Thursday, 1 November 2007

အင်တာနက်တွေကို ပိတ်လိုက်ပြန်ပြီ။

အင်တာနက်တွေကို ပိတ်လိုက်ပြန်ပြီ။

သံဃာတွေ ဦးဆောင်တဲ့ လူထုတိုက်ပွဲကြီးကို နှိမ်နင်းအပြီးမှာ စစ်အစိုးရဟာ အင်တာနက်တွေကို ရန်ရှာပြီး ပိတ်လိုက်ပါ တယ်။ နှစ်ပတ်အကြာမှာ ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီး အခုတခါ ပြန်ပြီး ပိတ်လိုက်တာ နာရီပေါင်းနှစ်ဆယ် နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။ အင်တာနက်တွေကို ပိတ်လိုက်ရတဲ့အကြောင်းကတော့ သူတို့ဟာ ခေတ်သစ်ဆက်သွယ်ရေး စနစ်က လူထု လှုပ်ရှားမှုကို တိုက်ရိုက်အထောက်ကူပြုနေတယ်ဆိုတာ ထင်ရှားတယ်၊

အင်တာနက်ဟာ နိုင်ငံတကာမှာ မရှိမဖြစ် လူထု ဆက်သွယ်ရေးစနစ် အဖြစ်ရပ်နေတာ နစ်ပေါင်း ၂၀ နီးပါးရှိလာပြီ ဖြစ်ပါ တယ်။ အင်တာနက်ကြောင့် လူထုတွေဟာ လူမူရေး၊ စီးပွားရေး ၊ ပညာရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ကိုင် ဆောင်ရွက်နိုင်လာပါတယ်။

စစ်အစိုးရကတော့ ပြည်သူထုအကျိုးစီးပွားထက် သူတို့ အာဏာတည်မြဲရေးအတွက် အင်တာနက်တွေကို ပိတ်လိုက်ပြန်ပြီ ဖြစ်ပါတယ်။

No comments :