Sunday, 11 November 2007

မင်းတို့ ထင်သလို အချဉ် မဟုတ်





ရန် ကုန် မြို့  ခံ လူထုတွေက အဲပုဂံ ပိုင်ရှင် တေဇ ကို ဘုရားရိုက်တာဟု ပြောဆိုနေကြပါတယ်၊၊ အကြောင်း က တော့ အဲပုဂံ ကြော် ညာ မှာ ဗုဒမြတ်စွာ ဘုရား ရဲ့ ပုံတော် နှင့် စေတီပုထိုးတွေကို စီးပွားရေးအတွက် ကြေညာ မှာ အသုံးပြုထားပေမဲ့ ဘုရားသားတော်တွေ ဖြစ်တဲ့ သံဃာတွေကို သတ်ဖြတ်ခဲ့တဲ့ သန်းရွေ နဲ့  စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မူတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်၊၊
ရန်ကုန်တက္ကသိုလ် စိတ်ပညာ ဌာန မှာ အမည်မဖေါ်လိုတဲ့ စိတ်ပညာ ပါမောက္ခ တဦးကတော့ မြတ်စွာ ဘုရားပုံတော် ကို အသုံးပြုထားတာဟာ စီးပွားရေးစိတ်ပညာ - Comercial Psychology -အရ အသုံးပြု ထားတာဖြစ်ကြောင်း လုံခြုံမူ ရှိရှိ တယ် လူတွေ ကထင်လာစေဖို့ အတွက် မြတ်စွာ ဘုရားပုံတော်ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သူက ထောက်ပြပါတယ်၊၊ ပက်စီကုမ္ပဏီ က အနီ၊ အပြာ နှင့် အဖြူ ရောင်ကိုသုံး ထား သ လို ဖြစ်ကြောင်း ၊၊ အမေရိကန်တွေက သူတို့ အလံကိုနေရာအနှံမှာတွေ့ နေရတယ်၊ ဒါက မသိစိတ်ကို လွမ်းမိုးထားတယ်၊၊ အမေရိကန် အလံရဲ့ အရောင်က အနီ အပြာ နဲ့ အဖြူရောင်များဖြစ်တယ်၊ ဒီတော့ ပက်စီ ကုမ္ပဏီ ကသူတို့  ကုန်ပစ္စည်း တံဆိပ်ကို အနီ၊အပြာ နှင့် အဖြူ ရောင်များကို သုံးပေးခြင်ဖြင့် လူတွေက အလွယ်တကူ လက်ခံလိုက်တယ် စသဖြင့် ရှင်းလင်းပြောပြပါတယ်၊၊ တောဇ ရဲ့  အဲ ပုဂံ ကြေညာပိုစတာဟာ လည်း ဒီသ ဘော အတိုင်းပင်ဖြစ်ပါတယ်၊။ ဒါပေမဲ့ ဘုရားက သူသားတော်တွေကို ထိလာတဲ့အခါမှာ မနေသာတော့ ဘုရား ရိုက်တာဖြစ်လိ့မ်မယ်လို့  ရန်ကုန်မြို့ က ဆိုပါတယ်၊၊ ရန်မြို့ လည် အဲပုဂံ ကြေညာ ဘုတ် တခုမှာမှာတော့ ဟာ သ ဥာဏ် ရွင်တဲ့ ပြည်သူတဦး က ပိုစတာအောက်မှာ

ကိုယ်ဖြစ် ကိုယ်ခံ မတောင်းပန် နှင့်
သုံးလူထွတ်ထား ငါ ဘုရားသည်
မင်း တို့  ထင်သလို အချဉ် မဟုတ်

ဟု မီးသွေးဖြင့် ရေးသား သွားကြောင်းသိရပါတယ်၊၊

3 comments :

ကိုပေါ said...

ကိုယ်ဖြစ် ကိုယ်ခံ မတောင်းပန် နှင့်
သုံးလူထွတ်ထား ငါ ဘုရားသည်
မင်း တို့  ထင်သလို အချဉ် မဟုတ်….တဲ့
အမယ်မင်း….ကောင်းလှချည်လား ဒေါင်းမြကြည်ရယ်….

Htin Kyaw Oo said...

တယ်ဆိုတဲ့စာပါလား

Htin Kyaw Oo said...

တယ်ဆိုတဲ့စာပါလား