ဗိုလ်ချုပ်တွေနဲ့ သူတို့ သားသမီးတွေကို မောင်းထုတ်ကြပါစို့
စက်တင်ဘာ ၂၃၊ ၂၀၀၀၇ ရက်နေ့က ကျနော်ဟာ အမေရိကန် အစိုးရ အဆင့်မြင့်အရာရှိတဦးနဲ့ ဆွေးနွေးဖြစ်ပါတယ်။ သူက သမတဂျော်ဘုရ် အာရှပစ္စဖိတ်ခရီစဉ်သွားစဉ်က လိုက်ပါခဲ့သူတဦးဖြစ်ပြီး သမတက ခရီးစဉ်တလျောက်လုံးမှာ မြန်မာပြည်ကိစ္စကို ကူညီကြဖို့ တိုက်တွန်း မြန်မာ ဆိုတဲ့ စကားလုံးကို အကြိမ် ၅၀ ကျော် ပြောဖြစ်အောင် သူက အကြံပေးခဲ့သူဖြစ်ပါတယ်။ ကျနော် လက်နက်ကိုင်တောလှန်ရေး တွင်ရှိစဉ်က တောင်ပိုင်းရှိ ကျနော်တို့စခန်းကိုသူလာရောက်လည်ပတ်ပြီး အားပေးစကားပြောခဲ့သူတဦးလည်းဖြစ်ပါတယ်။
ကျနော်တို့ဆွေးနွေးပွဲမှာ သူက အမေရိကန်အစိုးရအနေနဲ့ မြန်မာအရေးကိုပိုပြီးထိထိရောက်ရောက်ကူညီခြင်တယ်။ ဘယ်လိုထိရောက်တဲ့ကူညီမူတွေကိုလိုခြင်ပါလည်းလို့ကျနော်ကိုမေးပါတယ်။ ကျနော်က သူတို့အနေနဲ့
စီးပွားရေးသပိတ်မှောက်မူတွေဟာ ကောင်းပါတယ်။ ဒါပေမဲ့ သန်းရွေနဲ့ သူမိသားစုဟာ အခုထိ
ကြောက်ဟန်မပြသေးပါဘူး။ နအဖ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့သားသမီးတွေဟာ မြန်မာပြည်မှာ စီးပွားရေးအရ
လပ်စားမူတွေ နဲ့ အလွန်အမင်း ချမ်းသာနေပါတယ်။ နိင်ငံတကာကို နာမည်အတု အမျိုးမျိုး ပြောင်းပြီး ခရီးထွက်နေကြတယ်။ အမေရိကန် နဲ့ အနောက်နိင်ငံများ၊ ဂျပန်နဲ စင်္ကပူ နိင်ငံများ မှာ နေထိုင်လျက်ရှိကြပါတယ်။ စီးပွားရေးတွေလုပ်ကိုင်နေတယ်။ ကျောင်းတွေတက်နေပါတယ်။နိင်ငံခြားမှာ ပုံမှန်ဈေးဝယ်ထွက်နေကြတယ်။ ဒါကြောင့် စီးပွားရေးပိတ်စို့ထားသော်ငြားလည်း သူတို့ဟာ ပျော်ရွင်နေကြပါတယ်။
မြန်မာပြည်သူပြည်သားများရင်ဆိုင်နေရတဲ့လူမူဒုက္ဒအပေါင်းဟာ သူတို့နဲ့မဆိုင်သလိုဖြစ်နေပါတယ်။
ဒါကြောင့် သူတို့ ရဲ့ ဗီဇာတွေကိုပိတ်စို့ဖိုလိုလာပါတယ်။ အမေရိကန်နဲ့ အနောက်နိင်ငံတွေက ပြန်လည် မောင်းထုတ်ဖို့လိုလာပါတယ်
စီးပွားရေးပိတ်စို့မူဆိုတာဘာလည်းဆိုတာကို သူတိုနားလည်လာဖို့လိုပါတယ်။
ဗိုလ်ချုပ်တွေဟာ အမေရိကန်နဲ့ အနောက်နိင်ငံတွေကို မကောင်းကြောင်းပြောနေချိန်မှာ သူတို့ သားသမီးတွေကိုတော့ အနောက်နိင်ငံတွေကို အဆက်မပြတ်လွတ်နေပါတယ်။ ဒါဟာ မှန်ကန်မူမရှိဘူးလို့ကျနော်ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ အမေရိကန်နဲ့ အနောက်နိင်ငံတွေရဲ့ အားနည်းချက်တခုလို့ထောက်ပြပါတယ်။
သူက နာမည်အမျိုးမျိုးပြောင်းပြီးဗီဇာလျောက်ထားနေမူတွေကို အံ သြနေပါတယ်။ ကျနော်ကို သူတို့ နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတောင်းဆိုလာပါတယ်။ အရေးယူဆောင်ရွက်ပေးပါမယ်လို့လည်းသူကဆိုလာပါတယ်။ ဒါကြောင့် မိတ်ဆွေများအနေနဲ့ နအဖ သားသမီးများ ဆွေမျိုးများ ဟာ အမေရိကန်နဲ့ အနောက်နိင်ငံတွေမှာ ဘယ်နေရာ ဘာနံမည်နဲ့ ဘယ်လို အခြေအနေနဲ့ နေထိုင် နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို အမြန်ဆုံး ပေးပို့ပေးကြဖို့မေတ္တာရပ်ခံပါတယ်။
နအဖနဲ့ သူတို့သားသမီးတွေကို စီးပွားရေးပိတ်စို့မူဆိုတာဘာလည်းဆိုတာကို
သိအောင်လုပ်ကြပါစို့
မိုးသီးဇွန်
ဥက္ကဌ
ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်
ဒမဖ
နယူးယောက်မြို့
2 comments :
Ko moe thee
this is the best movement you can lead for oversea Burmese. "Ali barbar than shwe and 400 thiefs watch". Keep up momentun. Let them know what is sanction. Expose them to public. Let them worry the security of their sons and daughters as all Burmese parents. Let them stay in the Kyat Pway bunker and get house arrest themself.
wdy
PS when you open up c box again. Dont care of personal attack. U can get some annonamus info from them. Just take what you need.
The Son of one of na-ah-pha's thugs U Aye Maung who used to be the secretary of the Multy Party General Election is in California. He is a medical doctor. His name is Thurein. His wife's name is Dr. Mya Mya Han.
Post a Comment