Friday, 16 November 2007
တေဇ နဲ့ ဒေါ်ကြိုင် ကြိုင် သတင်း များ --- Inside Story about Tay Za , Daw Kyaing Kyaing and Bagan Air Line
ဓမ္မမိတ်ဆွေ အပေါင်းကို သတင်း ကောင်း ပြောပါရစေ ....
ပြည်တွင်း ခရီးစဉ်တွေကို ပြေးဆွဲနေတဲ့ ပုဂံလေကြောင်းလိုင်း ရဲ့ ခရီးစဉ်တွေကို လျှော့ချလိုက်ရ ပြီဖြစ်ပါတယ်။ ၀န်ထမ်းတဦးရဲ့  အဆိုအရတော့ ခရီးသည်တွေ သိသိသာသာလျှော့ကျသွားတယ်။
ကမ္ဘာလှည့် ခရီးသည် အရေအတွက်လည်း အတော့်ကို နည်းသွားတယ်လို့ ဆိုတယ်။ ပုဂံလေကြောင်းလိုင်းကို တေဇနဲ့ သန်းရွှေ မိန်းမ ဒေါ်ကြိုင်ကြိုင်တို့ အများဆုံး အစုရှယ်ယာတွေ ပိုင်ဆိုင်ကြပါတယ်။
အမေရိကန် စီးပွားရေးပိတ်ဆို့လိုက်တဲ့အတွက် လေကြောင်းလိုင်း အပ်နှံထားတဲ့ နိုင်ငံခြားဘဏ်တွေဟာ ငွေတွေထုတ်လို့ မရ ဖြစ်သွားပါတယ်။ စုပေါင်း ၁ ဘီလီယံ ဒေါ်လာနီးပါးရှိတယ်။ ပြီးခဲ့တဲ့လက သန်း ၃၀ ကျော် အရူံးပြခဲ့ပြီး နေ့စဉ် တသန်းကျော် ဆုံးနေပါတယ်။ အောက်တိုဘာ ၃ ရက်နေ့ က ပြုလုပ်တဲ့ လေကြောင်းလိုင်းတည်ထောင်ခြင်း ၃ နှစ်မြောက် အခမ်းအနားမှာ တေဇဟာ မင်းလည်းယောက်ျား၊ ငါလည်းယောက်ျားသီချင်းကို အရူးတယောက်လို သီဆိုခဲ့တယ်လို့  အခမ်းနားတက်ရောက် လာတဲ့သူတဦးက ပြောပြပါတယ်။
သူများကိုခေါင်းပုံဖြတ်ချင်တဲ့ သူတွေ ၊ ဘုရားခေါင်းကိုတောင် ဖြတ်ကျော်ချင်ကြတာကိုး၊ ဘုရားရိုက်တာမှတ်ပြီလားလို့ တပ်မတော်မိသားစုတွေကပါ ပြောဆိုနေကြပါတယ် ခင်ဗျား။
http://www.airbagan.com/index.htm ---- you can see new web page.
at 23:29
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment