Wednesday, 7 November 2007

Spray Campaign Starts in Rangoon


Spray Campaign Lunched in Rangoon, Nov7,2007
ဒီကနေ့ နိုဝင်ဘာ (၇)ရက်နေ့ မနက် (၆)နာရီက တောင်ဥက္ကလာပ မြို့နယ်၊ ဝေဇယန္တာ လမ်းပေါ်မှာရှိတဲ့ အမှတ် (၂)စက်မှုဝန်ကြီး ဌာနပိုင် တာယာစက်ရုံ တရုံရဲ့ အုတ်တံတိုင်း နံရံမှာ
“ဘုရား သားတော် သတ်တဲ့ စစ်အာဏာရှင် ကျဆုံးပါစေ” ဆိုတဲ့ စစ်အစိုးရ ဆန့်ကျင်ရေး စာသားတွေကို ကျောင်းသား လူငယ်တွေက မှုတ်ဆေး အနီတွေနဲ့ ပက်ဖျန်ပြီး Spray Campaign တခု လုပ်ဆောင် ခဲ့ကြကြောင်း သတင်းရရှိပါတယ်။ မနက် (၆)နာရီခွဲ လောက်မှာတော့ အဆိုပါ ကျောင်းသားတွေဟာ လေးထောင့်ကန်လမ်း တာမွေလေး ဂုံးတံတားအနီးမှာ ရှိတဲ့ အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင် သကြားလုံးစက်ရုံရဲ့ အုတ်တံတိုင်း နံရံပေါ်မှာ “ရဟန်းရှင်လူ ကျောင်းသားပြည်သူ ချက်ချင်းလွှတ်” ဆိုတဲ့ စာသားတွေ ရေးသားပြီး Spray Campaign တခု ထပ်မံ လုပ်ဆောင်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ပေးပို့ သူ - မဆုမွန်
ဒေါက်တာလွမ်းဆွေ ဘလောက်က ယူပါတယ်၊၊

We have received news that a “Spray Campain” has been started. On 7 November 2007 at 6:00 a.m. student activists sprayed these words “Down with military dictators - killers of Buddha’s Monks”. These words done by spray paint appeared on the wall of a motor car tire factory on Vesayanta road, South Okkalapa Township, belonging to the Ministry of Industry (II).
At 6:30 a.m. on the same day, the same students did another “Spray campaign” by spraying the words “Release immediately all monks, students and citizens” on the wall of a Candy factory belonging to the Ministry of Industry (I) situated on Laytaunt Kan road near the Tamwelay overhead bridge.

(Reporter - Suu Mon , From Dr Lwan Swe Blog. )

No comments :