Tuesday, 30 October 2007

ဗိုလ်ချုပ်သန်းရွှေ၊ ဒေါ်ကြိုင်ကြိုင် နဲ့ တိုင်းမှူး သုံးယောက်

ဗိုလ်ချုပ်သန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်နဲ့ တိုင်းမှူးသုံးယောက်

အောက်တိုဘာ ၃၀
ရန်ကုန်

ပြီးခဲ့တဲ့အပတ်က တိုင်းမှူးသုံးယောက် ဖြစ်တဲ့ ဗိုလ်ချုပ်ကိုကို (ဒီအက်စ်အေ- ၁၉) တောင်ပိုင်းတိုင်းမှူး၊ ဗိုလ်ချုပ်ခင်ဇော် (အိုတီအက်စ် ၄၉) မန္တလေးတိုင်းမှူးနဲ့ ဗိုလ်ချုပ် လှဌေးဝင်း (ဒီအက်စ်အေ ၂၀ ) ရန်ကုန်တိုင်းမှူးတွေကို သန်းရွှေက နေပြီတော်ကို ခေါ်တွေ့ ခဲ့ပါတယ်။ စစ်အစိုးရကို စောင့်ကြည့်လေ့လာနေတဲ့ ပြည်တွင်းနိုင်ငံရေးအကဲခတ်ရဲ့  အဆိုအရ သူတို့ ကို ရာထူးတိုးမြှင့်ပေးဖို့ လုပ်နေတယ်လို့ သိရတယ်။

သုံးနေရာဆိုတာကတော့ စစ်ရေးချုပ် နေရာ (ယခင် သိန်းစိန်နေရာ ) ၊ စစ်ထောက်ချုပ်နေရာ (ယခင်တင်အောင်မြင့်ဦး နေရာ ) နဲ့ အတွင်းရေးမှူး- ၂ နေရာတွေကို လျာထားတယ်လို့ သိရတယ်။ ဒီနေရာက အသစ်ဖန်တီးပေး မှာပါ။ သူတို့ဟာ သန်းရွှေ လူတွေလို့ သိရတယ်။ သန်းရွှေဟာ သူနေရာမြဲနိုင်ဖို့ အတွက် လူမွေးနေတယ်။ မြန်မာတပ်မတော်ကို သူ့ ကိုယ်ကျိုး အတွက် တလျှောက်လုံး သုံးနေတယ်၊၊ ဒါကြောင့် ၇၀ နှစ်လွန် မျိုးဆက်တွေ ကိုစတင် ဖျက်ဆီးမှု လုပ်လာတယ်။ သူတို့ဟာ ဒေါ်ကြိုင်ကြိုင်ရဲ့ အချစ်တော်တွေလို့  သိရတယ်။ လှဌေးဝင်းနဲ့  ကိုကို ကို ဒေါ်ကြိုင်ကြိုင်က အချစ်ဆုံး။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ မိန်းမတွေဟာ ဒေါ်ကြိုင်ကြိုင် ထဘီတောင် လျှော်ပေးတယ်လို့ သိရတယ်။ မောင်အေး အခြေအနေဟာ ပိုပြီး ချိနဲ့လာတယ်လို့ ပြည်တွင်း စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

No comments :