(မိုးသီးဇွန်)
နိဒါန်း
ဒီနေ့ဖြစ်နေတဲ့ လှုပ်ရှားမှုတွေကို စစ်အစိုးရက အပြင်ထန်းဆုံး ဖိနှိပ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၈၈ က စတင်လာတဲ့ဒီမိုကရေစီတိုက်ပွဲဟာ အရေးအကြီးဆုံးပိုင်း ကို တစတစ ရောက်ရှိလာနေလို့ဖြစ်တယ်။ တိုက်ပွဲက ပိုပြီးပြင်းထန်လာသလို၊ အကွေ့အကောက်တွေ များလာနိုင်တယ်။ လှုပ်ရှားမှုတိုင်းဟာ ဒီသဘောတွေ ဆောင်နေခဲ့ တယ်။ လှုပ်ရှားမှု အသေးလေးတွေက လှုပ်ရှားမှုကြီးတခုလုံးကို အဆုံးဖြတ်ပေးနိုင်တယ်။ ဒါကြောင့် ခေါင်းဆောင်မှု ဟာ အရေးကြီးလာပါတယ်။ ခေါင်းဆောင်တိုင်း သတိထားသင့်တဲ့ လူထုတိုက်ပွဲ နည်းနာတွေကို ကျနော်တို့ ၈၈ တိုက်ပွဲကာလက ရရှိခဲ့တဲ့ သင်ခန်းစာတွေအပေါ် အခြေခံပြီး ဝေငှလိုက်ပါတယ်။
၂ ) ဆန္ဒပြခြင်း၊ ချီတက်ခြင်း
၃ )စည်းကိုကျော်ပေးရခြင်း
၎ ) ယန္တရားများကိုဖြိုချခြင်း
၅ ) အုပ်ချုပ်ရေးများအစားထိုးခြင်း
၁။ လုံခြုံရေး
ကိုယ်ရဲ့ လုံခြုံရေးဟာ လှုပ်ရှားမှုရဲ့လုံခြုံရေးဖြစ်တယ်။လုံခြုံရေးကို ဂရုစိုက်တတ်နိုင်ရင် အဖမ်းမခံရအောင် ကြိုးစား။ကိုယ်လွတ်နေသမျှ တိုက်ပွဲတွေ ဆင်နွှဲနိုင်တယ်။
အခုဖြစ်နေတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေမှာ အားနည်းချက်တချို့ကို ကျနော်လေ့လာတွေရှိရတယ်။ ဒါကတော့ တူညီဝတ်စုံ ယူနီဖောင်း၊ အဖြူနဲ့ ကချင်ပုဆိုးတွေ ၀တ်ထားတာ၊ ပင်နီတိုက်ပုံတွေ) ၀တ်ထားပြီး ဆန္ဒပြတာ အားနည်းချက်ရှိတယ်။ ဒီလိုဝတ်ထားခြင်းအားဖြင့် ပစ်မှတ်ကို အလွယ်တကူ ပေးထားသလို ဖြစ်နေတယ်။ လူထုထဲကကြည့်နေတဲ့သူတွေနဲ့ မိမိနဲ့ အဆင့်အတန်းတခု (Class) တခုကို ခွဲခြားပေးထားသလို ဖြစ်နေတယ်။ လမ်းဘေးက ရပ်ကြည့် နေတဲ့သူ တဦးအနေနဲ့ ငါပါလို့ သူတို့ကကြိုက်ပါ့မလား။ (သူမှာက ယူနီဖောင်း မ၀တ်ထားတဲ့အတွက်) ငါ့ကို အစိုးရလူတွေက စောင့်ကြည့်နေမလားဆိုတဲ့ စိုးရိမ်သံသယတွေ ဖြစ်ပေါ်နေတတ်ပါတယ်။ ဒါကြောင့် ယူနီဖောင်းမ၀တ်ဘဲ သူလိုကိုယ်လိုပဲ ၀တ်ထားရင် အရေးအကြောင်းမှာ လူထုထဲကို ၀င်ရောက်ပြီး ပုံဖျက်နိုင်တယ်။ လူထုတွေကိုလည်း ကိုယ့်လှုပ်ရှားမှုမှာ ၀င်ရောက်နိုင်ဖို့ တံခါးဖွင့်ပေးထားနိုင်တယ်။
အခုဖြစ်နေတဲ့ လှုပ်ရှားမှုဟာ ၁၉၇၄ ခုနှစ် အလုပ်သမားအရေးအခင်းနဲ့ သွားတူနေတယ်။ ၁၉၇၄ ခုနှစ် အလုပ်သမားအရေးခင်းက ကုန်ဈေးနှုန်းကြီးမြင့်လာမှုကို မခံနိုင်လို့ အလုပ်သမားတွေ စတင်သပိတ်မှောက်မှုက စတင်လာခဲ့တယ်။ ဒါပေမယ့် အလုပ်သမား အရေးအခင်းဟာ အနှိမ်နင်းခံရတယ်။
၁ -ကိုယ့်ရဲ့အခြေအနေကို လုံခြုံအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ (တဖက်မှာလည်း မဆလက ထောက်လှမ်းရေး တင်ဦးနဲ့ ဖြုတ်ထုတ်ခံနေရမှုက ကျနော်တို့ကို အခွင့်သာစေခဲ့တယ်။ အခုလည်း ခင်ညွန့်နဲ့အဖွဲ့ ဖြုတ်ထုတ်ခံနေ ရတာကို အခွင့်ကောင်းယူနိုင်ဖို့ ကျနော်တိုက်တွန်း လိုတယ်။)
၂ - လှုပ်ရှားမှုကို တပြည်လုံးပြန့်နှံ့အောင် ကျနော်တို့ လုပ်ဆောင်နိုင်ခဲ့တယ်။ ကျနော်တို့ လူထုတိုက်ပွဲဝင်ခဲ့တဲ့ နည်းနာကတော့ ပြောက်ကျားသပိတ် နည်းနာကိုကျင့်သုံးခဲ့တယ်။ အခြေအနေပေးတဲ့နေရာတွေမှာ အချိန် တော်တော်ကြာတဲ့ ချီတက်ဆန္ဒပြမှုကို ကျနော်တို့ လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်။
၁ -လက်ကိုင်ဖုန်းနဲ့ သတိထား စကားပြောဖို့လိုတယ်။ လက်ကိုင်ဖုန်း တခါပြောတိုင်း ရန်သူ နားထောင်နေတယ် ဆိုတာကို သတိပြုပါ။ လက်ကိုင်ဖုန်းက ဈေးကြီးသလောက်၊ ရန်သူကို ဈေးအပေါဆုံးသတင်းပို့ပေးနေသလို ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲ လက်ကိုင်ဖုန်းက FM ရေဒီယိုစနစ် ပုံစံမျိုးနဲ့ အသံလှိုင်းကို သယ်ယူသွားတာ ဖြစ်တဲ့အတွက် ရန်သူက နေရာအနှံ့ ကနေ ကြားဖြတ် နားထောင်နေနိုင်လို့ပဲဖြစ်တယ်။ ကြားဖြတ် နားထောင်တဲ့စခန်းကို အရင်က တိုးကြောင်လေးအနီးနားမှာ ရုံးဖွင့်ပြီးနားထောင်နေကြပါတယ်။
၃ - တနေရာတည်းမှာ အမြဲတမ်း မအိပ်ဖို့လိုတယ်။
၎ ညအိပ်တဲ့အခါမှာ သတိဝီရိယ အမြဲရှိနေဖို့လိုတယ်။
၅ ထွက်ပေါက်ကို အမြဲတမ်း ကြိုတင်ကြည့်ထားဖို့လိုတယ်။
၆ - ကားစီးတဲ့အခါ နောက်ဆုံးထိုင်ခုံမှာ စီးပါ။ ကိုယ့်နောက်မှာ ဘယ်သူကိုမှမထားပါနဲ့။
ကိုယ်က အားလုံးကိုကြည့်နိုင်တဲ့ပုံစံ အမြဲရှိနေရပါမယ်။
၇- ခရီးသွားတဲ့အခါ တနေရာရာကိုထွက်တဲ့အခါမှာ လူအုပ်ထဲမှာ အမြဲတမ်းနေပါ။
၈ - မသင်္ကာစရာ လှုပ်ရှားမှုတွေ့တာနဲ့ ခြေရာဖျောက်ပါ။
၉ - စာရွက်စာတန်း၊ စာစောင်၊ သတင်းစာအဟောင်း နိုင်ငံရေးနဲ့ ပတ်သက်တာအားလုံး
ကိုယ်နဲ့အတူ မထားပါနဲ့။ အိမ်ထဲမှာ မထားပါနဲ့။ဝှက်စရာနေရာတွေ အများကြီးရှိတယ်။ ရအောင် ၀ှက်ပါ။
၁၀ - ဆေးမင်၊ နာရီ၊ လက်စွပ်၊ ဆွဲကြိုးတွေ မဆွဲပါနဲ့။ ဆေးမင်ရှိရင် ဖုံးကွယ်ထားပါ။
အုပ်စု ၂ စု ခွဲပြီးလှုပ်ရှားခြင်း
ကိုယ်ရောင်ဖျောက်ထားတဲ့ သူတွေရဲ့တာဝန်က လူထုထဲမှာ ထောက်လှမ်းရေးတွေက ဘယ်သူတွေလဲ။ လူပ်ရှားမှုကို ထောက်လှမ်းရေးကို သတင်းပို့နေသူ၊ နှောင့်ယှက်မယ့်သူက ဘယ်သူတွေလဲ ဆိုတာကို သတိထား စောင့်ကြည့် တယ်။ အခွင့်အရေးရရင် အနီးကပ်ပြီး တိုက်ခိုက်ပစ်လိုက်တယ်။ ၈၈ မတ်လနဲ့ ဇွန်လ ကျောင်းသား လှုပ်ရှားမှုတုန်း က ကျောင်းသားတွေထဲမှာ မြှုပ်နှံထားတဲ့ ထောက်လှမ်းရေးတွေကို ဒီနည်းနဲ့ ဖော်ထုတ်နိုင်ခဲ့ တယ်။ သူတို့ကို အလစ်မှာ ဖမ်းဆီးပြီး အမျိုးသားအိမ်သာထဲမှာ ဖမ်းချုပ်ထားရင်းနဲ့ လှုပ်ရှားမှုကို အသက်ဆက် ပေးနေခဲ့တယ်။
လက်စလက်န ရှိသူတွေ၊ ဆန္ဒပြတာမလုပ်တတ်ပေမယ့် မတရားမှုတွေကို လက်ပိုက် မကြည့်လိုတဲ့ ရပ်ကွက်ထဲ က လူငယ်လူရွယ်တွေဟာ ဒီလိုလုပ်ငန်းမှာ အထူးသင့်တော် ကြတယ်။ သူတို့ကို ဦးစားပေးပြီး ကျနော်တို့ ရွေးချယ်ပေးခဲ့တယ်။ တခါတရံမှာ ကိုယ်ရောင်ဖျောက်ပြီး ၀င်ကူမယ့်သူတွေဟာ လေး ငါးဆယ်ခန့်အထိ ကျနော်တို့သုံးခဲ့တယ်။ သူတို့ကို အုပ်စုလိုက်တွေ ဖွဲ့ပြီးတာဝန်တွေပေးခဲ့တယ်။ ဒါကြောင့် ဆန္ဒပြပွဲလုပ်တော့မယ် ဆိုတာနဲ့ လူအုပ်စု ၂ စုခွဲပြီးလှုပ်ရှားတာဟာ အကောင်းဆုံးနည်းစနစ်တခုဖြစ်တယ်လို့အကြံပြုလိုတယ်။
၂။ ဆန္ဒပြချီတက်ခြင်း
က - ချီတက်ဆန္ဒပြရမယ်။
၁ - အရေးအကြီးဆုံးက လူအစည်းကားဆုံးနေရာဖြစ်ရမယ်။ အခြေခံလူထုတွေ အများဆုံးရှိတဲ့ နေရာတွေ ဖြစ်ရပါမယ်။
၂ - ကြံ့ဖွံ့ သို့မဟုတ် အာဏာပိုင်များက လာရောက်တားမြစ်လျှင် ထိပ်တိုက်မရင်ဆိုင်ပါနဲ့
ထိုင်ပြီး ဆန္ဒပြပွဲ ဆက်လက်မဆင်နွှဲပါနဲ့ ချက်ချင်း လူစုပြန်ခွဲလိုက်ပါ။ နောက်တကြိမ် ဆန္ဒပြနိုင်အောင် ပြင်ဆင်ပါ။ လူပြန်စု ပြန်ချီတက် ပြန်တိုက်ပွဲဝင်။
၃ - လမ်းဘေးမှ ရပ်ကြည်နေတဲ့ လူထုတွေကို ပါအောင်စည်းရုံးပါ။ဒီလိုစည်းရုံးနိုင်ဖို့ကတော့ ကိုယ်ဘက်က ခုလိုပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။
က - လမ်းဘေးမှ ရပ်ကြည့်နေတဲ့လူတွေထဲကို ကိုယ့်ရဲဘော်တချို့က ၀င်ရောက် ရောနှော နေရာယူ ထားဖို့လိုပါတယ်။
ခ - လူထုတွေကို အလုပ်ပေးပါ။ (တာဝန်ပေးပါ။)
ဂ - အသင့်ပါလာတဲ့ စာရွက်တွေကို လူထုတွေကိုဝေခိုင်းပါ။
ဃ - လူထုတွေထဲကို ခွပ်ဒေါင်းတံဆိပ်ပါတဲ့ နဖူးစည်းများ ရပ်ကြည့်နေတဲ့လူတွေကို ဖြန့်ဝေပေးဖို့လိုတယ်။
င- မြေဖြူခဲ၊ မီးသွေးခဲ၊ ဆေးစုတ်တံ၊ ပိုစတာများကို လူထုလက်ထဲထည့်ပေးပါ။ ကြွေးကြော်သံတွေကို ရေးခိုင်းပါ။
စ - တိုက်နံရံများ၊ အုတ်နံရံများ၊ ကားလမ်းမများပေါ်မှာ ကြွေးကြော်သံများကို ရေးခိုင်းပါ။ ပိုစတာများ ကပ်ခိုင်းပါ။
ဆ - လူထုထဲမှာရှိနေတဲ့ ကိုယ့်လူတွေက လူထုကို ပူးပေါင်းပါဝင်လာအောင် အနီးကပ် လှုံ့ဆော်ပေးနေရမယ်။
ဇ - တကယ်လို့ ဆန္ဒပြနေတဲ့ကိုယ့်လူတွေကို ကြံ့ဖွံ့များ၊ လူဆိုးလူမိုက်များက တိုက်ခိုက် လာပါက၊ ၀င်ရောက် ကာကွယ်ပေးနိုင်ရမယ်။ ဟေ့ ဒါမတရားဘူးကွ၊ ဒို့ လက်ပိုက် ကြည့်မနေဘူး။ သတ္တိရှိရင်ထိကြည့်ကွ စသဖြင့် ကိုယ်လူတွေက စတင်ပြောဆိုရမယ်။ လိုအပ်လာရင် ခွန်အားကို သုံးပြီး ဖြေရှင်းရပါမယ်။
ဈ - တုတ်များ၊ ပုလင်းများ၊ အုတ်နီခဲများနဲ့ တိုက်ခိုက်ချေမှုန်းပစ်ရမယ်။ ဒီအခါမှာ လူထုက မခံမရပ်နိုင်ဖြစ်လို့ မိမိတို့နဲ့အတူ တိုက်ပွဲဝင်လာတဲ့ပုံစံကို ထွက်လာပါတယ်။
ည - အာဏာပိုင်များက တိုက်ခိုက်လာတဲ့ ကိုယ့်လူတွေကို တုံ့ပြန်ရင်းနဲ့ လူထုကိုပါ တိုက်ခိုက်တဲ့ ပုံစံကို ရောက်လာလေ့ရှိတယ်။ ဒီအခါမှာ အာဏာပိုင်တွေနဲ့ လူထုတိုက်ပွဲ စတင်လာသလို ဖြစ်လာတော့တယ်။ တိုက်ခိုက်ကာကွယ်ပေးတဲ့ပုံစံဖြစ်လာတယ်။ လူထုတွေကလည်း ငါ့ဘေးကလူတွေတောင် ပါကုန်ပြီ၊ ငါလည်း ပါတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖြစ်ပေါ်စေတယ်။ လူထုတွေမှာ Group Dynamic Behavior ရှိတယ်။ တယောက်ကလုပ်ရင် ကျန်တဲ့လူကလည်း လိုက်လုပ်တဲ့သဘောပဲ။ လုံခြုံမှုရှိတယ်။ အောင်ပွဲခံမယ်ဆိုရင်လူတိုင်းက အားတက်သရော ပါချင်ကြတယ်။ ဒီတော့ ခေါင်းဆောင် လုပ်တဲ့သူက ဒီအခြေအနေကို မှန်မှန်ကန်ကန် အသုံးချတတ်ရမယ်။
ဋ္ဋ- တကယ်လို့ကိုယ့်မှာ အင်အားများလာတယ်ဆိုရင် ချီတက်ဆန္ဒပြနိုင်တယ်။ ဒါပေမဲ့ လူစည်ကားတဲ့ နေရာမှာပဲ ဖြစ်ရမယ်။
ကြွေးကြော်သံတွေကို ချမှတ်ပေးတဲ့နေရာမှာ နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်ပြောင်းလဲမှုအလိုက် တဆင့်ပြီး တဆင့် မြှင့်တင်ပေးသွားဖို့လိုတယ်။ လောလောဆယ်မှာ ဓာတ်ဆီဈေးနှုန်းတွေ ကျဆင်းရေး ၊စွမ်းအင်နဲ့ ဘဏ္ဍာရေးဝန်ကြီး နှုတ်ထွက်ရေး စတဲ့ ကြွေးကြော်သံကို တင်သင့်တယ်။ အဆင့်မြင်လာရင် ဗိုလ်ချုပ်သန်းရွှေ နှုတ်ထွက်ပေးရေးနဲ့ နိုင်ငံရေး အကျဉ်းသား များ လွတ်မြောက်ရေးကို ဆက်လက်တင်ရမယ်။ အမြင့်ဆုံးပိုင်းကို ရောက်လာ ရင် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ ဒီမိုကရေစီလူထုအစိုးရတရပ် ဖွဲ့စည်းနိုင်ရေးအထိ ဆက်လက် တင်ပေးသွားဖို့ လိုတယ်။ လူထုတိုက်ပွဲရဲ့ အမြင့်ဆုံးကြွေးကြော်သံကတော့ လူထုအစိုးရဖွဲ့စည်းရေး (ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးအထိ ဖြစ်ရမယ်။)
အာဏာပိုင်တွေက ဟိုဟာမလုပ်ရဘူး။ ဒီဟာ မလုပ်ရဘူး။ ဟိုနေရာကို မသွားရဘူး။ ဒီနေရာကိုမသွားရဘူး။ လူမစုရဘူး စသဖြင့် မတရားတဲ့ဥပဒေတွေကို ထုတ်ပြန်တတ်လေ့ ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ‘မတရားတဲ့အမိန့်အာဏာဟူသမျ တာဝန်အရ ဖီဆန်ကြ’ လို့အမိန့်ရှိခဲ့ဖူးတယ်။ လူထုတိုက်ပွဲမှာ မတရားတဲ့ဥပဒေတွေကို ထုတ်ပြန်လာတဲ့အခါမှာ ကျနော်တို့က ဒါကို နည်းမျိုးစုံနဲ့ ချိုးဖောက် ပစ်ဖို့ လိုတယ်။ သူတို့ဥပဒေတွေကို ဟာသ လုပ်ပစ်ရပါမယ်။ ဒါကိုကျနော်က စည်းကို ကျော်ပေးရတယ် လို့ သုံးချင်ပါ တယ်။ အခွင့်အရေးရတာနဲ့ စည်းကိုကျော်ပေးဖို့ ကြိုးစားရပါမယ်။
၁- အလံ
၂ -စကားပြောစက်
၃ - ရန်သူလူများ ထိုးဖောက်လာခြင်း
လူတွေရဲ့ ပင်ကိုဗီဇစိတ်က ဘဲတွေနဲ့တူတယ်။ ဆန္ဒပြပွဲတွေမှာ ရှေ့ကတယောက်က ဦးဆောင်နေရင် ဦးဆောင်နေသူနောက်ကိုပဲ တဇွတ်ထိုး လိုက်တတ်တဲ့အကျင့်ရှိတယ်။ ဒီအခါမှာ မသမာတဲ့သူတွေက အလံကို ရအောင်ယူပီး ချီတက်တဲ့လမ်းကြောင်း ပြောင်းအောင် လုပ်လာနိုင်တယ်။ ဒါကြောင့် အလံကို ကိုယ့်လူ လက်ထဲမှာပဲ ရှိစေရမယ်။
၂ - အလံလိုပဲ အရေးကြီးတဲ့ အချက်တခုက အသံချဲ့စက်ဖြစ်တယ်။
အသံချဲ့စက်ကို ကိုယ့်လူကပဲ ကိုင်ထားရမယ်။ တက်ကြွဖွယ်ကောင်းတဲ့ စကားတွေပြောပြီး လူထုကို လိုက်ပါအောင်လှုံ့ဆော်နေချိန်မှာ မသာမာသူတွေက အသံချဲ့စက်ကို ရအောင်ယှူုပီး ဆန္ဒပြပွဲကို ပျက်စီးစေတဲ့ စိတ်ဓာတ်ကျဆင်းဖွယ်ရာ စကားတွေ၊ အတွေးအခေါ် ရှုပ်ထွေးစေတဲ့ စကားတွေ၊ စည်းပျက်ကမ်းပျက်ဖြစ်အောင်၊ ဆန္ဒပြပွဲကို ထိန်းမနိုင်သိမ်းမရဖြစ်အောင် ပြောဆိုတာတွေကို လုပ်ဆောင်လေ့ရှိတတ်ကြတယ်။
၃ - ရန်သူလူများက ပုံစံအမျိုးမျိုးနဲ့ ထိုးဖောက်ဝင်ရောက်ပြီး အဖျက်လုပ်ငန်းတွေ လုပ်ဆောင် တတ်လေ့ရှိတယ်။ ကျနော်တို့တုန်းက ရန်သူလူတွေက သပိတ်ကို ဦးဆောင်နေတဲ့သူတွေကို စာရေးပြီး ခြိမ်းခြောက်တာ၊ လှုပ်ရှားမှုကို ရပ်တန့်ခိုင်းတာ၊
၈၈ တုန်းက အလုပ်သမားတွေနဲ့ ရန်ကင်းစက်မှု ၀န်ကြီးဌာနက ၀န်ထမ်းတွေကို သပိတ်ထဲ ပါလာအောင် ကျနော်တို့ ကြိုးစားခဲ့တယ်။ ကန်ဘဲ့ အပ်ချည်လုံးစက်ရုံက အလုပ်သမားတွေကို ကျနော်တို့ သပိတ်ထဲမှာပါဖို့ သွားရောက် တရားဟောတယ်။ မပါဘူး။ ကျောင်းသားနဲ့ လူထုတွေ ၁၀၀ လောက်က အလုပ်သမားတွေကို သပိတ်ထဲပါဖို့ နားချပေမယ့် အလုပ်သမား ခေါင်း ၁ ယောက်က အပြင်မထွက်ရဘူးဆိးပြီး တံခါးတွေ ပိတ်လိုက်တဲ့အခါမှာ အလုပ်သမား တွေဟာ နာခံသွားကြတယ်။
ဘာဖြစ်လို့လဲ
၁ - ကျောင်းသားတွေ ဦးဆောင်လှုပ်ရှားနေတဲ့ သပိတ်က နိုင်မှာမို့လို့လား
၂ - ငါအလုပ်ပြုတ်သွားရင် ငါ့ မိသားစုကို ဘယ်သူက စောင့်ရှောက်မှာလဲ
၃ - လူသားမှာ ဗီဇအရိုးစွဲနေတဲ့ အထက်အရာရှိကို နာခံလိုမှုသဘောတရား တွေကြောင့် ဖြစ်နိုင်တယ်။
ကိုယ်ဘက်က အထိခိုက်အကျဆုံးတွေဖြစ်လာတဲ့အခါ၊ စစ်တပ်က လူထုလှုပ်ရှားမှုကို အကြမ်းဖက် နှိမ်နင်းလာ တဲ့အခါမှာ ကိုယ့်ဘက်က အကြမ်းဖက် တန်ပြန်တိုက်ခိုက်နိုင်တယ်။ အကောင်းဆုံးနည်းကတော့ မီးရှို့ပေးခြင်း ဖြစ်တယ်။
- စစ်တပ်၊ အစိုးရ နဲ့ အစိုးရနဲ့ ပေါင်းသင်းနေတဲ့သူတွေရဲ့ ကားတွေကို မီးရှို့ပစ်သင့်ပါတယ်။ - အစိုးရစီးပွားရေးလုပ်ငန်းတွေ၊ စစ်အစိုးရရဲ့ ဟိုတယ်တွေကို မီးရှို့ပစ်သင့်တယ်။
- အခွင့်ရေးရရင် ရဲစခန်းတွေ ၊ အစိုးရရုံးတွေ မီးရှို့ပစ်ရပါမယ်။
မတ် ၁၆ ရက်နေ့မှာ ကျောင်းသားတွေ ၁၀၀ ကျော် ထပ်မံအသတ်ခံရတယ်။
ဒီတော့ လူထုတွေကျောင်းသားတွေ စိတ်ထဲမှာ မွန်းကျပ်နေခဲ့တယ်။ စိတ်ပျက် အားလျော့မှုတွေ ဖြစ်ပေါ်လာခဲ့ တယ်။ ဒီတော့ သိမ်ကြီးဈေး စီရုံ ကုန်တိုက်ကြီးကို ကျနော်တို့ မီးရှို့တိုက်ခဲ့ပေးခဲ့တယ်။ ဒီတော့ လူထု စိတ်ဓာတ် ပြန်လည် တက်ကြွလာတယ်။ အကြမ်းဖက်မှုဟာ မကောင်းဘူးလို့ ပြောလို့ရပေမယ့် ဒါဟာ နိုင်ငံရေးလှုပ်ရှားမှု ကြီးရဲ့ လိုအပ်ချက်နည်းနာတခု Necessary ဖြစ်ပါတယ်။
အစိုးရယန္တရားတွေထဲမှာ ဆက်သွယ်ရေး၊ အုပ်ချုပ်ရေး၊ ရဲစခန်း၊ ရပ်ကွက်ထဲမှာရှိတဲ့ သူတို့ရဲ့ ရုံးခန်းတွေကို ရပ်တန့်သွားအောင် နည်းမျိုးစုံနဲ့နှောင့်ယှက်ပေးရတာဖြစ်တယ်။ ၈၈ တုန်းက စိန်လွင် တက်လာတဲ့ နောက်ပိုင်း မှာ ချီတက်ဆန္ဒပြတာတွေကို လုပ်ဆောင်ဖို့ အတော် ခက်ခဲလာခဲ့တယ်။ ဒါကြောင့်ကျနော်တို့က ကိုယ်နဲ့ အနီးစပ်ဆုံး ရှိနေတဲ့ မဆလ ရုံးခန်းတွေ၊ ရဲစခန်းတွေကို တိုက်ခိုက်ပေးခဲ့တယ်။ ဒီလို ဖြိုချတဲ့နေရာမှာ အသုံးပြုရတဲ့ နည်းစနစ်ကတော့ ကြံ့ဖွံ့တွေကို နုတ်ထွက်ဖို့ ဖိအားပေးတာ၊ ခြိမ်းခြောက်စာ ရေးတာ။
၈၈ တုန်းက ကျနော်တို့က မဆလပါတီဝင်တွေကို နုတ်ထွက်ပေးဖို့ ညဘက်မှာ လော်စပီကာ ငှားပြီး လိုက်လံ အော်ပြောခဲ့ပါတယ်။ ညဘက်က တိတ်ဆိတ်နေချိန်မှာ အမှောင်ထုကို ဖောက်ပြီး ထွက်လာတဲ့ ကိုယ့်ရဲ့ ကြေညာချက် အသံက မဆလဒေါက်တိုင်တွေကို ခြောက်ခြားစေခဲ့ပါတယ်။
ဥပမာပြောရရင် -ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ရာဇသံ
မဆလ ပါတီဝင် အပေါင်းတို့ …သင်တို့ မဆလပါတီဝင်အဖြစ်မှ နုတ်ထွက်ရန် ငါတို့ပြည်သူတရပ်လုံးကတောင်းဆိုသည်။
သင့်တို့ မတရားမှုလုပ်ဆောင်ချက်များကို ငါတို့သည်းခံတော့မည်မဟုတ်။
မနက်နောက်ဆုံးထားပြီး သင့်တို့မဆလပါတီဝင် ကတ်ပြားများကို ရဟန်းသံဃာများ ကျောင်းသားပြည်သူများထံလာရောက်အပ်နှံရမယ်။
မအပ်နှံပါက သင်တို့ အသက်အိုးအိမ် စည်းစိမ်ကို တာဝန်ယူမည်မဟုတ်။
ပုံ
ဗကသများအဖွဲ့ချုပ်
ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ ညဘက်မှာ လော်စပီကာကို ကားပေါ်၊ ဆိုက်ကားပေါ် တင်ပြီး ရပ်ကွက်တွေ ထဲမှာ လိုက်လံအော်ခဲ့ကြတယ်။ ဒီအခြေအနေကို လူထုလှုပ်ရှားမှု အမြင့်ဆုံး အပိုင်းမှာ ကျနော်တို့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ နောက်တခုကတော့ မဆလအစိုးရ သုံးတဲ့ တယ်လီဖုန်းလိုင်းတွေ ကို ဖြတ်တောက်ပစ်လိုက်ခြင်း၊ လမ်းတွေကို ပိတ်ဆို့ပစ်ခြင်းတွေ ပြုလုပ်ခဲ့တယ်။ အဓိကလုပ်ရတဲ့ ရည်ရွယ်ချက် ကတော့ ရန်သူရဲ့ အမိန့်ပေးစနစ်Commend and Comtrol ကို ရပ်တန့်သွားအောင်လို့ဖြစ်တယ်။ ၈၈ တုန်း ဒီလို ယန္တရားကို ထိထိရောက်ရောက် ဖြိုချနိုင်ခဲ့တဲ့ အတွက် မဆလပါတီဝင်တွေ သန်းနဲ့ချီပြီး မြို့နယ်တိုင်းမှာ နှုတ်ထွက်လွှာတွေလာရောက်တင်ခဲ့ကြတယ်။ မဆလပါတီ ထိပ်သီး ခေါင်းဆောင်တွေ အိမ်ထဲက အိမ်ပြင် မထွက်ရဲခဲ့ကြဘူး။ အမိန့်ပေးစနစ်တခုလုံးဖြိုချတာ ခံခဲ့ရလို့ဖြစ်တယ်။
တော်လှန်ရေးတခု အောင်ပွဲခံတယ်မခံဘူးဆိုတာဟာ အုပ်ချုပ်ရေးအသစ်တခုကို တည်ဆောက်နိုင်သလား မတည်ဆောက်နိုင်သလားနဲ့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဗြိတိသျထောက်လှမ်းရေး အကြီးအကဲဟောင်းတခုက တချို့သူပုန်တွေ အောင်ပွဲခံပြီး တချို့သူပုန်တွေ ဘာကြောင့်အောင်ပွဲမခံရသလဲဆိုတာနဲ့ပတ်သက်လို့သုတေသန ပြုခဲ့တယ်။ သူရဲ့တွေ့ရှိချက်အရ တချို့သူပုန်အဖွဲ့တွေဟာ အစိုးရအဖွဲ့တခုကို ဖြုတ်ချပစ်ဖို့ကြိုးစားနေချိန်မှာ သူတို့ဟာ အစိုးရသစ်တခုကို ဖွဲ့စည်းနိုင်ဖို့ ပြင်ဆင်နိုင်ခဲ့ကြတယ်။ ဖွဲ့စည်းနိုင်ခဲ့ကြတယ်။
ဒီမိုကရေစီ မဟာမိတ်များ အဖွဲ့ချူပ်(ဒမဖ)
moetheezun@hotmail.com
646-413-8631
Skype ID-moetheezun
5 comments :
You have to spread your word arround, I'll help you do that.
ကိုမိုးသီး အမ လဲလာလည်သွားပါတယ်။
လက်သီးဆုပ်မြဲနေဘို့ အားမာန်တွေ လိုနေပြီနော်
ကိုမိုးသီး
လာလည်သွားတယ်။
စကားကြီး၃ ခွန်းနဲ့ တခြားဆောင်းပါးတွေလိုချင်ပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် ပို့ပေးပါလားခင်ဗျာ။
လေးစားစွာဖြင့်
ဗိုလ်အောင်ဒင်
ကိုမိုးသီး
လာလည်သွားတယ်။
စကားကြီး၃ ခွန်းနဲ့ တခြားဆောင်းပါးတွေလိုချင်ပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် ပို့ပေးပါလားခင်ဗျာ။
လေးစားစွာဖြင့်
ဗိုလ်အောင်ဒင်
Post a Comment