Thursday, 20 December 2012

ဗကသ အဖွဲ့ ဝင်များသတင်း

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အကြမ်းဖက် ဖြိုခွဲခံရမှုကြောင့် မန္တလေးမြို့တွင် သံဃာတော်များ စီတန်းလှည့်လည် လမ်းလျှောက် ဆန္ဒဖော်ထုတ်စဉ်က ပါဝင်ခဲ့သော လူအချို့ကို တရားမဝင် စီတန်း လမ်းလျှောက်မှု ပုဒ်မ ၁၈ နဲ့ ဖမ်းဆီး တရားစွဲဆိုလိုက်ကြောင်း သိရှိရသည်။ 

ဖမ်းဆီးခံထားရသော ဗကသ မှ ကိုအောင်မှိုင်းဆန်း ၊ ကိုမင်းလွင် ၊ ကိုသန်းထိုက် တို့ ၃ဦး နှင့် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ ကိုသိန်းအောင်မြင့် တို့ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပြီး ဒီဇင်ဘာ (၂၀)ရက်နေ့၊ ယနေ့တွင် ရုံးထုတ်ခြင်းဖြစ်သည်။

အဆိုပါတရားစွဲဆိုခြင်းကို စွပ်စွဲခံရသူများဘက်မှရှေ့နေအဖြစ် ရှေ့နေများကွန်ယက်မှ ဦးသိန်းသန်းဦးက လိုက်ပါ ဆောင်ရွက်နေကြောင်း သိရှိရပြီး အမှုစစ်ဆေးခြင်းကို တရားလို၏ လျှောက်ထားချက်များနှင့်သာ မွန်းလွဲပိုင်းအချိန်တွင် ပြီးစီးသွားခဲ့သည်။

အိုးဘိုထောင်တွင် အချုပ်ခံရသူ ၄ဦးကို စစ်ခွေးတိုက်တွင် တိုက်ပိတ်ခံထားရသည်ဟူသော အွန်လိုင်းမီဒီယာတစ်ခု၏သတင်းသည် မှန်ကန်မှုမရှိကြောင်း အချုပ်ကျခံနေရသူ ကိုသန်းထိုက်မှ ပြောကြားလိုက်သည်။

အဆိုပါအမှုကို ဒီဇင်ဘာ၂၆ရက်နေ့တွင် ပြန်လည် ချိန်းဆိုလိုက်ကြောင်း အမှုကြားနာနေချိန်တွင် သွားရောက်သတင်းရယူနေသော CJ Myanmar သတင်းထောက်မှ သတင်းပေးပို့သည်။

Photo & News By CJM - 027
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အကြမ်းဖက် ဖြိုခွဲခံရမှုကြောင့် မန္တလေးမြို့တွင် သံဃာတော်များ စီတန်းလှည့်လည် လမ်းလျှောက် ဆန္ဒဖော်ထုတ်စဉ်က ပါဝင်ခဲ့သော လူအချို့ကို တရားမဝင် စီတန်း လမ်းလျှောက်မှု ပုဒ်မ ၁၈ နဲ့ ဖမ်းဆီး တရားစွဲဆိုလိုက်ကြောင်း သိရှိရသည်။

ဖမ်းဆီးခံထားရသော ဗကသ မှ ကိုအောင်မှိုင်းဆန်း ၊ ကိုမင်းလွင် ၊ ကိုသန်းထိုက် တို့ ၃ဦး နှင့် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ ကိုသိန်းအောင်မြင့် တို့ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပြီး ဒီဇင်ဘာ (၂၀)ရက်နေ့၊ ယနေ့တွင် ရုံးထုတ်ခြင်းဖြစ်သည်။

အဆိုပါတရားစွဲဆိုခြင်းကို စွပ်စွဲခံရသူများဘက်မှရှေ့နေအဖြ
စ် ရှေ့နေများကွန်ယက်မှ ဦးသိန်းသန်းဦးက လိုက်ပါ ဆောင်ရွက်နေကြောင်း သိရှိရပြီး အမှုစစ်ဆေးခြင်းကို တရားလို၏ လျှောက်ထားချက်များနှင့်သာ မွန်းလွဲပိုင်းအချိန်တွင် ပြီးစီးသွားခဲ့သည်။

အိုးဘိုထောင်တွင် အချုပ်ခံရသူ ၄ဦးကို စစ်ခွေးတိုက်တွင် တိုက်ပိတ်ခံထားရသည်ဟူသော အွန်လိုင်းမီဒီယာတစ်ခု၏သတင်းသည်
မှန်ကန်မှုမရှိကြောင်း အချုပ်ကျခံနေရသူ ကိုသန်းထိုက်မှ ပြောကြားလိုက်သည်။

အဆိုပါအမှုကို ဒီဇင်ဘာ၂၆ရက်နေ့တွင် ပြန်လည် ချိန်းဆိုလိုက်ကြောင်း အမှုကြားနာနေချိန်တွင် သွားရောက်သတင်းရယူနေသော CJ Myanmar သတင်းထောက်မှ သတင်းပေးပို့သည်။

No comments :