မတရားတာတွေ့ ရင် ဒါမတရားဘူးလို့ ပြောပါ
Think Globally, Act Locally. Knowledge Is Power. Stay With Us !
There have been millions of viewers to this blog since it started in September of 2007


"The Current Leadership in Burma Is Aging. We Encourage More Young People to Engage and Participate in the Political Process Because It Is the Affairs of the Country, and It Is Their Future."


Tuesday, 5 January 2010

၂၀၁၀ မှာ ပြန်လည်တင်ဆက်ကပြတော့မည့် ရွှေမန်းဇာတ်သဘင်


 “စစ်သားနိုင်ငံရေး၊ စစ်သားလွှတ်တော်၊ စစ်သားနိုင်ငံတော် တည်ဆောက်မှု" အော်ပရာပြဇတ် မှဇတ်ဝင်ခန်းတကွက်

-မျိုးဆက်-
နေပြည်တော်

တချိန်က မြန်မာ့ဇာတ်သဘင်သမိုင်းမှာ အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင် နှင့် သူရဲ့ မျိုးဆက်တွေ တင်ဆက်ကပြတဲ့ ရွှေမန်းဇတ်သဘင်ဟာ ဂန္တဝင်မြောက် အော်ပရာတွေနဲ့ အတူ နှစ်ပေါင်းများစွာ ထင်ရှားကျော်ကြားခဲ့တယ်။ ဒီနေ့ခေတ်မှာတော့ ဂန္တဝင်မြောက်လှတဲ့ ဆင်ကြီး ဂဠုံချီ ဇတ်လမ်း၊ ခွေးသားစားတဲ့ ခွေးဘီလူးများ ဇတ်လမ်း တွေကို ပြန်လည် တင်ဆက် ကပြရင်း နာမည်ကြီး လာတာကတော့ “ဖြစ်တာ၊မဖြစ်တာရွှေမန်း ဇာတ်သဘင်" ပါပဲ။ ဒီ ဖြစ်တာ၊မဖြစ်တာရွှေမန်း ဇာတ်သဘင်ကို ၂၀၁၀ မှာ ကဏ္ဍအသစ် များစွာဖြင့် တင်ဆက် ကပြတော့မှာမို့ စာနယ်ဇင်းသမားများ ကလည်း အကြိုပွဲကို ကြည့်ရှု ပြီး အကဲဖြတ် ဝေဖန်နေကြပါပြီ။ ရုံတင် ကပြ တဲ့ အခါကျမှ မင်းသားက “အပြောက ရွှေမန်း၊ အက ကတော့ ချိုမိုင်မိုင် ဖြစ်လာ မလား” ဆိုတာကတော့ ပရိသတ်တွေက ပဲ အဆုံးအဖြတ်ပေး ကြမှာပါ။

သစ္စာ၊ မေတ္တာ ရွှေမန်းသဘင် မှာ မင်းသား ၀င်းဗိုလ်၊ ချမ်းသာ၊ ဆန်းဝင်း၊ ၀င်းမောင် တို့ က မင်းသားများအဖြစ် တင်ဆက် က ပြ ခဲ့သလို၊ “ဖြစ်တာ၊မဖြစ်တာရွှေမန်း ဇတ်သဘင် “ မှာလည်း စင်တင်ပွဲထုတ် ခံရသူ နအဖစစ်အုပ်စုမျိုးဆက်မင်းသားများ ဖြစ်တဲ့ ဆိုဗီယက်ပြန် အလံနီ မောင်အေး ၊ ပြုံယမ်းပြန် မင်းသားလေး အလံနီ ရွှေမန်း၊ နဲ့ ပီကင်းပြန် အလံနီ သိန်းစိန် တို့ ကမြောက်ကိုရီးယား ယပ်တောင်အော်ပရာ၊ တရုတ်ကျေးတောရွာအက၊ ဆိုဗီယက် ဘဲလေး နှစ်ပါးခွင် အက တွေနဲ့ တင်ဆက် က ပြကြလိမ့် မယ်လို့ ကြိုတင်သိရတယ်။

ပြဇာတ်တွေကတာ့ “စက်မှုနိုင်ငံတော်ကြီးတည်ထောင်လိုတဲ့ ရွဲကုန်သည်ကြီးတစ်ဦးရဲ့ သေခါနီး လန့်နိုးလာတဲ့အိမ်မက် ၊ လျှပ်စစ်မရှိတဲ့ မြို့ပြ နှင့် လမရှိတဲ့ည၊ သံဃာတွေ သတ်တဲ့ အစိုးရ ရဲ့ နောက်ဆုံးနေ့ရက်များ၊ ပြိုင်ဆိုင် မလိုတဲ့ လူညံ့များကြောင်း ၊ စစ်သားနိုင်ငံရေး အရှုပ်တော်ပုံ၊ ခွေးသားစားတဲ့ခွေးဘီလူးများ” စတဲ့ ပြဇတ်တွေ ကို တင်ဆက်ကပြ ကြမှာ မို့ ပရိသတ်တွေ ကလည်း ရင်သပ်ရှု့ မော ကြည့်ရှု့ ကြရပါတော့မယ်။

ရုပ်ရှင်လောက မှာ သရုပ်ဆောင် ဒါရိုက်တာ ၀ိုင်းတင်အောင်မြင့်ဦးက နံမည်ကြီး လူသိများခဲ့သလို၊ “ဖြစ်တာ၊မဖြစ်တာရွှေမန်း ဇတ်သဘင် “ ကို တော့ ပီကင်းပြန် ဒါရိုက်တာ အလံနီ တင်အောင်မြင့်ဦး က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဆိုင်း ဆရာကြီးကတော့ သေခါနီး ပင်တိုင် ဆိုင်းဆရာ ရွာစားကြီး စိန်သန်းရွှေကြီးပါပဲ။

ဇတ်သဘင် အနုပညာလောက မှာ ခြေထိုးကောင်းလို့ ဖြင့် နံမည်ကြီးခဲ့တဲ့ အောင်မောင်း လို၊ “ဖြစ်တာ၊မဖြစ်တာရွှေမန်း ဇတ်သဘင် “ မှာတော့ ခြေထိုး အက က ကြမဲ့သူတွေ က တော့ “တော်ပါပြီ ကိုသောင်းရယ်လို့” အမည်တွင် လူသိများနေတဲ့ ခြေထိုး အောင်သောင်း နဲ့ ခြေထိုး မောင်သောင်း တို့ က မင်းသားတွေနဲ့အတူ ပူးတွဲသရုပ်ဆောင် ကပြ ကြလိမ်မယ်လို့ သိရပါတယ်။ အခုလည်း သူတို့ နှစ်ဦး နိုင်ငံအနှံ့ ခြေထိုး အကွက်များ ကို ကပြတင်ဆက် နေကြပါပြီ။

လက်ရှိ မြန်မာ့နိုင်ငံရေးဇာတ်သဘင်လောက မှာ နာမည်ကြီးနေတဲ့ “ဖြစ်တာမဖြစ်တာ ရွှေမန်းသဘင်”ရဲ့ ၂၀၁၀ တင်ဆက်ကပြတော့မဲ့ “စစ်သားနိုင်ငံရေး၊ စစ်သားလွှတ်တော်၊ စစ်သားနိုင်ငံတော် တည်ဆောက်မှု" အကြောင်း နဲ့ ရွာစားကြီး စိန်သန်းရွှေရဲ့ နှစ်ကြော့ပြန်ရွေးကောက်ပွဲ ကြံစည်နေမှု အခြေအနေတွေကို ရှင်းလင်း တင်ပြထားတာပါ။

အာဏာရှင်ဟောင်း နေ၀င်း က အနှစ် ၂၀ ကျော်အတွင်း မြန်မာပြည်ကို ကမ္ဘာ့အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှု အနည်းဆုံး(LDC) အဆင့်သို့ ရောက်ရှိအောင် ဆောင်ရွက် ပေးခဲ့သလို၊ သန်းရွှေ မောင်အေးဦးဆောင်ခဲ့တဲ့ နအဖ အာဏာရှင်စစ်အုပ်စု က လည်း အနှစ် ၂၀ အတောအတွင်း မှာ တိုင်းပြည်ကို အဘက်ဘက်က ကျရှုံးနေသောနိုင်ငံအဆင့် (Failed States ) အဖြစ်သို့ ရောက်ရှိလာအောင် လုပ်ပေးနိုင်ခဲ့ပြီးပါပြီ။ ၂၀၁၀ အပြီးတက်လာမဲ့ စစ်သားလွှတ်တော်နှင့် စစ်သားနိုင်ငံရေးသမား တွေကတော့ နောက်ထပ် အနှစ် ၂၀ မြန်မာပြည်ကို ( Black Hole) ချောက်ထဲကို တွန်းချကြတော့မှာပါ။ မယုံလျှင် ဆက်၍သာ ကြည့်ရှု့ စောင့်မျှော်ကြပါ။

ဖြစ်တာမဖြစ်တာ ရွှေမန်းဇတ်သဘင်မှ ဇတ်အိမ်ဇတ်ကွက် အော်ပရာအမျိုးမျိုး ဖြင့် ဆက်၍ ကပြဖျော်ဖြေကြပါလိမ့်မည်။….မျှော်

၂၀၁၀ အပြီးမှာတော့ -

သမ္မတ ရွှေမန်း ၊ ဒုသမ္မတ တင်အောင်မြင့်ဦး ၊ မောင်သောင်း (သို့) အောင်သောင်း ၊ နှင့် စစ်တပ်က ခန့်အပ်မဲ့ တိုင်ရင်းသား ခေါင်းဆောင်တစ်ဦး ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သိန်းစိန် တို့ကို သန်းရွှေ၊ မောင်အေး ဦးဆောင်မည့် ကာကွယ်ရေးဝန်ကြီးဌာန နှင့် အမျိုးသားလုံခြုံရေး စစ်ကောင်စီ က ခန့်အပ်ဖို့လျာထားကြောင်း နေပြည်တော်က လာတဲ့ သတင်းအရ သိရှိရပါသည်။ ဒီအစီအစဉ်ကို မဖြစ်လာခဲ့ရင် ၉ ဦးပါဝင်တဲ့ အမျိုးသားလုံခြုံရေး စစ်ကောင်စီ က ရုပ်သေးအစိုးရ ကို ဖွဲ့ပြီး နောက်ထပ် အနှစ် ၁၀၀ မြန်မာပြည် ကိုချောက်ထဲ ပို့ဖို့ ကြံစည်နေကြောင်း၊ စစ်ဝတ်စုံကို ချွတ်ရဲတဲ့ သတ္တိမရှိတဲ့ နအဖ စစ်ဗိုလ်ချုပ်ကြီးဆိုသူများ ဟာ အာဏာကို မစွန့်လွှတ်ပဲ ဆက်လက် ဆုတ်ကိုင်ထားလိမ့်မည်ဖြစ်ကြောင်း ကြိုတင်သိရှိရပါသည်။

တရုတ်ပြည် ဒုသမ္မတနှင့် တရုတ် ခေါင်းဆောင်မှုအကြောင်း

-ဘိုဘိုကျော်ငြိမ်း (မဇ္ဈိမ)-
၀၁.၀၄.၂၀၁၀

ကျနော်တို့ မြန်မာနိုင်ငံသည် လူ့သမိုင်းတွင် အရေးပါသော နိုင်ငံကြီး ၂ နိုင်ငံဖြစ်သည့် တရုတ်၊ အိန္ဒိယတို့နှင့် မိုင်ပေါင်းများစွာ နယ်နိမိတ်ဆက်စပ်လျက်ရှိသည်။ ထိုကြောင့် ထို ၂ နိုင်ငံနှင့် ဆက်ဆံရေးသည် မြန်မာနိုင်ငံ အတွက် အရေးကြီးပါသည်။ ယနေ့ခေတ်တွင် တရုတ်ပြည်ကြီးသည် တရိုန်ထိုး တိုးတက်လျက် ရှိပါသည်။ ထို့ပြင် နအဖ စစ်အစိုးရကိုလည်း ကျားကန်ပေးထားပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံကို ဦးဆောင်လျက် ရှိသော တရုတ်ခေါင်းဆောင်များအကြောင်း သိထားသင့်ပေသည်။ လေ့လာကျွမ်းကျင်သင့်သည်။ ခေတ်ပညာတတ် လူငယ်များ တရုတ်အရေး ကျွမ်းကျင်သူများ ဖြစ်စေရန်နှင့် တရုတ်အရေးကို စိတ်ဝင်စား စေချင်သည့် စေတနာနှင့် ဒီဆောင်းပါးကို ရေးရခြင်းပါ။


တရုတ်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဟုတ်ပါ။ ကွန်မြူနစ် ပါတီက အုပ်စိုးသော နိုင်ငံဖြစ်၍ သတင်း လွတ်လပ်ခွင့် မရှိပါ။ အုပ်ချုပ်သူများက သိခွင့်ပေးသလောက်သာ အပြင်ကမ္ဘာကြီးအနေနှင့် သိခွင့် ရကြပါသည်။ ထို့ကြောင့် တရုတ်ခေါင်းဆောင်များအတွင်း ပကတိဖြစ်ရပ်များကို အလုံးစုံ သိခွင့်မရှိကြပါ။ သို့သော် မော်စီတုန်းလက်ထက် ထက်စာလျှင် လွန်စွာပင် တိုးတက်ပြီဟု ပြောနိုင်ပါသည်။

ဂျပန်၊ ကိုးရီးယား၊ မြန်မာနှင့် ကမ္ဘားဒီယား စသည့် ၄ နိုင်ငံသို့ ခရီးထွက်လာသော တရုတ်ဒုသမ္မတ ရှီကျင်းဖျင်သည် တရုတ်ခေါင်းဆောင်များတွင် ဗဟို (Central) နေရာ တာဝန်ယူရန် ရာထားသည့် ခေါင်းဆောင် ဖြစ်သည်။ ထို့ကြောင့် ယနေ့ တရုတ်ပြည်ကြီး၏ ခေါင်းဆောင်ရွေးချယ်မှုစနစ်အရ (အပ)ပရောဂ များကင်းခဲ့သော် - ၂ဝ၁၂ တွင်ကျင်းပမည့် ပါတီညီလာတွင် ဗဟိုခေါင်းဆောင်-တနည်းအားဖြင့် သမ္မတဖြစ်လာ မည့်သူဖြစ်ပါသည်။ အောက်တိုဘာ၂ဝဝ၇ ခုနှစ်တွင်ကျင်းခဲ့သော (၁၇)ကြိမ်မြောက်ပါတီညီလာခံက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ တနည်းအားဖြင့် (၂၁)ရာစုနှစ် ကွန်မြုနစ်စံနစ်၏ အိမ်ရှေ့မင်းသားဖြစ်ပေသည်။ ထိုကြောင့်လက်ရှိ သမ္မတ ဟူကျင်တောင် လက်အောက်တွင် အလုပ်သင်သဘော (၅)နှစ် သက်တမ်း ဒုသမ္မတရာထူးကို တာဝန်ယူထားရသည်။ ပြီးခဲ့သည့် ခရီးစဉ် မှာ တရုတ်နိုင်ငံနှင့်ဆက်ဆံရမည့် အာရှနိုင်ငံများကိုကွင်းဆင်းလေ့လာ၍ ထိုနိုင်ငံ့ ခေါင်းဆောင်များနှင့် အကျွမ်းတဝင်ဖြစ်အောင်ဆက်ဆံခြင်းပင်ဖြစ်သည်။

ဤနေရာတွင် အမေရိကန်စနစ်နှင့် တရုတ်စနစ် ကွာခြားမှုကို ကြားဖြတ်တင်ပြပါရစေ။ ကျနော်တို့ နိုင်ငံအတွက် အတုယူစရာများ ရှိလို့ပါ။ အမေရိကန်စနစ်အောက်မှာ ခေါင်းဆောင်တဦးကို စနစ်တကျ ပိုးမွေးသလို (မွေး) ယူသည်ဆိုသည်မှာ မရှိပါ။ အမေရိကန်စနစ်မှာ အုပ်ချုပ်ရေး (Executive) ၊ တရားဥပဒေတည်ဆောက်ရေး (Legislative) ၊ တရားရေး (judicial) ဟူ၍ ခွဲခြားထားပြီး ဤမဏ္ဍိုင် ၃ ခုကို တခုနှင့်တခု ချိတ်ဆက်ကာ ထိန်းပေးထားပါသည်။ Check & Balance ဟု ခေါ်ကြပါသည်။ အမေရိကန် သမ္မတ လက်ထဲတွင် အုပ်ချုပ်ရေး အာဏာကို အပ်ထားပြီး၊ သမ္မတသည် စစ်တပ်၏ အကြီးအကဲ Commander in Chief လည်း ဖြစ်ပါသည်။

အမေရိကန်စနစ်သည် လူတဦးချင်းဝါဒ Individualism ကို အားပေးသည်။ အမေရိကန်စံနစ်၏ အားသာချက်မှာ လူထုက ခေါင်းဆောင်ကို ရွေးချယ်ခြင်းဖြစ်သည်။ ထို့ကြောင့် သမ္မတ ရွေးကောက်ပွဲ အတွက် campaign ဟုခေါ်သော သမ္မတလောင်းအဖြစ်ရွေးကောက်ခံရဖို့အတွက် တနှစ်ခန့် ကြိုးစားရပါသည်။ မိမိ၏ ပါတီခေါင်းဆောင် ကိုယ်စားလှယ်ဖြစ်မှ၊ တခါ ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဘလီကင် ပါတီခေါင်းဆောင် နှစ်ဦး ယှဉ်ပြိုင်ရသည်။ Third Party ဟုခေါ်သော တခြား တတိယကိုယ်စားလှယ်များရှိသော်လည်း ပါတီကြီး ၂ ခု၏ ကိုယ်စားလှယ်များသာ သမ္မတ ဖြစ်လာကြပါသည်။

တနှစ်ကျော် Campaign သည် သမ္မတဖြစ်ရန် အကြိုတိုက်ပွဲဖြစ်၍ လူတဦး၏ အရည်အချင်းကို (စစ်ထုတ်) ခြင်းဟု ယူဆနိုင်သည်။ သို့သော် နိုင်ငံရေးတိုက်ပွဲသည် အုပ်ချုပ်မှုနှင့်မဆိုင်။ ဥပမာ သမ္မတ George W Bush သည် အတွေ့အကြုံ မရှိရုံမက မိမိလိုချင်ရာကို ခေါင်းမာစွာ မစဉ်းစား၊ မဆင်ခြင်အီရတ်ကို မတရား စစ်ဝင် တိုက်ခဲ့ပါသည်။ စီးပွားရေးတွင်လည်း လောဘီရစ်(lobbyists) များကိုဆွဲခန့်ခဲ့သည့်အတွက် မထိန်းနိုင် မသိမ်းနိုင် စီးပွားရေးကပ်စိုက်ခဲ့ရသည်။ လူညံ့တဦး သမ္မတဖြစ်လာပါက စံနစ်က အတွေ့အကြုံ ရှိမှုကို ဦးစားမပေးသောကြောင့် တိုင်းပြည်နာ နိုင်ပါသည်။

အမေရိကန်စနစ်က (လူ) ကို (လူထု) က ရွေးသည်။ (လူ) ၏ အရည်အချင်းကို (ယုံ)သည်။ အလုပ်က (သင်) လိမ့်မည်ဟု လက်ခံသည်။

တရုတ်ကပြောင်းပြန်

တရုတ်စံနစ်တွင် အဓိကသည် တရုတ်ကွန်မြူနစ်ပါတီ ဖြစ်သည်။

ပါတီတည်မြဲရေးသည် ပထမဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်ကို ပြည်သူက ရွေးခွင့်မရှိ၊ ပါတီက ရွေးသည်။ ပါတီအောက်တွင်မှ အစိုးရ (အုပ်ချုပ်ရေး) အမျိုးသားကွန်ကရက် (ဥပဒေပြုရေး) နှင့် စစ်တပ် ရှိသည်။ ထူးဆန်းသည်မှာ စစ်တပ်သည် အစိုးရအောက်တွင် မရှိပါ။ ကာကွယ်ရေးဝန်ကြီးသည် စာရေးကြီး သာသာပဲ ဖြစ်သည်။ တရုတ်ပြည် စစ်ကော်မရှင်က စစ်တပ်ကိစ္စအားလုံးအတွက် တာဝန်ရှိသည်။

ထို့ကြောင့် တရုတ်ပြည်တွင် အဓိက ၃ နေရာရှိသည်။

(၁) ပါတီခေါင်းဆောင်

(၂) အစိုးရခေါင်းဆောင်

(၃) စစ်ကော်မရှင်ခေါင်းဆောင်

မှတ်ချက်။ ။ ဤစံနစ်ကိုနောင်မှ အသေးစိတ်တင်ပြပါမည်။

ယနေ့သမ္မတ ဟူကျင်တောင်တို့ကို 4th Generation Leadership ဟု ခေါ်ပါသည်။ ကွန်မြူနစ်ပါတီ အာဏာတည်မြဲရေးအတွက် တိန့်ရှောက်ဖိန်က အာဏာတည်ဆောက်ရေးနှင့် အာဏာလွှဲပြောင်းရေးကို စံနစ်တကျ တည်ဆောက်သွားပါသည်။

အဓိကကျသော တည်ဆောက်မှု (၂) ခုမှာ တဦးတယောက်ထဲ အာဏာတည်ဆောက်ရေးထက် Collective Leadership ဟုခေါ်သော စုပေါင်းခေါင်းဆောင် မှုကို တည်ဆောက်ရမည်။ ဤစုပေါင်းခေါင်းဆောင်မှု၏ အလယ်တွင် အဓိကကျသော central ဗဟိုပုဂ္ဂိုလ် ရှိရမည်။

ထို့ပြင် စုပေါင်းခေါင်းဆောင် တဆက်ပြီးလျှင် နောက်တဆက်ကို (အာဏာ) လွှဲပေးရမည်။ ဒါမှ တရုတ် ကွန်မြူနစ်ပါတီ၏ တိုင်းပြည်ထူထောင်ရေး တည်ငြိမ်၍ ဆက်တိုက်တိုးတက်မှု ရှိမည်။ stability ရှိ၍ Continuity ရှိမည်ဟု ဆိုလိုသည်ပါ။

ထို့ကြောင့် အဓိကပုဂ္ဂိုလ် Central အဖြစ် အရွေးခံရသူသည် …

(၁) ပါတီအထွေထွေ အတွင်းရေးမှူး (ပါတီရာထူး)

(၂) သမ္မတ (အုပ်ချုပ်ရေး)

(၃) စစ်ကော်မရှင် ဥက္ကဋ္ဌ (စစ်တပ်)

ဤ ၃ နေရာလုံးကို ဆက်ခံရန် ပါတီက ရွေးကောက်ပါလိမ့်မည်။ သို့သော် သက်တမ်း ၂ ကြိမ်သာ ခံစားခွင့်ရှိသည်။ သက်တမ်း ၂ ကြိမ်ပြီးလျှင် နောက်တဆက် Next Generation ခေါင်းဆောင်များကို လွှဲပေးရပါမည်။

Generation ခေတ်တဆက် တဆက်ခေါင်းဆောင်ဆိုတာ ဘာလဲ။

မော်စီတုန်းလက်ထက်က အာဏာလက်လွှဲရန် အစီအစဉ် process မရှိခဲ့ပါ။ မော်စီတုန်းသည် ဘုရားတဆူ တမျှ အာဏာရှိသည့် အာဏာရှင်ဖြစ်သည်။ ထို့ကြောင့် ပထမ လူလျောက်ချီ Li Shaoqi ၊ နောက် လင်ပြောင် Lin Biao ယဉ်ကျေးမှု တော်လှန်ရေး အထွတ်ထိဋ်ရောက်စဉ်က (၄)ဦးဂိုဏ်းမှ ဝန်ဟုန်ဝန် (Wang Hongwen) တို့ကို ရည်မှန်းခဲ့သည်။ နောက်ဆုံးသေခါနီးတွင်ဟွာဂူဖုံး (Hua Guofeng)။ သို့သော် တိန့်ရှောက်ဖိန်က (Deng Xiaoping) နောက်ဆုံး အာဏာယူနိုင်ခဲ့သည်။

ဤသည်မှာ အာဏာရှင်လက်အောက်တွင် အာဏာရှင်များသည် အာဏာကို လက်မလွှတ်ရဲဘဲ အာဏာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး သေကြသည် ချည်းဖြစ်၍ ထို့ကြောင့် တိန့်ရှောက်ဖိန်က သူ မသေခင်မှာ ရာထူးများကို လက်လွှဲပေးပြီး အာဏာကူးပြောင်းမှုကို စံနစ်တကျဖြစ်စေရန် ဆောင်ရွက်ရာက ယခုလို Generation Leadership ဟု ခေါ်သည့် စုပေါင်းခေါင်းဆောင်မှု ပေါ်ပေါက်လာခဲ့သည်။

ထို့ကြောင့် …

1st Generation ပထမခေတ်/အဆက် - မော်စီတုန်း

2nd Generation ဒုတိယခေတ်/အဆက် - တိန့်ရှောက်ဖိန်

3rd Generation တတိယခေတ်/အဆက် - ကျန်ဇီမင်း

4th Generation စတ္ထုတခေတ်/အဆက် - ဟူကျင်တောင်

5th Generation ပဉ္စမခေတ်/အဆက်- ရှီကျင်းဖျင် (ရွေးချယ်ရန် ရာထားခံရသူ)

ပါတီလူကြီးများ (Party Elders)

တရုတ်ပြည်ကြီး၏ စုပေါင်းခေါင်းဆောင်မှုစံနစ်အောက်တွင် အာဏာရှိသည့်လက်တဆုပ်စာ လူတစုက ဗဟိုလူ central person ကို ဝန်းရံပေးကြသည်။ ထိုလူများသည် ၁ဝ နှစ် အုပ်ချုပ်၊ ၁ဝ နှစ်ပြည့်သည့်အခါ ရာထူးမှ နုတ်ထွက်ပေး၊ နောက်တအုပ်တက်ပေါ့။

လူတစုပြီး တစု ပြောင်းလဲ အုပ်ချုပ်သွားကြမည်။ သို့သော် ကွန်မြူနစ်ပါတီ က အာဏာတည်မြဲလျက်ရှိရန် တိန့်ရှောက်ဖိန် က စီစဉ်ခဲ့သည်ပါ။ သို့သော် ပါတီလူကြီးများ (Party Elders) က Reform ဟုခေါ်သော ပြန်လည်ပြင်စင်ရေး လမ်းစဉ်ကို လိုက်နာသူ သစ္စာရှိ သူများကိုသာရွေးရန် စီစဉ်ခဲ့ပြန်သည်။်

ဤနေရာတွင် အရေးကြီးသည့်ဖြစ်စဉ် process လုပ်ငန်းစဉ် တခု ရှိသည်။ အာဏာနှင့် ရာထူးကို လက်လွှတ်ပေးရသည့် လူကြီးများသည် ပျောက်မသွားကြပါ။ ကွန်မြူနစ်ပါတီ အတွင်း ဆက်လက် ရပ်တည်လျက် ရှိသည့်အပြင် Elders ဟုခေါ်သည့် ပါတီလူကြီးများ ဖြစ်လာကြပြီး ပါတီ၏ လမ်းစဉ်၊ ပါတီခေါင်းဆောင်သစ်၊ များကို ရွေးရာတွင် အရေးပါသည်။

တဖက်က (အကောင်းဘက်က) ကြည့်လျှင် တသက်လုံး နိုင်ငံရေးလုပ်လာကြသည့် ဝါရင့် နိုင်ငံရေး သမားကြီးများက ထိမ်းကျောင်းပေးနေသဖြင့် တိုင်းပြည်အတွက် အကျိုးရှိသည်ဟု ဆိုနိုင်သည်။ သို့သော် တခြားတဖက်က ကြည့်လျှင် ထိုလူကြီးများသည် အရေအတွက်မည်မျှနှင့် မည်သူများဖြစ်သည်ကို တရုတ်ပြည်အကြောင်း လေ့လာ ကျွမ်းကျင်သူများပင် မသိကြပါ။ အကြောင်းအရင်းက တရုတ်ပြည်သည် အာဏာရှင် စနစ်ကို ကျင့်သုံးဆဲဖြစ်သောကြောင့် လူအသိမခံ၊ ဗြောင်မကြေညာရဲဘဲ အာဏာရှိသူများကသာ ကြိတ်လုပ်ကြခြင်းဖြစ်သည်။

ဤ လူကြီးစနစ်သည် တိန့်ရှောက်ဖိန်လက်ထက်တွင် ပေါ်လာသည်။ တိန့်ရှောက်ဖိန်သည် ကွန်မြူနစ်ပါတီ စကတည်းက ပါခဲ့သည့်အပြင် တော်လှန်ရေးတွင် တောက်လျှောက် တာဝန်ယူခဲ့ရပြီးသဘာရင့်ရာဇဝင် ရှိသည့် ခေါင်းဆောင်ဖြစ်ခဲ့သဖြင့် ကွန်မြူနစ်ပါတီအပြင် စစ်တပ်အတွင်းမှာပါ သြဇာရှိသည်။ တိန်ရှောက်ဖိန်နောက် ကျန်ဇီမင်း၊ ယခု ဟူကျင်တောင် လက်ထက်ကျတော့ ကျန်ဇီမင်းသည် တိန်လျှောင်ဖိန်ကဲ့သို့ ရာဇဝင်မရှိပါ။ ကျန်ဇီမင်းက တိန်ရှောက်ဖိန်လိုတခြားရာထူးများကို ဖယ်ပေး သော်လည်း၊ စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူးကို ဆက်ကိုင်ရန် ကြိုးစားခဲ့သည်။ မရမှ နောက်ဆုံး လွှဲပေးခဲ့ရသည်။ ထို့ကြောင့် ကျန်ဇီမင်းနှင့် ဟူကျင်တောင်သည် မသင့်တင့် (သို့) အပြိုင်ဟု ပညာရှင်များက သတ်မှတ်ကြသည်။

(မှတ်ချက်။ ကျန်ဇီမင်းနှင့် ဟူကျင်တောင်နှစ်ယောက်စလုံးကို တိန်ရှောက်ဖိန်ကရွေးခဲ့ခြင်းဖြစ်သည်)

၂ဝ၁၂ ခုနှစ်နောက်ပိုင်း ဟူကျင်တောင်က 5th Generation များကို အာဏာလွှဲပြီးရင် Elders များထဲတွင် ပြိုင်ဘက်များ ဖြစ်လာမည်။ မည်သူကမှ မည်သူလူကြီးEldersဖြစ်ရမည်၊ မည်သို့ရွေးချယ်မည်ကို မသိရသေးသည့် အတွက် ရှေ့မှာ ပြဿနာ ဖြစ်နိုင်သည်။

ကျန်ဇီမင်းကို Elders များက ရွေးသည်ကို ကျန်ဇီမင်းပင် မသိခဲ့ပါ။ တိန့်ရှောက်ဖိန်သည် ပထမ ဟူရောင်ဘန်း (Hua YaoBang) နှင့် ကျောက်ကျိယန် Zhao Ziyang တို့ကို သူ့နောက် ဆက်ခံရန် ရွေးခဲ့သည်။ ၁၉၈၉ ခုနှစ် တီအန်မင်ရင်ပြင် ကျောင်းသားများ အရေးတော်ပုံကြီးတွင် ကျောက်ကျိယန်သည် ကျောင်းသားများ ဘက်လိုက်သည်ဆိုပြီး အဖမ်းခံရသည်။ ထိုစဉ်က Li Peng လီပင်း က ဝန်ကြီးချုပ် (တရုတ် စိန်လွင်ပေါ့) ။ လီပင်း က တိန့်ရှောက်ဖိန်နှင့် လူကြီးများကို တင်ပြပြီး ဖမ်းမိန့်ရမှသာ ဖမ်းဆီး နိုင်ခဲ့သည်။ ထို့ကြောင့် ဆက်ခံရန် လူရွေးသည့်အခါ ၁၉၈၉ ခုနှစ် မေလ ၂၇ ရက်နေ့တွင် လူကြီးအဖွဲ့ ဖြစ်သည့် တိန့်ရှောက်ဖိန် Deng Xiaoping ၊ Chen Yun ၊ Li Xiannian ၊ Peng Zhen ၊ Deng Yingchao ၊ Yan ShangKun ၊ Wang Zhen ၊ Bo Yibo တို့သည် တိန့်ရှောက်ဖိန် နေအိမ်တွင် ၅ နာရီကြာ တွေ့ဆုံခဲ့ကြသည်။

ဤလူကြီးများကပဲ တရုတ်ကျောင်းသားများကို နှိမ်နင်းရန် အမိန့် (ပစ်မိန့်) ကို ပေးရာတွင်အရေးပါခဲ့သည်။ ကျနော်တို့ မြန်မာနိုင်ငံတွင် ဗိုလ်ချုပ် စောမောင်ကို ဖယ်ရှားရန် ၎င်းတို့၏အဖေကြီး ဦးနေဝင်းက အမိန့် ပေးခဲ့ကြောင်း သတင်းရှိသလိုပေါ့။ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်က အာဏာသိမ်းပြီး စစ်ဦးစီးချုပ်သည် ဗိုလ်ချုပ်စောမောင်ဖြစ်သော်လည်း စစ်တပ်ကို အမှန်တကယ် ကိုင်ထားသည်မှာ ဦးနေဝင်းပင်။

(မှတ်ချက်) နဝတ ခေတ်တွင် ဦးနေဝင်းသည် မည်သည့်ရာထူးမှ မယူသည့်အပြင် နေ့တဓူဝ အုပ်ချုပ်မှုနှင့် ဝေးသွားသည်။ တိန့်ရှောက်ဖိန်၏ အဓိက ရည်စူးချက်မှာ ကွန်မြူနစ်ပါတီ တည်မြဲရေး ထို့ကြောင့် ပါတီဝင် ဖြစ်ရုံမက ချုပ်ကိုင်စရာ ပါတီရှိသည်။ မဆလက ၈၈၈၈ အရေးအခင်းနှင့် ပြည်သူများက လက်မခံ တော့သည့် အတွက် ဇတ်သိမ်းခဲ့ရပြီ။ ဦးနေဝင်း၏ ကျောရိုးကစစ်တပ်၊ တိန့်ရှောက်ဖိန်၏ ကျောရိုးသည် ကွန်မြူနစ်ပါတီဖြစ် သည်ကို သတိပြုစေချင်သည်။တီအန်မင် ကျောင်းသားအရေးတော်ကြီး ဖြိုးခွင်အပြီး ကျောက်ကျိယန်(Zhao Ziyang) ပြုတ်ကျပြီးသော်လည်း သူ့ကို ထောက်ခံသည့် ပါတီဝင်ဟောင်းများက ပါတီစည်းဝေးပွဲ မှတ်တမ်းများကို ဖြည်းဖြည်းချင်း ခိုးထုတ်ကြပြီး ၂ဝဝ၁ ခုနှစ်တွင် တီအန်မင် စာတမ်းများ Tiananmen Papers ဆိုသည့် စာမျက်နှာ ၅ဝဝ ကျော် စာအုပ်တအုပ်ကို အမေရိကားတွင် ထုတ်ဝေခဲ့သည်။ အင်မတန် ဖတ်၍ကောင်းသည့် စာအုပ်ပါ။ စာမျက်နှာက ၃ဝ၈ တွင် လူကြီးများက ကျန်ဇီမင်းကို ခန့်ခြင်း The Elders Appoint Jiang Zemin ဆိုသည့် အခန်းတွင် အစည်းအဝေး မှတ်တမ်းများက တဆင့် မည်သို့ စဉ်းစားရွေးချယ်ခဲ့ကြသည်ကို အသေးစိတ် ဖော်ပြထားပါသည်။

ထိုသို့သော စာအုပ်မျိုးများ ပေါ်လာသဖြင့် တရုတ်လူကြီးများအကြောင်း သိခဲ့ရသော်လည်း ယခု လူကြီးများသည် မည်သူများလဲ၊ မည်သို့ရွေးသလဲ၊ မည်ရွေ့မည်မျှ အာဏာရှိသလဲဆိုသည်ကို အတိအကျ သိသူ မရှိသလောက်ပါ။ ဘီဘီစီ သတင်းထောက် အဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး မကြာသေးခင်ကမှ တရုတ်ပြည်ကြီးတွင်(၃)နှစ်ကျော်အယ်ဂျာဇီးယား Al Jazeera သတင်းထောက် အဖြစ် ဆောင်ရွက်ခဲ့သူ တိုနီချန်းဆိုသူက ဆွေးနွေးတင်ပြခဲ့သည်။

တရုတ်စံနစ်တွင် ခေါင်းဆောင်ကို ပြည်သူတွေက ရွေးချယ်ခွင့်ရှိသည်မဟုတ်။ ကွန်မြူနစ် ပါတီ ခေါင်းဆောင်တွေ က ရွေးချယ်ကြခြင်းဖြစ်သည်။ သို့သော် ကွန်မြူနစ်ပါတီသည် တပါတီ အာဏာရှင် စံနစ်ဖြစ်ရုံမက အုပ်ချုပ်ရေး စီးပွားရေး အားလုံးကို ချုပ်ကိုင်ထားသည့်အတွက် ခေါင်းဆောင်များကို ပိုးမွေးသကဲ့သို့မွေးနိုင် ပေသည်။ မော်စီ တုံးနှင့် ယဉ်ကျေးမှုတော်လှန်ရေးခေတ်က တော်လှန်ရေးကို သစ္စာရှိမည့်သူများကို ရွေးသည်။ တိန့်ရှောက်ဖိန် နောက်ပိုင်းခေတ်ကြတော့ Reformဟုခေါ်သော စီးပွားရေး ပြန်လည်ပြင်ဆင်မှုကို သစ္စာရှိသူများကို ရွေးစေသည်။ မီးများမီးနိုင် ရေများရေနိုင် စံနစ်ပင် ဖြစ်သည်။ ကွန်မြူနစ် ပါတီအတွင်းတွင်လည်း ပြောင်းလဲလျက်ရှိပါသည်။

တရုတ်ခေါင်းဆောင်များအတွက် ခေါင်းအကြီးဆုံးပြဿနာများမှာ ဆင်းရဲချမ်းသာပြဿနာ မြို့နဲ့ နယ်များအကြား ကွာခြားမှု တိုးတက်သောအရှေ့ဖက်ခြမ်း နှင့် ပြည်တွင်းပိုင်း ကွာခြားမှု နှင့် Internal Migration ဟုခေါ်သော နယ်များမှအရှေ့ခြမ်းမြို့ကြီးများသို့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုတို့ဖြစ်ကြ၍ အကြီးဆုံးပြဿနာမှာ လဘ်စားမှုဖြစ်ပေသည်။

ဆက်လက်ဖေါ်ပြပါမည်။

ဆက်လက်၍ 5th generation ဖြစ်ရာထားခြင်းခံရသော ခေါင်းဆောင်များ 6th generation ခေါင်းဆောင်များ အဖြစ်ရွေးချယ်နိုင်ရန် တန်းစီထားပြီးသော ခေါင်းဆောင်များအကြောင်းနှင့် ပါတီတွင်း အင်အားအဖွဲ့စု Factions and groups များအကြောင်းကို ဆက်လက်တင်ပြဆွေးနွေးသွားပါမည်။

ရည်ညွှန်း References

The Tiananmen Papers

Mao Last Revolution

China fifth generation leaders come of age by Cheng Li

China’s Leadership, fifth generation by Cheng Li and John L. Thorton.

တရုတ်နိုင်ငံ ဒုတိယ သမ္မတ ရှီကျင်းဖျင်အကြောင်း သိကောင်းစရာ



-ကျော်သိင်္ခ-

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာပြည်သို့ လာရောက် လည်ပတ်ခဲ့သော တရုတ်နိုင်ငံ ဒုတိယသမ္မတ ရှီကျင်းဖျင်သည် (Xi Jinping) မဝေးလှသော အနာဂတ်တွင် တရုတ်နိုင်ငံ၏ သမ္မတ ဖြစ်လာလိမ့်မည်ဟု တစ်ပေးခံထားရသူ ဖြစ်သည်။

ကိုယ်ရေးအကျဉ်း

ရှီကျင်းဖျင်ကို ၁၉၅၃ ခုနှစ် ဇွန်လတွင် တရုတ်နိုင်ငံ ဘေကျင်းမြို့၌ မွေးဖွားခဲ့သည်။ ရှီကျင်းဖျင်၏ ဖခင် ရှီကျုံးရွှင် (Xi Zhongxun) သည် တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ဇီပြည်နယ် (Shaanxi) ကွန်မြူနစ်တော်လှန်ရေး အုပ်စုကို တည်ထောင်ခဲ့ပြီး၊ ဒုတိယဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သည်။ ထိုစဉ်က သူ၏ ဖခင်သည် ကွန်မြူနစ်ပါတီ၏ ဝါဒဖြန့်ချိရေးဌာနတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

နောက်ပိုင်းတွင် အမျိုးသား ပြည်သူ့လွှတ်တော် (National People’s Congress) တွင် ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တရုတ်နိုင်ငံ ယဉ်ကျေးမှုတော်လှန်ရေး (Cultural Revolution) ကာလ၊ ရှီကျင်းဖျင် အသက် ၁ဝ နှစ်အရွယ်တွင် သူ့ဖခင်သည် အလုပ်ထုတ်ခံရပြီး လွှာရမ်း (Luoyang) ရှိ စက်ရုံတရုံသို့ အပို့ခံရသည်။ ၁၉၆၈ ခုနှစ်တွင် ထောင်ချခံရသည်။

သူ့ဖခင်၏ စောင့်ရှောက်မှုကို မရခဲ့ဘဲ၊ ၁၉၆၉ ခုနှစ်တွင် မော်စီတုန်း၏ ဆိုရှယ်လစ် ပြန်လည်ပညာပေးရေး လှုပ်ရှားမှု (Mao Zedong’s Socialist Re-education Movement) ၌ ရှန်ဇီပြည်နယ်၊ ယန်ချွမ်း (Yanchuan) တွင် အလုပ်သွားလုပ်ခဲ့သည်။ နောက်ပိုင်း၌ သူသည် ပါတီခွဲ၏ အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ပါတီမှ ထွက်သောအခါ သူ့အသက်သည် ၂၂ နှစ်အရွယ်သာ ရှိသေးသည်။

၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ၊ ရှီကျင်းဖျင်သည် ဘေဂျင်း (Beijing) မြို့၏ အဆင့်မြင့် ချင့်ဟွာတက္ကသိုလ် (Tsinghua University) ၌ ဓာတုအင်ဂျင်နီယာ ဘာသာရပ်ကို လေ့လာခဲ့သည်။ ၁၉၇၉ မှ ၁၉၈၂ ခုနှစ်အထိ ဗဟိုတပ်မတော်ကော်မရှင် (Central Military Commission) ၏ ဒုတိယဝန်ကြီးချုပ်ဖြစ်ပြီး၊ အထွေထွေ အတွင်းရေးမှူးချုပ်လည်းဖြစ်သူ ဂန်ဗျောင်း၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဂန်ဗျောင်း (Geng Biao) သည် တချိန်က သူ့ဖခင်၏ တပည့်ဟောင်းတဦး ဖြစ်ခဲ့သည်။ ထိုအလုပ်က ရှီကျင်းဖျင်အတွက် စစ်တပ်နှင့်ပတ်သက်၍ နောက်ခံ background အချို့ကို ဖန်တီးပေးခဲ့သည်။

လုပ်ငန်းဆိုင်ရာ နောက်ခံသမိုင်းအကျဉ်း

ရှီကျင်းဖျင်သည် ၁၉၇၁ ခုနှစ်တွင် ကွန်မြူနစ်လူငယ်အဖွဲ့ (Communist Youth League) သို့ ဝင်ရောက်ခဲ့ပြီး၊ ၁၉၇၄ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ (Communist Party of China) သို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် သူ့ကို ဟဘေးပြည်နယ် (Hebei)၊ ဂျန်ဒင်းခရိုင် (Zhengding County) ၏ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရန် ဂျန်ဒင်းသို့ စေလွှတ်ခဲ့သည်။ တဆက်တည်းမှာပင် သူသည် ရှန်ဇီ၊ ဟဘေး၊ ဖူဂျန် (Fujian) နှင့် ဂျာကျန်း (Zhejiang) ပြည်နယ် ၄ ခုတွင် ပါတီအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဖူကျိုး (Fuzhou) ရှိ တရုတ်ကွန်မြူနစ်ပါတီ စည်ပင်သာယာ ကော်မတီတွင် (CPC Fuzhou Municipal Committee) လည်း ပါတီတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၁၉၉ဝ ခုနှစ်တွင် ဖူကျိုးရှိ ပါတီကျောင်း၌ ကျောင်းအုပ်ဖြစ်လာခဲ့သည်။ ၁၉၉၉ တွင် ဖူကျန်းပြည်နယ်၏ ဒုတိယ မြို့တော်ဝန်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရသည်။ နောက်တနှစ်ကြာပြီးနောက် မြို့တော်ဝန်ဖြစ်လာခဲ့သည်။

မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ထိုင်းဝမ်မှ ရင်းနှီးမြှုပ်နှံမှုများ ရရှိလာစေရန်နှင့် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ရန် အားစိုက်ထုတ်မှုများ ပြုလုပ်ခဲ့သည်။ ၂ဝဝဝ ခုနှစ် ဖေဖော်ဝါရီလတွင် သူနှင့် ခရိုင်ပါတီ အတွင်းရေးမှူး ချန်မင်ယိ (Chen Mingyi) တို့ကို တရုတ်ကွန်မြူနစ်ပါတီမှ သမ္မတ ကျန်ဇီမင်း(Jiang Zemin)၊ ဝန်ကြီးချုပ် ဟူရောင်ဂျိ (Premier Zhu Rongji)၊ ဒုတိယ သမ္မတ ဟူဂျင်တောင် (Hu Jintao) နှင့် စည်ကမ်းကြီးကြပ်ရေးမှူး ဝေကျင့်ဇီ (Wei Jianxing) တို့က ယွမ်ဟွာပြည်နယ် (Yuanhua) အရေးနှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်ကို ရှင်းလင်းပြရန် ဆင့်ခေါ်ခဲ့သည်။

၂ဝဝ၂ ခုနှစ်တွင် ချီကျန်း (Zhejiang) ပြည်နယ်ရှိ အကြီးတန်းအစိုးရ အရာရှိတာဝန်နှင့် ပါတီတာဝန်များကို စတင်ထမ်းဆောင် ခဲ့သည်။ မြို့တော်ဝန်အဖြစ် လပေါင်းများစွာ တာဝန်ထမ်းဆောင်ပြီးနောက် ပါတီ၏ အဓိက တာဝန်များကို လွှဲပြောင်းရယူခဲ့သည်။ ထို့နောက် ရှီကျင်းဖျင်သည် ၁၅ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အလှည့်ကျ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရပြီး၊ ၁၆ ကြိမ်မြောက် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီတွင် အမြဲတမ်းအဖွဲ့ဝင်တဦး ဖြစ်လာသည်။

တရုတ်နိုင်ငံ၏ ချမ်းသာကြွယ်ဝဆုံးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်နေသော ချီကျန်းပြည်နယ်တွင် တာဝန်ထမ်းဆောင်နေစဉ် သူသည် ချီကျန်းပြည်နယ်၏ ဖွံ့ဖြိုးမှုနှုန်းကို နှစ်စဉ်ပျမ်းမျှ ၁၄ ရာခိုင်နှုန်း တိုးတက်အောင် အထောက်အပံ့ပေးခဲ့သည်။ ထို့ပြင် ချီကျန်းပြည်နယ်တွင် တာဝန်ထမ်းဆောင်နေစဉ်၊ ချီကျန်းရှိ အကျင့်ပျက် ခြစားသော အရာရှိများကို ပြင်းထန်စွာ ဆန့်ကျင့်သည့်အတွက် တရုတ်သတင်းဌာနများအကြား နာမည်ရလာကာ၊ တရုတ်ထိပ်တန်းခေါင်းဆောင်များ၏ အာရုံစိုက်ခြင်းကို ခံရသည်။

လူမှုဖူလုံရေး ရန်ပုံငွေကိစ္စနှင့် ပတ်သက်၍ ၂ဝဝ၆ ခုနှစ် စက်တင်ဘာလတွင် ရှန်ဟိုင်းပါတီ ဥက္ကဋ္ဌ ချန်လျန်ယု (Chen Liangyu) အလုပ်မှ ထုတ်ခံလိုက်ရပြီးနောက်၊ ၂ဝဝ၇ ခုနှစ် မတ်လတွင် ရှီကျင်းဖျင်ကို ရှန်ဟိုင်းပါတီ၏ ဥက္ကဋ္ဌအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့သည်။

ရှန်ဟိုင်း၌ ရှိနေစဉ် ဗဟိုခေါင်းဆောင်ပိုင်းနှင့် ပတ်သက်၍ အကြီးအကျယ် ဝေဖန်မှုများ ဖြစ်ပေါ်နေချိန်၌ ထိုကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရမည့် ကိစ္စများမဖြစ်စေရန် သတိထားခဲ့သည်။ ဒေသတွင်း၌ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ရှီကျင်းဖျင်သည် သူ့အလုပ်နှင့် ပတ်သက်၍ နာမည်ကျော်ကြားခဲ့သည်။ သူ့အကြောင်းကို ပြင်းထန်စွာ ဝေဖန်ပြောဆိုသံများ မကြားခဲ့ရပေ။ ထို့ပြင် သူ့ကို နိုင်ငံရေးအရ ပြင်းထန်စွာ တိုက်ခိုက်ခြင်းမျိုးလည်း မကြုံတွေ့ခဲ့ရပေ။


ဗဟိုအစိုးရသို့ ရောက်ရှိခြင်း
နိုင်ငံရေး ဦးဆောင်ကော်မတီ အဖွဲ့သို့ ဝင်ရောက်ခြင်းနှင့် တရုတ်နိုင်ငံ၏ ဒုတိယ သမ္မတ ဖြစ်လာခြင်း

ရှန်ဟိုင်း၌ ရှီကျင်းဖျင် ပါတီအတွင်းရေးမှူးနေရာ ရလာခြင်းသည် သူ့အတွက် တရုတ်ခေါင်းဆောင်ပိုင်းတွင် ပဉ္စမမြောက် မျိုးဆက်သစ် အဖွဲ့ဝင်တဦးအဖြစ် ပေါ်ထွက်လာရန် ခြေလှမ်းတခုဖြစ်ကြောင်း အများက ရှုမြင်ကြသည်။ ၂ဝဝ၇ ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီ၏ ၁၇ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး၌ သူ့ကို နိုင်ငံရေး ဦးဆောင်အဖွဲ့ ၉ ဦးကော်မတီ (nine-man Politburo Standing Committee) ၌ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့သည်။

စိတ်ဝင်စားစရာကောင်းသည်မှာ ရှီကျင်းဖျင်သည် လက်ရှိ တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်လီကာချန်း (Li Kequang) ထက် အဆင့်မြင့်သော နေရာသို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။ ၂ဝဝ၈ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ရှီကျင်းဖျင်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ဒုတိယ သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။

အချို့က ရှီကျင်းဖျင်အနေနှင့် ယခုကဲ့သို့ တရုတ်နိုင်ငံ၏ ဒုတိယ သမ္မတအဖြစ် ရွေးချယ်ခံရခြင်းသည် သမ္မတ ဟူကျင်တောင်နှင့် ဗဟိုခေါင်းဆောင်ပိုင်းတွင် သြဇာအာဏာရှိသည့် ကျန်ချင့်ဟုန် (Zeng Qinghong) တို့နှင့် ရင်းနှီးစွာ ဆက်ဆံမှုများရှိခဲ့သည့်အတွက်ကြောင့်ဟု ခန့်မှန်းကြသည်။ ထို့ပြင် ရှီကျင်းဖျင်သည် ကွန်မြူနစ်ပါတီ၏ အတွင်းဝန်များအဖွဲ့၌ ထိပ်တန်းအဆင့် အဖွဲ့ဝင် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

လှုပ်ရှားဆောင်ရွက်မှုများ

ရှီကျင်းဖျင်သည် ၂ဝဝ၈ ခုနှစ် နွေရာသီ အိုလံပစ်ပွဲတော်အတွက် ပြင်ဆင်ရာ၌ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ဟောင်ကောင်နှင့် မကာအိုဆိုင်ရာ လုပ်ငန်းများတွင် ဗဟိုအစိုးရ၏ ခေါင်းဆောင်ပိုင်းမှ ပါဝင်ခဲ့သည်။ ထို့ပြင် ကွန်မြူနစ်ပါတီ၏ ပါတီ အမာခံလေ့ကျင့်ရေးနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာ (the cadre-training and ideological education) ပညာသင်ကျောင်းဖြစ်သည့် ဗဟိုပါတီကျောင်း (Central Party School) တွင် ကျောင်းအုပ်ဖြစ်ခဲ့သည်။

၂ဝဝ၈ ခုနှစ်တွင် စီချွမ်ပြည်နယ်၌ ငလျင်လှုပ်သောအခါ ရှီကျင်းဖျင်သည် ငလျင်ဒဏ်ခံရသော ရှန်ဇီ (Shaanxi) နှင့် ဂန်စု (Gansu) ပြည်နယ်များသို့ သွားရောက်ခဲ့သည်။

တရုတ်နိုင်ငံ၏ ဒုတိယ သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် သူ၏ ပထမဆုံးခရီးစဉ်အဖြစ် ၂ဝဝ၈ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ မြောက်ကိုရီးယား၊ မွန်ဂိုလီးယား၊ ဆော်ဒီအာရေးဘီးယား၊ ကာတာနှင့် ရီမင်နိုင်ငံများသို့ သွားရောက်ခဲ့သည်။ အိုလံပစ်ပွဲတော်ပြီးနောက်၊ ရှီကျင်းဖျင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်သည့် အနှစ် ၆ဝ ပြည့် အခမ်းအနားကျင်းပရေး ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။

ယေဘုယျအားဖြင့် ရှီကျင်းဖျင်သည် သူ၏ ပွင့်လင်းမှုနှင့် တရားသေဝါဒကြောင့် ပြည်ပနိုင်ငံ ခေါင်းဆောင်များကြားတွင်လည်း ထင်ရှားသူတဦး ဖြစ်သည်။ စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု (Lee Kuan Yew) က ရှီကျင်းဖျင်နှင့် ပတ်သက်၍ “သူဟာ ပြဿနာပေါင်းများစွာကို ကိုင်တွယ် ဖြေရှင်းခဲ့သူ တယောက် ဖြစ်ပါတယ်၊ ကျနော့်အနေနဲ့ သူ့ကို နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) လို ပုဂ္ဂိုလ်မျိုးနဲ့ တဆင့်တည်း ထားပါတယ်” ဟု မှတ်ချက်ပေးခဲ့သည်။


လက်တင် အမေရိက ခရီးစဉ်များ

၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလတွင် မက္ကဆီကို၊ ဂျမေကာ၊ ကိုလံဘီယာ၊ ဗင်နီဇွဲလားနှင့် ဘရာဇီးလ်နိုင်ငံများသို့ ဒေသတွင်းဆိုင်ရာနှင့် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းဆိုင်ရာ ကိစ္စများကို ဆွေးနွေးရန် အလည်အပတ် သွားခဲ့သည်။ ဗင်နီဇွဲလား သမ္မတ Hugo Chavez နှင့် တွေ့ဆုံခဲ့သည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မက္ကဆီကို နိုင်ငံ၌ အလည်အပတ်ရောက်ရှိနေစဉ် ပြည်ပရောက် တရုတ်အုပ်စုများ၏ ရှေ့မှောက်၌ စကားပြောခဲ့ပြီး၊ ဘဏ္ဍာရေး အကျပ်အတည်းအတွက် တရုတ်နိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုကို ရှင်းလင်းတင်ပြခဲ့သည်။ သူက “၁၃ သန်းသော လူသားမျိုးနွယ်စု တခုလုံးကို ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်က ကာကွယ်ရန်အတွက် တရုတ်နိုင်ငံက အကြီးမားဆုံး ထည့်ဝင် လှူဒါန်းထားပါတယ်” ဟု ပြောခဲ့သည်။


အခြားပြည်ပနိုင်ငံ ခရီးစဉ်များ

ရှီကျင်းဖျင်၏ အခြားပြည်ပနိုင်ငံ ခရီးစဉ်များမှာ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဘယ်လ်ဂျီယံ၊ ဂျာမဏီ၊ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီနှင့် ရိုမေးနီးယားနိုင်ငံများ၊ အာရှ ခရီးစဉ်များအဖြစ် ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဂျပန်၊ တောင်ကိုရီးယား၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။

နိုင်ငံရေးအနာဂတ်

ရှီကျင်းဖျင်ကို ၂ဝဝ၉ ခုနှစ် ကမ္ဘာ့အရှိန်အဝါအရှိဆုံး ပုဂ္ဂိုလ် ၁ဝဝ စာရင်း၌ ထည့်သွင်းခဲ့သည်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာတွင် ကျင်းပသော ၁၇ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ၄ ကြိမ်မြောက် အစည်းအဝေး၌၊ ရှီကျင်းဖျင်ကို တရုတ်ပြည် ဗဟိုတပ်မတော်ကော်မရှင် (Central Military Commission) ၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် မရွေးချယ်ခဲ့ပေ။

ထိုအစည်းအဝေးတွင် သူ၏ အောင်မြင်မှုနှင့် ပတ်သက်၍ မေးမြန်းခြင်းများ ရှိခဲ့ပြီး၊ ယခုကဲ့သို့ အရွေးမခံခဲ့ရခြင်းဖြစ်သည်။ ဟောင်ကောင် ကြေးမုံသတင်းစာ (The Mirror) က “ရှီ ကိုယ်တိုင်က ဗဟိုတပ်မတော် ကော်မရှင်၏ ဒုတိယ ဥက္ကဋ္ဌ ရာထူးကို ရရှိရန် တွန့်ဆုတ်နေပြီး၊ သမ္မတ ဟူကျင်တောင်နှင့် ပါတီ ထိပ်ပိုင်းခေါင်းဆောင်များကို သူ့အနေနှင့် လက်ရှိရာထူးတွင်သာ တာဝန်ထမ်းဆောင်ရေး အာရုံစိုက်ရန်လိုကြောင်း စာရေးခဲ့သည်ဟု” ဖော်ပြခဲ့သည်။

မိသားစု

ရှီကျင်းဖျင်သည် နာမည်ကြီး တရုတ် ရိုးရာအဆိုကျော် ဖန်လိယွမ် (Peng Liyuan) နှင့် ၁၉၈၇ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ရှီကျင်းဖျင် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်သည့်အချိန်၌ ဖန်လိယွမ်သည် ပို၍ နာမည်ကျော်ခဲ့သည်။ သူတို့ဇနီးမောင်နှံသည် ကိုယ်စီ အလုပ်များကြသည့်အတွက် မကြာခဏ ခွဲခွာပြီး နေကြရသည်။

သူတို့ ဇနီးမောင်နှံကို တရုတ်နိုင်ငံရေးလောက၌ နာမည်ကျော်စုံတွဲအဖြစ် အများက သတ်မှတ်ကြသည်။ သူတို့ ဇနီးမောင်နှံတွင် ရှီမင်းဇီ (Xi Mingze) ဟု ခေါ်သော သမီးလေး ရှိသည်။ “သူ အိမ်ပြန်လာရင် ကျမအနေနဲ့ ခေါင်းဆောင်တဦးဦး အိမ်မှာ ရောက်နေတယ်လို့ ဘယ်တော့မှ မတွေးဘူး။ ကျမ မျက်လုံးထဲမှာတော့ သူဟာ ကျမ ခင်ပွန်းပါပဲ” ဟု ဖန်လိယွမ်က သူမ၏ ခင်ပွန်းအကြောင်းကို ပြောသည်။

မဲဆောက်ဒေသ မြန်မာများအတွက် FM ရေဒီယို လွှင့်မည်



Tuesday, 05 January 2010 17:53
ဝါးရှီးဖော ဧရာဝတီ)

ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ အနီးတဝိုက်တွင် နေထိုင်သည့် မြန်မာပြည်သားများသည် လာမည့် တနင်္လာနေ့မှ စတင်ပြီး မြန်မာဘာသာဖြင့် ထုတ်လွှင့်မည့် FM ရေဒီယိုကို နားဆင်နိုင်တော့မည်ဖြစ်သည်။


လူထုရေဒီယိုဟု အမည်ပေးထားသော အသံလွှင့်ဌာန၏ ထုတ်လွှင့်ချက်များမှာ ထိုင်းနိုင်ငံ၏ ဥပဒေအရ စီပွားရေးကြော်ငြာနှင့် နိုင်ငံရေး သတင်းများ ပါဝင်မည် မဟုတ်ကြောင်း လူထုရေဒီယို မန်နေဂျာ ကိုမင်းလွင်က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့က ကလေးတွေ၊ လူငယ်တွေ၊ လူလတ်ပိုင်းတွေ၊ လူကြီးပိုင်းတွေ အတွက် ကျန်းမာရေး၊ ပညာရေးနဲ့ ပတ်သက်တဲ့ အသိပညာပေး အစီအစဉ်တွေကို အဓိကထား ထုတ်လွှင့်ပေးမှာ ဖြစ်တယ်” ဟု ကိုမင်းလွင်က ပြောသည်။

လူကြိုက်များလေ့ရှိသည့် ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်မည်ဟု ဆိုသည်။

လူထုရေဒီယိုကို မဲဆောက်မြို့နှင့် ၁၅ ကီလိုမီတာ (၁၀ မိုင်ခန့်) ပတ်ဝန်းကျင်အတွင်း ဖမ်းယူ နားဆင် နိုင်မည် ဖြစ်သည်။ မြန်မာပြည်ဘက်ခြမ်းတွင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် သင်္ကန်းညီနောင် ဒေသအထိ ရောက်ရှိမည်ဟု သိရသည်။

မြန်မာ၊ ထိုင်း ၂ ဘာသာဖြင့် ထုတ်လွှင့်မည့် လူထုရေဒီယိုကို ထိုင်းစံတော်ချိန် နံနက်၈ နာရီမှ ည ၈နာရီအထိ နေ့စဉ် ထုတ်လွှင့်သွားရန် ပြင်ဆင်လျက်ရှိသည်။ ဖမ်းယူရမည့် အသံလှိုင်းမှာ SM 102.5 Mhz ဖြစ်သည်။

မဲဆောက်မြို့ဝန်းကျင်တွင် သိန်းနှင့်ချီပြီး ရှိနေသော မြန်မာပြည်သားများ သိထားသင့်သည့် အချက်အလက်များကို ဖြန့်ဝေမည်ဟု မန်နေဂျာ ကိုမင်းလွင်က ရှင်းပြသည်။

“မြန်မာ အလုပ်သမားတွေ အတွက် စာသင်ကျောင်း ဘယ်မှာ ဖွင့်ပေးသလဲ၊ ဘယ်တော့ စဖွင့်မှာလဲ။ နောက်ပြီး အလုပ်သမားတွေ အတွက် ပြဌာန်းထားတဲ့ ဥပဒေ၊ အလုပ်သမား လက်မှတ်၊ ကလေးတွေ အတွက် မှတ်ပုံတင် လုပ်ပေးတာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကျနော်တို့ အကြောင်းကြားပေးမယ်” ဟု သူက ဆက်ပြောသည်။

မဲဆောက်မြို့ရှိ မြန်မာပြည်သားများကလည်း ၎င်းတို့အတွက် ရည်ရွယ်ပြီး ပထမဦးဆုံးအကြိမ် သီးသန့်ထုတ်လွှင့်မည့် FM ရေဒီယို ဖမ်းယူနားဆင်ရန် အဆင်သင့် ဖြစ်နေကြသည်။

"အရမ်းကောင်းတယ်၊ နားထောင်မယ်။ သတင်းစာ မဖတ်နိုင်တဲ့သူတွေအတွက် ပိုပြီးကောင်းတယ်" ဟု မဲဆောက်မြို့ရောက် နာဂတိုင်းရင်းသားတဦးဖြစ်သူ ကိုလာပိုက ပြောသည်။

ပညာပေးနှင့် ဖျော်ဖြေရေးဦးစားပေး FM ရေဒီယိုကို MAP Foundation အမည်ရသည့် အလုပ်သမားရေးရာ အဖွဲ့အစည်းတခုက အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။

အစီအစဉ်တချို့ကို အချိန်ပိုင်း ထုတ်လွှင့်နိုင်ရေးအတွက် မည်သူမဆို ပူးပေါင်း ဆောင်ရွက်နိုင်သည်ဟု သိရသည်။

MAP အဖွဲ့သည် FM ရေဒီယို ထုတ်လွှင့်မှုနှင့် ပတ်သက်ပြီး အတွေ့အကြုံရှိပြီးဖြစ်သည်။ အဖွဲ့ရုံးစိုက်ရာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာပြည်သား အလုပ်သမားများအတွက် FM ရေဒီယို တခုကို ၂ဝဝ၈ ခုနှစ်မှ စတင်ပြီး မြန်မာ၊ ရှမ်း၊ ကရင် စသည့် ဘာသာများဖြင့် ထုတ်လွှင့်လျက် ရှိသည်။

"ဗုဒ္ဓ ရဲ့ ပါပီ"


"ဗုဒ္ဓ ရဲ့ ပါပီ"


ဘ တစ်ပြန်....

ကျား တစ်ပြန်သူ့ထက်ငါ.....

အလုအယက်ပေးဝေမျှတဲ့

မေတ္တာတွေနှစ်ထောင့်တစ်ဆယ်

နှစ်သစ်ကူးတဲ့ ညမှာလေ ...... ။


တဏှာ့ကျွန်လည်း မခံပြီ

စစ်ကျွန်လည်း မခံချင်တော့ပြီမို့

ဝဋ်ကြွေးတွေလည်း ပြေ

ကံကြွေးတွေလည်း ကြေ

ထွက်ရပ် လမ်းကို မှန်းရည်၍

ဒီဘဝ ဒီလမ်းဆုံးရင်ဖြင့်

နောင်ဘဝ လူ့ပြည်ကို

ခြေမလှမ်းချင်တော့

ဘုရားမကြိုက်တဲ့

လူမဖြစ်ရန် သံဓိဋ္ဌာန်ချမိပါရဲ့ ..... ။


အကယ်၍များ....

မျက်စိလည် လမ်းမှား

ကမ္ဘာမြေကို အလည်ပြန်ရောက်ခဲ့ရင်ဖြင့်

ဘုရားသားတော်တို့ရဲ့ စံကျောင်းတော်ရာမှာ

အပြစ်မဲ့တဲ့ခွေးလိမ္မာ...

ပါပီလေးသာ ဖြစ်လိုက်ချင်ပါရဲ့.... ။


ကျော်သူ

၃၁-၁၂-၂၀၀၉

ည(၁၂:၀၀) နာရီအတွေး

Monday, 4 January 2010

တိုကျို (၆၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နှင့် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု


"The Current Leadership in Burma Is Aging. We Encourage More Young People to Engage and Participate in the Political Process Because It Is the Affairs of the Country, and It Is Their Future."

-သာထက်-
(DFB-JP/WFWW)

ယနေ့ ကျရောက်သည့် (၆၂)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် JAC မှ ဦးဆောင်ပြီး ဂျပန်ရောက် ဒီမီုကရေစီအင်အားစုများနှင့် မြန်မာနိုင်ငံသားများကစုပေါင်းပြီး လွပ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို TOKYO SHINAGAWA ရှိ နအဖ စစ်အခွန်ရုံးရှေ့၌ ကျင်းပခဲ့ကြသည်။ ယင်းအခမ်းအနားကို နိုင်ငံရေးအဖွဲ့စည်းအသီးသီးမှ အင်းအား ၁၅၀ ခန့် တတ်ရောက်ခဲ့ကြသည်။ အခမ်းအနားကို ညနေ ၃း၃၀ မှ ၅ နာရီအထိ ကျင်းပခဲ့ကြကြောင်းသိရှိရပါသည်။

တက်ရောက်လာသူများက မြန်မာနိုင်ငံလွတ်လပ်ရေးနေ့၌ မြန်မာပြည်သူများ လွတ်လပ်မှုမရှိပဲ ကိုယ့်တိုင်းပြည်ထဲမှာပင် ထောင်သွင်းအကျဉ်းချခံနေရကြောင်း၊ နိုင်ငံရေးအကျဉ်သားများကို ထောင်သွင်းအကျဉ်းချထားပြီး၊ ရွေးကောက်ပွဲ ကျင်းပမည့်အစီအစဉ်ကို ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်း နှင့် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

၆၂ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့၌ ဒီမိုကရေစီနှင့် လူအခွင့်အရေးတွေကို ချိုးဖောက်ပြီး၊ လူသားများအပေါ် ပြစ်မှုကျူးလွန်နေကြသော နအဖ စစ်ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန်ရှု့ချခဲ့ကြပြီး၊ အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် အခမ်းအနားကို ရပ်စဲခဲ့သည်။


၂၀၁၀ ကို ပုံဖော်ရတာ လွယ်ပါတယ်


အမည်ခံ ဒီမိုကရေစီ

-ကျော်ကျော်စိုး ( ဂျပန်)-

Pseudo Democracy


နှစ်ကူးအဓိဌာန်- အကြောင်းနှင့်အကျိုး
-လွင်အောင်စိုး ( ဂျပန်)-


New Year Resolutions Casue and Effect1


လူမှုလူ့အဖွဲ့အစည်းနှင့် အုပ်ချုပ်မှု

-ကျော်ကျော်စိုး ( ဂျပန်)-


Civil Society and Governance

Sunday, 3 January 2010

Song for 2010 ( ၂၀၁၀ အတွက် တေးသံ )

“တပ်နဲ့ပြည်သူလက်တွဲကူ၊ အာဏာရှင်ဟူသမျှချေမှုန်းကြ” အသံလွှင့်ဇတ်လမ်း


လေးလေး (တိုကျို) စီစဉ်ထုတ်လွှင့်သော 

“တပ်နဲ့ပြည်သူလက်တွဲကူ၊ အာဏာရှင်ဟူသမျှချေမှုန်းကြ" အသံလွှင့်ဇတ်လမ်းကို နားသောတဆင်နိုင်ပါပြီ။

အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြသည့် ပြည်သူ့ တပ်မတော်သားများ၊ မျိုးချစ် ရဲဘော်ဟောင်းများ၊ ပြည်သူ့ဝန်ထမ်းများ နားသောတ ဆင်နိုင်ရန် အင်တာနက် စာမျက်နှာများ မှတဆင့် ရေးသားတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါသည်။

နားသောတ ဆင်သူများ ကြိုက်နှစ်သက်တယ်ဆိုလျှင် ဆက်လက် လက်ဆင့်ကမ်း ဝေမျှပေးကြပါ။
ဒီထက်ကောင်းသည့် အသံလွှင့်ဇတ်လမ်းများ ဆက်လက်ရေးသား တင်ဆက်သွားနိုင်ရန် အတွက် ဒီအသံလွှင့်ဇတ်လမ်း ကို နားစင်ပြီးသည့်နောက် မိမိတို့၏ ထင်မြင်ချက်များ၊ အကြံပြုချက်များကို မျှဝေပေးသွားကြပါလို့။

(We Fight We Win)

Saturday, 2 January 2010

ခေါင်းဆောင်မှု၏ အနက်အဓိပ္ပာယ်ကိုရှာဖွေခြင်း

-အောင်ခက်-

ထမင်းကောင်း ဟင်းကောင်းစားရတဲ့ အခါ မိတ်ကောင်းဆွေကောင်းတွေကို သတိရသလို စာကောင်းပေကောင်း တွေကို ဖတ်ရတဲ့ အခါ ကျနော်တို့ စာဖတ်မိတ်ဆွေတွေကိုလည်း သတိရမိတာတော့ အမှန်ပါဘဲ။ အဲဒီအတွက်ဘဲ ကျနော်တို့ WFWW( We Fight We Win) က ကျနော်တို့ ဖတ်ရှု့ ခဲ့ တဲ့ စာကောင်းပေကောင်းတွေကို ကျနော်တို့ရဲ့ စာဖတ်ပရိသတ် အဆွေခင်ပွန်းတွေအတွက် မျှဝေ ပေးနေပါတယ်။ ဒီလမှာတော့ အင်တာနက်စာမျက်နှာများမှာ လူထုအကျိုးအတွက် အသိစိတ်ဓာတ်ရှိရှိဖြင့် မိမိဆန္ဒအလျောက် သတင်းများ၊ ခွန်အားဖြစ်စေမည့် ဗဟုသုတများ၊ ဘ၀ခံစားချက်များ၊ အတွေးအမြင်များကို မျှဝေပေးနေကြတဲ့ Citizen Journalists လို့ခေါ်တဲ့ လူထု သတင်းထောက်များ၊ နိုင်ငံသား သတင်းထောက်များ က ရေးသားတင်ပြထားကြတဲ့ “ခေါင်ဆောင် /ခေါင်းဆောင်မှု” ဆိုသည့် အကြောင်းနှင့် ပက်သက်ပြီး လက်လှမ်းမှီ ဖတ်ရှု့ရသမျှ ကို ချစ်လှစွာသော စာဖတ်မိတ်ဆွေများအား ဝေမျှ ပေးသွားပါမယ်။

ဒီနေ့မှာတော့ Myanmar Entrepreneur Group အတွက် စာရေးဆရာ မှော်ဆရာ (Mhaw Saya) ပထမဆုံး ရေးသားခဲ့တဲ့ “ခေါင်းဆောင်မှု၏ အနက်အဓိပ္ပာယ်ကိုရှာဖွေခြင်း” ဆောင်းပါး တစ်ပုဒ်ကို မျှဝေသွားမှာ ဖြစ်ပါတယ်။

၂၀၁၀ နှစ်သစ်ကူးမှစတင်ပြီး ၀င်ရောက်လာခဲ့ပြီဖြစ်တဲ့ ဆယ်စုနှစ်သစ် မှာ အရည်အချင်း ပြည့်ဝပြီး၊ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ရှိတဲ့ မြန်မာလူငယ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာပြီး တိုင်းပြည်ကို မှန်ကန်တဲ့လမ်းကြောင်းပေါ် ဦးဆောင်လမ်းပြခေါ်ဆောင် သွားနိုင်ကြပါစို့လား။
*****************************************************

"There is a climate of fear but within this climate of fear I'm very proud to say there are many, many brave people ... they're committed enough to carry on with their work, in spite of their fear. Those are the really courageous ones and I'm very proud of them." ~ Daw Aung San Suu Kyi.
Aung San Suu Kyi in Arakan, 2002
(က)

ခေါင်းဆောင်မှု သို့မဟုတ် Leadership ဆိုသော စကားလုံးကို နေရာ အတော်များများတွင် လူတိုင်း နီးပါးလောက် ကြားဖူးကြမည် ဖြစ်သည်။ နေရာဒေသ ကို လိုက်၍ ကြားပုံ ကြားနည်း ကွာခြားမည်။ အချိန်အခါနှင့် လူပုဂ္ဂိုလ် ပေါ် မူတည်၍ မြင်ပုံ မြင်နည်း ကွာခြားမည်။ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်မှု ဆိုသော ဝေါဟာရ တစ်ရပ်သည် လူ့လောက၊ လူ့ အဖွဲ့အစည်း အတွင်း ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ရပ်တည် လုပ်ဆောင်နေကြသော လူစုလူဝေး၊ အဖွဲ့အသင်း နှင့် လူမျိုး၊ နိုင်ငံ အစရှိသည့် အရာအားလုံးတို့ အတွက် မရှိမဖြစ် အရေးကြီးသော အရာတစ်ခု ဖြစ်ခြင်းကိုမူ ကမ္ဘာဦးကတည်းက လူသားတို့ လက်ခံ လာခဲ့ကြပြီး ဖြစ်၏။

(ခ)

စာဆန်ဆန်၊ ဟိုအချက် ဒီအချက်များအား ကိုးကား မပြောမှီ ခေါင်းဆောင်ကောင်း တစ်ယောက်၏ အင်္ဂါရပ်များကို မိမိကိုယ်တိုင် မိမိ ဆန္ဒများပေါ်တွင် အခြေတည်၍ စိတ်ကူး သတ်မှတ် ကြည့်နိုင်သည်။

ပထမဆုံး အချက် အနေဖြင့် ခေါင်းဆောင်ဟူသည် အားလုံးတို့ထက် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး တို့တွင် အမြင် ကျယ်ပြန့် နှံ့စပ်သူ ဖြစ်ရမည်။ ယေဘူယျ ဆန်အောင် ပြောလိုက်ခြင်း ဖြစ်၏။ ဆိုလိုရင်းမှာ ခေါင်းဆောင် နှင့် ခေါင်းဆောင်လုပ်သူ အဖွဲ့အစည်း၏ သက်ဆိုင်ရာ နယ်ပယ်တွင် အမြင်ကျယ်ကျယ် ပြန့်ပြန့် ရှိရန်ကို ဆိုလိုခြင်း ဖြစ်သည်။ ခေါင်းဆောင်လုပ်သူ ကိုယ်တိုင်ကမှ နွားခြေရာခွက်ထဲလောက် ကို မျက်စိတစ်ဆုံး ကြည့်ရှုနေလျင် နောက်လိုက် အပေါင်းတို့ကား စုံလုံးကန်းရန်သာ ရှိတော့၏။

ဒုတိယ အချက်အနေဖြင့် မိမိသိသကဲ့သို့၊ မိမိမြင်သကဲ့သို့ အမြင်များအား မိမိနောက်လိုက် အပေါင်းတို့အား သိရှိနားလည် လာအောင်၊ မြင်တတ်၊ ကြည့်တတ်လာအောင် ပြောဟောခြင်း၊ သင်ကြား ပြသခြင်း၊ ကြည့်ရှု စောင်မခြင်း တို့အား ပြုလုပ်သင့်၏။ သို့မဟုတ်လျင် မိမိနှင့် နောက်လိုက်တို့ကြား အမြင် မတူညီမှုကြောင့် မည်သည့်အခါမှ နားလည်မှု၊ သဘောတူညီမှု ရရှိလိမ့်မည် မဟုတ်ပဲ ထို အဖွဲ့အစည်းသည်လည်း မည်မျှပင် အင်အားကြီးမားသည်ဖြစ်စေ စုံးစုံးမြုပ်၊ ကျရှုံး လိမ့်မည်သာ ဖြစ်၏။

တတိယ အချက်အနေဖြင့် ခေါင်းဆောင်ဟူသည် မည်သည့် အခြေအနေ၌ မဆို အဖွဲ့အစည်း၏ အကျိုးစီးပွား အပေါ်တွင် အမြဲသစ္စာရှိပြီး၊ အစဉ်သရွေ့ ရိုးသားဖြောင့်မတ်ကာ တည်ကြည်မှု ဂုဏ်သိက္ခာနှင့် ရဲရင့်ပြည့်စုံသူ ဖြစ်ရမည်။ အဖွဲ့အစည်း ဆိုရာတွင် Company တစ်ခုဆိုလျင်လည်း Company တစ်ခုအလျောက်၊ အဖွဲ့အသင်း ဆိုလျင်လည်း အဖွဲ့အသင်း အလျောက် နောက်ဆုံး နိုင်ငံ၊ ကမ္ဘာနှင့် ချီကာ သူ၏ တာဝန်ခံရမှု၊ တာဝန်ယူရမှု တို့အပေါ်တွင် မူတည်၍ အဆိုပါ အဖွဲ့အစည်း၊ မြို့ပြ၊ နိုင်ငံ၊ ကမ္ဘာ တစ်ခုလုံး အပေါ်တွင် ရဲရဲ ရင့်ရင့် သစ္စာရှိသူ ဖြစ်ရမည် ဟု ဆိုလို၏။ လိုတစ်မျိုး၊ မလိုတစ်မျိုး၊ လိုအပ်သလိုထားသော သစ္စာနှင့် ရိုးဖြောင့်မှုကို အသုံးချကာ ကိုယ်ကျိုးရှာခြင်း၊ သူရဲဘောကြောင်ခြင်းသည် ခေါင်းဆောင်သူ၏ အင်္ဂါရပ်မဟုတ်ပေ။

(ဂ)

ဤနေရာတွင် တစ်ချက်ကို မြှုပ်ထားခဲ့သည်ကို တွေးတောကြည့်နိုင်သည်။ အချို့သော ခေါင်းဆောင်မှု၏ အရည်အချင်းနှင့် ပတ်သက်၍ အဓိပ္ပာယ် ဖွင့်ဆိုသူများက ခေါင်းဆောင်ဟူသည် အများ လေးစားဖွယ် ဖြစ်သော သူတစ်ဦး ဖြစ်ရမည် စသည်ဖြင့် သတ်မှတ်ကြသည် များကိုလည်း ဖတ်ရှုလေ့လာဖူးခဲ့၏။ အမှန်တွင် ရိုးသားဖြောင့်မတ်ခြင်း၊ မိမိ၏ သက်ဆိုင်ရာ လူ့ဘောင် အဖွဲ့အစည်းအပေါ်တွင် အမြဲသစ္စာရှိခြင်းနှင့် ကိုယ်ကျိုးမကြည့်၊ ရဲရင့်စွန့်စားခြင်း စသော အင်္ဂါရပ်များတို့ တစ်ဆက်တစ်စပ်တည်း ပြည့်စုံနေလျင်ပင် ထိုကဲ့သို့သော လူမျိုး၌ လူတိုင်းလေးစားဖွယ်ရာ အရည်အချင်းများ အလိုအလျောက် ရှိလာမည်မှာ မလွဲဧကန်ပင် ဖြစ်ပြီး ထိုကဲ့ သို့သော ခေါင်းဆောင် ကိုယ်၌လည်း လူတိုင်းအား သူ့သွေး၊ ကိုယ့်သား မခွဲခြားပဲ လေးစားစွာ ဆက်ဆံတတ်ခြင်း ဟူသော အရည်အချင်း တစ်ရပ် မုချရှိနေလိမ့် မည်ဖြစ်သည်။

ထိုမှတစ်ပါး မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် အသုံးချရန် နောက်လိုက်အဖွဲ့အစည်းနှင့် လူထု၏ လေးစားမှုကို ရရှိအောင် တမင်တကာ လုပ်ယူဖန်တီးခြင်းကား တစ်ဖက်မှ ပြန်စဉ်းစားကြည့်လျင် တစ်ဖက်လှည့်နှင့် လိမ်လည် လှည့်ဖျားဖို့ ကြိုးစားနေခြင်း ပင်ဖြစ်ပြီး ရည်ရွယ်ချက်မှာလည်း ကိုယ်ကျိုးအတွက်သာ ဖြစ်သောကြောင့် ထိုကဲ့သို့ လုပ်ယူသော လေးစားမှုသည်လည်း မည်မျှ ကြာမြင့်စွာ ခံလေမည်နည်း။ ထိုသို့သော လူမျိုးအားလည်း မည်သူက ခေါင်းဆောင်ဟု သတ်မှတ် လေမည်နည်း။

(ဃ)

အမှန်တော့ ခေါင်းဆောင် ဆိုသူများသည်လည်း တစ်သီးတစ်ခြားစီနှင့် တစ်မျိုးတစ်ဘာသာစီ ဖြစ်ထွန်းမွေးဖွားလာသူများ မဟုတ်ကြချေ။ ကိုယ့်ကိုယ်ကို ခေါင်းဆောင်ဟူ၍လည်း မည်သည့် အခါမှ သတ်မှတ်ထားခဲ့ကြသူများ မဟုတ်ကြ။ သူတို့၏ တမင်တကာ လျို့ဝှက်မထားသော လျှို့ဝှက်ချက်များကား အမြင်ကျယ်ပြန့်မှု၊ အစဉ်တစ်စိုက် ရိုးသားရဲရင့်မှု နှင့် ကိုယ်ကျိုးမရှာ လူ့အဖွဲ့အစည်း အပေါ်တွင် အမြဲ သစ္စာ စောင့်သိမှု တို့ပင် ဖြစ်ကြ၏။ အံ့သြဖွယ် မှန်ကန်ချက် တစ်ခုကား အထက်ပါ အချက်သုံးချက် ခန့်ကို လူတိုင်း အသေအချာ၊ ပယ်ပယ်နယ်နယ် လိုက်နာ ကျင့်သုံးနိုင်ကြမည်ဆိုလျင် လူတိုင်း ခေါင်းဆောင် များချည်း သာတည်း။ သို့ဖြစ်၍ ၎င်းကဲ့သို့သော အဖွဲ့အစည်းတွင် နောက်လိုက်ဘယ်မှာနည်း ဟု ဂွကျကျ လည်း ထပ်မံ မေးမြန်းရန် မလိုအပ်။ ထိုကဲ့သို့ လူတိုင်း တည်ကြည် ဖြောင့်မတ်ကာ၊ မိမိသက်ဆိုင်ရာ အဖွဲ့အစည်း၊ လူ့လောကအတွက် သစ္စာရှိသူ၊ ကိုယ်ကျိုးစွန့်လိုသူ ချည်းများသာ ဖြစ်ကြလျင် ထိုသို့သော လောက၊ အဖွဲ့အစည်းအတွင်း တွင် ခေါင်းဆောင်၊ နောက်လိုက်ဟူသည် ဝေါဟာရ တစ်ရပ်အဖြစ်သာ ကျန်ရှိလိမ့်မည် ဖြစ်ပြီး အခြားသော သူသာသည်၊ ကိုယ်နာသည်ဟူသည့် အယူအဆများ၊ အဓိပ္ပာယ်များ သာမန် လူ့အဖွဲ့အစည်းများ အတွင်းမှာကဲ့သို့ အဆိုပါ ဝေါဟာရများ နောက်မှ လိုက်ပါလာရန် မရှိတော့ပေ။

ထိုသို့သော လောက၊ အဖွဲ့အစည်း အတွင်းတွင် အချင်းချင်း လုပ်ကိုင်၊ ပြောဆို၊ ဆက်ဆံ ဆောင်ရွက် ရာတွင်လည်း လူတိုင်း၏ ထားရှိသော အခြေခံစိတ်ဓာတ်များ မြင့်မားမှုကြောင့် ခေါင်းဆောင်မှု ပေးသူနှင့် လိုက်ပါ လုပ်ဆောင်သူတို့ ကြားတွင် ကြီးမားသော ကွာဟ ချက်များ မရှိတော့ပဲ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်လေးစားမှု ဖြင့်သာ ပွင့်လင်း၊ လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ကြ ပေလိမ့်မည်။ တစ်ခုတည်းသော ဘုံခံယူချက်နှင့် တစ်ကြောင်းတည်းသော ဘုံရပ်တည်ချက် ဖြစ်သည့် မိမိသက်ဆိုင်ရာ လူ့ဘောင် အဖွဲ့အစည်း၏ အကျိုးစီးပွား အပေါ်တွင် သစ္စာစောင့်သိမှု၊ ကိုယ်ကျိုးမငဲ့မှု ဟူသော အချက်က မည်သူ့ကို မဆို ခေါင်းဆာင် လုပ်ရသည်ဖြစ်စေ၊ နောက်လိုက် လုပ်ရသည်ဖြစ်စေ တူညီသော ကျေနပ်၊ ဝမ်းမြောက်၊ ဂုဏ်ယူမှု ကို ပေးစွမ်းလိမ့် မည်ဖြစ်၏။

(င)

သို့ဖြစ်ရာ ခေါင်းဆောင်မှု၏ နောက်ဆုံး အန္တိမ အဓိပ္ပာယ်ကား အသို့နည်း။ မိမိဦးဆောင်သော လူ့အဖွဲ့အစည်း တစ်ခုလုံးရှိ လူသား အားလုံးကို ခေါင်းဆောင်တို့၏ စိတ်ဓာတ် နှင့် ခေါင်းဆောင်တို့၏ အမူအကျင့်များ ရရှိ ဖြစ်ပေါ်လာအောင် လေ့ကျင့်၊ပြုစုပျိုးထောင်၊ ဦးဆောင်မှု ပေးခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့် ဆိုလို၏။ အရှင်းလင်းဆုံးနှင့်၊ အထင်ရှားဆုံး ဥပမာကား ရှိခဲ့ပြီးချေပြီ။ ကြီးကျယ်သော ခေါင်းဆောင် နှင့် မြင့်မြတ်သော အဖွဲ့အစည်း။

မည်သူတို့နည်း။ ငယ်မည် သိဒ္ဓတ္ထ ဟု တွင်သော ဂေါတမ ဗုဒ္ဓ နှင့် သူ၏ နောက်ပါ အဖွဲ့အစည်း တပည့်သာဝက သံဃာများ ပင်တည်း။ ဂေါတမ ဗုဒ္ဓ ကား သူတည်ရှိခဲ့ရာ ကာလ ဘီစီ - ၅၆၃ မှ ဘီစီ - ၄၈၃ ၊ သက်တမ်း - နှစ်ပေါင်း (၈၀) အတွင်း ဤ လောက၊ ဤ လူ့ဘောင် အတွင်း အအောင်မြင်ဆုံးနှင့် အငြိမ်းချမ်းဆုံး သော အဖွဲ့အစည်း တစ်ခုကို ဂရုဏာ၊ လေးစားမှု နှင့် ငြိမ်းချမ်းမှု တို့ကို အရင်းပြု၍ ခိုင်ခံ့စွာ ဦးဆောင်လမ်းပြ တည်ထောင် သွားခဲ့ချေသည်။ သူမြင်သကဲ့ သို့ သူဟောခဲ့သည်။ သူသိသကဲ့သို့ သူပြောခဲ့သည်။ မချွင်းမချန် အားလုံး အမှန်တရားများသာ ဖြစ်ကြောင်း။ သို့သော် သူလုပ်ခဲ့၊ သူဟောခဲ့သည် များကား သူ့ကိုယ်ကျိုးမဟုတ်၊ ခေါင်းဆောင် ဖြစ်လို၍ မဟုတ်။ လောက အကျိုး၊ အများ အကျိုး မျှသာ။ ထို့အပြင် သူပြောတိုင်း၊ ယုံကြည်လောက်သော သူပြောတိုင်း၊ စာထဲပေထဲ ပါသည်ဟုပြောတိုင်း မျက်စိမှိတ် ယုံစရာ မလို၊ ကိုယ်တိုင် လေ့လာ သုံးသပ်ပြီး၊ လက်ခံမှ ယုံ ဟူသော ရဲရဲတောက် ပြောကြားချက်များ အပါအဝင် သူဟောသော၊ သူပြောသော စကားများ အတွင်း၌ပင် သူကဲ့သို့သော ကြီးကျယ်၊ မြင့်မြတ်သူ ဖြစ်လိုလျင် ဖြစ်နိုင်သောနည်းများ ကလည်း ပါချေသေး၏။ မည်မျှလောက် ကြီးကျယ်သော ခေါင်းဆောင် ပါပေနည်း။

(စ)

အနှစ်ချုပ်ရလျင် ခေါင်းဆောင်မှု၊ ခေါင်းဆောင်၊ ခေါင်းဆောင် ကျင့်ဝတ် စသည့် အရာအားလုံးတို့သည် ကမ္ဘာတည်သရွေ့၊ လူ့ဘောင် အဖွဲ့အစည်းများ တည်ရှိသရွေ့ လူသားတို့၏ လိုအပ်ချက် အရ တည်ရှိနေကြ ဦးမည့် အရာများ ဖြစ်ကြ၏။ ဤနေရာတွင် ခေါင်းဆောင် လုပ်သူသည် ဦးစွာ မိမိကိုယ်တိုင် ကမ္ဘာ့ဆန်သော (တစ်ချိန်ချိန်တွင် စကြာဝဠာ ဆန်လာနိုင်ပြီး၊ ယခုပင် အစပျိုးနေချေပြီ) အမြင်မျိုး၊ အသိဥာဏ်မျိုး ရှိရန်လိုအပ်ပြီး မိမိသိသကဲ့သို့ မိမိ နောက်ပါ အဖွဲ့အစည်းသိရှိအောင်၊ မိမိမြင်သကဲ့သို့ မိမိနောက်လိုက် လူများ မြင်တတ်အောင် သင်ကြား၊ ဦးဆောင် လမ်းပြတတ်ရန် လိုအပ်မည် ဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက် နှင့်မဆို လေးစားမှု ကို အရင်းခံသော လွတ်လပ်၊ ပွင့်လင်းသည့် ဆက်ဆံရေးမျိုး ထားရှိအပ်၏။ အဆုံးစွန်သော အဓိပ္ပာယ်ကား မိမိ၏ လူ့ အဖွဲ့အစည်းတစ်ခုလုံးကို ခေါင်းဆောင်တို့၏ အရည်အချင်းမျိုး နားလည်၊ ဖြစ်ပေါ် တည်ရှိလာအောင် ရည်ရွယ် လုပ်ဆောင် နိုင်သော လွန်စွာမှ ကြီးကျယ်မြင့်မြတ်သည့် ခေါင်းဆောင်မှုမျိုး ပေးခြင်းပင်တည်း။

မှော်ဆရာ

" ကိုကျော်ဝင်း အရှေ့လေလား အနောက်လေလား"

(အီးမေးမှတဆင့်လက်ခံရရှိပါသည်)

တော်ဖလာ၊ ဟမ်တင်တန်၊ ဖူကူရားမား၊ သောမတ်စ် ဖရိုက်မင် စတဲ့ နီယိုကွန်။ နီယိုလစ်။ ဘက်က်စ်ဆဲလ်လားတို့ရဲ့ စာများကို ဘာသာပြန်ပြီး ဖွင့်ဆိုပြပြီး ပေါ်ပြူလာဖြစ်လာတဲ့ ဂလိုဘယ်လ် စာရေးဆရာ ကိုကျော်ဝင်းက "ပဋိပက္ခ ဖြေရှင်း ရေးနှင့် ရွေးကောက်ပွဲတို့၏အခန်းကဏ္ဍ" ဆိုတဲ့ခေါင်းစဉ်နဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်မှာ ဆောင်းပါးတပုဒ် ရေးလာတယ်။

ယခင်ကလဲ နအဖ ခေတ် လောလောလတ်လတ် နိုင်ငံရေးဆောင်းပါးများ ရေးခွင့်ရလာနေတဲ့ စစ်တပ်စိတ်ဓာတ် စစ်ဆင်ရေးဌာနရဲ့ အားပေးမှုလဲရတဲ့၊ စာစောင်တချို့မှာ သွယ်ဝိုက်ပြီး မထိတထိ ရေးသားနေတာ တွေ့ရတယ်။ ကိုယ့်အိုင်ဒီယာ (ဘိုလိုအသံထွက်ရေးမိတာ သည်းခံပါ) ကိုယ်လွတ်လပ်စွာတင်ပြတာမို့ သဘောမကိုက်သော်လည်း နားလည်လို့ရပါတယ်။ စာဖတ်ပရိသတ်တွေဟာ နလပိန်းတုံးတွေ မဟုတ်တာမို့ ကိုယ်ပိုင်အသိနဲ့ စိစစ်ဝေဖန် နိုင်ကြပါတယ်။

ယခုဆောင်းပါးကတော့ လိုင်းပြောင်းသွားတဲ့ ကိုကျော်ဝင်းရဲ့ဟန်အတိုင်း "လက်တွေ့အခြေပြု ချဉ်းကပ်နည်း" Pragmatic Approach တို့"ပဋိပက္ခ စီမံခန့်ခွဲရေး" Conflict Management တို့ "အထိန်းနဲ့အထေ" Check and Balance တို့ ဆိုတဲ့ (ကိုယ့်ကိုယ်တိုင်တောင် ဘာတွေမှန်း ရှင်းရှင်းလင်းလင်း သိရဲ့လား မဆိုနိုင်တဲ့ ) စာအုပ်ကြီးထဲက နည်းတွေ နဲ့ ဗမာပြည်နိုင်ငံရေး လက်တွေ့ကို သုံးသပ် ပြ ပါတယ်။

သူ့ဆောင်းပါးရဲ့အချုပ်က ၁၉၅၁ ရွေးကောက်ပွဲတုန်းက “၁၉၄၈ လွတ်လပ်ရေးzကို မိမိနှုန်းစံဖြင့် ချိန်ကိုက်ကြည့်ကာ ဘ၀င်မကျ၍ တောနှင့်တောင်သို့ရောက်သွား” ခဲ့တဲ့ ကွန်မြူနစ်ပါတီ မဝင်ခဲ့သဖြင့် “အတိုက်အခံ မရှိသော ပါလီမန်ပေါ်ထွက်လာခြင်းဖြစ်သည်။” “၂၀၁၀ ရွေးကောက်ပွဲသည်ပင် တခုတည်းသော ထွက်ပေါက်ဟု လိပ်ပြာသန့်သန့်ဆိုချင်ပါသည်။" NLD ရွေးကောက်ပွဲ မဝင်ရင် “အစွန်းရောက် ရယ်ဒီကယ်လမ်းကြောင်း” သို့ ရောက်လိမ့်မည်ဟုဆိုတယ်။

သူ့ရှေ့က သွားနှင့်တဲ့ ဆရာကြီးများလို NLD ရွှေဂုံတိုင် ရပ်တည်ချက်ကို ရိုင်းရိုင်းပျပျ အသုံးအနှုန်းများနဲ့ဗြောင် မတိုက်ပေမဲ့ စိတ်ဓာတ် စစ်ဆင်ရေးက ချပေးတဲ့လိုင်းအတိုင်း လိုက်ရေးနေရတာတော့ ထင်ရှားပါတယ်။


၁၉၅၁ ရွေးကောက်ပွဲဘာလဲ

၁၉၄၇ ဖွဲ့စည်းပုံ ဥပဒေအရ ရွေးကောက်ပွဲက ၁၉၄၉ ဇူလိုင် မှာကျင်းပရ မှာဖြစ်တယ်။ ဒါပေမဲ့ အကြိမ်ကြိမ် အလီလီ ရွှေ့ဆိုင်းခဲ့ပြီး ၁၉၅၁ ဇွန် ၁၂ မှ ၁၉၅၂ ဇန္န၀ါရီ ၃ အထိ ၇ လ နီးပါးကြာ ၃ ရစ်ခွဲကျင်းပခဲ့တယ်။ ဘာဖြစ်လို့လဲ၊ ဖဆပလ အစိုးရအဖွဲ့အတွင်း လက်ယာဆိုရှယ်လစ်တွေ အာဏာကို အုပ်စီးမိပြီး အတိုက်အခံဟူသမျှ တောထဲနဲ့ထောင်ထဲ ပို့ထားပြီး လို့ပဲ (၂၀၁၀နဲ့ဆင်ပါတယ်။ )

ကိုကျော်ဝင်းပြောသလို ဥပဒေတွင်း အတိုက်အခံ မရှိတော့ပဲ ဆိုရှယ်လစ် (ဖဆပလ) များ ပြိုင်ဘက်မရှိ ကြဲရတော့တာမဟုတ်ဘူး။ အလုပ်သမား၊ လယ်သမားပါတီ (ဆိုရှယ်နီ) ပြည်သူ့ရဲဘော် (ဗိုလ်ထွန်းစိန် ) ပြည်သူ့ ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစု (ဦးအောင်သန်း) နဲ့ တခြားနိုင်ငံရေးပါတီဟောင်းတချို့ ရှိခဲ့တယ်။ ကွန်မြူနစ်နဲ့ပြည်သူ့ရဲဘော် အမတ်တွေ (အယောက် ၄၀ကျော် မယ်) ကိုတော့ လွှတ်တော်မှ ထုတ်ပစ်ထားတယ်။

ကိုကျော်ဝင်း အနေနဲ့ ဒီကာလရဲ့ ပြည်တွင်းပြည်ပ အခြေအနေကို လိုက်မမီလိုက်သော်လည်း စိစိစစ်စစ် လေ့လာ သုံးသပ်ဖို့တော့ လိုပါလိမ့်မယ်။ ဘယ်သူဘယ်ဝှာက ပြောလို့ပါဆိုပြီး တဆင့်ကြားနဲ့ ရမ်းတုတ်လို့မဖြစ်ဘူး။ အထူးသဖြင့် အနီးခေတ်သမိုင်းကို သုံးသပ်ရာမှာ မရှိတော့တဲ့လူကို ကိုးကား၊ တဖက်သတ်ပြောစကားနဲ့ လိုရာအဓိပ္ပာယ်ဖွင့်၊ ကာလ ဒေသ သက်သေသက္ကာရခိုင်မာမှုမရှိ လုပ်လို့တော့မဖြစ်ဘူး။ သမာသမတ်ကျဖို့ လိုပါတယ်။ (နို့မို့ ဘယ်လိုလုပ် လိပ်ပြာ သန့်နိုင်မှာတုန်း )

ပြည်တွင်းအခြေအနေ

ဒီကာလမှာ ရန်ကုန်အစိုးရ ဘဝကနေ လွန်မြောက်လာပြီ။ ပြန်ဖွဲ့တဲ့ အစိုးရသစ်မှာ လက်ယာဆိုရှယ်လစ်တွေ ဝန်ကြီးရာထူး ပြန်ရနေပြီ။ ဆိုရှယ်လစ်ပါတီ ခါးပိုက်ဆောင် သောင်းကျန်းသူနှိမ်နင်းရေး ကာကွယ်ရေး ပြူစောထီး တပ်ဖွဲ့တွေ ဖွဲ့စည်းထားကြပြီ၊ ၁၉၄၉ မှာ ဦးကျော်ငြိမ်း (ပြည်ထဲရေးဝန်ကြီး) ရဲ့ လဲဗီးတပ်ရင်း ၂၆ ရင်း ၊ အင်အား ၁၃၀၀၀ ရှိနေပြီ၊ တပ်ရင်းပေါင်း ၅၂ ရင်း အထိ တိုးချဲ့ဖွဲ့စည်းဖို့ ပြင်နေပြီ။ ဒီတပ်တွေဟာ တပ်ထဲပြန်ဝင်လာတဲ့ ဗိုလ်အောင်ကြီး ကိုင်ထားတဲ့ တပ်တွေပဲ။ ဗိုလ်နေဝင်းက စစ်ဦးစီးချုပ် ။

ဒီ ခါးပိုက်ဆောင်တပ်တွေက အတိုက်အခံများပေါ်သာမက ပြည်သူလူထုပေါ်မှာလဲ အနိုင်ကျင့် ခြိမ်းခြောက် အကြမ်းဖက် သတ်ဖြတ်ကြတယ်။ ရွေးကောက်ပွဲမှာလဲ ဝင်စွက်နေတယ် (ကြံ့ဖွံ့၊ စွမ်းအားရှင် တို့နဲ့မကွာဘူး )
ရွေးကောက်ပွဲကာလ ၁၉၅၁ သြဂုတ်လထဲမှာပဲ KNU ဥက္ကဋ္ဌ စောဘဦးကြီးကို ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် တောတွင်းတနေရာမှာ အသေပစ်သတ်ဖမ်းဆီးရမိတယ်။ အလောင်းကို ပယ်လယ်ဝ သွားပစ်ပြီး လက်စတုံး ဖျောက်ဖျက် ပစ်ခဲ့တယ်။


ပြည်ပအခြေအနေ


ကိုရီးယားစစ်ပွဲ (၁၉၅၁-၅၃) ဖြစ်နေတယ်။ စစ်အေးအရှိန် မြင့်နေချိန်ပဲ ။ ဒါကြောင့် ဗမာပြည်ထဲမှာ ကူမင်တန် KMT စစ်ပြေးတွေ အလုံးအရင်းနဲ့ လှုပ်ရှားသွေးကြွနေတယ်။ အမေရိကန် KAT ကုမ္ပဏီနဲ့ပေါင်းပြီး "ပြည်တော်သာစီမံကိန်း" ရေးဆွဲနေချိန်ပဲ။ ဗိုလ်အောင်ကြီး ဦးဆောင်တဲ့ စစ်တပ်ဦးပိုင်ကော်ပိုရေးရှင်းဖြစ်တဲ့ BEDC ရဲ့ အစ DSI ကို စတင် ထူ ထောင်နေချိန်ပဲ။

ဒီလို ပြည်တွင်းပြည်ပ အခြေအနေအောက်မှာ၊ ဖဆဆိုရှယ်အစိုးရက သောင်းကျန်းသူ အမြစ်ဖြုတ်ရေး၊ အပြုတ် တိုက်ရေးပေါ်လစီ တသမတ်တည်း ကျင့်သုံးနေတဲ့အောက်မှာ ဗကပ က လက်နက်ချပြီး ရွေးကောက်ပွဲ ဝင်ရမယ်ဆိုရင် ခေါင်းကောင်းလို့ ဓားတောင်းတာပဲ ဖြစ်ပါလိမ့်မယ်။


၂၀၁၀ရွေးကောက်ပွဲဟာ ထွက်ပေါက်လား

၂၀၁၀ ဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အသက်သွင်းတာပဲ။ ပထမဆုံး လွှတ်တော် ကျင်းပတဲ့နေ့ ၂၀၀၈ အာဏာတည်တယ်။ (ပုဒ်မ ၄၄၁) ဒီအရင် န၀တ/ နအဖရဲ့ဥပဒေ အရပ်ရပ်လုပ်ရပ် အဖုံဖုံကို ဆက်ခံရမယ်။ တရားစွဲ အရေးယူခြင်း မပြုရ (ပုဒ်မ ၄၄၅)။ ဖွဲ့စည်းပုံ ဥပဒေကို ပြင်လိုလျှင် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ထောက်ခံပြီး လူထုဆန္ဒ ခံယူပွဲလုပ်ရမယ် ( ပုဒ်မ၄၃၆)။ နိုင်ငံရေးပါတီတရပ်သည် ဒို့အရေးသုံးပါးနဲ့ နိုင်ငံတော်၏ကျေးဇူး သစ္စာကို စောင့်သိရိုသေရမယ် (ပုဒ်မ၄၀၄)။ နိုင်ငံရေးပါတီ တရပ်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို လက်ခံကျင့်သုံးရမယ်။၂၀၀၈ ဖွဲ့စည်းပုံနဲ့ တည်ဆဲဥပဒေများကို လိုက်နာရမယ် (ပုဒ်မ၄၀၅)။ ဥပဒေပြုရာ ၊အုပ်ချုပ်ရာတွင် နိုင်ငံတော် အခြေခံမူများနဲ့အညီ (အမျိုးသားနိုင်ငံရေးတွင် တပ်မတော် ပါဝင်တဲ့ကဏ္ဍကို ဆိုလိုတယ်) လုပ်ရမယ်။ မည်သည့်တရား ရုံးတွင် မှ (ICC နိုင်ငံတကာ တရားရုံးကိုဆိုလိုတယ်) တရားစွဲဆို ခွင့်မရှိစေရ။ (ပုဒ်မ ၄၅၅) ဤဖွဲ့စည်း ပုံအာဏာမတည်မီ နိုင်ငံတော် အချုပ်အခြာအာဏာကို နအဖက ဆက်လက်ကျင့်သုံးဆောင်ရွက်မည် (ကြားဖြတ်တို့ အသွင်ကူးပြောင်းတို့ မလိုဘူးဆိုတဲ့ အဓိပ္ပာယ်)(ပုဒ်မ ၄၄၂)အထက်ပါ ပုဒ်မတွေအရ နအဖ ဖွင့်ပေးတဲ့အပေါက်မှခေါင်းငုံ့ဝင်ရင် ငရဲပြည်သို့ထွက်ရပ်လမ်းပဲ ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။

အတိုက်အခံဆိုတာ

၂၀၀၈ ဟာ အစဉ်အလာ နားလည်ထားတဲ့ အနိုင်ရနိုင်ငံရေးပါတီက အစိုးရဖွဲ့၊ အမတ်ဦးရေ နည်းတဲ့ပါတီက အတိုက်အခံလုပ်ဆိုတဲ့ ပါတီစုံ ပါလီမန်ဒီမိုကရေစီပုံစံ မဟုတ်ဘူး။ စစ်ဗျူရိုကရက် လူတန်းစားရာသက်ပန် အာဏာမြဲ ရေးအတွက် အကွက်ချစီရင်ထားတဲ့ပုံစံ ဖြစ်တယ်။

အထက်အောက်လွှတ်တော် နှစ်ရပ်စလုံးမှာ ရွေးကောက်ပွဲဝင် ရွေးကောက်ခံစရာ မလိုတဲ့ စစ်ဗိုလ်တမတ်သား (၂၅ ရာခိုင်နှုန်း) အလိုအလျောက် ပါတယ်။ ရွေးကောက်ပွဲ ဝင်စရာ မလိုတဲ့ စစ်ဗိုလ်လူထွက်သမ္မတကို သမ္မတရွေးခြယ်ရေး အဖွဲ့ ၃ ဖွဲ့မှ ရွေးခြယ်မှာဖြစ်တယ်။ အဲဒီအဖွဲ့ ၃ ဖွဲ့ မှာစစ်ဗိုလ်တမတ်သား အဖွဲ့က တဖွဲ့ ဖြစ်တယ်။ အဲဒီ သမ္မတ ကိုပြည်ထောင်စု လွှတ်တော် (အထက်-အောက်ပေါင်း) က မဲပေးအတည်ပြုပေးရမှာဖြစ်တယ်။ အဲဒီပြည်ထောင်စု လွှတ်တော်မှာက စစ်ဗိုလ်တမတ်သားက အလိုအလျောက်ပါပြီးသား ။

ရွေးကောက်ပွဲ ဝင်စရာမလိုတဲ့ စစ်ဗိုလ်လူထွက် သမ္မတမှာ (အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး) အရေး ကြီးတဲ့ ရာထူးတာဝန်အားလုံး၊ ခန့်အပ်မှုအတည်ပြုမှုတွေ လုပ်နိုင်တယ်။ အဲဒီရာထူး (ဝန်ကြီး အပါအဝင်) ရသူတွေ ကလည်း ရွေးကောက်ပွဲမှာ အနိုင်ရစရာ မလိုဘူး။ (ဒီသဘောကို အခြေခံဥပဒေမှာ ယခုလိုရေးထားတယ်။ လွှတ်တော် ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေတဲ့) သမ္မတကို တရားလွန် လုပ်ပိုင်ခွင့်တွေ ပေးထားတယ်။ လွှတ်တော်က သမ္မတလုပ်သမျှ အတည်ပြုပေးဖို့သက်သက်ပဲ။ ဒီအထဲမှာ ကာကွယ် ရေးဦးစီးချုပ်က တိုက်ရိုက်အမည်စာရင်း တင်သွင်းရတဲ့ ဝန်ကြီးတွေလည်ဲး ရှိသေးတယ်။

စစ်တပ်ကို အစိုးရအဖွဲ့ရဲ့အောက်မှာမထားဘူး။ သီးခြားအခွင့်အာဏာတွေ ပေးထားတယ်။ တရားဝင် အာဏာ သိမ်းခွင့် အထိပဲ။ ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတကပဲ ခန့်နိုင်တယ်။ အစိုးရအဖွဲ့ကလည်းကောင်း၊ လွှတ်တော်က လည်းကောင်း သွားထိလို့ မရဘူး။

လိုရင်းကိုပဲ ရေးပြတာပါ။ ကိုကျော်ဝင်းပြောတဲ့ "နိုင်ငံရေးကို စောင့်ကြပ်မှု လုပ်ရမယ့်အထိန်းနှင့်အထေ Check and Balance " ဆိုတာ အဲဒါတွေပဲဆိုတာ သိစေချင်တာပါ။

ရွေးကောက်ပွဲ နဲ့လက်တွေ့

ရွေးကောက်ပွဲကို ဘုရားပွင့်တဲ့ ဗောဓိညောင်ပင်လို သဘောထားပြီး "လက်တွေ့ပေါ်တင်ကြည့်" ချင်တဲ့ ကိုကျော်ဝင်းက "လက်တွေ့အခြေပြုချဉ်းကပ်နည်း " Pragmatic Approach အရ ကမ္ဘောဒီးယားကို ဥပမာပေးပြီး "ပဋိပက္ခ စီမံခန့်ခွဲရေး" Conflich Management ကို တင်ပြလာတယ်။ ကမ္ဘေဒီးယားရွေးကောက်ပွဲ(၁၉၉၃) က စစ်အေးပြီးဆုံးချိန်၊ ကုလသမဂ္ဂနဲ့အရှေ့အနောက် နိုင်ငံစုံ ကြီးကြပ်တဲ့ ရွေးကောက်ပွဲ ကမ္ဘာပေါ်မှာ ငွေကုန်ကြေးကျ အများဆုံးရွေးကောက်ပွဲ၊ ဒိုင်ယာလော့ (ဆွေးနွေးပွဲ) တွေ အများကြီး လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ၊ အာဏာခွဲဝေမှု လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကော သိပါသလား ။ (ဒါတောင် အတိုက်အခံခေါင်းဆောင်တချို့ ထောင်ထဲမှာ ရှိသေးတယ်။)
၁၉၉၀ ရွေးကောက်ပွဲကို ဘယ်လိုသဘောထားပါသလဲ။ ဗကပ က သပိတ်မမှောက်နဲ့ ဝင်သင့်တယ်လို့ အကြံပြုထားတယ်။ NLD ပြတ်ပြတ်သားသား နိုင်ခဲ့တယ်။ အဲဒီရလဒ် ဘာဖြစ်နေပြီလဲ။ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ခဲ့တဲ့ "အမြဲစိမ်း " အပါအဝင် နိုင်ငံရေးပါတီ အများစု ဘာလုပ်ခံရသလဲ။

၁၉၅၁ နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ညီမျှခြင်းဆွဲပြီး လောဂျစ်ထုတ်နေတဲ့ ကိုကျော်ဝင်းရဲ့ ရပ်တည်ချက်နဲ့သမိုင်းရေး ဗဟုသုတက မေးခွန်းထုတ်စရာပါ။ ကိုယ့်မျက်စိရှေ့မှာ မျက်ဝါးထင်ထင် တွေ့နေရုံတင်မက ကိုယ်တိုင်ခံခဲ့ရတာတွေမှ လက်တွေ့မဟုတ်ရင် "လက်တွေ့အခြေပြု" တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။

ဗကပ ကို ခမာနီနဲ့ နှိုင်းချင်လို့ ကမ္ဘောဒီးယားကို သာဓကဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဘုရားပွင့်တော့ မလောက် ကြိုဆိုမျှော်လင့်နေတဲ့ ကိုကျော်ဝင်းကို အီရတ်ရွေးကောက်ပွဲ ၊ အာဖဂန်ရွေးကောက်ပွဲ ဘာတွေ သီးပွင့် လာသလဲဆိုတာ သုံးသပ် ပြပါဦးလို့ တိုက်တွန်းချင်ပါတယ်။


ဒိုင်ယာလော့လား ၊ ရယ်ဒီကယ်လား


ဂလိုဘယ် ကမ္ဘာကြီးဟာ ရွာကြီးလည်းဖြစ်မသွားဘူး။ ပြားလဲ မသွားဘူး။ ကပ်သင့်နေတဲ့ ဂြိုဟ်ကြီးတလုံး ဖြစ်လာတယ်။ လက်ရှိအမေရိကန် ဘဏ္ဍာရေးကပ်ကို ပြေလည်ဖို့အတွက် နောက်ထပ် ကြွေးဒဏ်ခံနိုင်တဲ့ ဂြိုဟ်ကြီးတလုံး ထပ်တွေ့ဖို့လိုတယ်လို့ နိုဘယ်လ်ဆုရှင် ပေါလ်ခရပ်စ်မင်က ပြောပါတယ်။

ဘဏ္ဍာရေးကပ်၊ ဆင်းရဲငတ်ပြတ်မှုကပ်၊ သဘာဝရာသီဥတုကပ်ရောဂါစတဲ့ ကပ်များမှ လွန်မြောက်မဲ့ ကပ်လွန် ကမ္ဘာကြီး ဖြစ်ဖို့၊ ကမ္ဘာနဲ့တ၀န်း တွေ့ဆုံဆွေးနွေးပွဲ (ဒိုင်ယာလော့ ) တွေ လုပ်လာတယ်။

အမေရိကန်အစိုးရသစ်နဲ့ စစ်အစိုးရလဲ ပိတ်ဆို့မှုရုပ်သိမ်းရေးအတွက် ဒိုင်ယာလော့တွေ လုပ်လာတယ်။ ဒေါ်အောင် ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဒိုင်ယာလော့လုပ်ဖို့ တင်ပြတယ်။ ဒါဟာပြဿနာ ပြေလည်စေရေးအတွက် နည်းမှန်လမ်းမှန် ဖြေရှင်းတာ ဖြစ်တယ်။ ဒိုင်ယာလော့ လမ်းကြောင်းပေါ် စလျှောက်တာနဲ့ ပြဿနာပြေလည်ရေးအတွက် အစချီချက် ဖြစ်လာပါလိမ့်မယ်။

ဒိုင်ယာလော့ကို ကျောခိုင်းပြီး တွေ့ဆုံဆွေးနွေးရေးကို တဖက်သတ် ငြင်းပယ်နေရင် နအဖ အနေနဲ့ ရှင်သန် ရပ်တည်ဖို့ဂြိုဟ်ကြီးတလုံး ရှာနေရပါလိမ့်မယ်။ ကိုကျော်ဝင်း နေရာမှားပြီး တံဆိပ်တပ်တဲ့အတိုင်း သုံးရရင် "အစွန်းရောက် ရယ်ဒီကယ်လမ်းကြောင်း မရောက်စေရန်" ၂၀၁၀ ကို ဇွတ်မလုပ်ဖို့ ၊ ၂၀၀၈ ကို ဒိုင်ယာလော့လုပ်ဖို့ တင်ပြလိုက်ပါတယ်။
ကိုကျော်ဝင်းအနေနဲ့ အရှေ့လေလား၊ အနောက်လေလား၊ လေကြောကို လက်တွေ့ပေါ် တင်ကြည့်နိုင်ပါစေ။ ကြပ်ကြပ်သတိထား နိုင်ပါစေ။


အောင်ငြိမ်း

၂၀၀၉ လည်ပြန်နှင့် ၂၀၁၀ တွက်ကိန်း

နယူးဒေလီ (အိန္ဒိယ) အခြေစိုက် မဇ္ဈိမသတင်းဌာန မှ ဦးမြင့်မောင် မှ ကုန်လွန်ခဲ့ပြီဖြစ်သော ၂၀၀၉ ခုနှစ်အတွင်း မြန်မာ့ နိုင်ငံရေး ရှုခင်း သုံးသပ်ချက်၊ ယခု ၂၀၁၀ ခုနှစ်အတွင်း ဖြစ်ပေါ် ပြောင်းလဲလာနိုင်မည့် အလားအလာနှင့် ပြည်သူများအပေါ် ဆန္ဒပြု တောင်းဆိုချက်များကို သိရှိနိုင်ရန်အတွက် ပြည်တွင်းရှိ နိုင်ငံရေးခေါင်းဆောင်တချို့နှင့် အကျဉ်းသား မိသားစုဝင်တဦးကို ဆက်သွယ်မေးမြန်းထားချက်ကို အများပြည်သူ သိရှိနိုင်ရန် ဖော်ပြလိုက်ပါသည်။

(မြင့်မောင် သောကြာနေ့၊ ဇန်နဝါရီလ ၀၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၈ မိနစ် အင်တာဗျူး)

ဦးဝင်းတင်(သတင်းစာဆရာကြီး)

ရွှေဂုံတိုင် ကြေညာစာတမ်းအတိုင်း ဆက်လက်ရပ်တည်သွားမှာပါ။ ဧပြီလကုန်တုန်းက ရွှေဂုံတိုင် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ဝဝ လောက် တက်တယ်။ ပါတီဖွဲ့ဝင် တိုင်းနဲ့ ပြည်နယ်က ခေါင်းဆောင်တွေ အကုန်တက်တယ်။ ရွှေဂုံတိုင်ကြေညာချက်က သာမန်အားဖြင့် တောင်းဆိုရိုး၊ တောင်းဆိုချက်လို့ သတ်မှတ်လို့ရပေမယ့် NLD (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) ရဲ့ သဘောထားကို ထုတ်ဖော်တယ်လို့ ပြောလို့ရတယ်။ ၂ဝဝ၉ ခုနှစ်မှာ ကျနော်တို့ သဘောတရားအားဖြင့်၊ စည်းရုံးရေးအားဖြင့်၊ တောင်းဆိုချက်အားဖြင့်၊ ရပ်တည်ချက်အားဖြင့် အားလုံးကို စုစည်းနိုင်ခဲ့တဲ့ ပွဲလို့ ကျနော် သတ်မှတ်တယ်။ သာမန်အားဖြင့် အရပ်ထဲမှာ နားလည်နေတာက ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ အချက်များကို ပြုပြင်ပြောင်းလဲပြီး အစိုးရအနေနဲ့ တရားမျှတပြီး နိုင်ငံတကာ ကွပ်ကဲမှုအောက်မှာ လုပ်မယ့် ရွေးကောက်ပွဲအဖြစ် သာမန်အားဖြင့် ပြောနေကြတယ်။

တကယ်တော့ ရွှေဂုံတိုင်တောင်းဆိုချက်က အဲဒီလို မဟုတ်ဘူး။ အဆင့်တွေ ရှိတယ်။ ပထမဆုံးအဆင့်မှာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန်၊ အမျိုးသားရေး ကိစ္စတွေမှာ အဆုံအဖြတ်ပေးနိုင်တဲ့ ဒီမိုကရေစီအင်အားစုဘက်က ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေ၊ စစ်အစိုးရဘက်ကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ဆုံဆွေးနွေးရေး၊ ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စတွေ လုပ်မယ်။တောင်းဆိုချက်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေထဲက ဒီမိုကရေစီ စံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်တွေ ဖယ်ရှားရေးဆိုတဲ့ တောင်းဆိုချက်၊ နောက်ပြီးတော့ သန့်ရှင်းလွတ်လပ်ပြီးတော့ နိုင်ငံတကာ ပါဝင်တဲ့ ရွေးကောက်ပွဲ ကျင်းပရေးတို့ ပါတဲ့ တောင်းချက် ၅ ချက် ပါတယ်။

ဒီဟာက အလွန်ကို အရေးကြီးတဲ့ အချက် ၅ ချက် ဖြစ်တယ်။ ဒီဟာက ကျနော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် ဖြစ်တယ်၊ နိုင်ငံရေးသဘောထားများ ဖြစ်တယ်။ ဒီနှစ် နှစ်ကုန်မှာ ကျနော်တို့ သံဓိဋ္ဌာန်တွေ ချတဲ့အခါမှာ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေကို မြှင့်တင်ကြပါဆိုတဲ့ သဘောတွေကို ဆောင်ပါတယ်။ ဒါကြောင့် ဧပြီလကုန်ပိုင်းက ကျင်းပခဲ့တဲ့ ရွှေဂုံတိုင် အစည်းအဝေး၊ ရွှေဂုံတိုင် ကြေညာစာတမ်း ဆိုတာတွေက အလွန်ကို အရေးကြီးတယ်။ ကျနော်တို့အတွက်ရော တိုင်းသူပြည်သားအတွက်ပါ အလွန်အရေးကြီးတဲ့ ကြေညာချက် စာတမ်းဖြစ်သလို၊ အကုန်လုံးအတွက် အရေးကြီးတဲ့ ကြေညာချက် စာတမ်းဖြစ်တယ်။ ဒါကြောင့်မို့ ဒီနှစ် တနှစ်လုံးမှာ ဒီစာတမ်းကို ဝန်းရံပြီးတော့ ထောက်ခံကြတယ်။ တောင်းဆိုချက်တွေကို ဆက်လက်ပြီးတော့ တောင်းဆိုကြတယ်။ ရပ်တည်ချက်အဖြစ် ရပ်တည်ပြီးတော့ ထုတ်ပြန်ကြေညာကြတယ်။ ၂ဝဝ၉ ခုနှစ် တခုလုံးရဲ့ အကောင်းဆုံး ဖြစ်ရပ်တခု ဖြစ်တယ်လို့ ပြောချင်ပါတယ်။

နောက်တပိုင်းက ဘာလဲဆိုတော့ အမေရိကန်အစိုးရအနေနဲ့လည်း ဒီနှစ်ထဲမှာ မူဝါဒအသစ် ကြေညာလိုက်တယ်။ အမေရိကန် အစိုးရအနေနဲ့ စစ်အစိုးရအပေါ် နဂိုကရှိတဲ့ Sanction (ပိတ်ဆို့အရေးယူမှု) တခုထဲ မကျင့်သုံးတော့ဘူး၊ တဖက်ထဲ မကျင့်သုံးတော့ဘူး။ စစ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံမယ့် မူဝါဒတခု ချမှတ်ကျင့်သုံးခဲ့တယ်။ အဲဒါ ဘာလဲဆိုတော့ တဖက်က မုန့်၊ တဖက်က ဒုတ်ဆိုတဲ့ မူဝါဒမျိုး ကျင့်သုံးလာတယ်။ တဖက်က ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေမှာ သိသာထင်ရှားတဲ့ အပြုအမူတွေ၊ တကယ့်ကို လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ပြောင်းလဲမှုတွေ၊ ပြုပြင်မှုတွေ လုပ်ရင် ဒီ Sanction စီးပွားရေး ပိတ်ဆို့မှုတွေကို လျှော့ပေါ့ပေးမယ်။ မလုပ်ဘူးဆိုရင် ဒီ့ထက် ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို တိုးမြှင့်မယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ သဘောထားမူဝါဒတွေကို ပြထားတယ်။

နောက်တချက်က စစ်အစိုးရနဲ့ အမေရိကန် သမ္မတနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမယ်။ တိုက်ရိုက်ထိတွေ့မှုကို အကောင်အထည်ဖော်မယ်လို့ ပြောတယ်။ အဲဒီ အမေရိကန် နိုင်ငံခြားရေး မူဝါဒ အသစ်ကို ကြေညာလိုက်တယ်။စစ်အစိုးရနဲ့ အမေရိကန် တိုက်ရိုက်ဆက်ဆံမယ်။ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံသလို၊ တိုင်းရင်းသား လူမျိုးစုတွေအရေးကိုလည်း တိုက်ရိုက်ထိတွေ့ဆက်ဆံမှုတွေ လုပ်မယ်ဆိုတာ ပါလာတယ်။ အဲဒီ စံနှစ်ခုက သိပ်ပြီး ထူးခြားတယ်လို့ မပြောနိုင်ပေမယ်လို့ အတိုက်အခံ အင်းအားစုများနဲ့ စစ်အစိုးရအကြား တိုက်ရိုက်ထိတွေ့ဆက်ဆံမှုမျိုး ရလာမယ်။

ဆိုလိုတာက တွေ့ဆုံဆွေးနွေးမှု Dialogue ပေါ့ဗျာ။နှစ်ပေါင်း ၂ဝ ကျော် အတိုက်အခံတွေ တောင်းဆိုလာခဲ့တဲ့ တိုက်ရိုက် ဆက်ဆံရေးမူ ရမယ်။ စစ်အစိုးရနဲ့ အတိုက်အခံတွေအကြား ထိတွေ့ဆက်ဆံပါဆိုတဲ့ ပေါ်လစီ ချထားတယ်။ ဒီ ပေါ်လစီတွေအကြားမှာ တြိဂံလို ဖြစ်သွားတယ်။ အမေရိကန်အစိုးရနဲ့ စစ်အစိုးရဆက်ဆံရေး၊ စစ်အစိုးရနဲ့ အတိုက်အခံ ဆက်ဆံရေး၊ လူမျိုးစုများနဲ့ စစ်အစိုးတို့ တိုက်ရိုက်ဆက်ဆံရေးဆိုတဲ့ တြိဂံပုံသဏ္ဍာန်တွေ ပါလာတယ်။ ဒီအနေအထားက အလားအလာကောင်းတွေ ပေါ်လာမယ်ဆိုရင် ပေါ်လာနိုင်တယ်။ အခြေအနေသစ်တခု ထွန်းကားလာမယ်ဆိုလို့ရှိရင် ထွန်းကားလာနိုင်တယ်။

ဘာဖြစ်လို့လဲ၊ စစ်အစိုးရကလည်း ဒီမိုကရေစီကို ဖိနှိပ်ချုပ်ချယ်မှုတွေ၊ လူ့အခွင့်အရေး ရိုက်ချိုးဖျက်ဆီးမှုတွေ၊ နိုင်ငံရေး ပိတ်ပင်ဟန့်တားမှုတွေ အများကြီးလုပ်နေတဲ့ အချိန်မှာ ဒီစစ်အစိုးရကို အဓိက ထားပြီးတော့ ကမ္ဘာမှာ အရေးယူနေတဲ့ အင်အားစုတွေ အများကြီး ရှိနေတယ်။ ဒီလို ဒီမိုကရေစီ အင်အားစုတွေဘက် လမ်းသစ်ရှာလာတယ်။ နည်းသစ်ရှာလာတယ်၊ ဆက်ဆံရေး ပုံသဏ္ဍာန်သစ် ရှာလာတယ်။ ဘာပဲပြောပြော၊ မြန်မာပြည်ရဲ့ နိုင်ငံရေးက စစ်အစိုးရက လိုက်လျောမယ့်၊ စစ်အစိုးရက ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီတွေ ကျင့်သုံးမယ့်၊ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ ဒီမိုကရေစီ ပေါ်ထွန်းလာမယ့် အခြေအနေရှိတယ်လို့ ပြောချင်ပါတယ်။

ရွှေဂုံတိုင်နဲ့ အမေရိကန် ကြေညာချက် နှစ်ခု ဆက်စပ်ကြည့်မယ်ဆိုရင် ဘာပဲပြောပြော မြန်မာပြည်ထဲမှာ ကျနော်တို့ နိုင်ငံရေးသမားတွေဘက်ကလည်း နိုင်ငံရေးရပ်တည်ချက်အတိုင်း ရပ်တည်ပြီးတော့ ဒီမိုကရေစီ အင်းအားစုတွေကလည်း မိမိတို့ရဲ့ တောင်းဆိုချက်၊ မိမိတို့ရဲ့ သဘောထား၊ မိမိတို့ရဲ့ မူဝါဒ ရပ်တည်ချက်အတိုင်း၊ တဖက်ကလည်း ပြည်ပကနေ ဒီမိုကရေစီ အင်အားစုတွေရဲ့ အင်အားဖြစ်တဲ့ အမေရိကန်အနေနဲ့လည်း ဘာပဲပြောပြော အခြေအနေသစ်ပေါ်မှာ ရပ်တည်ကြတယ်ဆိုလို့ရှိရင် အစိုးရအနေနဲ့ ဆက်ဆံရေး နည်းသစ်တွေ ရှာလာမယ့် အခြေအနေသစ်တခု ပေါ်လာမယ်။

အခြေအနေသစ်တခုရဲ့ နောက်ဆက်တွဲက ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၁ ရက်နေ့တုန်းက စစ်အစိုးရကို ပို့လိုက်တဲ့ စာထဲမှာ ပါတဲ့အတိုင်း NLD မှာ သက်ကြီးရွယ်အိုများကို တွေ့ပါရစေ၊ CEC (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) တွေနဲ့လည်း တွေ့ဆုံဆွေးနွေးပါရစေ၊ CEC နဲ့ တွေ့ဆုံတဲ့ အခါမှာလည်း တိုင်းရေးပြည်ရေး အကျိုးရှိတဲ့ ကိစ္စတွေကို ဆွေးနွေးပါရစေ၊ NLD နဲ့ ဆွေးနွေးတဲ့ ကိစ္စတွေပေါ်မှာ ပြည်သူတွေ အကျိုးရှိရာရှိကြောင်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီးတော့ စစ်အစိုးရအနေနဲ့ တိုင်းပြည် အကျိုးရှိရာရှိကြောင်း ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခွင့် တောင်းလိုက်တယ်။

ဒီစာက သာမန်အားဖြင့်တော့ စာလေးတစောင်ပဲ၊ စာမျက်နှာ တမျက်နှာလောက်ရှိတဲ့ စာပဲ ဖြစ်သော်ငြားလည်း၊ နိုင်ငံရေးအားဖြင့် အဓိပ္ပာယ် အများကြီး ပါလာတယ်။ကာယကံရှင်များဖြစ်တဲ့ NLD က မလုပ်ဘူး၊ မရှုပ်ဘူး၊ သဘောထားမကြီးဘူး ဆိုလို့ရှိရင် ရှေ့တိုးနိုင်မှာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တိုင်းပြည်ကောင်းကျိုးအတွက် စစ်အစိုးရနဲ့ ကျမ ပူးပေါင်းလုပ်ဆောင်ချင်ပါတယ်၊ လုပ်ဆောင်ဖို့အတွက်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ပါရစေ၊ ကျမနဲ့ တွေ့ဆုံခွင့် ပေးပါဆိုပြီးတော့ တောင်းဆိုလိုက်တယ်။ အဲဒီလောက် လုပ်တဲ့အခါကျတော့ မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေကတော့ အများကြီး ပွင့်လင်းသွားတယ်။ သို့သော် နိုင်ငံရေး အခြေအနေကို အဝေးအမြင်နဲ့ သုံးသပ်တာပေါ့။ သို့သော် အဲဒါတွေ အားလုံးက ဘာဖြစ်သွားလဲဆိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပေါ်မှာပဲ တည်တော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြောရရင် တင်းနစ်ကစားသလို ဘောလုံးက တခြားဘက်ကို ရောက်သွားပြီ။ စစ်အစိုးရ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို ကြည့်ရတော့မယ်။အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကောင်းတဲ့ သဘောထားတွေလို့ ပြောရမလား၊ ကောင်းတဲ့အကျင့်လို့ ပြောရမလား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က သက်ကြီးရွယ်အိုတွေနဲ့ တွေ့ခွင့်ပြုလိုက်တယ်။ ကျန်နေတဲ့ ကိစ္စက CEC နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံမှုဆိုတဲ့ တောင်းဆိုချက် ကိစ္စတွေပဲ ကျန်နေတော့တယ်။

အဲဒါကြောင့် အခု အခြေအနေက ၂ဝဝ၉ ခုနှစ်မှာ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် မှန်မှန်ကန်ကန် ရပ်တည်တယ်၊ ကိုယ့်တောင်းဆိုချက်နဲ့ကိုယ် တောင်းဆိုတယ်။ အတိုက်အခံ အင်အားစုတွေအနေနဲ့ စစ်အစိုးရကို လက်ဝါးဖြန့်တောင်းစရာလည်း မရှိဘူး။ ကျနော်တို့ရဲ့ မူဝါဒတွေအတိုင်း ကျနော်တို့ ရပ်တည်တယ်၊ စွဲစွဲမြဲမြဲရှိတယ်ဆိုတာကို ပြလိုက်နိုင်ခဲ့တယ်။ အဲဒါ ကျနော်တို့ နိုင်ငံရေးအားတွေ အများကြီး ဖြစ်တယ်။ အမေရိကန် မူဝါဒဟာ မြန်မာနိုင်ငံမှာ တိုးတက်တဲ့ ဆက်ဆံမူဝါဒတွေ ပေါ်ထွန်းလာဖို့အတွက် အခြေအနေကောင်းတွေ ဖန်တီးတယ်လို့ ပြောလို့ ရတယ်။ အဲဒီ အခြေအနေကောင်း နှစ်ခုပေါ် မူတည်ပြီးတော့ (ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့) ၂ဝဝ၉ ခုနှစ်ရဲ့ အခြေအနေကောင်းတခုပဲလို့ ပြောလို့ရတယ်။

ဒါပေမဲ့ ၂ဝဝ၉ ခုနှစ်မှာ ရပ်နေမှာ မဟုတ်ဘူး။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲတွေ လုပ်မယ်ဆိုပြီး အစိုးရ ကြေညာထားတယ်။ ၂ဝ၁ဝ မှာ ဘာဖြစ်မလဲဆိုတာ မှန်းဆလို့ မရဘူး။ ဘာဖြစ်မလဲဆိုတော့ အခုအချိန်ထိ ရွေးကောက်ပွဲ ဥပဒေ မပေါ်ပေါက်သေးတဲ့အတွက် ကျနော့်အနေနဲ့ စိတ်ပျက်စရာ ကောင်းတယ်လို့ ပြောချင်တယ်။ လာမယ့်အချိန်မှာ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ်။ ဘယ်လောက်ပဲ ကြေညာကြေညာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ့် ပါတီများရဲ့ စည်းမျည်းစည်းကမ်းတွေ ဘာမှ ထွက်ပေါ်မလာသေးဘူး။ လာမယ့် ရွေးကောက်ကလည်း တရားမျှတမယ့်၊ ရွေးကောက်ပွဲ ဖြစ်လာမယ့် အလားအလာ မရှိဘူး။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတုန်းက တနှစ်ခွဲလောက်ကတည်းက ပါတီဥပဒေတွေ ထွက်ပြီး လှုပ်ရှားစရာတွေ လှုပ်ရှားကြတယ်။ ကိုယ့်အဖွဲ့အစည်းအတွက်ကို စည်းရုံးရေးတွေ လုပ်ကြတယ်။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့သာ ကြေညာထားတယ်။ အခုအချိန်ထိ ရွေးကောက်ပွဲ ဥပဒေက မထွက်သေးဘူး။ ရွေးကောက်ပွဲ ဆိုတာက လွပ်လပ်ရမယ်၊ တရားမျှတရမယ်။ ၂ဝဝ၉ ခုနှစ်မှာ အားတက်စရာတွေ ရှိနေပေမယ့်လည်း ၂ဝ၁ဝ ကို လှမ်းမျှော်ကြည့်တဲ့အခါမှာ အတော်ကို စိတ်ပျက်စရာတွေ တွေ့နေရတယ်လို့ ကျနော် ပြောချင်ပါတယ်။ ၂ဝ၁ဝ မှာ ကျနော့်အနေနဲ့ အားမရဘူး။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောနေကြတယ်။ ပြင်နေတဲ့ သူတွေကလည်း ပြင်နေကြတယ်။ NLD က တောင်းဆိုထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို ဘေးဖယ်ထားပြီး လုပ်မယ်ဆိုရင် ပြည်သူလူထုအနေနဲ့ ဘာမှ စိတ်မပျက်ပါနဲ့။ စိတ်ဓာတ်ကျစရာလည်း မရှိဘူး။ မိမိတို့အားကို မြှင့်ကြပါ။ မိမိတို့အားကို စုရုံးကြပါလို့ ပြောချင်တယ်။

နိုင်ငံရေးလုပ်ငန်းတွေမှာ အစိုးရအနေနဲ့ ပြည်သူလူထု ရွံမုန်းစရာ မလုပ်ရဖို့နဲ့ အစိုးရ လုပ်ခိုင်းတဲ့အတိုင်း အာဏာကို သုံးပြီးတော့ မလုပ်ကြပါနဲ့။ ရုံးမှာ ဝန်ထမ်းတွေအနေနဲ့ အထက်က အရာရှိတွေ လက်မှတ်ထိုးခိုင်းလို့ ထိုးပေးကြရတဲ့၊ မဲလိမ်တဲ့အခါမှာ သူတို့က အလိုတူအလိုပါ ဖြစ်ရတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတယ်။ မဲပေးတဲ့အခါမှာ အာဏာပိုင်တွေဘက်က ဝန်ထမ်းတွေကို လက်မှတ်ထိုးခိုင်းတဲ့ ဟာတွေကို အတတ်နိုင်ဆုံး မလုပ်ကြပါနဲ့။ ဒီလိုလုပ်ဆောင်တာတွေက ပြည်သူလူထုအနေနဲ့ ကြောက်လန့်လို့ လုပ်ရတယ်လို့ ကျနော်မြင်တယ်။ အဲဒါကြောင့် ပြည်သူလူထုကို ကျနော်ပြောချင်တာက မကြောက်ပါနဲ့၊ ကြောက်စရာ မလိုပါဘူး။

စစ်အစိုးအနေနဲ့ ခိုင်းလို့ရတာက ဝန်ထမ်းတွေပဲ ရှိတယ်၊ ခိုင်းတဲ့လူတွေကလည်း ကောင်းတဲ့ စိတ်တွေ ရှိနိုင်တယ်၊ သူတို့မှာ မွန်မြတ်တဲ့ စိတ်တွေ ရှိနိုင်တယ်၊ သူတို့မှာလည်း ပြည်သူလူထုကို ညှာတာတဲ့ စိတ်တွေ ရှိပါတယ်။ မကြောက်ပါနဲ့၊ ခံပြီးတော့ ပြောပါ။ ခံပြီးတော့ မတရားတဲ့ အမိန့်တွေကို ဆန့်ကျင်ကြပါ။ မတရားတဲ့ ခိုင်းစေမှုကို ငြင်းဆန်ကြပါ။ မတရားတဲ့ ပြုကျင့်မှုကို လက်မခံကြပါနဲ့လို့ ကျနော် ပြောချင်တယ်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း

၂ဝဝ၉ ခုနှစ် မြန်မာပြည်မှာ နိုင်ငံရေး လှုပ်ရှားမှု ဘာမှ မရှိခဲ့ပါဘူး။ အစိုးရအနေနဲ့လည်း ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားတယ်။ ရွေးကောက်ပွဲဝင်ဖို့အတွက် ပါတီတည်ထောင်ခွင့်တွေ ဘာတွေ မပေးသေးဘူး၊ ရွေးကောက်ပွဲ ဘယ်လိုလုပ်မယ်ဆိုတဲ့ ဥပဒေတွေလည်း မရှိသေးဘူး။ သို့ပေမယ့် တိုးတက်မှုအနေနဲ့က၂ဝဝ၉ ခုနှစ် ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ ကြေညာချက်ပဲ ရှိတယ်။

ကြေညာချက်အတိုင်း အမှန်တကယ် လုပ်ပေးနိုင်ပါစေလို့ ဆုတောင်းရတာပေါ့။ လုပ်လည်း လုပ်ပေးဖို့ တိုက်တွန်းလိုပါတယ်။ နိုင်ငံရေး အပြောင်းအလဲကတော့ မြန်မာပြည်ရဲ့ အခြေအနေအရ၊ နိုင်ငံတော် အစိုးရရဲ့အပေါ်မှာ လုံးဝ တည်နေတယ်လို့ မြင်ပါတယ်။ ဘာ့လို့လဲဆိုတော့ လူထုလှုပ်ရှားမှုတွေကို ဘာတခုမှ ခွင့်မပြုဘဲနဲ့၊ ခွင့်မပြုတော့ လူထုလှုပ်ရှားမှု မလုပ်နိုင်ဘူး။ တောတွင်းလက်နက်ကိုင်တွေအနေနဲ့ သူတို့ဘာသာ သူတို့နေရာမှာ နေကြတော့ ထူးထူးခြားခြား ဖြစ်ရပ်တွေက ပေါ်လာမယ်လို့ မမြင်ပါဘူး၊ ပေါ်လည်း မပေါ်ခဲ့ဘူးလေ။ လာမယ့် နှစ်မှာလည်း ဒီပုံစံတိုင်း လုပ်နေမယ်ဆိုရင် ထူးခြားလာမယ့် အရိပ်အရောင် မရှိပါဘူး။ နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်တွန်းချင်တာက ပြည်သူလူထု ဒီမိုကရေစီစနစ် ခံစားနိုင်အောင်၊ ဒီမိုကရေစီ ပေါ်ပေါက်လာအောင် အမြန်ဆုံး ရွေးကောက်ပွဲကြီးကို ကြေညာထားတဲ့အတိုင်း မပျက်မကွက် ပြုလုပ်ပေးဖို့ မေတ္တာရပ်ခံချင်တယ်၊ တိုက်တွန်းချင်ပါတယ်။

၂ဝ၁ဝ မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ အားလုံးလွှတ်ပေးပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို လုပ်ပေးဖို့ လိုအပ်တယ်။ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပြီး ကမ္ဘာက အသိအမှတ်ပြုပြီး ကုလသမဂ္ဂက လာရောက်ကြီးကြပ်တာတို့၊ နိုင်ငံတကာမှာ လာရောက်ပြီး လေ့လာချင်ရင် လေ့လာခွင့်ပေးဖို့၊ ပြည်သူလူထုကို လွတ်လွတ်လပ်လပ် စည်းရုံးခွင့်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက်၊ ပါတီအသီးသီးကို ထူထောင်ခွင့်ပေးပြီး လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်ပေးဖို့ လိုအပ်ပါတယ်လို့ တပ်မတော်ခေါင်းဆောင်ကြီးတွေကို တိုက်တွန်းချင်ပါတယ်၊ မေတ္တာရပ်ခံချင်ပါတယ်။

ပြည်သူလူထုအနေနဲ့ တိုင်းပြည်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းနဲ့ ဒီမိုကရေစီ အခြေခံနဲ့ အုပ်ချုပ်မှသာလျှင် စီးပွားရေး တိုးတက်မှု၊ နိုင်ငံရေး တိုးတက်မှု ရနိုင်မယ်။ ဒါကြောင့်မို့ ပြည်သူလူထုအနေနဲ့ မိမိတို့ နိုင်ငံကို ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် တိုက်တွန်းရမယ်။ ဒီမိုကရေစီနစ် ထွန်းကားပြီး ဦးဆောင်နိုင်တဲ့ နိုင်ငံရေး အဖွဲ့အစည်းတခုကို ရွေးချယ်တင်မြှောက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။


ဦးအေးသာအောင် (အတွင်းရေးမှူး)ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP)

၂ဝဝ၉ ခုနှစ် ကုန်တော့မယ့် အချိန်ထိအောင် မြန်မာနိုင်ငံအရေးဟာ တိုးတက်မယ့်၊ ပြောင်းလဲမယ့် အရိပ်အရောင် မတွေ့မမြင်ရဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ တကယ်တော့ နအဖ အာဏာပိုင်တွေရယ်၊ NLD ရယ်၊ တိုင်းရင်းသားတွေရယ် အားလုံး ဆွေးနွေးပြီးတော့၊ ညှိနိုင်းပြီးတော့ ဒီမိုကရေစီရေးအတွက် လွတ်လပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒီလို အပြောင်းအလဲတခုဖြစ်အောင် တိုင်းရင်းသားပါတီတွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရယ်၊ ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်။

အဲဒီလို ပြောင်းလဲတော့မယ့် အနေအထား မတွေ့ရပါဘူး။ ကုလသမဂ္ဂ အပါအဝင် အမေရိကန်နိုင်ငံအနေနဲ့လည်း နိုင်ငံရေးအရ ဆက်ဆံမှုတွေလုပ်ပြီးတော့ မြန်မာနိုင်ငံရဲ့ အခက်အခဲကို လာရောက်ဆွေးနွေးတာတွေ ရှိတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ တွေ့တယ်။ တိုင်းရင်းသားတွေနဲ့လည်း တွေ့တယ်။ မကြာခင်မှာပဲ သူတို့ရဲ့ ခရီးစဉ်က မအောင်မြင်ဘူးလို့ အသံတွေ ထွက်လာတယ်။

အဲဒါကြောင့် ပြည်တွင်းမှာရော၊ ပြည်ပမှာပါ နိုင်ငံရေးအင်အားစုတွေက အထူးသဖြင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဖို့ တိုက်တွန်းမှုတွေ၊ တောင်းဆိုမှုတွေ လုပ်ခဲ့ပေမယ့်လည်း ၂ဝဝ၉ ခုနှစ်သာ ကုန်တာပဲ၊ ဘာမှ အပြောင်းအလဲ မဖြစ်တဲ့အပြင် အပြောင်းအလဲဖြစ်လာမယ့် အရိပ်အရောင် လက္ခဏာတွေလည်း မတွေ့ရဘူး။မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေး၊ အကျပ်အတည်းတွေကနေ အပြောင်းအလဲတခုကို တောင်းဆိုနေပါတယ်။ ပြည်သူတွေကလည်း နှစ် ၂ဝ ကျော် ခါးသီးတဲ့ အတွေ့အကြုံအရ အပြောင်းအလဲတခုဖြစ်ဖို့ မျှော်လင့်နေကြတယ်။

နိုင်ငံရေးပါတီတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း၊ အပြောင်းအလဲဖြစ်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ကြပေမယ့်၊ နအဖ စစ်အစိုးရက ပြောင်းလဲမယ့် အရိပ်အရောင် မရှိပါဘူး။နအဖ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သဘောထားတွေ မပြောင်းလဲဘဲနဲ့ အပြောင်းအလဲ ဖြစ်ပေါ်လာဖို့ အနေအထား မရှိဘူး။ ဒီလို အပြောင်းအလဲတွေ ဖြစ်လာဖို့ တိုင်းရင်းသား အင်အားစုတွေ အပါအဝင် ပြည်တွင်းပြည်ပ အင်အားစုတွေက ၂ဝ၁ဝ မှာ ဆက်လက်ပြီးတော့ ရွေးကောက်ပွဲ မတိုင်ခင်မှာရော ရွေးကောက်ပွဲ ကာလမှာပါ၊ ရွေးကောက်ပွဲ အပြီးမှာရော အားလုံး ဝိုင်းဝန်းပြီးတော့ နည်းမျိုးစုံ၊ ဘက်ပေါင်းစုံကနေ ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြပါစို့လို့ တိုက်တွန်းပြောကြားလိုပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင်များ

ပူးကျင့်ရှင်းထန် (ဥက္ကဋ္ဌ)ဇိုမီးအမျိုးသား ကွန်ဂရက် (ZNC)

၂ဝဝ၉ ခုနှစ် နိုင်ငံရေးအရ တိုးတက်မှု မရှိဘူးလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေက တိုင်းရင်းသားတွေအတွက်၊ ပြည်သူလူထုအတွက် လုပ်တဲ့ အခြေခံဥပဒေ မဟုတ်ဘူး။ တပ်မတော်သားတွေအတွက် ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ တိုင်းရင်းသားတွေအတွက် အခြေအနေ မကောင်းဘူး။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်လည်း ဘာမှ ထူးမှာ မဟုတ်ဘူး။ ပြည်သူလူကို ပြောချင်တာကတော့ ရွေးကောက်လုပ်မယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြံ့ခိုင်ဖွံ့ဖြိုးရေး အစည်းအဝေးပွဲမှာ ပြောတဲ့ စကားအတိုင်းဆိုရင်တော့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို အထိမခံဘူးလို့ ပြောတယ်။ ကျနော်တို့ တောင်းဆိုနေတဲ့ ဥပဒေကို ပြင်ဆင်ရအောင်ပြောတဲ့ စကားကို လက်မခံတဲ့သဘော ပေါ်နေတယ်။

ဒီအခြေခံဥပဒေက ပြည်သူလူထုရဲ့ ဆန္ဒအမှန် မဟုတ်ပါဘူးလို့ ကျနော်တို့ ပြောပြောနေတာ ဖြစ်တယ်။ ဒီအခြေခံဥပဒေကို အားလုံးဝိုင်းဝန်းပြီးတော့ ပြင်ဆင်ဖို့ လိုတယ်။ အခု ထောင်ထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ လိုတယ်။ ဒါတွေ အားလုံးက နိုင်ငံရေးသမားတွေကြီးပဲလေ။ ဒါတွေ လွှတ်လာပြီးတော့ စကားဝိုင်းမှာ အားလုံးဝိုင်းထိုင်ပြီး ဆွေးနွေးပြီးတော့ လုပ်သင့်တယ်လို့ ပြောချင်ပါတယ်။


နိုင်ငံရေး အကျဉ်းသားတဦး၏ မိခင်

၂ဝဝ၉ ခုနှစ်အတွင်းမှာ အန်တီတို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေအနေနဲ့ ကောင်းကျိုးဆိုတာ မရှိပါဘူး။ ထောင်ဝင်စာ သွားတွေ့ရတဲ့အတွက် ငွေအား၊ လူအား အားလုံးပင်ပန်းကြတယ်။ သူတို့ပြန်လွတ်လာဖို့ မျှော်လည်း မမျှော်လင့်ဘူး။ မျှော်လင့်ဖို့လည်း မရဲဘူး။ မျှော်လင့်ရင်လည်း မျှော်လင့်တဲ့အတိုင်း ဖြစ်မလာဘူးဆိုရင် စိတ်ထိခိုက်ရတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပါမလား၊ ပါမလာဘူး။

ဒုတိယတချက် ၉ဝဝဝ ကျော် လွှတ်တဲ့အထဲမှာ လွတ်မလားလို့ မျှော်လင့်တယ်။ မျှော်လင့်တော့လည်း ပါမလာဘူး။ အခုတော့ မမျှော်လင့်တော့ဘူး။ မျှော်ပြီးတော့ ပါမလာတော့တဲ့အတွက် မမျှော်လင့်တော့ဘူး။ လွှတ်သင့်တဲ့သူတွေ ရှိနေပေမယ့် သူတို့က လွှတ်မပေးဘူး။ အဲဒီလို အခါမျိုးမှာ အမြဲပဲ ခံစားရတယ်။ ၂ဝ၁ဝ မှာ လွတ်လာဖို့လည်း မမျှော်မှန်းရဲဘူး။ ကိုယ့်ရှေ့ရောက်မှ လွတ်လာပြီလို့ပဲ ခံစားရတော့မယ်၊ ခံစားလိုက်တော့မယ်။ လွှတ်တဲ့အထဲမှာ ၈၈ (ကျောင်းသားများ) ဆို မပါသလောက်ပဲ။ မျက်စောင်းတောင် မထိုးဘူး။

၂ဝ၁ဝ မှာ ပြည်သူလူထုကို ပြောချင်တာက ပြည်သူလူထုတွေ ကြောက်မနေပါနဲ့။ အရမ်းလည်း အကြောက်မလွန်ပါနဲ့။ နဝတ အနေနဲ့ အရမ်းကြောက်လွန်းရင်လည်း ဖြဲခြောက်တတ်တယ်။ အရမ်းကြောက်ဖို့ မလိုပါဘူး။ ပြောသင့်တာ ပြောဖို့ လိုတယ်။ ဒီဟာကို ထည့်၊ ဟိုဟာကို မထည့်နဲ့ ဆိုတဲ့ဟာမျိုး လုပ်တဲ့အခါ ကိုယ်လုပ်သင့်တာကို လုပ်ကြပါလို့ ပြောချင်တယ်။

ပြည်သူတွေအနေနဲ့ သိပ်ပြီးတော့ အကြောက်လွန်နေကြတယ်။ လူ့အခွင့်အရေး မရှိတဲ့ အစိုးရထံမှာ ကိုယ့်အခွင့်အရေးကို ကိုယ်ရဖို့ တောင်းကြပါ။ အမှန်အမှား မဟုတ်ဘဲ ကိုယ့်အခွင့်အရေးကို ရဖို့ တောင်းဆိုသင့်တယ်၊ သုံးသင့်တယ်။ အဲဒါတွေ မသုံးတတ်တော့ ကိုယ့်အခွင့်အရေးတွေ ဆုံးရှုံးတယ်။ ပြည်သူတွေက အရမ်းကြောက်နေတယ်။ လူ့အခွင့်အရေး မရှိဘူး၊ ရှိတဲ့ အခွင့်အရေး နည်းနည်းလေးကို အသုံးမချတတ်ဘူးဆိုရင် နွံထဲမှာ နစ်သထက် နစ်နေမယ်။

အန်ကယ် ဦးဝင်တင်ပြောသလို ထောင်ကို မကြောက်နဲ့လို့ မပြောချင်ဘူး။ ကြောက်ကြပါ။ ဒါပေမဲ့ ကိုယ်နည်းနဲ့ကိုယ် ရှောင်ပြီးတော့ လုပ်သင့်တယ်။ ၂ဝဝ၈ ခုနှစ်တုန်းက ကြိုတင်မဲ ကောက်ခံတဲ့အခါမှာ ကြောက်ပြီးတော့ အာဏာပိုင်တွေဘက်က ဘယ်နေရာ ခြစ်ဆိုပြီး ပြောလို့ ခြစ်လိုက်ကြတဲ့ ပြည်သူတွေ အများကြီးပဲ။ ပြည်သူတွေအနေနဲ့ ရဲဆေးလေးတွေ တင်ကြဖို့ လိုတယ်။

သူတို့က လုပ်ချင်တာ လုပ်သလို ပြည်သူလူထုအနေနဲ့ ကိုယ့်အခွင့်အရေးလေးကိုတော့ ကိုယ်ရအောင် ယူတတ်ဖို့ လိုအပ်တယ်။မကြာခင်မှာ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ရောက်တော့မယ်။ ဒီလို အခွင့်အရေး ရတောင့်ရခဲ အခွင့်အရေးပါ။ အဲဒီအခွင့်အရေးမှာ ကိုယ့်အခွင့်အရေးကို ကိုယ် လက်လွတ်ဆုံးရှုံးမခံပါနဲ့။ ကိုယ့်အနေနဲ့ မဲပေးရမယ်ဆိုရင်လည်း ကိုယ့်အခွင့်အရေးအရ ကိုယ်ထည့်လိုက်တဲ့ မဲအတွက် ကိုယ့်အနေနဲ့ လွတ်လွတ်လပ်လပ် ရွေးချယ်ပါ။ ကိုယ့်အခွင့်အရေး နည်းနည်းဆုံးရှုံးရင် ကိုယ့်အတွက် အများကြီး နစ်နာတယ်။ ကိုယ့်အခွင့်အရေး ရရှိဖို့အတွက် ကိုယ့်လုပ်ဆောင်မှ ရမယ်လို့ တိုက်တွန်းချင်ပါတယ်။

မူရင်း- ( မဇ္ဈိမ သတင်းဌာန)

Friday, 1 January 2010

ဗြိတိန်ဝန်ကြီးချူပ်ဂေါ်ဒွန်ဘရောင်း ၏ နှစ်သစ်ကူး သ၀ဏ်လွှာ


-လန်ဒန် (WFWW)-

ဗြိတိန်ဝန်ကြီးချူပ်ဂေါ်ဒွန်ဘရောင်း က မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာဖို့ အတွက် အစွမ်းကုန် ကျိုးပမ်း လုပ်ဆောင်သွားမယ်လို့ ဂတိပြုပါကြောင်း မြန်မာနိုင်ငံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ပေးပို့သော ၂၀၁၀ နှစ်သစ်ကူး သ၀ဏ်လွှာ မှာ ရေးသားဖော်ပြထားပါသည်။

ယင်းနှစ်သစ်ကူးသ၀ဏ်လွှာ၌ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး၊ မြန်မာပြည်သူလူထု အကျိုးနှင့် မျှော်လင့်ချက်များ ကိုရှေ့ရှု့ ပြီး နအဖ စစ်အုပ်စု ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အကြား အပြုသဘောဆောင်ပြီး၊ တိုးတက်မှုရလာဒ်များ ထွက်ပေါ် လာအောင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် နအဖစစ်အုပ်စုခေါင်းဆောင်များ ကို တိုက်တွန်းထားပြီး၊ ၂၀၁၀ မှာ နအဖ စစ်အုပ်စုက ကျင်းပပေးမဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးအဖွဲ့အစည်းများအားလုံး ပါဝင်နိုင်သည့် အခြေအနေ ရှိမှသာ တရားမျှတ သည့် ရွေးကောက်ပွဲဖြစ်မှာ ဖြစ်ကြောင်း ထည့်သွင်းရေးသား ဖော်ပြထားသည်။ နိုင်ငံရေးအကျဉ်းသားများလွတ်ပေးမှု၊ လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်မှုရှိမှသာ မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းသို့ ပြန်လည်လည်ရောက်ရှိလာစေမှာဖြစ်ကြောင်းနှင့် နိုင်ငံတကာအစိုးရများ၏ ထောက်ခံမှုကိုရရှိလာစေမှာဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းသ၀ဏ်လွှာကို နအဖစစ်အုပ်စု၏ တာဝန်ရှိသူများထံ ရန်ကုန်မြို့ ဗြိတိန်သံရုံးမှတဆင့် ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။ အပြည့်အစုံကို အင်္ဂလိပ်လိုဖြင့် အောက်မှာဖတ်ရှု့ နိုင်ပါသည်။

(Source: ဗြိတိန်ဝန်ကြီးချုပ်ရုံးခန်း)

Dear Daw Suu

You have dedicated the whole of your life to the cause of democracy and freedom in Burma. You have selflessly highlighted the wider suffering of the Burmese people rather than dwelling on your own pain. And through that courage you have gained the respect of the entire international community not just for a person, but for a cause.

The world knows that as Burma approaches an historic year you will be as resolute as ever in approaching its challenges. If the scheduled elections proceed under a rigged constitution, with opposition leaders excluded and with no international oversight, the military rulers will be condemning Burma to more years of diplomatic isolation and economic stagnation.

But if the elections are genuinely inclusive, free and fair, then the whole of the international community is ready to stand with Burma, welcome her back into the community of nations, and contribute to rebuilding her future and prosperity. It is clear this is the only path which will lead to Burma’s future security, stability and progress for all her people.

Sadly, as the year turns, the signs do not look good. Your continuing detention is only the most visible evidence of the bad faith of a regime which has so far shown no signs of listening to regional or international calls for an end to its violent behaviour.

I continue to call upon the regime to engage with you and allow you further contact with diplomats in Rangoon, and to start a genuine dialogue that can give the Burmese people back their future and their hope.

You have asked us to use our freedom to secure the freedom of the Burmese people. I assure you that as we move into a new year and a new decade the United Kingdom will continue to do everything possible to advance positive change and genuine democracy in your country.

As you have said, there is so much that needs to be done in a Burma that cannot afford to wait.

We are immovably with you – and with the Burmese people.

Yours sincerely

Gordon Brown

Freedom Journal (January, 2010)

Freedom Journal (January, 2010)

ဆရာအော်ပီကျယ်ရဲ့ မျောက်ပုံပြင်

ဇော်ဝင်း (နယူးရော်ခ်)

စာဖတ်ပရိသတ်တဦး ပို့ပေးတဲ့ ဆရာအော်ပီကျယ်ရဲ့ ကာတွန်းလေးက စိတ်ဝင်စားစရာလဲကောင်း လက်တွေ့ဖြစ်ရပ်နဲ့လဲ နီးစပ်လို့ မိတ်ဆွေများအတွက် ဖြန့်ဝေလိုက်ပါတယ်။ Internet မှာ ရှာကြည့်တော့ Wet Monkey Theory လို့တွေ့ရပါတယ်၊ တကယ်သိပ္ပံစမ်းသပ်မှု ဟုတ်မဟုတ်တော့ အတည်မပြုနိုင်ပါ ဆိုပြီး ရေးပြီးဖြန့်ဝေတာ လက်ခံရရှိပါတယ်။

ကျွန်တော်ကတော့ ဆရာအော်ပီကျယ်ရဲ့ ကာတွန်းလေး ကို "အကြောက်တရား လွှမ်းမိုးရေးသီအိုရီ" လို့ အမည်ပေးလိုက်ချင်ပါတယ်။

(ကျေးဇူးပြု၍ ကာတွန်းကွက်လေးများကို ပုံကြီးချဲ့ပြီး ကြည့်ရှူ့စေလိုပါတယ်)




ကာတွန်း ထဲက ငှက်ပြောသီးက ဒီမိုကရေစီ လွတ်လပ်မှု ငြိမ်းချမ်းရေး ဆိုကြပါစို့။ တိုင်းပြည်ရဲ့ ထွက်ပေါက်က ဒီမိုကရေစီ ဆိုတာ လူတိုင်းသိနေတာ ထင်ရှားစေပါတယ်။ အာဏာရှင် က လဲ ဒီမိုကရေစီ ပေးမယ် အသန ကုန် အော်ဟစ်ဆဲ၊ ဖိနှပ်ဆဲ ဖိနှပ်မြဲ။ လူထုကလဲ ဒီမိုကရေစီ ကိုအာသာငမ်းငမ်း နဲ့ တိုက်ပွဲဝင်ဆဲ။ တွက်နည်း တူ ပြီး အဖြေမှား နေပြီ ဆိုတာ ၁၉၈၈ က နေ ၂၀၁၀ ကာလက သက်သေပြနေပါပြီ။ တခုခုတော့ မှား နေခဲ့ ပြီ မှားနေဆဲပါ။ ဒီအမှားသီအိုရီဟာ လည်ပတ်နေတယ်။ ရပ်တန့်သင့်ပြီ ဆိုတာ သူပြောချင်နေပုံရတယ်။ ဆက်ပြီးမမှားရလေအောင် ဆရာအော်ပီကျယ်ရဲ့ ကာတွန်းလေးက လေးနက်တဲ့အတွေး ကို တွေးစေပါတယ်။



ဒီအမှားသီအိုရီဟာ ဆက်လက် လည်ပတ်နေပြီး ရပ်တန့် လို့မရသေး တာမို့တိုင်းပြည်ထူထောင်ရေး အတွက် တန်ဖိုးရှိတဲ့ အချိန်တွေ မြောက်များစွာကုန်ဆုံးသွားခဲ့ရတယ်။ တန်ဖိုးရှိတဲ့လူထုတွေ ခေါင်းဆောင်ကောင်းတွေ ဒီမိုကရေစီရေးမှာ မလုပ်နိုင် အောင် အမိန့်အာဏာ နဲ့ တားမြစ်ထားနိုင်ခဲ့တယ်။ လက်နှက်ဗလာ လုံချည် စိမ်း နဲ့ အင်္ကျီဖြူ ကျောင်းသား ငယ်လေးတွေကို စစ်အုပ်စုက ရဲရဲဝင့်ဝင့် ပစ်သတ်ပြနိုင်ခဲ့ကြတယ်။ ဘုရား သားတော်တွေပါ သတ်ဖြတ်ရေထဲ မျှောနိုင်ခဲ့ကြပြီ။ သိန်းချီ တဲ့ ဒုက္ခသယ် တွေ ပြည်ပ ထွက်ခွါစေခဲ့ပြီ။ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွါးနေတဲ့ ပြည်တွင်းစစ်မီး အဆမတန် လောင်မြိုက် နေစေပြီ။ ပုတ်ဟောင် တဲ့ သမိုင်းစုတ် တွေ ကိုပဲ ဒီအမှားသီအိုရီ က မွေးဖွားပေးနေတယ်။



ယနေ့ ကျွန်တော်တို့နိုင်ငံအခြေအနေကို ဒီသီအိုရီ နဲ့စဉ်းစားကြည့်လိုက်မိ တဲ့အခါ ၁၉၈၈ နိုင်ငံတော်လူသတ်မှု တွေမှသည် ဒီမိုကရေစီယုံကြည်သူ တွေကို မတ္တရားဖမ်းဆီးမှုတွေ နှိပ်စက်ကလူပြုမှုတွေ အလုံးစုံဟာ စစ်အုပ်စု အတွက်သူထွင်တဲ့ သူအကွက် တွေနဲ့ သူ့ဖာသာ ဂွင်ပိတ်မိနေတယ်။ ဦးနှောက်စားနေတယ်။ သူတို့ရဲ့ အကြောက်တရား လွှမ်းမိုးရေးသီအိုရီ ဟာ လုံးဝ အလုပ်မဖြစ်ဘူး၊ လူထုတွေ ကို ငြိမ်ဝပ်ပိပြားအောင် အာဏာသုံးဖိထားတာဟာ သုသန်တစပြင်က ငြိမ်းချမ်းရေး ကို ပဲ ပေါ်ထွန်းစေမှာ ဖြစ်ပါတယ်။

လူထု တရပ်လုံးကို ကြောက်အောင်လုပ်နေရယင်းက သူတို့လူထုကိုပြန်ကြောက်နေကြရပြီ။ ဖိနှိပ်သူ အခြင်းခြင်းထဲမှာလဲ သူ့ငါကြောက် ငါ့သူကြောက် ဘဝတွေကိုအထင်းသားမြင်နေရပါတယ်။ ဖိနှိပ်မှု နဲ့ အကြောက်တရား မှသည် အမှန်တရားကို အမှားက မရင်ဆိုင်နိုင်တော့တာ ။

ဒီသီအိုရီ ဟာ အကြောက်တရား က စ ပြီး အကြောက်တရား ရလဒ်ဆိုး ကို မွေးဖွားပေးတယ် သူ့အလိုလို ဆက်လက်လည်ပတ်စေတယ် ဆိုတာကို ရှင်းလင်းသိသာထင်ရှားစေတယ်။ အကြောက်တရား ဇာတ်လည်နေမှုပါ။ အကြောက်တရား ဆိုတာ စိုးရိမ်ဗျာပါဒ ပါ။ ကြောက်ရွံခြင်း မှ ကင်းဝေးစေဖို့ ထွက်ပေါက်ကို ဖောက်ထွက် မှရပါလိမ့် မယ် လို့ အတိုချုပ် ခံစားလာရစေပါတယ်။ ဒီကာတွန်းလေးဟာ အရမ်းကာရော ကောင်းလွန်းလို့ ဝေမျှလိုက်ပါတယ်။

အမိမြန်မာပြည် ကို ပျော်ရွှင်ခြင်းနိုင်ငံ အဖြစ် အမြန်ဆုံးထူထောင်နိုင် ဖို့ စစ်အုပ်စု ဖြုတ်ချရေး ဝိုင်းဝန်းကြိုးပမ်းကြပါစို့။

နှစ်သစ် မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

ဇော်ဝင်း (နယူးရော်ခ်)

၁ ရက် ၁ လ ၂၀၁၀

Thursday, 31 December 2009

ပျော်ရွင်သော နှစ်သစ် မင်္ဂလာဖြစ်ပါစေ



Dear Readers of WFWW and Friends of Burma,

We couldn't let this holiday season pass by without taking the time to thank you for all the wonderful support you've given us. We have received so many kind messages in the past months, and we can't tell you how much your friendship means to us.

As we celebrate the holidays with our family and friends, we will be thinking about all our wonderful memories from the past year. We hope you'll take the time to remember all the things we accomplished together and all the lives we touched.

We know that we are forever changed because of the journey you and we shared. It goes without saying that we have a lot to look forward to in the coming year. Even in the midst of great challenges here at home and around the world, we know change is coming and there is reason to have hope for a brighter future. We promise you that we will try our best to improve our efforts in the year of 2010.

Thank you so much for everything, and we hope you have a very happy holiday season and a Happy New Year!


We Fight We Win

ကိစ္စမရှိဘူး

An award winning music video about an American who expresses his heart felt appreciation for the culture of Myanmar (Burma). All the video footage was taken in Myanmar and woven into the lyrics of this original song for the People of Myanmar (Burma).

၂၀၁၀ ဟာ သန်းရွှေ အတွက် ကြမ္မာဆိုး ကို ပေးလိမ့်မယ်



၁၉၈၈ ၀န်းကျင်မှာ မဆလပါတီနဲ့ ပတ်သက်လို့  ပုံပြင်တပုဒ်ဖြစ်ခဲ့တယ်။ ပုံပြင်က ဒီလို။ ၁၉၈၈ မှာ လူထုလှုပ်ရှားမှုကြီးဖြစ်မယ်။ မဆလပျက်သုဉ်းမယ်။ ဦးနေ၀င်း အသေဆိုးနဲ့ သေရမယ်လို့ 
သူအလွန် ယုံတဲ့ ဗေဒင်ဆရာကပြောလိုက်တော့ ဦးနေ၀င်းဟာ မအိပ်နိင်မစားနိင်ဖြစ်ခဲ့တယ်။ မဆလပါတီ
လက်စွဲကျော် အောက်လမ်း ဗေဒင်ဆရာ ( ဆရာမြိုင်) က ယတြာယာချေရမယ် လို့ ဦးနေ၀င်းကိုအကြံပေးတယ်။ ယတြယာကတော့ ယိုးဒယား နိင်ငံ ( ထိုင်းနိင်ငံ) ကို ဘုရားတဆူလက်ဆောက်ပေးခိုင်းတယ်။ သဘောတရားကတော့ ဦးနေ၀င်းရဲ့ ကံကြမာဆိုးတွေ ကို ထိုင်းဘုရင်ကို ပေးလိုက်ပြီ ဆိုတဲ့သဘော။ အောက်လမ်း ဆရာ ဆရာမြိုင်က ရွီးလုံးတွေပေါ့။

သတင်းစာထဲမှာ ဦးနေ၀င်းက ယိုးဒယား ဘုရင်ကြီးကို ဘုရားတဆူလက်ဆောင်ပေးနေတဲ့ပုံ   ကို ၈၈ မျိုးဆက်တွေ မှတ်မိ ကြမှာပါ။ ယိုးဒယားဘုရင် က ဒီဘုရားကို ပြန်ပို့ ခိုင်းတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာကိုလည်းမှတ်မိကြဦးမှာပါ။


အခုလည်း  ဒေါ့် ကြိုင်ကြိုင် နဲ့  ဗိုလ်ချုပ်သန်းရွှေ တို့ လက်စွဲ အောက်လမ်းဆရာ အဘထွန်း ဆိုတဲ့သူက
၂၀၁၀ တော့ မှာ သန်းရွှေ ပြီးပြီလို့  ဟော သတဲ့။ တပ်တွင်းပုန်ကန်မှုတွေ၊ တိုင်းပြည်ဆူပူမှုတွေဖြစ်မယ်။
သန်းရွှေ နဲ့ မိသားစု အသေဆိုးနဲ့ သေမယ်လို့  ဟောတယ်။ ဒီတော့ ကြောက်လန့် နေတဲ့သန်းရွှေဟာ
အိပ်မပျော်စား မ၀င်ဖြစ်နေတယ်။  အောက်လမ်းဆရာ အဘထွန်းက သန်းရွှေကို ယတြယာလုပ်ပေးပါတယ်။  သန်းရွှေ ရဲ့  ခြေသည်းလက်သည်း၊ ဆံပင်တွေကို ဘုရားဆင်းထုထည်းမှာ ထည့် ခိုင်းပြီး သီရိလင်္ကာ နိင်ငံကို လက်ဆောင်ပေးခိုင်းပါတယ်။ ဒါကြောင့် ဟိုတလော က သန်းရွှေဟာ
သီရိလင်္ကာ နိင်ငံကို အလောသုံးဆယ်သွားရတာ ဒါကြောင့်ပါ။  ၂၀၁၀ အတွက် ယတြာယာချေတာပါ။

ဒါပေမဲ့ ၂၀၁၀ ကတော့ အပြုံပျက်ပုံမရဘူး။ လူထုမှာစားစရာမရှိဘူး။ မီးမရှိဘူး။ တပ်တွင်းအောက်ခြေတွေမှာ စားစရာမရှိတော့ဘူး။ စားစရာက နေပြည်တော်မှာပဲရှိတယ်။
ဒီတော့ ၂၀၁၀ လူထုလိုင်းတပိုးကို ဘယ်လို ယတြာဆိုးကမှ ခြေမပေးနိင်တော့ဘူးဆိုတာ မကြာခင်တွေ့ ရပါလိမ့်မယ်။ ဦးနေ၀င်းလည်း ယတြာာချေပေမဲ့ သူရောသူမိသားစုရော အကုသိုလ်တွေဝင်ခဲ့ပါတယ်။
ဒါဆိုရင် သန်းရွှေရော၊  သန်းရွှေလည်း ဦးနေ၀င်းလို့ ပဲ ဇတ်သိမ်းရမှာပါ။ ဇတ်သိမ်းရမဲ့အချိန်က
သူအောက်လမ်းဆရာပြောသလိုပဲ ၂၀၁၀ ထဲမှာပဲဖြစ်မှာ ပါ။  သန်းရွှေဒို့ လိုလူမျိုးတွေအတွက်
 ဗုဒ္ဒမြတ်စွာဘုရားက ဓမ္မပဒ မှာ ဒီလိုဟောခဲ့ပါတယ်။ '' နွားခြေရာခွက်နောက်ကို လှည်းဘီးဟာ ကောက်ကောက်ပါလိုက်သကဲ့သို့  မကောင်မှု ကို ကြူးလွန်ထားတဲ့သူရဲ့ နောက်ကို အကုသိုလ်ဟာ ကောက်ကောက်ပါလိုက်လေ့ရှိတယ် ချစ်သားတို့    ။ ''







၂၀၁၀ မှာ သူ ကြမ္မာ ဆိုး ၀င်မယ်။ သူကြမ္မာဆိုးကို သီရိလင်္ကာကို ပို့ ပြီးယတြာယာချေနေတဲ့
သန်းရွှေ ကို တွေ့ ရစဉ်။






"တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးကိုရှေ့ရှုပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ" (ဗိုလ်ချုပ်အောင်ဆန်း)


"တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးကိုရှေ့ရှုပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ" (ဗိုလ်ချုပ်အောင်ဆန်း)

ငရဲ မှ လွတ်မြောက်လမ်း ( မိုးသီးဇွန် )




School of Oriental and African Studies (SOAS), University of London မှာ ပြောခဲ့တဲ့ မိုးသီးမိန့် ခွန်း

ငရဲ မှ လွတ်မြောက်လမ်း
( မိုးသီးဇွန် )

စစ်မှုထမ်းဟောင်းများအဖွဲ့ မှာ ပြောခဲ့တဲ့ သန်းရွှေမိန့် ခွန်း မှာ ရင်ကျက်တဲ့ဒီမိုကရေစီဖြစ်ဖို့ ရည်မှန်းတယ်။ ရင့်ကျက်တဲ့ဒီမိုကရေစီ ဖြစ်လာဖို့ က ကြာမယ်ဆိုတော့ စစ်အာဏာရှင်စနစ်ကလည်း ကြာမယ်ဆိုတဲ့သဘော လို့  ခံယူနေတယ်။ ‘’ လာမယ်၊ ကြာမယ်။ ‘’ ဆိုတဲ့ သဘောဖြစ်နေပါတယ်။

အခြေခံဥပဒေ

- ၂၀၀၈ ခုနစ်အခြေခံဥပဒေ ဟာ အာဏာရှင်စနစ်နဲ့ မြန်မာ ပြည်ကို ရာသက်ပန် အုပ်ချုပ်မယ်လို့ အတိအလင်း ပြေားထားပြီးပြီ။့ တပြည်လုံးကိုသေနပ်နဲ့ ထောက်ပြီး ဒီဥပဒေကိုအတည်ပြုထားပြီးပြီ။
- ဒီဥပဒေအရ - နိင်ငံသားအခွင့်အရေး- Bill of rights , နိင်ငံသားတွေ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေ ( Private Property ) ညီမျှတဲ့အခွင့်အရေး ( Equal Opportunity ) ၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌန်းခွင့်တွေအားလုံး ဟာ
ငြင်းပယ်ခံထားရတယ်။ ဒီတနည်းအားဖြင့်ပြောရရင် မြန်မာ နိင်ငံ လူဦးရေ သန်း ၅၀ ကျော်လုံးဟာ လူဖြစ်ရှုံးနေတယ်။ ဒီဥပဒေအရ လူဖြစ်ရကျိုးနပ်သူအခွင့်အရေးတွေကိုတင်းပြည့်ကျပ်ပြည့်ရနေသူဟာ နိင်ငံတော်သမတ သို့ မဟုတ် တပ်မတော် အကြီးအကဲဆိုတဲ့ငတိ သာလျင်ဖြစ်တယ်။ တနည်းပြောရရင် ဒါဟာ အခြေခံဥပဒေမဟုတ်ပါဘူး။ ဒါဟာ သက်ဦးဆံပိုင် အရှင်သခင်တဦးတည်းအတွက်
ကျွန်တွေက လိုက်နာရမဲ့ စည်းကမ်းများသာဖြစ်တယ်။


(မိုးသီးဇွန် School of Oriental and African Studies (SOAS), University of London မှာ မိန့်ခွန်းပြောနေပုံ- ဓါတ်ပုံ ဝဲ မှ ယာ - ကိုရောဘတ် ကိုဇော်ဝင်း နဲ့ မိန့်ခွန်းပြောနေသူ ကိုမိုးသီး ၂၀၀၉ အောက်တိုဘာလ ၃၁ ရက်)

ဒီစည်းကမ်းများကို ကျနော်တို့ တပြည်လုံးက ၉၀ ရာခိုင်နှုန်းကျော်က ထောက်ခံထားပြီပြီလို့ 
နအဖ က ဆိုပါတယ်။ ဒီဥပဒေအရ -- ရွေးကောက်ပွဲ ကျင်းပပေးမယ်။ ရွေကောက်ပွဲကနေတက်လာတဲ့ အစိုးရဟာ ဒီဥပဒေစည်းမျဉ်းနဲ့ အညီ ကျနော်တို့ ရဲ အလုံးဆုံသော အနာဂတ်ကံကြမာ တွေကိုဆုံးဖြတ်မှာဖြစ်တယ်။

ဒီတော့ရွေးကောက်ပွဲဟာ ဘာလည်းဆိုတာ ကြည့် ကြပါစို့ -

ရွေးကောက်ပွဲကို ကျနော် တို့  ကျမ တို့ လက်ခံပါတယ် ဖြစ်သင့်ပါတယ် ဆိုတဲ့အသံတွေ ကို ဟိုမှာ ဒီမှာကြားနေရတယ်။ နိင်ငံတကာမှာကလည်း ဖြစ်နေတာက - ရွေးကောက်ပွဲဟာ ဒီမိုကရေစီဖြစ်စဉ်တခု - Process ဆို ပြီ လက်ခံ နေကြတဲ့ အသံတွေကိုကြားနေရတယ်။


(လန်ဒန်ရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ၊ လူငယ်များနှင့် အောက်တိုဘာလ ၃၁ ရက်နေ့က ပွင့်ပွင့်လင်းလင်း တရင်းတနှီး ဆွေးနွေး ခဲ့ ကြပုံ - ဓါတ်ပုံ ဝဲ မှ ယာ - ကိုဇော်ဝင်း ကိုမိုးသီး နဲ့ ကိုအောင်ကျော်စိုး)


ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဇော်ဇော်အောင် ရဲ့ ကျားဆိုးကြီးပုံပြင်နဲ့ ဥပမာပေး ဆွေးနွေးနေပုံ


ကိုအောင်မျိုးသိန်း ဆွေးနွေးနေပုံ


ကိုမင်းဟိန်း ဆွေးနွေးနေပုံ


၂၀၁၀ ရွေးကောက်ပွဲ

နအဖ ရည်မှန်းချက်

- ဒီနေ့  နအဖ မှာ ကြုံတွေ နေတဲ့အခက်ခဲက တရားဝင်မှုအခက်ခဲ လို ခံယူထားတယ်။
- ဒီတရားဝင်မှုရရှိဖို့ အတွက်ထွက်ပေါက်က ရွေးကောက်ပွဲလုပ်ပေးမယ်။
- ရွေးကောက်ပွဲနဲ့ အနိင်ရလာတဲ့အခါမှာ တရားဝင်အစိုးရဖြစ်လာနိင်မယ်လို့ ခံယူတယ်။

နည်းနာ အနေနဲ့  ကတော့-

- ရွေးကောက်ပွဲမှာအနိင်ရနိင်ဖို့ အတွက် ကတော့ အနိင်ယူနိင်မယ်ထင်တဲ့ပြိုင်ဖက်
- အနိင်ရနိင်တဲ့ အခြေအနေ ကို ဖန်တည်း နိင်ဖို့ ပဲဖြစ်ပါတယ်။
- အဓိက ကျတဲ့ ဒီမိုကရေစီပါတီ နဲ့ တိုင်းရင်းသားတွေကို ကန့် သတ်ချုပ်ချယ်မှုတွေပြုလုပ်ထားတယ်။


ကိုမိုးသီးဇွန် ( မြန်မာ ပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်နှင့် ) နှင့် ကိုဇော်ဝင်း ( ၈လေးလုံးမျိုးဆက် ကျောင်းသားများ - ပြည်ပ) တို့ဟာ လန်ဒန်မြို့ ကို ရောက်ရှိ ခဲ့ပြီး၊ လက်ရှိရင်ဆိုင် နေရသော မြန်မာ့ နိုင်ငံရေးအခြေအနေနဲ့ ပက်သက်၍ လန်ဒန်ရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ၊ လူငယ်များနှင့် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ပွင့်ပွင့်လင်းလင်း တရင်းတနှီး ဆွေးနွေး ခဲ့ကြပါသည်။ "Campaign For Burma Solidarity" ခေါင်းစဉ်နဲ့ ဆွေးနွေးဖြစ်ကြတာပါ။ ယင်း ဆွေးနွေးပွဲသို့ အဖွဲ့အစည်း အသီးသီးမှ လူငယ် ခေါင်းဆောင်များ၊ စိတ်ဝင်စားသူများ အားတက်သရော ၀င်ရောက်ဆွေးနွေး ခဲ့ကြပြီး အမှတ်တရ စုပေါင်းဓါတ်ပုံ -

၁- နအဖ က ဘာတွေပြင်ဆင်နေသလဲ
တဖက်သတ်အနိုင်ရဖို့ ပြင်ဆင်နေတယ်။ ရွေးကောက်ပွဲကနေစစ်အစိုးရအလိုကျ ရုပ်သေးအစိုးရဖွဲ့ နိုင်ဖို့ ပြင်ဆင်နေတယ်။ ဒီရွေးကောက်ပွဲမှာ ဦးစားပေးအဆင့်အဆင့်ကိုကြည့်ရင်

က- ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ စစ်ယူနီဖေါင်း ကို ချွတ်လိုက်တဲ့ ဗိုလ်ချုပ်တွေ
ခ- စီးပွားရေသမားတွေ
ဂ- ကြံဖွတ်တွေ
ဃ - တစည
င- အဓိက ဒီမိုကရေစီအင်အားစုတွေထဲက ပဲ့ ထွက်လာတဲ့ အင်အားစုတွေ
စသဖြင့် ပြင်ဆင်ထားတယ်။

- ပြည်နယ်နဲ့  တိုင်းတွေမှာ ဘယ်နေရာမှာ ဘယ်ဗိုလ်ချုပ်နဲ့ 
ဘယ်စီးပွားရေးသမား ၊ ကြံ့ဖွတ်တွေ၊ တစည တွေ ၀င်ရမယ်ဆိုတာကိုပါပြင်ဆင်ပြီးနေပါပြီ။


အမိနိုင်ငံ လွတ်မြောက်ဖို့ ငါတို့ အစွမ်းကုန် ညီညွတ်စို့


- တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ အခြေအနေ
- လွတ်လပ်စွာ စည်းရုံးခွင်
- လွတ်လပ်စွာဟောပြောခွင်
- လွတ်လပ်စွာ ပုံနိပ်ထုတ်ဝေခွင့်တွေကို ပိတ်ပင်ထားတယ်။

လက်ရှိအခြေအနေအရ၊ နောက်ဆုံးလေ့လာသိရှိချက်တွေအရတော့ အခုနအဖ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတဲ့ရွေးကောက်ပွဲ ဖြစ်မလာနိင်ပါဘူး။
ဥပမာများ -

က-ကမ္ဘောဒီးယားအတွေ့ အကြုံ
ကမ္ဘောဒီးယားမှာ ၁၉၉၈ ခုနစ်က ရွေးကောက်ပွဲလုပ်ပေးတယ်။ အတိုက်ခံပါတီတွေဖြစ်တဲ့ ဖွန်ဆင်ပက် ပါတီ၊ ဆမ်ရမ်စီပါတီတွေဟာ စစ်အစိုးရပါတီ ဖြစ်တဲ့ ဟွန်ဆင်ရဲ့  စီပီပီ ရဲ့ တဖက်သတ်ဖိနိပ်မှု တွေ ကောက်ကျစ်မှုတွေကိုခံရတယ်။ အတိုက်ခံပါတီတွေက ဖနွမ်းပင်မြို့ မှာ ပဲ ၀င်နိင်တယ်။ နယ်တွေဖက်ကိုစည်းရုံးရေးထွက်တာနဲ့ မယ်ဆွယ်မှုတွေလုပ်တာနဲ့ ရိုက်နက်တာသတ်ဖြတ်တာတွေခံရတယ်။ ဒီတော့ စီပီပီပဲအနိင်ရသွားတယ်။ ဒီနေ့အထိပါပဲ။ ပို ပြီး စိတ်မကောင်းဖို့ ကောင်းတာကတော့ ဒီရွေးကောက်ပွဲ ကို ကုလသမဂ္ဂ က ကြီးကြပ်မှုအောက်မှာဖြစ်ခဲ့ရတာပါ။ ဒီနေ့ မြန်မာပြည်မှာ နိင်ငံတကာ လေ့လာမှု ကြီးကြပ်မှုတွေမရှိသေးပါဘူး။


ခ- ကျနော် ဘ၀မှာ နှစ်ခါမဲပေးခဲ့ဘူးတယ်။ တခါ မဲရုံဆောင့်ခဲ့ရဘူး။တယ်။ မဆလခေတ်မှာပါ၊
မဲပုံးနစ်ပုံးလာချထားတယ်။ တပုံးက အဖြူ ၊ တပုံက အမဲ ။ တနည်းအားဖြင့် ကန့် ကွက်မဲနဲ့  ထောက်ခံမဲ ။ မဲပုံးနစ်ပုံလုံးမှာ မဲထည့် ဖို့ အပေါက်တပေါက်ဆီပါတယ်။ ဒါပေမဲ့ ကန့် ကွက်မဲအနက်ရောင်ပုံးကို ချိတ်နဲ့ ပိတ်ထားတယ်။အခန်းဟိုးဒေါင့်မှာ ထားတယ်။ ခင်ဗျားက သတ္တိကောင်းပြီး ကန့် ကွက်မဲသွားထည့်ရင် သူတို့ စောင့်ကြည့်နေတယ် လို့ ခြိမ်းခြောက်တဲ့အနေနဲ့  မဲသွားတည့် တည့် သူရဲ့ ခြေထောက်ကို ပါတီ၊ကောင်စီတွေက စောင့်ကြည့်နေကြတယ်။ ရွေးကောက်ပွဲလို့ သာဆိုတယ် ရွေးချယ်ခံမဲ့ကိုယ်စားလှယ်တွေကို

တစ်- ကျနော်တို့ မမြင်ဘူးဘူး။ မသိဘူး။
နစ် - သူတို့ က ကျနော်တို့ အတွက်ဘာလုပ်ပေးပါမယ်ဆိုတာလည်းမသိဘူး။
သုံး- ကိုယ်စားလှယ်အားလုံးကိုထောက်ခံ မဲပေးရမယ်၊ သူကိုမကြိုက်ရင် နောက်တယောက်ရွေးစရာမရှိ။ ဒါပဲ။


မဇင်ဇင်မျိုးသန့် ကိုမျိုးသိမ်း Mr Shwekey Hoipang တို့ နဲ့ အတူ အမှတ်တရ

ကျနော်တို့ ရပ်ကွက်ကလူတွေကလည်း ဖိနိပ်နေတဲ့ကြားထဲက ကန့် ကွက်မဲပေးတဲ့သူတွေရာနဲ့ ချီရှိခဲ့တယ်။ မဲပြားကို အိမ်ယူသွားတဲ့သူရှိတယ်။ မဲပုံကိုဖေါက်လိုက်တော့ ကန်ကွက်မဲပုံမှာမဲတွေ ပုံတ၀က်လောက်ဖြစ်နေတယ်။ ဒီတော့ မဲရုံစောင့်နေရတဲ ကျနော်တို့ လို ဆယ်ကျော်သက် ကလေးတွေကို ကျော်ပြီးတော့ ပါတီ အတွင်းရေးမှုး ခင်မောင်ကအမဲတွေကို အားလုံးကို ကြုံးပြီး အဖြူပုံးထဲထည့် လိုက်တယ်။ ရပ်ကွက်ကောင်စီတွေကထောက်ခံမဲ ၉၉ ရာခိုင်နှုန်းဆိုပြီးလုပ်ပေးလိုက်တယ်။ ဒါပဲ။


အခမ်းအနားသို့တက်ရောက်လာသူများ


အခမ်းအနားသို