Tuesday, 13 November 2007
သတင်းကောင်းနဲ့ သတင်း ဆိုး ။
သတင်းကောင်း ကတော့
တေဇ တယောက်တော့ ဂေါက်ခါနီးနေပြီ။ ဒေ၀ါလီခံရမဲ့ အခြေအနေ ရောက်နေပြီ။
သူရဲ့ အဲ ပုဂံ လေကြောင်းလိုင်းက ဒေါ်လာ သန်း ၁ သန်းလစဉ် ရှုံးနေ ပါပြီ။
အကြွေးသန်း ၃၀ တင် နေပြီ။ သူအခု စီးပွားရေးလောက ကအနားယူမယ်လို့ ပြောနေပါပြီ။
သူစီးပွားရေး ပြို ကျ တယ်ဆိုတဲ့ အဓိပါယ်က သန်းရွေ နဲ့ ဒေါ်ြ ကိုင် ကြိုင် စီးပွားရေး ကို ထိခိုက်တယ်ဆိုတဲ့ အဓိပယ်ဖြစ်ပါတယ်။
ပြည်သူလူထုရဲ့  စီးပွားရေးဘ၀တွေ ကောင်းမွန်လာတော့မယ်။ ဒီမိုကရေစီတော်လှန်ရေး ရဲ့ အောင် ပွဲ ရနံ တွေ လေထုထဲမှာ ရနေ ပြီဆိုတဲ့အဓိပါယ်ဖြစ်ပါတယ်။
သတင်းဆိုး
ဒီနေ့  သတင်းကောင်း နဲ့  သတင်း ဆိုး ကိုပြော ပြစရာ ရှိပါတယ်။
သတင်းဆိုးကတော့ ကျနော် တို့  ရဲ့  သူရဲ ကောင်း ဆရာတော် ဦးဂန် ဘီ ရ
မန္တလေးမှာအဖမ်းခံရတယ်။ နောက်သတင်းဆိုးတခု ကတော့ သူရဲ ကောင်း နောက်တဦးဖြစ်တဲ့ မစုစုနွေး ဟာ ခု နကလေးတင် ပဲ ပုန်းအောင်းနေတဲ့ နေအိမ်မှာအဖမ်းခံရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ သူက ပုန်းအောင်းနေရာကနေ မကြာ ခဏ ထွက် ပြီးလူပ်ရှားနေရတဲ့ သူဖြစ်လို့ ပါ။ ဒီလိုအဖမ်းခံရတာ ပါမောက္ဒ ဆာဂျီယို ပီနဲ ယိုး မြန်မာပြည်ကို လည်ပတ်တဲ့အချိန်နဲ့ ကိုက် နေပါတယ်။ သူထံကိုစာရေး
ဆက်သွယ်အကြောင်းကြားကြဖို့ မေတ္တာရပ်ခံပါတယ်။
ထူးခြားတဲ့သတင်းတွေ ကို အချိန်မှီ တင်ပြပေးနေပါမယ်။
ဆက်လက်တိုက်ပွဲဝင်ကြပါ။
ကျနော်တို့  ရွေ ၀ါရောင် တော်လှန်ရေး နဲ့ ကို ပူးပေါင်း ပါဝင်ကြပါလို့  ထပ်လောင်းဖိတ်ခေါ်ပါတယ်။
wefightwewin@gmail.com
at 09:42
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment