စနေဂြိုဟ်က လငယ်နှစ်စင်း
ဝင်းမိုး
စနေဂြိုဟ်မှာ ရှိတဲ့ ပန်းကန်ပြား သဏ္ဌာန် ပုံစံရှိတဲ့ လငယ်နှစ်စင်းဟာ သိပ္ပံပညာရှင်များကို ပဟေဠိလုပ်နေတာ ကြပါပြီ။ နာဆာ နက္ခ တ သုတေသန အသစ် တွေ့ရှိချက်အရ ဒါတွေဟာ ရေခဲ အစအနတွေ တဖြေးဖြေး စနေဂြိုဟ်ကို ပတ်ထားတဲ့ ဂြိုဟ်လ်ကွင်း ထဲမှာရှိတဲ့ အစိုင်အခဲများမှာ ပေါ်ပေါက်လာတာဖြစ်မယ်လို့ ယူဆကြတယ်။ သိပ္ပံပညာရှင်တွေ အာရုံစိုက်လာတဲအပိုင်းကတော့ စနေဂြိုဟ်ရဲ့ ဖြစ်ပေါ်မှုက နေမိသားစုနဲ့ ကမ္ဘာကို ဘယ်လို သက်ရောက်မူတွေ ဖြစ် လာမလည်း ဆိုတာပဲ ဖြစ်ပါတယ်။ စနေဂြိုဟ်မှာ ဖြစ်နေတဲ့ ဂြိုဟ်ခါးပတ်တွေဟာက ဂြိုဟ်ကို လှည်ပတ်နေတယ်။ ပုံစံက ကြွေပန်းကန်ပြား တချပ်လို ပုံစံရှိပြီး ကမာက အီကွေတာနဲ့တူတယ်။ ထိုအတူပဲ နေနှင့် သူရဲ့ ဂြိုဟ်တွေနဲ့ ဂြိုဟ်တွေရဲ့ လှည်ပတ် လမ်းကြောင်းဟာ နေရဲ့ အီကွေတာနဲ့ သွားတူနေပြန်တယ်။ ဂြိုဟ်တွေဟာ တဖြေးဖြေးနဲ လှည့်ပတ်ဆွဲ လာရင် သဲမှုန်အရွယ်ကနေ ကျောက်တုန်း၊ ကျောက်တုန်း အရွယ်ကနေ ဂြိုဟ်အရွယ်တွေ အထိဖြစ်လာတာပါ။ ဂြိုဟ်ပတ်လမ်းကြောင်းထဲမှာ အမှုန်တွေ အစိုင်အခဲတွေဟာ တခါတရံမှာ တိုက်မိပြီး ကွဲတယ်။ နောက် ပြန်ပေါင်းကြ ပြန်ပါတယ်။ နှစ်ပေါင်းသန်းပေါင်းများစွာ ကြာတဲ့အခါမှာ ကျနော်တို့ နေထိုင်တဲ့ နေမိသားစုဖြစ်လာတယ်။ နာဆာမှ လွတ်တင်ထားသော ကက်ဆာနီ (Cassini) အာကာသဂြိုဟ်တု သတင်းပေးပို့ချက်အရ အက်တလစ် နဲ့ ပန် ဆိုတဲ့ စနေဂြိုဟ် ရဲ့ လနှစ်လုံး (ထိပ်နှစ်ဖက် ၁၂ မိုင် အကွာရှိ) မှာ ကြီးမားတဲ့ တောင်တန်းလို ရှိုကြီးတွေ ရှိနေတယ်။ သူတို့ က စနေဂြိုဟ်ရဲ့ လ အီကွေ တာမှ ၃ မိုင်ကနေ ၇ မိုင်နီး ဖေါင်းကြွထွက်နေတယ်။ ဒါကြောင့် ဒီလနှစ်စင်းဟာ ပန်းကန်ပြားသဏ္ဌာန်နဲ့ တူသလောက် ဖြစ်နေတယ်။ ပန်းကန် ပြားသဏ္ဌာန်နဲ့ တူသယောင် ဖြစ်နေတယ်။ နက္ခဗေဒ စဉ်းမျဉ်းများအရ ဒီလို လတွေဖြစ်ပေါ်လာရခြင်းမှာ ဂြိုဟ်တွေရဲ လည်ပတ်မှုကြောင့် ဖြစ်လာတာလို့ လက်ခံထားကြတယ်။ ဒီ လငယ်တွေရဲ့ လည်ပတ်မှုဟာ သူ့ဝင်ရိုးကို တပတ်ပြည့် မိဖို့ ၁၄ နာရီခန့် ကြာတာကိုတွေ့ရ တယ်။ ဒီလငယ်တွေ ဖြစ်ပေါ်လာတာကတော့ ဓါတ်ငွေ့တန်း ခါးပတ်တွေကြောင့် ဖြစ်ရမယ်လို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချပါ တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လပေါ်မှာ ရှိနေတဲ့ ရှိုမြောင်တွေနဲ့ ဓါတ်ငွေ့လမ်းကြောင်းက တတန်းတည်းကျနေပါတယ်။ နောက်တွေ့ ရှိချက်တခုကတေ့ လငယ်နှစ်စင်းဟာ ပေါ့ပါးတယ်။ ပွတယ်။ ရေခဲတွေပါနေတယ်။ ဒီအချက်တွေကို ထောက်ရှုခြင်းအားဖြင့် ဒီလငယ် နှစ်စင်းဟာ လှည်ပတ်နေတဲ့ ဓါတ်ငွေ့ တန်းမှာ ဖြစ်ပေါ်လာတာလို့ အတိအကျ ကောက်ချက်ဆွဲလာနိုင်တယ်။
ကွန်ပြူတာနဲ့ (ပုံဖော်ကြည့်တာမျိုး) ဆင်မျူလေးရှင်းလုပ်ကြည့်ချက်အရလည်း ဒီအဖြေကိုပဲ ထွက်လာတာ တွေ့ရတယ်။ တ၀က် သို့ မဟုတ် သုံးပုံနှစ်ပုံခန့်က ဒီအဖြေကိုပဲ ပေးတယ်။ ဆွဲငင်အားစုစည်းရာ စကြ၀ဠာတခုလုံးမှာ ပုံစံတူဖြစ်နေတယ်လို့ သိရတယ်။
No comments :
Post a Comment