မိုးသီးဇွန် အမြင်
နစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ဒေါ်စုရဲ့ အသံကို ကြားရတာ ၀မ်းသာစရာကောင်းလှတယ်။ သူမရဲ့ ကြေညာချက်မှာ အရေးကြီးဆုံး အချက်က ၃ ချက်ပါတယ်။
- ဆွေးနွေးပွဲဟာ အချိန်အကန့် သတ်ရှိရမယ်။ အဓိပ္ပါယ်ရှိရမယ်။ စစ်အစိုးရအနေနဲ့ ဒါကို အဖြစ်နိင်ဆုံးဆောင်ရွက်ပါလို့ တိုက်တွန်းထားတယ်။
- နိုင်ငံတော် အနာဂတ် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီရေးတို့  အတွက်ဟာ ဒေသတွင်း တည်ငြိမ်ရေးကို မထိခိုက်စေချင်တဲ့ ဆန္ဒကို သူမထုတ်ဖေါ်ထားပါတယ်။
- ဆွေးနွေးမှုအတွက် သူမကို အသိမှတ်ပြုနားလည်မှု၊ ထောက်ခံမှုကို တောင်းဆိုထားတယ်။
- တိုင်းရင်းသာအခန်းကဏ္ဍကို သူမအနေနဲ့ အလေးနက်ထားကြောင်း ဖေါ်ပြထားတယ်။
မိမိအမြင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာကို ကြည့်ရင် ဆွေးနွေးပွဲဟာ မစနိုင်သေးဘူး။ အရေးကြီးတဲ့  အချက်အလက်တွေကို ဘာမှ မဆွေးနွေးနိုင်သေးဘူး။ သူမရဲ့ စာဟာ ၁၉၉၃ ခုနှစ် နအဖ ခင်ညွန့်လက်ထက်က အခြေအနေထက် နိမ့်ကျနေသေးတယ်။ ၉၃ တုန်းက သတင်းစာတွေမှာ မောင်နှမအရင်းအခြာများ တွေ့ဆုံခြင်းလို့ သုံးတယ်။ ခင်ညွန့်က ညီမလေးလို သဘောထား ပါတယ်လို့ သုံးခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။
စစ်အစိုးရ က ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ဘေးဖယ်ထုတ် တဲ့ ဗျူဟာကို ခင်းကျင်းလာတယ်။
(ဂန်ဘာရီကို မတွေ့ တာ။ ဝေဖန်တာ။ ချားလ်စ် ပက်ထရီးကို ဗီဇာတိုးမပေးတော့တာ။ မြန်မာပြည်မှာ ဆင်းရဲမှု - poverty- ရှိနေတယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ ပြောဆိုချက်ကို လက်မခံတာ။ )
ဒါပေမဲ့ ပြီးခဲ့တဲ့ သံဃာတွေ ဦးဆောင်တဲ့ လူထုလူပ်ရှားမှုရဲ့ အကျိုးဆက်တွေ ဖိအားတွေ ကို စစ်အစိုးရ ရိပ်မိတယ်။ ပုဂံလေကြောင်းလိုင်း အရပ်ခံရတာ၊ နိုင်ငံခြားဘဏ်တွေက ငွေထုတ်ငွေသွင်း ခက်ခဲလာတာ။ သြစတေးလျက ပိတ်ဆို့မှု လုပ်လာတာ။ စီးပွားရေးပိတ်ဆို့မှုက သူတို့ကို ပါ ထိလာပြီဆိုတာ ရိပ်မိလာ။
စစ်အစိုးရလုပ်လာနိုင်ခြေ
- ကုလသမဂ္ဂ အခန်းကဏ္ဍကို ဖယ်၊ အန်အဲလ်ဒီကို ပြန်ပြီး အရေးပေးသလိုမျိုး လုပ်လာနိင်တယ်။
- ဒေါ်အောင်ဆန်းစုကြည်ကိုသုံးပြီး ကုလသမဂ္ဂက အရေးယူမှုတွေကို ရှောင်လွဲဖို့ လုပ်လာနိုင်တယ်။
- လမ်းပြမြေပုံကို ပြန်လည် အသက်သွင်းနိုင်ဖို့ ကြိုးပမ်းလာနိုင်တယ်။
-----------------------------------------------------------------
ကျနော်အမြင်အပေါ် ဆွေးနွေးလိုတဲ့ ဆန္ဒရှိပါက ပြန်လည်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
9 comments :
ကိုမိုးသီး ကျနော် ကိုမိုးသီး ရဲ့ အမြင်ကို အကြွင်းမရှိ ထောက်ခံပါတယ်
You are right, Ko Moe Thee. They will do their best to save their money, but I really doubt they want to save the country. We are not alone because Everyone is keeping the "wait and see policy"!!
Best regards,
Ko Moe Thee Zun,
I agree with you 100%.
SPDC has somany sneaky way.
We(Burmese people) shouldn't suffer anymore. More than enough.
NEVER SURRENDER. EVER REVENGE.
I'm so sad & worried to see Daw Su's photo.She looks so pale & frail.Is she really alright? I don't trust SPDC will have sincere negotiation with Daw Su.I'm so tired of their nasty & dirty tricks over & over again.Enough is enough.Time is really important for us right now.Dragging time will only make their evil army grew stonger & more powerful.We've got to think fast & act quick.
The thing I can't fathom is the role & responsibility, the EC of NLD is taking at the moment.It seems like they are not really actively involved. My opinion is that an all out war must be waged against this facist regime as per what Ko Aung Way had stated, as SPDC will keep trying to buy time get their way out of this mess.Also take note that intl' media is waning their interests in Burma news ,so some action is got to be taken, to bring that regime shaken up again.
I agree with you Ko Moe thee.They will cheat us by the ways you mentioned.
they don't deserve our trust.
I agree with you.I am sure SPDC is not hornest.They say they want to negotiate with Daw Su.They say like that because they want to avoid internal pressure.that is all.Nothing for them.
I think it is a motivation for the democratic movement. Your view is right but we have not seen you have a definite plan to support her wish. Please think and talk a suitable plan to support her.
with hope
let's give a chance to Military. If we treat their overtures as a weakness or tricks there will be no chance for reconciliation.We should gave DASSK to pursuit them for reconciliation. Dont make outsiders view and remarks which may lead to misunderstanding between both side.
Post a Comment