Saturday 27 October 2007

Thieves in Myanmar Tatmadaw ( Myanmar Army)

နိုင်ငံတော်သူခိုးကြီးများအကြောင်း

(နအဖ) စစ်အစိုးရခေတ်ကာလမှာ ဗိုလ်ချုပ်တွေဟာ စီးပွားရေး အလွန်သောင်းကျန်းတဲ့ ၀ိသမလောဘသားတွေ ဖြစ်လာကြပါတယ်။

သူတို့ကိုယ် သူတို့ နိုင်ငံတော် အကြီးအကဲတွေဆိုပြီး ကြောင်သူတော် လုပ်နေတယ်။ ဒါကြောင့် နိုင်ငံတော်သူခိုးကြီးများလို့ ခေါင်းစဉ်ပေးထားပါတယ်။ သံဃာလှုပ်ရှားမူကြီးကို စစ်တပ်က ရက်စက်စွာ နှိမ်နင်းအပြီးမှာ (နအဖ) စစ်ဗိုလ်ချုပ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို တာဝန်သိလုပ်သားပြည်သူတွေက ကျနော်ဆီကို အဆက်မပြတ် သတင်းတွေ ပေးပို့ လာကြ ပါတယ်။ သူတို့ရေးသားပေးပို့တဲ့ သတင်းတွေကို ပြည်သူလူထုက အမှန်တိုင်း သိရှိနိင်စေရန် အလို့ငှာ တင်ပြပေးလိုက် ခြင်း ဖြစ်ပါတယ်။
_____________________________________________________________________________

ဗိုလ်ချုပ်သိန်းဇော် (ခ) ဆဲလ်ဖုန်းသိန်းဇော်

စီးပွားရေးလောကက လူတွေက သူကို ဆဲလ်ဖုန်းသိန်းဇော်လို့ နောက်ကွယ်မှာ ခေါ်ကြတယ်။ အသက် ၆၀ ခန့်ရှိတယ်။ ၀န်ကြီးဌာန နှစ်ခုကို ကိုင်ထားတယ်။ ဟော်တယ်နဲ့ ဆက်သွယ်ရေး စာတိုက်ကြေးနန်းဌာနာ နှစ်ခုကို သူက ချုပ်ကိုင်ထား တယ်။ သန်းရွှေက မျက်နှာသာ ပေးတယ်။ ဘာဖြစ်လို့လည်း ဆိုတော့သူလည်း အထက်သားတဦးဖြစ်လို့ပေါ့ဗျာ လို့ ကုန်သည်တဦးက ဆိုပါတယ်။ သူဇာတိက မကွေးကပါ။ တေဇ ကို ဗိုလ်ချုပ်သန်းရွှေ မိသားစုနဲ့ နီးစပ်အောင် မိတ်ဆက်ပေး ခဲ့တဲ့သူ။ သူဟာ အရင်ဒီလောက် မချမ်းသာသေးဘူး။ ဂျီအက်စ်အမ် မိုဘိုင်းလ် ဖုန်းတွေကို စတင်အသုံးပြု ခွင့်ပေးလိုက်ချိန် မှာသူဟာ ကျိကျိတက် ချမ်းသာလာတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဈေးကွက်ကိုလက်ဝါးကြီးအုပ်ခွင့် ရလာလို့ပဲ။

ဖုန်းလိုခြင်တဲ့သူတွေဟာ သူမိန်းမ၊ သူသားသမီးတွေကိုပဲ ကပ်နေရတယ်။ အမေရိကန်ပြည်ထောင်စုမှာ မိုလ်ဘိုင်းဖုန်း တလုံးဟာ ဒေါ်လာ ၁၀၀ ခန့်သာရှိပေမဲ့ မြန်မာပြည်မှာ ဖုန်းတလုံးဟာ ဒေါ်လာ ၃,၅၀၀ အထိ ဖြစ်နေပါတယ်။ သူမိန်းမ ဒေါ်မူမူ နဲ့ သူသားသမီးတွေဟာ စီးပွားရေးအလွန်သောင်းကြမ်းကြတယ်လို့ ဆိုတယ်။ အလကားနေရင်း စိန်ရွေရတနာတွေကို အိမ်မှာထိုင်ပြီး ၀ယ်နေကြတယ်။ တော်ရုံတန်ရုံ အသေးအဖွဲ သိန်း ဆယ်ဂဏန်းအောက် ဆိုရင် ဆိုင်မှာ လာဝယ်တယ်။ သိန်း ရာဂဏန်း ၊ ထောင်ဂဏန်း အထက် ရတနာကုန်သည်တွေဟာ သူတို့အိမ်မှာ သွားရောင်းကြတယ်။ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ အက်ဖ်အမ်အိုင် ရှောပင် စန်တာ FMI Shopping Center ဒုတိယထပ်ရှိ ရတနာ ဆိုင်ကတော့ ဗိုလ်ချုပ်သိန်းဇော် မိသားစုနဲ့ အခြား ဗိုလ်ချုပ်တွေလိုခြင်တဲ့ ရတနာမျိုးစုံကို တင်ပို့ပေးနေတဲ့ဆိုင် ဖြစ်ပါတယ်။ ပြည်သူဘဏ္ဍာတွေကို ဘုံးပြီး သူတို့ဟာ ရတနာမျိုးစုံကို ဟင်းသီးဟင်းရွက် ၀ယ်သလို ၀ယ်ယူစုဆောင်းနေသူတွေ ဖြစ်ပါတယ်။

ရွေကိုလည်း ပိဿာလိုက် ၀ယ်နေသူတွေ ဖြစ်ပါတယ်။
လက်ပတ်နာရီကြိုးကိုတောင် ရွှေအစစ် ၊ စိန်အစစ် တပ်ပြီး ၀တ်ဆင်နေသူဖြစ်ပါတယ်။ သူမိန်းမ ဒေါ်မူမူဆိုရင် သူမကိုင်တဲ့ လက်ကိုင်အိပ်ဟာ ရွှေနစ်ဆယ့်  ငါးကျပ်သား နဲ့ စိန်အစစ်နဲ့ လုပ်ထားတဲ့ အိပ်ဖြစ်ပါတယ်။ ကာလပေါက်ဈေး သိန်း ၁၀၀ ကျော် နေတဲ့ အိပ်တလုံး ဖြစ်လာပါတယ်။ သူသမီး မမေဇော်ကလည်း ခေသူမဟုတ်ပါ။ အသက် ၃၀ ၀န်းကျင် ဖြစ်တယ်။ စီးပွားရေးအလွန်သောင်းကြမ်းလှတယ်။ တယ်လီဖုန်း ရောင်းဝယ်တာက အဓိကစီးပွားရေး ဖြစ်နေတယ်။

ဗိုလ်ချုပ်အောင်ထွေး

အသက် ၆၀ နီးပါးရှိတယ်။ သူက ၀န်ကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့သူက သန်းရွှေအုပ်စုထဲမှာ တယောက်ဆိုတော့ စစ်တပ် အသိုင်းအ၀ိုင်းမှာ သြဇာရှိနေတယ်။ သူမိန်းမ က ဒေါ်နှင်းနှင်းဝေ ဖြစ်တယ်။ သူက ရှမ်းပြည်ဇာတိ။ ဗိုလ်ချုပ်အောင်ထွေးက ပိုက်ဆံ ဘယ်လိုရမှန်း မသိဘူးလို့ သံတမန်အသိုင်းဝိုင်းကဆိုတယ်။ ဒါပေမဲ့ သူမိန်းမကလည်း ရတနာဝယ်တဲ့နေရာမှာ ခရမ်းသီး ဘူးသီးလောက် သဘောထား နေသူဖြစ်တယ်။ အိမ်မှာပဲ ၀ယ်တယ်။ ရတနာကုန်သည်တွေက သူမတို့အိမ်ကို သွားရောင်းရတယ်။ ရတနာတွေကို အမေရိကားအထိ လှမ်းဝယ်နေသူတဦး ဖြစ်တယ်။ သူမှာလည်း ဗိုလ်ချုပ်သိန်းဇော် မိန်းမ
မူမူကျော်လို ရွှေ ၂၅ ဆယ်သား လက်ကိုင်အိပ်ကို အလေးခံပြီး ကိုင်နေသူတဦး ဖြစ်တယ်။
ဘုရင်နောင်လမ်းမှာ ရှိတဲ့ သူတို့ နေကြတဲ့အိမ် ၄ လုံးရှိတယ်။ သူတို့ အသိုင်းဝိုင်းမှာတော့ လေးအိမ်တန်းလို့ ခေါ်ကြတယ်။

အောက်မှာဖေါ်ပြထားတာကတော့ ဂူဂဲလ်မှာ ကြည့်ရင်သူတို့အိမ်လေးအိမ်ကိုမြင်ရတဲ့ပုံဖြစ်ပါတယ်။
အိမ်တွေကတော့ ဗိုလ်ချုပ်သိန်းဇော်။ ဗိုလ်ချုပ်အောင်ထွေး။ အောင်ရဲမြင့်နဲ့ အမည်မသိသေးတဲ့ဗိုလ်ချုပ်တဦးတို့ အတူနေကြတဲ့ အိမ်တွေဖြစ်ပါတယ်။



3 comments :

TTT said...

Thank you for sharing the informations. These people are amazing; it seems like they are insane. But i cannot see the pictures of their houses.

Unknown said...

MINGALABAR

alaungpaya1 said...

actually, more should care about no.2
about Mg Aye and his allies Ag Thaung's business,Ag Yee Phyo, MRT and ACG in Singapore,mostly hydro project, diesel to MOE,most of import
items to MOE, huge tonnage of Teak as monopolizer, UOB bank facilities back up, turns around about 70millions USD. Ag Taung's wife wear about 2millions usd valued diamonds always when she go to make shopping. Rumor also said their sons made sponsored to Moe Hae Ko before.