်လူမျိုးတွေဟာ...ကမ္ဘာအရပ်
ရပ်မှာနေထိုင်တဲ့ ကချင်လူမျိုးတွေကိုယ်စားခါးစီးဒုက္ခခံ
နေကြပါတယ်....အဲဒါကို မမေ့ကြပါနဲ့...
ဆုတောင်းပေးကြဖို့ မမေ့လျော့ကြပါနဲ့.....
အကူအညီပေးကြဖို့ ၀န်မလေးကြပါနဲ့.....
ကိုယ့်ကချင်လူမျိုးအချင်းချင်းမကူညီရင် ဘယ်သူ့ကိုသွား
ကူညီကြမှာလဲ........???
အမေရိကမှာဘဲနေနေမလေးရှားမှာဘဲနေနေဥရောပမှာ
ဘဲနေနေ....ကိုယ်ကဘယ်နေရာကလာခဲ့တာလဲ ဆိုတာ
ကိုမမေ့ကြပါနဲ့....
အဝေးရောက်ကချင်တစ်ချို့ဆီကိုအကူအညီတောင်းတော့ 
ဝတ်ကြေတန်းကြေဘဲအကူအညီလာတောင်းလို့လုပ်ပေး
လိုက်တယ်ဆိုတာမျိုးကိုကြားသိရတော့စိတ်မကောင်းမိပါ
ဘူး....
နိုင်ငံရပ်ခြားကိုသွားခဲ့တုန်းကဘယ်လိုပုံစံနဲ့ရောက်အောင်
သွားခဲ့တာလဲဆိုတာကိုယ့်ကိုယ်ကိုအသိဆုံးပါ....
နိုင်ငံရပ်ခြားကိုရောက်သွားပြီးမှ ဘ၀မမေ့သွားကြပါနဲ့......
Know Ur Origins.....

နိုင်ငံရပ်ခြားရောက်နေသူအားလုံးကိုမဆိုလိုပါ.....သက်
ဆိုင်သူများကိုသာရည်ညွန်းခြင်းဖြစ်ပါသည်.........။
(ဤစာကို(Lachid Kachin)ထံသို့ရေးသားပေးပို့သူအား
အထူးကျေးဇူးတင်ရှိပါသည်။)

No comments:

Post a Comment