Thursday, 15 November 2007

မျိုးဆက်သစ် လှုပ် ရှားမူသတင်း ---- Generation Wave

လှုပ်ရှားမူသတင်း

Generation Wave လို့ အမည်ပေးထားတဲ့ ကျောင်းသားလူငယ်တွေက နိုဝင်ဘာ ၁၅ ရက်နေ့ ညနေပိုင်း ရန်ကုန်မြို့ လှည်းတန်းမှာ ဒီမိုကရေစီအရေးအတွက် တောင်းဆိုဆန္ဒပြမှုတွေကို လုပ်ဆောင်သွားပါတယ်။ သူတို့က အသင့်ပါလာတဲ့ စာရွက်စာတန်းတွေကို လူထုအတွင်းမှာ လျှို့ဝှက်ဖြန့်ချိသွားတဲ့ နည်းစနစ်ကို သုံးခဲ့တယ်လို့ ပြောပါတယ်။

သူတို့ အခုလို လုပ်ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး အဖွဲ့ ခေါင်းဆောင်တဦးက သူတို့ လှုပ်ရှားမှုကို လုပ်ရတဲ့ ရည်ရွက်ချက်
၃ ချက်ရှိတယ်လို့ ပြောပါတယ်။

၁။ (နအဖ) စစ်အစိုးရ အနေနဲ့ သံဃာတွေ ဦးဆောင်တဲ့လှုပ်ရှားမူကြီးကို အကြမ်းဖက်ဖြိုခွဲပြီး မြန်မာပြည်မှာ အခြေအနေတွေ ကောင်းမွန်နေပြီလို့ ၀ါဒဖြန့်နေမှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ခုလို လုပ်ဆောင်ရခြင်းဖြစ်တယ်။
၂။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတာကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ 
၃။ ဒီနေ့  မြန်မာပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာတွေ ဖြစ်ရတဲ့တရားခံဟာ ဗိုလ်ချုပ်သန်းရွှေ ကြောင့် ဖြစ်တယ်။ ဗိုလ်ချုပ်သန်းရွှေ နှုတ်ထွက်ပေးဖို့နဲ့ အစိုးရသစ် ပြောင်းလဲမှု တခု လုပ်နိုင်အောင် ကျနော်တို့ တိုက်ပွဲ ၀င်နေတာ ဖြစ်တယ်
လို့ ပြောကြားပါတယ်။

သူတို့က လွန်ခဲ့တဲ့  အပတ်ကလည်း သူတို့လှုပ်ရှားမှုတွေကို လုပ်ဆောင်သွားပါသေးတယ်။
သူတို့ လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ အခက်အခဲတွေကတော့ ရံပုံငွေနဲ့ စာရွက်စာတမ်းတွေ၊ ပိုစတာတွေ ရိုက်နှိပ်ရေးအတွက် အခက်အခဲ ရှိနေတယ်လို့သိရပါတယ်၊ တိုက်ပွဲဝင် ညီအကိုတော် မောင်နှမအပေါင်းတို့ အနေနဲ့ 
မျိုးဆက်သစ် လှုပ်ရှားမှုအဖွဲ့  Generation Wave ကို ကူညီအားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်၊

1 comment :

Unknown said...

We are ready to support for our country/our brave brothers and sisters as much as we can.

Which organization will be responsible? Transparancy? my suggestion is organize all groups and form trustee or charity and mention which kind of activity and group. So we can persuate as a worldwide action.