Wednesday 7 November 2007

တေဇ သို့  မသီတာ မှ ပေး စာ -----------Open Letter to U Tay Za

ကိုမိုးသီးဇွန်ရှင့်
ဦးတေဇဆီကို ရေးတဲ့ ကျမရဲ့စာလေးကို ကိုမိုးသီးဘလောက်ပေါ်မှာ တင်ပေးပါ။

သီတာ

ရန်ကုန်မြို့ ။
------------------------------------------------------------------------------------------------
ဦးတေဇရှင့်

အဲပုဂံကြီး နားသွားပြီဆိုတော့ အမေရိကန် စီးပွားရေး ပိတ်ဆို့မှုဆိုတာ ဘာလည်း ဆိုတာကိုတော့ သဘော ပေါက်စ ပြုလာပြီပေါ့။ မြန်မာပြည်သူတွေဟာ ရှင်တို့ကြောင့် ဒုက္ဒရောက်လှပြီဆိုတာ ရှင်တို့ စဉ်းစားမိပါရဲ့ လား။ အခု ခင်ဗျားတို့ တွေ့ ရတဲ့ဒုက္ခက အစပဲ ရှိသေးတယ်နော်။ မကြာခင် ဒီထက် ပိုတဲ့ ဒဏ်ခတ်မူတွေ လာတော့ယ်ဆိုတာ တွေးမိပါရဲ့လား။

ဦးတေဇ က စီးပွားရေးပတ်ဆို့မူကြောင့် ရှင်တို့မထိဘူး။ အလုပ်သမား သောင်းလေးထောင် ကျော်ပဲထိ တယ်လို့ ရှင်ပြောတယ်။ ဦးတေဇရယ်။ ရှင် ဒီလောက်ချမ်းသာနေတာ ကျမတို့ သိတယ်။ ရှင့် ပိုက်ဆံတွေ ထဲက အလုပ်သမားတွေကို ထမင်းကျွေးလိုက်ပါလား။ ရှင်သုံးဖြုံးခဲ့တဲ့ ဟာတွေ အားလုံးပေါင်းလိုက်ရင် တောင် ဒီအလုပ်သမားတွေ ကို တနစ်စာလောက်ထမင်းကျွေးနိုင်ပါတယ်။
ဥပမာ -
၁။ နိုင်ငံကျော်အဆိုတော် မြန်မာပြည် သိန်းတန်ရဲ့သမီး ဖြိုးသီတာသိန်းတန်ကို စင်္ကာပူ အော်ချပ် လမ်းမှာ ရှိတဲ့ တာကာ ရှီမားယား ကုန်တိုက်က အကျီတထည် ( ဒေါ်လာ ၃ ထောင်တန်) အတွက် ကုန်ခဲ့တဲ့ငွေ။
၂။ ထက်ထက်မိုးဦးကို စိန်နားကပ် အကြီး တရံ ၀ယ်ပေးခဲ့တဲ့ငွေ။ (နှစ်ခုပေါင်း ၅ ကာရက်ခန့် ရှိတယ်။)
၃။ ၂၀၀၁ ခုနစ် နွေရာသီမှာ ဦးတေဇ အမေရိကား လပ်စ်ဗေးကပ်စ် ကို ရောက်တုံးက ကာစီနို မှာ ဦးတေဇ
စိုးမြတ်သူဇာကိုပေးခဲ့တဲ့ငွေတွေ။
၎။ ရန်ကုန် သမတ ရုပ်ရှင်ရုံနောက်က သမတ ကွန်ဒိုမှာ နေခဲ့တဲ့ မော်ဒယ်လ်မလေး ( မူစလင်မလေး ) အတွက် ကုန်ခဲ့ရတဲ့ငွေတွေ ( ဥရောပ၊ စင်္ကာပူ ၊ ဘန်ကောက်တွေကို ကောင်မလေးကို အခေါက်ခေါက်အခါ ခေါ်ပြီး ဈေးဝယ်ခေါ်သွားခဲ့တာတွေ)
၅။ နန္ဒာလှိုင် အတွက် ရှင် ကုန်ကျခဲ့ရတဲ့ငွေတွေ။
၆။ စသဖြင့် ....စသဖြင့်.... ဦးတေဇာ ဘ၀ကြီး ပျော်ဖို့ပါးဖို့ ကုန်ကျခဲ့တဲ့ ငွေတွေလေ။
၇။ ဌာနပေါင်းစုံက ၀န်ကြီး ၊ ညွှန်ကြားရေးမူးချုပ်တွေရဲ့ သားသမီးမှန်သမျှကို အလုပ်ခန့်တယ်။ ဥပမာ
ရွှေမန်းရဲ့သား။ လျှပ်စစ်ဝန်ကြီး - ဗိုလ်ချုပ်မောင်မောင်ရဲ့သား ၊ သစ်တောညွှန်ကြားရေးမှူးချုပ်ရဲ့သား စတဲ့ သားသမီးပေါင်းစုံကို ခန့်ခဲ့တယ်။ အရည်အချင်းမရှိဘဲ လခ အများကြီး ရှင်ပေးခဲ့တဲ့လို့ ကုန်ခဲ့တဲ့ငွေတွေ။
၆။ စသဖြင့် စသဖြင့်  ဦးတေဇာ ဘ၀ကြီး ပျော်ဖို့ပါးဖို့ ကုန်ကျခဲ့တဲ့ ငွေတွေလေ။
ဒါတွေကို ရှင်သနား လှပါတယ်ဆိုတဲ့ အလုပ်သမားတွေအတွက် သူတို့ မိန်းမတွေနဲ့ ကလေးတွေအတွက် ရှင်ဘယ်နှစ်ခါ သုံးခဲ့ဘူး ပါသလား။ အလုပ်သမားတွေ ပြည်သူတွေ ထိခိုက်တယ်ဆိုရင် ရှင် ပိုင်ပစ္စည်းတွေ ကို ရောင်းချပြီး ကျွေးလိုက်ပါလားရှင်။

ရှင်က တပ်ချုပ်ကြီး သားမက်မဟုတ်ပါဘူးလို့ ငြင်းတယ်။ ဒါပေမဲ့ ၂၀၀၆ ခုနစ် တပ်မတော်နေ့  အခန်းအနား
မတိုင်ခင် ၁ ပတ်အလိုလောက်မှာ တပ်ချုပ်သမီးနဲ့  ရှင်တို့ နှစ်ယောက်ထဲ လေယာဉ် နဲ ရန်ကုန်ကနေ ပျဉ်းမနားကို သွားခဲ့တယ်။ လေယာဉ်ပျံမှာ တပ်ချုပ်ကြီး သမီးနဲ့  ရှင် ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို ကျမတို့ ၀န်ထမ်းတွေ အားလုံးသိတယ်နော်။ ၀န်ထမ်းတွေ ဟာ လူတွေ ပါ။ လူတွေ ဖြစ်တော့ မြင်တယ်။ကြားတယ်။ ပြောတယ်ပေါ့။ ပြဿနာက ရှင်တို့ဟာ ၀န်ထမ်းတွေကို လူလို့ မထင်တာလေ။

မသီတာ

1 comment :

Goldie Shwe said...

Bravo ! Ma Thida. Thank you.