Saturday, 15 December 2007

ပေးစာ

ဒဂုံ - ၂ - ဆရာမ ကြီး မှ ရုရှား ရောက်

မြန်မာ့ တပ်မတော် အရာရှိများ ထံသို့ ပေးစာ

စစ်တပ်ထဲ ကို ၀င်တယ် ဆိုကတဲ ကိုက သတ္တိရှိပြီးသား ရဲရင့် ပြီးသား ဆိုတာ လူတိုင်းသိပြီးသားမို့  ဒီသတိ တွေ ကို စနစ်တကျနဲ့  အကျိုးရှိ တဲ့နေရာတွေမှာ သာသုံးမိခဲ့ရင် မွေးထားတဲ့မိဘ၊ ဆွေမျိုး နဲ့ လူ့ ပတ်ဝန်းကျင် အသိုင်း အ၀ိုင်း ကြားမှာ ဘယ်လောက်ဂုဏ်ယူစရာ ကောင်းလိုက်မလဲ ဆို တာ တွေးကြည့် ရုံလေး နဲ့ တင် ကို ကျေနပ် ကြည်နူး စရာ ပါ။
သားတို့  တွေဟာ မြန်မာပြည်မှာ မွေးဖွား ကြီးပြင်း သူများ ဖြစ် လို့  မြန်မာ့ ယဉ်ကျေးမှု တွေ ဆို တာ မသိချင်လဲ ကြားနေ မြင်နေရ ပြီး ဒီထုံးတမ်း စဉ်လာ တွေနဲ့  ရင်းနှီး ကျွမ်းဝင်ခဲ့ပြီးသားပါ။ ဗုဒ္ဓ ဘာသာ ထွန်းကားပြန့်  ပွါးရာ မြန်မာ ပြည်ကြီး မှာ သမီး မိန်းခလေး တွေ မျက်နှာငယ် ရမလောက် သားယောက်ျားလေး ကို တပ်မက် ကြပါ တယ်။ သမီးဆို ရင် မီး ၊ သား ဆို ရင် ထီး ဆို တဲ့ ဆိုရိုး တောင် ရှိခဲ့ပါတယ်။ သမီး မိန်းခလေး ဟာ မိဘ အ တွက် ဘယ်လောက် ပဲ အသုံး ၀င် ၀င် အ ကျိုး ရှိရှိ ၊ သားဆို တာ နဲ့  လဲဖို့  တော်တော် ခက်ကြပါတယ်။ မြန်မာ ပြည်မှာ အောင်မြင်ကျော်ကြားလှ တဲ့ မင်းသား ကြီး တောင် သား မမွေး မချင်း မိန်းမ တွေ ထည်လဲ ယူခဲ့ပေမဲ့ သား မွေးပေးတဲ့  မိန်းမ ကို မှ အတည်တကျ လက်တွဲမှာ ဖြစ်တယ် ရယ်လို့ သတင်း ကြီးခဲ့ ဘူးပါတယ်။

ဆင်းရဲ ချမ်း သာမရွေး မိဘတိုင်း သားယောက်ျားလေးအပေါ် မှာ ထားကြတဲ့  တခုတည်းသော ရည်ရွယ် ချက် က သက်န်းစည်း ၊ သာသနာ့ဘောင်ကို သွတ်သွင်း ပေးပြီး မြင့်မြတ်လှတဲ့ ရဟန်း ဒါယကာ၊ ဒါယကာ မ တွေ အဖြစ် ခံယူချင်ကြ လို့  ပါ ။ သားမမွေးနိုင် တဲ့ သူများ က လဲ ဒုလ္လဘ လှူခြင်း၊ သိက္ခာ ထပ်ခြင်း စသည့် နည်းမျိုးစုံ ဖြင့် ရဟန်း ဒါယကာ၊ ဒါယကာ မ တွေ ဘ၀ ကို ခံယူ ခွင့်ရအောင် ကြိုးစားကြပါတယ်။ မိဘ အပေါ် ကို မွေးကျေးဇူး ဆပ် နိုင်တဲ့ အခွင့် အလမ်း တခု လဲ ဖြစ်ပါ တယ်။
သားလေး သပိတ် လွယ်နိုင် ၊သက်န်းတောင်းဆိုနိုင်တဲ့  အရွယ် ရောက် တာနဲ့ ကို သက်န်း စည်းပေး ပြီး ဦး ချရတဲ့ ပီတ ဟာ ဘာနဲ့  မှ အစား ထိုး လို့  မ ရ ပါဘူး ။ကိုယ်မွေး ထား တဲ့ သား ပင်ဖြစ်လင့်ကစား ဦးချ ရတာ ဟာ သက်န်းကြောင့် ပါ။ အယုတ် အ လတ် အမြတ် မရွေး သက်န်း စည်းထား တဲ့ မည် သူ့ ကို မဆို သက်န်း ကြောင့် ရိုရို သေ သေ ဆက်ဆံ ရ မှာ ပါ။ သူခိုး တောင်မှ သူ့  အသက် အနရယ် ကို ကာကွယ် ဖို့ အတွက် သက်န်း ခြုံ ရုံ မျှ ဖြင့် ဘေးမှ လွတ် ကင်း ခဲ့ ရ ဘူး သည့် သာဓက ရှိခဲ့ပါတယ်(ရဟန်း စားရသော ဆွမ်းတနပ် )။ ဆို လို ချင် တာ က လူက အဓိက မဟုတ် ပဲ သက်န်း ရဲ့  တန်ဖိုး ကို သိမြင် စေချင်တာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ အရေး အခင်း မှာ လမ်းလျောက် ခဲ့ တဲ့ ဘုန်းကြီး တွေ ဟာ အတု တွေဖြစ် ခဲ့မယ် ဆို ရင် တောင် သူတို့ ရဲ့  သက်န်း ကို လေး စား ရ မှာ ပါ။ တု သည် ဖြစ် စေ ၊ စစ် သည် ဖြစ် စေ အဲ ဒါ က အရေး မပါ ပါ ဘူး ။ တ ကယ် အရေး ပါ တာ က ဘာ ကြောင့် လမ်း လျောက်ရလဲ ဆို တဲ့ အဖြေပါ။ ပြ ဿ နာ တခု ရဲ့  ဇစ်မြစ် ကို မသိရင် ၊ မရှာ ခဲ့ရင် ဒီပြ ဿနာကို ဖြေရှင်း ဖို့  အဖြေမှန် ရ နိုင် ဖို့  ဆို တာ မလွယ်ပါဘူး။
လမ်းလျောက်ခဲ့ တဲ့သူ တွေ ၊ အား ပေး တဲ့ သူ တွေ ကို ဖမ်းရုံ ၊ထောင်ချရုံ သတ်ရုံ နဲ့  ဒြီပ ဿ နာ တွေက ပြီး မသွားပါဘူး။ တကယ့် အရင်းအမြစ် ကို မဖြေရှင်း ပေး နိုင်သရွေ့  အာဇာနည် သူရဲကောင်း တွေက သူတို့ လို ချင်တဲ့ပန်းတိုင် ရောက်အောင် ဆက်လက် ချီတက်နေကြဦးမှာ ပါ။
အဓိကပြ ဿ နာ ငတ်မွတ်မှု (အစားအစာ တွေ နည်းပညာ တွေ သတင်းမှန် တွေ လွတ်လပ်မှုတွေ လူ့ ခွင့်အရေးတွေ )ကြောင့် နိုင်ငံရေး ပြူ ပြင်ပြောင်းလဲ မှုတွေ တောင့်တ တာပါ။ ဒီပြ ဿ နာ တွေကို နိုင်ငံ့ ခေါင်း ဆောင် လုပ်နေ တဲ့ အကြီး အကဲ တွေက ပြေလည် အောင် မဖြေရှင်း နိုင်ပါ ဘူး ။ မဖြေရှင်း နိုင်တာထက် မဖြေ ရှင်း ချင် တာ ပါ။ သူတို့ ရဲ့  စည်းစိမ်တွေ အာဏာတွေ လုပ်ပိုင်ခွင့်တွေကို မစွန့်  လွှတ် နိုင်တာ ပါ။ ဒါကြောင့် ပြည်သူ တွေကလဲ သူ တို့  အခက် အခဲ တွေကို စာနာ နား လည်ပြီး ကူညီ နိုင် မဲ့ ခေါင်းဆောင် သစ် ကို တောင်းဆို နေကြတာ ပါ။ ဒီ တောင်းဆို မှုအတွက် စတေး ခဲ့ ရတဲ့ အသက်တွေဟာ လဲ မရေ မတွက် နိုင် အောင်ပါ။ဘာ့ကြောင့် ၊ ဘာအတွက် ၊ဘယ်သူက မပေးချင်တာ လဲ ဆို တာ ကို စဉ်းစားစရာ ပါ။ နအဖ ခေါင်းဆောင် အာဏာရူး သန်းရွှေ က သူ့  အကျိုး အတွက် စစ်တပ် ကို အသုံးချ လို့  မပြီး သေး တဲ့အတွက် ပါ။ သူ တ ယောက် ကောင်း စားဖို့ အတွက် စတေး ခဲ့ ရတဲ့ အသက်တွေ ၊ ဖျက်စီး ခံ လိုက် ရ တဲ့ စာရိတ္တတွေ ဂုဏ်သိက္ခာ တွေ ဟာ နှမြော တတ် မယ်ဆို တော်တော် ကို နှမြော စရာ ပါ။ ကိုယ် ပေး ထား တဲ့ တန် ဖိုး နဲ့  ကိုယ် ပြန် ရ လိုက်တာ တန် ကြရဲ့  လား ဆို တာ တော့ စဉ်းစားသင့် ကြပါတယ်။သားတို့  ဟာ အခု ဆို ရင် ရုရှား မှာ ပညာ သင်ယူ လေ့လာ ခွင့်တွေ ရနေ ကြတဲ့ အတွက် နိုင်ငံ နှစ်ခု ရဲ့  ကွာ ခြားချက် တွေကို မလွဲမသွေ သိမြင်နေ ကြရ မှာပါ။ ကိုယ့်နိုင်ငံမှာ ဆို ဘယ် လို လုပ်လိုက် မယ် ဆို တဲ့ မျိုးချစ် စိတ် လေးတွေလဲ ရှိကြမှာ ပါ။ ရုရှား ရောက် နေ ကြတဲ့ သူ တွေ အား လုံး ဟာ စစ်တပ် အသိုင်းအ၀ိုင်း က မ ဟုတ် သလို အရမ်း ချမ်း သာ တဲ့ သူ တွေလဲ မဟုတ် နိုင် ကြပါ ဘူး ။ ဒါကြောင့် ဗမာ ပြည် မှာ ကြုံ တွေ့ နေကြ ရ တဲ့ အခက် အခဲ တွေ ပြ ဿနာ တွေ ကို လဲ ခံစား ဘူး မှာ ပါ။ ပညာတတ်လေးတွေဖြစ် ကြလို့  အမှား အမှန် ကို ဆင်ခြင် ပြီး အမှန် ကို ပြင် နိုင် ကြမှာ ပါ။


No comments :