Wednesday, 24 October 2007

နအဖ ထိပ်တန်းခေါင်းဆောင်များ၏ သားသမီးများ လုံခြုံရေးစိုးရိမ်နေကြသည် ဆိုခြင်း၊


မြန်မာနိုင်ငံမှ နအဖ ထိပ်တန်းခေါင်းဆောင်များ၏ သားသမီးများ၊ ကြံ့ဖွတ် ခေါင်းဆောင်များ၏ သားသမီးများ၊ နအဖနှင့် စီးပွားရေးပူးပေါင်းလုပ်ဆောင်နေသည့် ၀ိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်များ၏ သားသမီးများကို နအဖက သတိပေးချက် တရပ်ကို လျှို့ဝှက်ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

ယင်းထုတ်ပြန်ချက်တွင် အထက်ပါ အသိုင်းအ၀ိုင်းမှ သားသမီးများအနေဖြင့် မြန်မာပြည်တွင်း ပြည်ပတွင် နေထိုင် သွား လာရာတွင် တစုံတရာ အန္တရာယ် ကျရောက်ဖွယ်ရှိနေသဖြင့် သတိနှင့် သွားလာနေထိုင်စေလိုကြောင်းနဲ့ မိမိတို့ နအဖမှ နေပြည်တော် ဧရိယာ ပြင်ပတွင် လုံခြုံရေး ကို တာဝန်ယူမည်မဟုတ်ကြောင်း ပါရှိပြီး စိတ်ချလုံခြုံစွာ နေထိုင်နိုင်ရန် နေပြည်တော် တွင် လာရောက်နေထိုင်ရန် လိုအပ်ကြောင်း လည်း ဖေါ်ပြထားသည်ဟု သိရှိရသည်။

ဘယ်သူမှ သူတို့ကို တောထုတ်တာတော့ မဟုတ်ဘူး၊ သူတို့လုပ်ရပ်တွေကြောင့် လိပ်ပြာမလုံပဲ သူတို့ဘာသာ တော ခိုကုန်တာလေ၊ ပျဉ်းမနားကြပ်ပြေးဆိုတဲ့ တောကို ခိုကုန်ကြတာပေါ့ ဟု ရန်ကုန်မြို့ခံ ကုန်သည်တဦးမှ ရယ်ရယ်မောမော အရွန်း ဖေါက် ပြောဆိုသည်၊
မြန်မာပြည်တွင်း ဖြစ်ပေါ်ခဲ့သော ကံဆောင်သပိတ်များကို နအဖမှ အပြင်းအထန် ဖိနှိမ်သတ်ဖြတ်ချေမှုန်းလိုက်သဖြင့် လတ်တလော ငြိမ်သက်နေဟန် ရှိသော်လည်း မကြာခင် ဆက်လက်ဖြစ်ပေါ်မည်ဟု မြန်မာနိုင်ငံရေး အကဲခတ်သူတိုင်း ဝေဖန် သုံးသပ်ထားသကဲ့သို့ နအဖကလည်း သဘောပေါက် သိရှိထားသဖြင့် ယခုကဲ့သို့ စိုးရိမ်ထိတ်လန့်နေခြင်းသာ ဖြစ်ကြောင်းလည်း ရန်ကုန်မှ သတင်းအယ်ဒီတာတဦးက ဝေဖန်သုံးသပ်ပြသည်။
နအဖသည် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံတော့မယောင် သတင်းမီဒီယာများတွင် ဖေါ်ပြကာ ဆန္ဒပြ မှုများ မဖြစ်ပေါ်ရန်နှင့် နိုင်ငံတကာ ဖိအားပေးမှုကို ကာကွယ်ရန် ကမ္ဘာ နှင့် မြန်မာပြည်သူများ အပေါ် လှည့်ဖျား လျက်ရှိနေသည်။

(ပြည်တွင်းအထောက်တော်ထံမှ)

2 comments :

TUESDAYBORN said...

THEY ARRANCGE TO DIE TOGETHER AT THE SAME PLACE AT THE SAME TIME THTMSELVE.

KYAT PYAY IS THEIR CEMETERY.

Nwe Oo said...

Do they not deserve some form of house arrest? Let them feel threatened to live among public.